သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

စစ္တပ္နဲ႔ ရဲ ပစ္ခတ္မႈေၾကာင့္ ေသဆံုးသူ ၂၄၀ ေက်ာ္ၿပီ


Army officers intervene during a protest against the military coup in Yangon, Myanmar, March 2, 2021. Picture taken from behind a window. REUTERS/Stringer

Zawgyi/Unicode

ျမန္မာႏုိင္ငံမွာ စစ္အာဏာသိမ္းမႈကို ဆန္႔က်င္ကန္႔ကြက္တဲ့ ဆႏၵျပသူေတြကို စစ္တပ္နဲ႔ရဲက အၾကမ္းဖက္ ပစ္ခတ္ၿဖိုခြဲတာေၾကာင့္ ေသဆံုးသူအေရအတြက္ဟာ ဒီကေန႔အထိဆိုရင္ ၂၄၀ ေက်ာ္သြားပါၿပီ။

ဒီကေန႔ ရန္ကုန္တုိင္းတြင္းက တာေမြ၊ လိႈင္၊ သာေကတနဲ႔ ေတာင္ဥကၠလာတုိ႔မွာ တစ္ဦးစီ ေသဆံုးပါတယ္။ ပခုကၠဴမွာ မေန႔ညက ပစ္ခတ္ဖမ္းဆီးသြားတဲ့ ေဒၚမာလာဝင္းရဲ႕ ႐ုပ္အေလာင္းကို မိသားစုက ဒီကေန႔ျပန္ရခဲ့ၿပီး မုဒံုနဲ႔ ေပါင္မွာေတာ့ မေန႔ညက ၁ ဦးစီးေသဆံုးပါတယ္။

ႏုိင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအဖြဲ႔ (AAPP) က မတ္လ ၁၉ ရက္ေန႔အထိ မွတ္တမ္းတင္ထားတဲ့ ေသဆံုးသူအေရအတြက္ ၂၃၅ ေယာက္ရွိတဲ့အတြက္ အခုထပ္တိုးတာနဲ႔ဆိုရင္ အေယာက္ ၂၄၀ ေက်ာ္ထိရွိသြားတာပါ။

ေနျပည္ေတာ္က ဒီကေန႔ဆႏၵျပပြဲကို မ်က္ရည္ယိုဗံုးေတြ၊ အသံဗံုးေတြပစ္ၿပီး ၿဖိုခြဲတာေၾကာင့္ ဆႏၵျပသူေတြ ေဘးလြတ္ရာ ထြက္ေျပးခဲ့ၾကရပါတယ္။ (NAT SOUND

ရန္ကုန္မွာလည္း ဒီကေန႔ ဆႏၵျပပြဲတခ်ဳိ႕ႀကိဳၾကားဆိုသလို ရွိခဲ့ေပမယ့္ အဓိကအေျခအေနကေတာ့ စစ္တပ္နဲ႔ရဲက အတားအဆီးေတြကို လိုက္ရွင္းရင္း ပစ္ခတ္တာ၊ ေတြ႔တဲ့လူကို ႐ိုက္ႏွက္ဖမ္းဆီးတာ၊ ရပ္ထားတဲ့ကားေတြကို ဘူဒိုဇာနဲ႔ အေၾကာင္းမဲ့တိုက္ၿပီး ဖ်က္ဆီးတာ စတာေတြပဲျဖစ္ပါတယ္။

ရန္ကုန္၊ ေက်ာက္ေျမာင္းဘက္မွာ ျဖစ္ခဲ့တာကို မ်က္ျမင္ေတြ႔သူက ႐ိုက္ယူထားတဲ့ ဗီဒီယိုထဲမွာေတြ႔ရၿပီး ပ်က္စီးသြားတဲ့ ကားပိုင္ရွင္ကို လွမ္းေမးထားတာပါ။ အတားအဆီးေတြကို ဘူဒုိဇာကားႀကီးနဲ႔ ထိုးရွင္းတာမွာ အိမ္တအိမ္ထဲထိ ဝင္လုနီးျဖစ္တာကိုလည္း ဗီဒီယိုတခုမွာေတြ႔ရပါတယ္။

စစ္တပ္နဲ႔ရဲေတြက ဆိုင္ေတြကိုဖ်က္ဆီးတာ၊ စားစရာနဲ႔ ပစၥည္းေတြယူတာ၊ စက္ဘီး၊ ဆိုင္ကယ္ စတာေတြကို ႐ိုက္ႏွက္ ကန္ေက်ာက္ ဖ်က္ဆီးတာ၊ ေန႔ေန႔ညည ဆဲဆို ေအာ္ဟစ္ ႀကိမ္းေမာင္းတာေတြကိုလည္း ဗီဒီယိုေတြထဲမွာ ေတြ႔ရပါတယ္။ တေနရာမွာဆုိရင္ လမ္းေပၚေတြ႔တဲ့လူတေယာက္ကို ရဲက ဆြဲေခၚလာၿပီး ေတာင္းပန္ေနတဲ့ၾကားကပဲ ႐ိုက္ႏွက္ၿပီးေတာ့ လမ္းေပၚမွာ ေလးဘက္ေထာက္သြားခုိင္းသလို ေနာက္ကေန ေဆာင့္ကန္တာကိုလည္း ေတြ႔ရပါတယ္။

မႏၲေလး၊ ပဲခူး၊ ကယား၊ စစ္ကိုင္း၊ မေကြး၊ ကခ်င္၊ ခ်င္း၊ ကရင္၊ တနသၤာရီ စတဲ့ ျပည္နယ္တိုင္းေဒသႀကီးေတြထဲက ၿမို႕ေတြမွာ ဒီကေန႔ ဆႏၵျပပြဲေတြရွိခဲ့ၿပီး အျပင္းအထန္ ပစ္ခတ္ၿဖိုခြဲတဲ့သတင္းေတာ့ အခုခ်ိန္ထိ မရေသးပါဘူး။

CDM လႈပ္ရွားမႈမွာပါတဲ့ မႏၲေလးက မီးရထားဝန္ထမ္းေတြကို အလုပ္ျပန္မဝင္ရင္ လိုင္းခန္းကဆင္းဖုိ႔ စစ္ေကာင္စီကေျပာတာမွာ ဝန္ထမ္းေတြအားလံုး ဒီကေန႔ လိုင္းခန္းကေန ေရႊ႕ေျပာင္းသြားၾကၿပီးေတာ့ ၿမိဳ႕ခံလူထုက ဝုိင္းကူညီေပးၾကပါတယ္။

တႏုိင္ငံလံုးမွာ အင္တာနက္ ဆက္သြယ္ေရးကုိ ေလွ်ာ့ခ် ျဖတ္ေတာက္ထားတာေၾကာင့္ လူထုရဲ႕ နိစၥဓူဝကိစၥေတြမွာ အခက္အခဲေတြၾကံဳေနၾကရပါတယ္။

တိုက္႐ိုက္ လင့္ခ္

Unicode

စစ်တပ်နဲ့ ရဲ ပစ်ခတ်မှုကြောင့် သေဆုံးသူ ၂၄၀ ကျော်ပြီ

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်တဲ့ ဆန္ဒပြသူတွေကို စစ်တပ်နဲ့ရဲက အကြမ်းဖက် ပစ်ခတ်ဖြိုခွဲတာကြောင့် သေဆုံးသူအရေအတွက်ဟာ ဒီကနေ့အထိဆိုရင် ၂၄၀ ကျော်သွားပါပြီ။

ဒီကနေ့ ရန်ကုန်တိုင်းတွင်းက တာမွေ၊ လှိုင်၊ သာကေတနဲ့ တောင်ဥက္ကလာတို့မှာ တစ်ဦးစီ သေဆုံးပါတယ်။ ပခုက္ကူမှာ မနေ့ညက ပစ်ခတ်ဖမ်းဆီးသွားတဲ့ ဒေါ်မာလာဝင်းရဲ့ ရုပ်အလောင်းကို မိသားစုက ဒီကနေ့ပြန်ရခဲ့ပြီး မုဒုံနဲ့ ပေါင်မှာတော့ မနေ့ညက ၁ ဦးစီးသေဆုံးပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPP) က မတ်လ ၁၉ ရက်နေ့အထိ မှတ်တမ်းတင်ထားတဲ့ သေဆုံးသူအရေအတွက် ၂၃၅ ယောက်ရှိတဲ့အတွက် အခုထပ်တိုးတာနဲ့ဆိုရင် အယောက် ၂၄၀ ကျော်ထိရှိသွားတာပါ။

နေပြည်တော်က ဒီကနေ့ဆန္ဒပြပွဲကို မျက်ရည်ယိုဗုံးတွေ၊ အသံဗုံးတွေပစ်ပြီး ဖြိုခွဲတာကြောင့် ဆန္ဒပြသူတွေ ဘေးလွတ်ရာ ထွက်ပြေးခဲ့ကြရပါတယ်။ (NAT SOUND

ရန်ကုန်မှာလည်း ဒီကနေ့ ဆန္ဒပြပွဲတချို့ကြိုကြားဆိုသလို ရှိခဲ့ပေမယ့် အဓိကအခြေအနေကတော့ စစ်တပ်နဲ့ရဲက အတားအဆီးတွေကို လိုက်ရှင်းရင်း ပစ်ခတ်တာ၊ တွေ့တဲ့လူကို ရိုက်နှက်ဖမ်းဆီးတာ၊ ရပ်ထားတဲ့ကားတွေကို ဘူဒိုဇာနဲ့ အကြောင်းမဲ့တိုက်ပြီး ဖျက်ဆီးတာ စတာတွေပဲဖြစ်ပါတယ်။

ရန်ကုန်၊ ကျောက်မြောင်းဘက်မှာ ဖြစ်ခဲ့တာကို မျက်မြင်တွေ့သူက ရိုက်ယူထားတဲ့ ဗီဒီယိုထဲမှာတွေ့ရပြီး ပျက်စီးသွားတဲ့ ကားပိုင်ရှင်ကို လှမ်းမေးထားတာပါ။ အတားအဆီးတွေကို ဘူဒိုဇာကားကြီးနဲ့ ထိုးရှင်းတာမှာ အိမ်တအိမ်ထဲထိ ဝင်လုနီးဖြစ်တာကိုလည်း ဗီဒီယိုတခုမှာတွေ့ရပါတယ်။

စစ်တပ်နဲ့ရဲတွေက ဆိုင်တွေကိုဖျက်ဆီးတာ၊ စားစရာနဲ့ ပစ္စည်းတွေယူတာ၊ စက်ဘီး၊ ဆိုင်ကယ် စတာတွေကို ရိုက်နှက် ကန်ကျောက် ဖျက်ဆီးတာ၊ နေ့နေ့ညည ဆဲဆို အော်ဟစ် ကြိမ်းမောင်းတာတွေကိုလည်း ဗီဒီယိုတွေထဲမှာ တွေ့ရပါတယ်။ တနေရာမှာဆိုရင် လမ်းပေါ်တွေ့တဲ့လူတယောက်ကို ရဲက ဆွဲခေါ်လာပြီး တောင်းပန်နေတဲ့ကြားကပဲ ရိုက်နှက်ပြီးတော့ လမ်းပေါ်မှာ လေးဘက်ထောက်သွားခိုင်းသလို နောက်ကနေ ဆောင့်ကန်တာကိုလည်း တွေ့ရပါတယ်။

မန္တလေး၊ ပဲခူး၊ ကယား၊ စစ်ကိုင်း၊ မကွေး၊ ကချင်၊ ချင်း၊ ကရင်၊ တနင်္သာရီ စတဲ့ ပြည်နယ်တိုင်းဒေသကြီးတွေထဲက မြို့တွေမှာ ဒီကနေ့ ဆန္ဒပြပွဲတွေရှိခဲ့ပြီး အပြင်းအထန် ပစ်ခတ်ဖြိုခွဲတဲ့သတင်းတော့ အခုချိန်ထိ မရသေးပါဘူး။

CDM လှုပ်ရှားမှုမှာပါတဲ့ မန္တလေးက မီးရထားဝန်ထမ်းတွေကို အလုပ်ပြန်မဝင်ရင် လိုင်းခန်းကဆင်းဖို့ စစ်ကောင်စီကပြောတာမှာ ဝန်ထမ်းတွေအားလုံး ဒီကနေ့ လိုင်းခန်းကနေ ရွှေ့ပြောင်းသွားကြပြီးတော့ မြို့ခံလူထုက ဝိုင်းကူညီပေးကြပါတယ်။

တနိုင်ငံလုံးမှာ အင်တာနက် ဆက်သွယ်ရေးကို လျှော့ချ ဖြတ်တောက်ထားတာကြောင့် လူထုရဲ့ နိစ္စဓူဝကိစ္စတွေမှာ အခက်အခဲတွေကြုံနေကြရပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG