သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်း-မြန်မာနယ်စပ် ကုန်စည်စက်လှေ ပစ်ခတ်ခံရ


ထိုင်းမြန်မာနယ်စပ် မဲ့စံလက်ဒေသ
ထိုင်းမြန်မာနယ်စပ် မဲ့စံလက်ဒေသ

[ Zawgyi / Unicode ]


ထိုင်းမြန်မာနယ်စပ် မယ်ဟောင်ဆောင်ပြည်နယ် သံလွင်မြစ် အတွင်းမှာ ပြေးဆွဲနေတဲ့ ကုန်စည်ပို့ဆောင်ရေး စက်လှေတွေ စနေ့နေ့က ပစ်ခတ်ခံရတဲ့အကြောင်း မအေးေးအမာက သတင်းပေးပို့ လာပါတယ်။

ထိုင်းမြန်မာနယ်စပ် မယ်ဟောင်ဆောင် ပြည်နယ် မဲ့စလက် ဒေသအနီး သံလွင်မြစ်ကြောင်းအတိုင်း ကုန်စည် ပို့ဆောင်နေကြတဲ့ ထိုင်းစက်လှေ သုံးစင်းကို မြန်မာစစ်တပ်က ဧပြီ ၁၇ရက်နေ့က ပစ်ခတ်ခဲ့ကြောင်း ထိုင်းသတင်းတွေမှာ ဖေါ်ပြခဲ့တာပါ။ စက်လှေတွေရဲ့ ဝမ်းဗိုက်ကို ကျည်ဆံထိမှန် ခဲ့တယ်လို့ ဆိုပါတယ်။ ဒီနေရာဟာ စစ်ပြေးကရင်ဒုက္ခသည်တွေအတွက် စားသောက်စရာတွေ နဲ့ လိုအပ်တဲ့ပစ္စည်းတွေ ပို့ဆောင်နေတဲ့ နေရာလည်းဖြစ်ပါတယ်။

ကရင်သတင်းစဉ်ရဲ့အမှုဆောင် အယ်ဒီတာချုပ် နန်းဖောဂေကတော့ စက်လှေတွေ ပစ်ခတ်ခံရမူနဲ့ ပတ်သက်လို့ အခုလိုပြောပြပါတယ်။

" ပစ္စည်းတွေတင်တဲ့ လှေပါပဲ၊ လှေကို ပစ်တာပဲ။ စစ်ကောင်စီ စစ်တပ်ကနေ ပစ်တာပဲလေ။ ထိတာတော့ လှေဘေးကို ထိခိုက်သွားတယ်။ သိရတာကတော့ လူကို မထိခိုက်ဘူး။ အဲဒီလောက်ပဲသိရတယ်။"

အခုလို ခြိမ်းခြောက်ပစ်ခတ်ခံရတာဟာ နှစ်အတော်ကြာအတွင်းမှာ ပထမဆုံးအကြိမ် ဖြစ်ကြောင်း မဲစံလက် ဒေသခံတွေကပြောကြပြီး စက်လှေမောင်းသူ ကျေးရွာသားတွေဟာ သေနတ်နဲ့ ပစ်ခတ်နေတဲ့ကြားက ဘေးလွတ်အောင် မောင်းပြေးလာနိုင်ခဲ့တယ်လို့လည်း ထိုင်းသတင်းတွေမှာ ဖော်ပြကြပါတယ်။

အခုလို နယ်စပ် မြစ်ကြောင်းတလျှောက် မောင်းနေတဲ့ စက်လှေတွေအားလုံး မြန်မာစစ်ကောင်စီ စစ်တပ်ဂိတ်ကို သတင်းပေးပြီးမှ ဖြတ်သန်းခွင့် ပြုမှာဖြစ်ပြီး သတင်းမပေးပဲ ဖြတ်သန်းသွားပါက ပစ်ခတ်ခံရမယ်လို့ မြန်မာ စစ်တပ်ဖက်က ထုတ်ပြန်ထားတယ်လို့လည်း ဒေသတွင်း သတင်းတွေမှာ ဖော်ပြကြပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်


[ unicode ]








XS
SM
MD
LG