သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြင်သစ် ညလုံးပေါက်ဆန္ဒပြမှု ၁၃၀၀ ထက်မနည်း ဖမ်းဆီးခံရ


A French anti riot police officer walk past a burning truck in Nantes, western France on early July 1, 2023, four days after a 17-year-old man was killed by police in Nanterre, a western suburb of Paris.
A French anti riot police officer walk past a burning truck in Nantes, western France on early July 1, 2023, four days after a 17-year-old man was killed by police in Nanterre, a western suburb of Paris.

ပြင်သစ်နိုင်ငံမှာ ရဲလက်ချက်နဲ့ သေဆုံးခဲ့တဲ့ အသက် ၁၇ နှစ်အရွယ် Nahel ရဲ့ အသုဘအခမ်းအနားကို ပါရီမြို့တော်အစွန်က Nanterre ရပ်ကွက်မှာ ဒီနေ့ စနေနေ့မှာ ကျင်းပပါတယ်။ မိသားစုဝင်တွေနဲ့ မိတ်ဆွေတွေသာ ကျင်းပတဲ့ အခမ်းအနားကို သတင်းထောက်တွေနဲ့ အများပြည်သူ မလာကြဖို့ မိသားစုက ပန်ကြားခဲ့ပါတယ်။

ရဲပစ်ခတ်မှုကြောင့် Nahel သေဆုံးခဲ့ရတဲ့အပေါ် မကျေမနပ် ဒေါသထွက်နေကြသူတွေကတော့ သောကြာနေ့ညက ၄ ရက်မြောက်အဖြစ် ပါရီမြို့တော်အပါအဝင် မြို့တွေမှာ ဆန္ဒပြခဲ့ကြပါတယ်။ ညလုံးပေါက် အကြမ်းဖက် ဆန္ဒပြမှုတွေတွင်း လူပေါင်း ၁,၃၀၀ ကျော်ကို ဖမ်းဆီး ထိန်းသိမ်းခဲ့တယ်လို့ ပြင်သစ်ပြည်ထဲရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။

ဇွန်လ ၂၇ ရက် အင်္ဂါနေ့တုန်းက Nanterre ရပ်ကွက်မှာ ဆယ်ကျော်သက်လူငယ် မောင်းလာတဲ့ ကားကိုရဲက တားပြီးစစ်ဆေးစဉ် ပစ်ခတ်ခဲ့ပုံရတဲ့ ဗီဒီယိုလူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့ပြီးနောက်မှာ နိုင်ငံတဝန်း ဒေါသထွက် ဆန္ဒပြပွဲတွေဖြစ်နေတာပါ။ ဆန္ဒပြသူတချို့က အဆောက်အဦးတွေ၊ ကားတွေကို မီးရှို့ခဲ့ကြသလို၊ စတိုးဆိုင်အတော်များများကိုလည်း ဖောက်ထွင်း၊ လုယက်ခဲ့ကြပါတယ်။

ဆူပူ ဆန္ဒပြမှုတွေကို နှိမ်နှင်းနိုင်ဖို့အတွက် ပြင်သစ်နိုင်ငံတဝန်း ရဲတပ်ဖွဲ့ဝင် ၄ သောင်းခွဲကို ဖြန့်ချထားပါတယ်။ ပြင်သစ်နိုင်ငံက နာမည်ကြီး ဘောလုံးသမား Kylian Mbappe နဲ့ ပြင်သစ် အမျိုးသားဘောလုံး လက်ရွေးစင်အသင်းတို့ကလည်း အခုလို ဆူပူ ဆန္ဒပြနေကြတာတွေ ရပ်တန့်ပေးကြဖို့ မေတ္တာရပ်ခံခဲ့ပါတယ်။

အခုချိန်ဟာ ကြေကွဲဝမ်းနည်းမှုကနေ တွေ့ဆုံဆွေးနွေးမှုနဲ့ ပြန်လည်တည်ဆောက်ရေးတွေလုပ်ဖို့ အချိန်တန်ပြီလို့ Twitter ပေါ်မှာ ရေးသား ပန်ကြားခဲ့ပါတယ်။ Mbappe ဟာ ပြင်သစ်လူငယ်အတော်များများ အားကျချစ်ခင်တဲ့ တိုက်စစ်မှူးတယောက် ဖြစ်ပါတယ်။

XS
SM
MD
LG