သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာတွေနေရပ်ပြန်နိုင်ရေး ဖိအားပေးကြဖို့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် တိုက်တွန်း


ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် Sheikh Hasina ၇၇ ကြိမ်မြောက် ကုလအထွေထွေညီလာခံမိန့်ခွန်းပြောကြားစဉ်။ (စက်တင်ဘာ ၂၃၊ ၂၀၂၂)
ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် Sheikh Hasina ၇၇ ကြိမ်မြောက် ကုလအထွေထွေညီလာခံမိန့်ခွန်းပြောကြားစဉ်။ (စက်တင်ဘာ ၂၃၊ ၂၀၂၂)

[[Zawgyi/Unicode]]

ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေးအတွက် မြန်မာစစ်ကောင်စီကို ဖိအားတိုးပေးဖို့လိုကြောင်း ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် Sheikh Hasina က AFP သတင်းဌာနနဲ့ သီးသန့်တွေ့ဆုံမေးမြန်းခန်းမှာ ပြောဆိုသွားပါတယ်။

“သေချာတာကတော့ သူတို့အားလုံးကို သူတို့နေရပ်ရင်းနိုင်ငံပြန်ပြီး ပုံမှန်ဘဝမှာရပ်တည်နေထိုင်ခွင့် ရတာကို လိုလားပါတယ်။ ဒါကြောင့် သူတို့ကို ဘေးကင်းလုံခြုံစွာ နေရပ်ပြန်နိုင်ဖို့နဲ့ အစစ တာဝန်ယူဖို့အတွက် မြန်မာအစိုးရကို နိုင်ငံတကာအသိုင်းအဝိုင်းက ဖိအားတိုးပေးစေချင်ပါတယ်။” လို့ AFP သတင်းဌာနနဲ့ ပြီးခဲ့တဲ့သီတင်းပတ်က သီးသန့်တွေ့ဆုံမေးမြန်းခန်းမှာ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် Sheikh Hasina က ပြောသွားပါတယ်။ ရိုဟင်ဂျာဒုက္ခသည်တွေရှိနေသရွေ့ တာဝန်ယူရတာကြောင့် ဒေသခံဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေရဲ့ စိုက်ပျိုးနိုင်တဲ့မြေယာတွေဆုံးရှုံးသလို သဘာဝပတ်ဝန်းကျင်လည်းပျက်စီးနေရကြောင်း ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် Sheikh Hasina က ပြောပါတယ်။

သောကြာနေ့ကလည်း ကုလသမဂ္ဂအထွေထွေညီလာခံမှာ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်က သန်းနဲ့ချီ ခိုလှုံနေကြတဲ့ ရိုဟင်ဂျာဒုက္ခသည်အရေးပြဿနာဟာ သူတို့နိုင်ငံလုံခြုံရေးအတွက် ခြိမ်းခြောက်မှု ဖြစ်လာနေတာမို့ ဒီဒုက္ခသည်တွေ နေရပ်ပြန်ပို့နိုင်ရေး ကုလသမဂ္ဂက ကူညီပေးဖို့ ပြောဆိုသွားပါတယ်။

မြန်မာစစ်ကောင်စီဘက်ကတော့ ရိုဟင်ဂျာဆိုတဲ့ နာမည်ကို အသိအမှတ်မပြုပေမယ့် ဒုက္ခသည်တွေ နေရပ်ပြန်လည်လက်ခံရေးကို စိစစ်လက်ခံမယ်လို့တော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ သဘောတူထားပါတယ်။ ဒါပေမယ့်လည်း ဒုက္ခသည်နေရပြန်ပို့ရေး အစီအစဉ်တွေဟာ နှစ်နဲ့ချီကြန့်ကြာနေပြီး ဆွေးနွေးညှိနှိုင်းမှုတွေအများအပြားလုပ်ခဲ့ပေမယ့် အခုအချိန်အထိ တဦးတယောက်မှ နေရပ်ပြန်ပို့နိုင်သေးတာ မရှိသေးတဲ့အကြောင်း ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်က ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ပြောသွားပါတယ်။

တိုက်ရိုက် လင့်ခ်

============

[[Unicode]]






XS
SM
MD
LG