သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တင်းနစ်အားကစားမယ် Sharapova တားမြစ်ဆေးသုံးစွဲမှုကြောင့် ၂ နှစ်အပိတ်ခံရ


နာမည်ကျော် ရုရှားတင်းနစ်အားကစားမယ် Maria Sharapova ဟာ ဇန်နဝါရီလ Australia Open တင်းနစ်ပြိုင်ပွဲအတွက် ဆေးစစ်ရာမှာ ကျခဲ့တဲ့အတွက် တင်းနစ်ပြိုင်ပွဲတွေကနေ ၂ နှစ် အပိတ်ခံလိုက်ရပါတယ်။ အခုလို ပိတ်ပင်တဲ့ ၂ နှစ် ကာလဟာ သူ့ရဲ့ နောက်ဆုံးပြိုင်ပွဲဖြစ်တဲ့ ဇန်နဝါရီလ ၂၆ ရက်နေ့ စတင်မှာ ဖြစ်ပါတယ်။

သူဟာတားမြစ်ဆေး သုံးစွဲမှု ရှိမယ်လို့ သံသယရှိ ခံထားရတာဖြစ်ပြီး နိုင်ငံတကာ တင်းနစ်အဖွဲ့ချုပ်က ခန့်အပ်ထားတဲ့ တင်းနစ်ပြိုင်ပွဲအတွင်း တားမြစ်ဆေး မသုံးစွဲရေး အစီအစဉ်ရဲ့ အဖွဲ့ဝင် ၃ ဦးပါ ခုံရုံးကနေ ဗုဒ္ဓဟူးနေ့က အခုလို တားမြစ်ပိတ်ပင်မှု ထုတ်ပြန်ချက် ပေးပို့လိုက်တာ ဖြစ်ပါတယ်။

Sharapova ကတော့ ဒါဟာ ပြင်းထန်တဲ့ မမျှတတဲ့ အပြစ်ပေးမှု ဖြစ်တာမို့ CAS အားကစားဆိုင်ရာ ညှိနှိုင်းရေးတရားရုံးမှာ သူ့အမှုအတွက် အယူခံဝင်မှာ ဖြစ်ကြောင်း ပြောပါတယ်။ ဒါပေမဲ့ ဒီလိုအယူခံဝင်နေဆဲ ကာလမှာတော့ သူ့ကို ကစားခွင့်မပြုပါဘူး။

မတ်လ ၇ ရက်နေ့တုန်းက Los Angeles မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ သူဟာ Melbourne က Australia Open တင်းနစ်ပြိုင်ပွဲအတွက် ဆေးစစ်မှုမှာ မအောင်မြင်ဘူးလို့ သူက ဝန်ခံခဲ့ပါတယ်။ အဲဒီနေ့တုန်းက သူဟာ အမေရိကန် တင်းနစ်ချံပီယံ Serena Williams ကို ကွာတားဖိုင်နယ်ပွဲမှာ ရှုံးခဲ့တာ ဖြစ်ပါတယ်။

သူ့ဆေးစစ်ချက်ထဲမှာ Meldonium လို့ ခေါ်တဲ ဆေးတမျိုးကို တွေ့ရပြီး ဒီဆေးကို ကျန်းမာရေးကြောင့် သူမှီဝဲနေရတာ ၁၀ နှစ်လောက် ရှိပြီဖြစ်ပါတယ်။ ဒီဆေးကို တားမြစ်ဆေးအဖြစ် ကမ္ဘာ့ တားမြစ်ဆေးဆိုင်ရာအဖွဲ့ WADA (World Anti-Doping Agency) က ဒီနှစ်ဆန်းကစပြီး စာရင်းသွင်း သတ်မှတ်လိုက်တာ ဖြစ်ပါတယ်။

တင်းနစ်အားကစားမယ် Sharapova တားမြစ်ဆေးသုံးစွဲမှုကြောင့် ၂ နှစ်အပိတ်ခံရ
please wait

No media source currently available

0:00 0:00:16 0:00
တိုက်ရိုက် လင့်ခ်

တင်းနစ်အားကစားမယ် Sharapova တားမြစ်ဆေးသုံးစွဲမှုကြောင့် ၂ နှစ်အပိတ်ခံရ
please wait

No media source currently available

0:00 0:01:09 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG