သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျပန်ဖွဲ့စည်းပုံပြင်ဆင်ဖို့ ဝန်ကြီးချုပ် Kishida ကတိပြု


 ဂျပန်ဝန်ကြီးချုပ် Fumio Kishida
 ဂျပန်ဝန်ကြီးချုပ် Fumio Kishida


[[Zawgyi/Unicode]]

ဂျပန်နိုင်ငံမှာ တနင်္ဂနွေနေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲရလဒ်အရ လက်ရှိအာဏာရ ညွှန့်ပေါင်းအစိုးရ နိုင်ငံရေးပါတီတွေကပဲ အထက်လွှတ်တော် နေရာအများစုကို ပြန်အနိုင်ရခဲ့ပြီးနောက် ဖွဲ့စည်းပုံပြင်ဆင်နိုင်ရေးကို ဆောင်ရွက်သွားမယ်လို့ ဝန်ကြီးချုပ် Fumio Kishida က ဒီကနေ့ ကတိပြုလိုက်ပါတယ်။

ဝန်ကြီးချုပ်ဟောင်း Shinzo Abe သေနတ်နဲ့ ပစ်ခတ်လုပ်ကြံခံခဲ့ရပြီး ၂ ရက်အကြာ ကျင်းပတဲ့ ဒီရွေးကောက်ပွဲမှာ အာဏာရ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ LDP က လွှတ်တော်နေရာ ၁၂၅ နေရာမှာ ၆၃ နေရာအနိုင်ရပြီး ညွှန်ပေါင်းအစိုးရမဟာမိတ်ပါတီ Komeito က ၁၃ နေရာ အနိုင်ရခဲ့တာပါ။

အစိုးရဖွဲ့နိုင်ဖို့နဲ့ လွှတ်တော်မှာထိန်းချုပ်နိုင်ဖို့အတွက် လိုအပ်တဲ့နေရာ ၅၅ နေရာထက် အများကြီး ကျော်လွန်အနိုင်ရရှိတာ ဖြစ်ပါတယ်။ လုပ်ကြံသတ်ဖြတ်ခံခဲ့ရတဲ့ ဝန်ကြီးချုပ်ဟောင်း Shinzo Abe အားထုတ်ခဲ့တဲ့ ဖွဲ့စည်းပုံပြင်ဆင်နိုင်ရေးအပါအဝင် သူ့ရည်မှန်းဆောင်ရွက်ခဲ့တာတွေကို ဆက်လက် အကောင်အထည်ဖော်နိုင်အောင် ကြိုးစားသွားမယ်လို့ ဝန်ကြီးချုပ် Kishida ကပြောကြားခဲ့ပါတယ်။

ဒုတိယကမ္ဘာစစ်ပွဲပြီးနောက် ၁၉၄၇ ခုနှစ်က အမေရိကန်တို့ ဦးဆောင်ရေးစွဲထားတဲ့ ဂျပန်နိုင်ငံရဲ့ ဖွဲ့စည်းပုံဥပဒေအရ ဂျပန်ရဲ့စစ်တပ်ကို ကာကွယ်ရေးအတွက်လုံလောက်ရုံမျှသာ ကန့်သတ် ထားပါတယ်။ တနင်္ဂနွေနေ့က ရွေးကောက်ပွဲမှာ LDP ပါတီ နဲ့ အခြား ဖွဲ့စည်းပုံ ပြင်လိုတဲ့ ၃ ပါတီကသာ ၈၂ နေရာ ရရှိခဲ့ရင် ဖွဲ့စည်းပုံ ပြင်ကိုပြင်နိုင်မှာဖြစ်တဲ့အတိုင်း LDP ညွန့်ပေါင်းပါတီတွေက ဖွဲ့စည်းပုံ ပြင်ဆင်ရေးအတွက် နီးစပ်သွားပြီ ဖြစ်ပါတယ်။ လက်ရှိအတိုင်း ဖွဲ့စည်းပုံကို ထိန်းသိမ်းလိုတဲ့ CDP ပါတီကတော့ လက်ရှိမှာ လွှတ်တော်နေရာ ၂၃ နေရာ ရထားရကနေ အခု ရွေးကောက်ပွဲမှာတော့ ၁၇ နေရာသာ ပြန်ရပါတယ်။

ဂျပန်နိုင်ငံမှာ ဖွဲ့စည်းပုံ ပြင်ဆင်ဖို့ဆိုရင် အထက်အောက် လွှတ်တော် ၂ ရပ်လုံးမှာ အမတ် ၃ ပုံ ၂ ပုံ ရဲ့ ထောက်ခံမှုအပြင် လူထုဆန္ဒခံယူပွဲနဲ့ ထောက်ခံအတည်ပြုချက်ရဖို့ လိုပါတယ်။

ဂျပန်နိုင်ငံရဲ့ အဓိက အာဏာရပါတီ LDP ဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ် ၆၀ ကျော်အတွင်း ရွေးကောက်ပွဲတွေမှာ ဆက်တိုက်နီးပါး အနိုင်ရခဲ့တာပါ။ ပြီးခဲ့တဲ့ သောကြာနေ့က ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး လုပ်ကြံ တ်ဖြတ်ခံခဲ့ရတဲ့ ဖြစ်ရပ်ကြောင့် အခုရွေးကောက်ပွဲမှာလည်း လူထုရဲ့ စာနာထောက်ခံမဲတွေ ရလိုက်ပုံရတယ်လို့ ရွေးကောက်ပွဲ စောင့်ကြည် လေ့လာသူတွေက ပြောပါတယ်။ အထက်လွှတ်တော်မှာ အမတ်နေရာ ၂၄၅ နေရာရှိပြီး နေရာတဝက်ကို ၃ နှစ် တခါ ရွေးကောက်တင်မြှောက်ပါတယ်။ ခုရွေးကောက်ပွဲက ၁၂၅ နေရာအတွက် ရွေးကောက်တာပါ။

တိုက်ရိုက် လင့်ခ်

==============
[[Unicode]]










XS
SM
MD
LG