သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှန်ဟိုင်းမှာ တိုင်ဖွန်းအန္တရာယ် သတိပေးချက်ထုတ်ပြန်


ရှန်ဟိုင်းမြို့
ရှန်ဟိုင်းမြို့

တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ကို တိုင်ဖုန်မုန်တိုင်း Bebinca ဝင်ရောက် တိုက်ခတ်ဖို့ ရှိတာကြောင့်၊ ပို့ဆောင်ရေးလုပ်ငန်းတွေကို ယာယီရပ်ဆိုင်းပြီး၊ သင်္ဘောတွေကို ကမ်းကပ်ဖို့ပြန်ခေါ်တာအပြင် ရှန်ဟိုင်း Disney အပမ်းဖြေစခန်း အပါအဝင် ကမ္ဘာ့လှည့်ခရီးသည်တွေ အသွားအလားများတဲ့ နေရာတွေကို ပိတ်လိုက်ပါတယ်။

ဒီတိုင်ဖုန်းမုန်တိုင်ဟာ ၁၉၄၉ ခုနှစ်နောက်ပိုင်း ရှန်ဟိုင်းမြို့ကို ဝင်တဲ့ မုန်တိုင်းတွေထဲမှာ အင်အားအပြင်းဆုံး မုန်တိုင်း ဖြစ်လာဖို့ ရှိနေပါတယ်။

လောလောဆယ်မှာ ပြင်းအား အဆင့် ၁ သတ်မှတ်ထားထားပြီး လေတိုက်နှုန်းက တနာရီကို ၁၄၄ ကီလိုမီတာရှိတဲ့ ဒီတိုင်ဖုန်းမုန်တိုင်းဟာ ဒီနေ့နေလည် ၁ နာရီကတော့ ရှန်ဟိုင်းမြို့ အရှေ့တောင်ဘက်က ကီလိုမီတာ ၅၀၀ အကွာမှာ ရှိနေပါတယ်။ မုန်တိုင်းဟာ တနင်္လာနေ့ ညသန်းခေါင်းကျော်မှာ ကုန်းတွင်းကို ဝင်ရောက်မယ်လို့ ခန့်မှန်းနေကြပါတယ်။

ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်း ရှန်ဟိုင်းမြို့ကိုဝင်တဲ့ မုန်တိုင်းတွေထဲမှာတော့ ၁၉၄၉ ခုနှစ်က ဝင်တိုက်တဲ့ Gloria တိုင်ဖုန်းမုန်တိုင်းက ၁ နာရီကို လေပြင်းအား ၁၄၄ ကီလိုမီတာနဲ့ အင်အားအပြင်းဆုံးဖြစ်ပါတယ်။

မုန်တိုင်းကြောင့် ရှန်ဟိုင်း လေယာဉ်ခရီးစဉ် ၆၀၀ ကျော်ကို ဖျက်လိုက်တယ်လို့ ဒေသခံတရုတ်မီဒီယာတွေကပြောလိုက်ပါတယ်။ Zhejiang ပြည်နယ်မှာတော့ သင်္ဘောတွေကို ကမ်းမှာ ပြန်ကပ်ဖို့ခေါ်ထားသလို ပြည်နယ်မြို့တော် Hangzhou မြို့မှာတော့ ပန်းခြံတွေ အများအပြားကို ပိတ်တယ်လို့ ကြေညာလိုက်ပါတယ်။

မုန်တိုင်းကြောင့် ရေကြီးလာနိုင်တဲ့အတွက် သဘာဝဘေးအန္တရာယ် အရေးပေါ်တုံ့ပြန်မှု အနိမ့်ဆုံးအဆင့်ဖြစ်တဲ့ အဆင့် ၄ ကို ထုတ်ပြန်ထားပါတယ်။

Forum

XS
SM
MD
LG