သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှမ်းပြည်နယ်ဟာ မူးယစ်ဆေးဝါး ထုတ်လုပ်ရာမှာ အဓိကနေရာဖြစ်နေဆဲ (UNODC)


Myanmar opium
Myanmar opium


[[Zawgyi/Unicode]]

ကိုဗစ် 19 ကြောင့် ကုန်သွယ်ရေးနဲ့ လမ်းပန်းဆက်သွယ်ရေး အကန့်အသတ်တွေ ရှိခဲ့ပေမယ့် အရှေ့အာရှနဲ့ အရှေ့တောင်အာရှရဲ့ မူးယစ်ဆေးဝါး ဈေးကွက်က ချဲ့လာနေပြီး မြန်မာနိုင်ငံက ရှမ်းပြည်နယ်ဟာ Methamphetamine မူးယစ်ဆေးဝါး ထုတ်လုပ်ရာ အဓိကနေရာ ဖြစ်နေတယ်လို့ ကုလသမဂ္ဂက ဆိုပါတယ်။

ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုတိုက်ဖျက်ရေးဌာန UNODC ရဲ့ မူးယစ်ဆေးဝါးဆိုင်ရာ အစီရင်ခံစာကို ဒီနေ့ တနင်္လာနေ့၊ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ထုတ်ပြန်ခဲ့ပြီး အစီရင်ခံစာထဲမှာ ခုလို ပြောထားတာပါ။

အရှေ့အာရှနဲ့ အရှေ့တောင်အာရှတလွှားမှာ Methamphetamine မူးယစ်ဆေးဝါးကို ဖမ်းမိတာဟာ ၂၀၂၁ မှာ စံချိန်အသစ် တင်လိုက်တယ်လို့ ကုလသမဂ္ဂအစီရင်ခံစာက ဆိုပါတယ်။

ဘိန်း စိုက်ပျိုးဧရိယာက ၁၁ ရာနှုန်း ကျသွားပေမဲ့ မြန်မာနိုင်ငံမှာ Methamphetamine ဆေးပြား၊ အမှုန့်နဲ့အခဲတွေကို ဖမ်းမိတာဟာ ၂၀၁၉ က ဖမ်းမိတာထက် ၂ ဆ ရှိတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။

ပြီးခဲ့တဲ့ ၆ နှစ် စာရင်းတွေအရ များသထက်များလာနေတာကို ပြနေတယ်လို့လည်း ဆိုပါတယ်။ အထူးသ‌ဖြင့် မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်းမှာ Methamphetamine ထုတ်လုပ် ရာမှာ အသုံးပြုတဲ့ ဓာတုပစ္စည်းတွေကိုလည်း ဖမ်းမိခဲ့ပါတယ်။ အဲသလို မူးယစ်ဆေးဝါးတွေကို ဖမ်းမိတာ များလာပေမယ့် ဈေးကွက်ထဲက မူးယစ်ဆေးဝါးဈေးနှုန်းကတော့ တည်ငြိမ်နေတယ်လို့ အစီရင်ခံစာက ပြောပါတယ်။ ဒါရဲ့အဓိပ္ပါယ်ကတော့ မြန်မာနိုင်ငံမှာ မူးယစ် ဆေးဝါးရနိုင်တာက အပြောင်းအလဲ နည်းနည်းလေးပဲရှိတယ်လို့ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုဆိုင်ရာရုံးက ကောက်ချက်ချထားပါတယ်။

တိုက်ရိုက် လင့်ခ်

=============


[[Unicode]]







=============

XS
SM
MD
LG