သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျပန်-အမေရိကန်ခေါင်းဆောင် ၂ ဦး လုံခြုံရေး၊ စီးပွားရေး ဆွေးနွေးမည်


ဂျပန်နိုင်ငံ ဝန်ကြီးချုပ် ရှင်ဇို အာဘေး။
ဂျပန်နိုင်ငံ ဝန်ကြီးချုပ် ရှင်ဇို အာဘေး။
ဂျပန်ဝန်ကြီးချုပ် Shinzo Abe ဟာ ဒီကနေ့ အမေရိကန်သမ္မတ Barack Obama နဲ့ ဝါရှင်တန် ဒီစီမြို့မှာ တွေ့ဆုံတဲ့အခါ ဒေသတွင်း လုံခြုံရေးနဲ့ စီးပွားရေးဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေး လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

ပထမဆုံးအကြိမ်အဖြစ် တွေ့ဆုံကြမယ့် ဒီခေါင်းဆောင် ၂ ယောက်ရဲ့ ဆွေးနွေးပွဲကိုတော့ သမ္မတ အိမ်ဖြူတော်က Oval ရုံးခန်းလို့ခေါ်တဲ့ သမ္မတရဲ့ သီးသန့် ရုံးခန်းအတွင်းမှာ ပြုလုပ်မှာ ဖြစ်ပြီး တရုတ်နဲ့ဂျပန်အကြား နယ်မြေပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ကိစ္စ၊ မြောက်ကိုရီးယားနိုင်ငံက နောက်ဆုံး အကြိမ် ပြုလုပ်လိုက်တဲ့ နျူကလီယား စမ်းသပ်ဖောက်ခွဲမှု စတဲ့ အကြောင်းအရာတွေဟာလည်း ဦးစားပေးဆွေးနွေးမယ့်အထဲမှာ ပါဝင်မယ်လို့ အိမ်ဖြူတော် အရာရှိတွေက ပြောပါတယ်။

နေ့လည်စာသုံးဆောင်ရင်း ပြုလုပ်မယ့် စည်းဝေးပွဲအတွင်းမှာတော့ ကမ္ဘာ့ ပထမနဲ့တတိယ အင်အားအကြီးဆုံး စီးပွားနိုင်ငံတွေအကြား စီးပွားရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုနဲ့ဆိုင်တဲ့ အကြောင်းအရာတွေကို ဆွေးနွေးကြဖို့ ရှိပါတယ်။ ဆွေးနွေးမှုတွေအတွင်း အမေရိကန်က ဦးဆောင်ဖွဲ့စည်းထားတဲ့ ပစိဖိတ်သမုဒ္ဒယာ တစ်ဖက် တစ်ချက်ကနိုင်ငံတွေအကြား စီးပွား ပူးပေါင်းဆောင်ရွက်မှုအတွင်း ဂျပန်ရဲ့ ပါဝင် ပတ်သက်မှုကိုလည်း ဆွေးနွေးမယ်လို့ မျှော်လင့်ရပါတယ်။

အမေရိကန်နိုင်ငံ ဝါရှင်တန် ဒီစီမြို့ကို ကြာသပတေးနေ့က ရောက်ရှိခဲ့တဲ့ ဝန်ကြီးချုပ် ရှင်ဇိုအာဘေးဟာ သူ့ရဲ့ ဝန်ကြီးချုပ် ဒုတိယသက်တမ်းကို ဒီဇင်ဘာလမှာ စတင် ထမ်းဆောင်တာ ဖြစ်ပါတယ်။
XS
SM
MD
LG