သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိပ်ပြောင်မှုနဲ့ အရပ်ပုမှုကြား ဆက်စပ်မှု သုတေသနသစ်တွေ့ရှိ


အသက်အရွယ် ကြီးရင့်လာတာနဲ့အမျှ အမျိုးသားတွေဟာ မလွဲမရှောင်သာပဲ ထိပ်ပြောင်ကြလေ့ ရှိတာမှာ ကျန်းမာရေး အခြေအနေကြောင့် အပြင် အရပ်ပုတဲ့ အတွက်ကြောင့် အမျိုးသားတွေဟာ အချိန်စောပြီး ထိပ်ပြောင်နိုင်တယ်လို့ နိုင်ငံတကာ သုတေသနသစ်တခုက တွေ့ရှိခဲ့ပါတယ်။ အရပ်ပုတဲ့ အမျိုးသားတွေဟာ အချိန်မတန်ခင် ဆံပင် ပိုကျွတ်နိုင်တဲ့အတွက် အဲဒီလို ထိပ်ပြောင်ဖို့ အခွင့်အရေး ပိုများတာလို့ ဆိုပါတယ်။

ဂျာမနီအခြေစိုက် Bonn တက္ကသိုလ်က သုတေသီတွေ ပြုလုပ်ခဲ့တဲ့ နိုင်ငံတကာ လေ့လာမှုမှာ အမေရိကန်၊ ဆွစ်ဇာလန်၊ နယ်သာလန်၊ ဂျာမနီ၊ ဗြိတိန်၊ ဂရိနဲ့ သြစတေးလျ နိုင်ငံတို့က အမျိုးသားပေါင်း ၂၀,၀၀၀ ကျော်တို့ရဲ့ မျိုးဗီဇ DNA တွေကို လေ့လာခဲ့တာ ဖြစ်ပါတယ်။ အဲဒီအထဲက ထက်ဝက်ခန့်ဟာ အသက် ၅၀ မတိုင်ခင် အချိန်စောပြီး ထိပ်ပြောင်ခဲ့ကြသူတွေဖြစ်ပြီး တခြား တဝက်ကတော့ လုံး၀ ဆံပင် မကျွတ်ကြတဲ့ သူတွေ ဖြစ်ပါတယ်။

အချိန်စောပြီး ထိပ်ပြောင်စေတဲ့ မျိုးဗီဇ ပြောင်းလဲမှု ၆၃ မျိုးကို သုတေသီတွေက တွေ့ရှိခဲ့ပြီး အဲဒီ DNA တွေနဲ့ အရပ်ပုတဲ့ အမျိုးသားတွေရဲ့ DNA တွေ ပါဝင်နေတာ အများအပြား တွေ့ရှိခဲ့ကြပါတယ်။ ဒီအရပ်ပုတဲ့ DNA တွေဟာ နှလုံးရောဂါဖြစ်စေမယ့် အန္တရာယ် ပိုရှိတယ်လို့လည်း သုတေသီတွေက တွေ့ရှိခဲ့ပါတယ်။

အခုလို ထိပ်ပြောင်၊ အရပ်ပုခြင်း၊ တခြား ကျန်းမာရေးအခြေအနေနဲ့ DNA ဆက်စပ်မှုအကြောင်း သုတေသီတွေရဲ့ လေ့လာ တွေ့ရှိမှုဟာ ပထမ ခြေလှမ်းသာဖြစ်ပြီး ဒီတွေ့ရှိချက်တွေဟာ အရပ်ပိုပုတဲ့ အမျိုးသားများအနေနဲ့ ဘာကြောင့် တခြားရောဂါတွေနဲ့ တခြား အခြေအနေတွေ ဖြစ်ဖို့ ပိုများသလဲဆိုတာကို နားလည်နိုင်ဖို့ အထောက်အကူပြုလိမ့်မယ်လို့ သုတေသီတွေက ပြောပါတယ်။

ဒီတွေ့ရှိချက်ကို Journal of Nature Communications မှာ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

ထိပ်ပြောင်မှုနဲ့ အရပ်ပုမှုကြား ဆက်စပ်မှု သုတေသနသစ်တွေ့ရှိ
please wait

No media source currently available

0:00 0:01:19 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG