သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေ႐ႊလီၿမိဳ႕ကျမန္မာမ်ား ေပါက္ေဖာ္ေနထိုင္ခြင့္ကဒ္နဲ႔ ဆက္ေနခြင့္ျပဳ


ျမန္မာနဲ႔နယ္စပ္၊ ေရႊလီၿမိဳ႕နယ္စပ္ဂိတ္ ( ဓာတ္ပုံ- လူသားခ်င္းစာနာေထာက္ထားမႈအကူအညီေပးေရးကြန္ရက္)

Zawgyi/Unicode

ေ႐ႊလီၿမိဳ႕မွာရွိတဲ့ ျမန္မာေတြကို ေပါက္ေဖာ္ကဒ္သက္တမ္းတိုးေပးၿပီး ဆက္လက္ေနထိုင္ခြင့္ ျပဳသြားမယ္လို႔ တ႐ုတ္အာဏာပိုင္ေတြက ဒီကေန႔ ေၾကညာထားပါတယ္။ ေနထိုင္ခြင့္သက္တမ္းမရွိ၊ အလုပ္မရွိ၊ ဝင္ေငြမရွိေတာ့တဲ့ ေနရပ္ျပန္ပို႔မယ္လို႔ တ႐ုတ္ယူနန္ျပည္နယ္၊ တယ္ဟုန္ျပည္နယ္ခြဲ အာဏာပိုင္ေတြက ၿပီးခဲ့တဲ့ သီတင္းတပတ္က ေၾကညာၿပီးတဲ့ေနာက္ အခုလို ထပ္မံထုတ္ျပန္လိုက္တာပါ။ ရန္ကုန္က ေပးပို႔လာတဲ့ ဒီသတင္းအျပည့္အစုံကို ကိုေအာင္ျမတ္သူက တင္ျပေပးထားပါတယ္။

တ႐ုတ္နယ္စပ္ၿမိဳ႕ေတြမွာ အလုပ္လုပ္ေနတဲ့ ျမန္မာႏိုင္ငံသားေတြကို ေနရပ္ျပန္ပို႔တဲ့ အစီအစဥ္စတင္ၿပီး မၾကာခင္မွာပဲ ေ႐ႊလီၿမိဳ႕က ျမန္မာေတြကို ေပါက္ေဖာ္ကဒ္သက္တမ္း ထပ္တိုးေပးမယ္လို႔ တ႐ုတ္ဘက္က ေၾကညာလိုက္တာပါ။ ဒီလိုေၾကညာလိုက္တဲ့အတြက္ သက္တမ္းကုန္ေပါက္ေဖာ္ကဒ္ကို ကိုင္ေဆာင္ထားတဲ့ ျမန္မာေတြက လာမယ့္ရက္ပိုင္းအတြင္း သတ္မွတ္ထားတဲ့ ေနရာေတြမွာ သြားေရာက္ေလွ်ာက္ထားရမွာျဖစ္ပါတယ္။

ဒါနဲ႔ပတ္သက္ၿပီး ေ႐ႊလီၿမိဳ႕အေျခစိုက္ တေအာင္းလူငယ္ ပရဟိတဥကၠ႒ မိုင္ဦးလႈိင္ေအးက အခုလိုေျပာပါတယ္။

“ေပါက္ေဖာ္ကဒ္ သက္တမ္းကုန္သြားတဲ့သူအတြက္ကိုေတာ့ ဒီ ၁၅ ရက္အတြင္း သူတို႔ျပန္လည္ ထုတ္လုပ္ေပးမယ္လို႔ လိုင္းေပးကေန သူတို႔ျဖန႔္ေပးထားတယ္။ ဒီေပါက္ေဖာ္ကဒ္လုပ္ဖို႔ေတာ့ စာအုပ္အနီရွိရမယ္၊ အဝင္တံဆိပ္ရွိရမယ္၊ မွတ္ပုံတင္၊ ျပည့္ျပည့္စုံစုံရွိမွ အေထာက္အထား ဒီ တရားဝင္ဂိတ္မွာပဲ သူတို႔က လုပ္ေပးတာ။ အဓိက ဒီေလာပန္းေတြက သူေဌးေတြက ေထာက္ခံေပးရင္ေတာ့ ရၿပီေလ၊ အလုပ္အေပၚမွာ မူတည္တာေပါ့။”

တ႐ုတ္ျပည္ကေန ျမန္မာေတြကို ေနရပ္ျပန္လႊတ္မယ္ဆိုရင္ တ႐ုတ္- ျမန္မာ ႏွစ္ဘက္လုံးက အေျခခံလုပ္သားေတြအတြက္ နစ္နာမႈ မ်ားႏိုင္ပါတယ္။ တ႐ုတ္လုပ္ငန္းရွင္ေတြကလည္း ဒီကိစၥအေပၚ သေဘာမက်ေၾကာင္း လူသားခ်င္း စာနာေထာက္ ထားမႈ အကူအညီေပးေရးကြန္ရက္က ကိုေဌးက ဗြီအိုေအကို ေျပာပါတယ္။ အထူးသျဖင့္ တ႐ုတ္ေ႐ႊလီနဲ႔ က်ယ္ေဂါင္မွာရွိတဲ့ ေက်ာက္စိမ္းေဈးကြက္က ျမန္မာႏိုင္ငံသားေတြ ျပန္လာရမယ္ဆိုရင္ ႏွစ္ႏိုင္ငံလုံးက က်ပ္ေငြ သန္းနဲ႔ခ်ီၿပီး ဆုံးရႈံးႏိုင္ေၾကာင္း ေျပာပါတယ္။

“အခု တ႐ုတ္လုပ္ငန္းရွင္ေတြကလည္း မႀကိဳက္ေတာ့ဘူး လက္ရွိေ႐ႊလီ အုပ္ခ်ဳပ္ေရးမႉးကို မႀကိဳက္ေတာ့သူတို႔ ေတာင္းဆိုတာေတြ ရွိတာေပါ့။ တ႐ုတ္အစိုးရကို အခုေ႐ႊလီ၊ က်ယ္ေဂါင္မွာက က်ေနာ္တို႔ ျမန္မာအလုပ္သမားေတြက သူတို႔ကိုအမ်ားႀကီးပဲ အက်ိဳးျပဳေနတာေတြ ရွိတယ္ေလ၊ တခ်ိဳ႕ဆိုရင္ ၁၀ ႏွစ္၊ ၁၅ ႏွစ္ေလာက္ အလုပ္သမားေတြ ရွိတယ္ေလ ဆိုင္ေတြမွာ၊ သားသမီးလို ေမာင္ႏွမေတြလို ျဖစ္ေနတာေတြ အမ်ားႀကီးပဲ။ အဲဒီေတာ့ တ႐ုတ္ေတြကလည္း မေက်နပ္ဘူး။ သူတို႔အခ်င္းခ်င္းကို မေက်နပ္ဘူး ျဖစ္ေနတာ။ က်ေနာ့မိတ္ေဆြ တေယာက္ဆိုရင္ သိန္း ၁၀၀၊ ၂၀၀ ေလာက္ရွိတယ္၊ ေက်ာက္စိမ္းေတြဝယ္ၿပီး ေ႐ႊလီမွာေရာင္းတယ္၊ ဒါေပမဲ့ အခုလိုျပန္မယ္ဆိုရင္ ဘယ္ကိုထားခဲ့ရမလဲ။ ျမန္မာႏိုင္ငံသားေတြ ဆုံးရႈံးသလို တ႐ုတ္ေတြလည္း သူတို႔ဒီ အခန္းငွားဖို႔အတြက္ အေဆာက္အဦးေတြ အခိုင္အမာေဆာက္ထားတာ အမ်ားႀကီးပဲရွိတယ္၊ အဲဒီေတာ့ က်ေနာ္တို႔လည္း ဒါႀကီးကိုေတာ့ လက္လြတ္စပယ္ ျပန္ခိုင္းတာေတြေတာ့ သေဘာမက်ဘူးေပါ့။”

ယာယီေနထိုင္ခြင့္ကဒ္နဲ႔ အလုပ္လုပ္ေနသူေတြက ေပါက္ေဖာ္ကဒ္ေလွ်ာက္လို႔မရဘဲ ျမန္မာျပည္ျပန္ရမွာပါ။ ေပါက္ေဖာ္ကဒ္ ေလွ်ာက္မယ္ဆိုရင္လည္း သူတို႔သတ္မွတ္ထားတဲ့ ၁၅ ရက္အတြင္း အၿပီးေလွ်ာက္ရမယ္လို႔ ဆိုပါတယ္။

တ႐ုတ္ျပည္တြင္းမွာ ကြာရန္တိုင္းမ္ ဝင္ေနရသူေတြ၊ အလုပ္လက္မဲ့ျဖစ္သြားတဲ့ ျမန္မာႏိုင္ငံသားေတြ အမ်ားအျပားရွိပါတယ္။ သူတို႔လိုေနတဲ့ ေဆးနဲ႔ေငြေၾကး အကူအညီေတြကို အလႉရွင္ေတြက ဝိုင္းဝန္းကူညီေနရေၾကာင္း တေအာင္းလူငယ္ပရဟိတက မိုင္ဦးလႈိင္ေအးက ဗြီအိုေအကို ေျပာပါတယ္။

က်ယ္ေဂါင္ဘက္က ျမန္မာေတြကေတာ့ ျပည္တြင္းကို ေန႔တိုင္းျပန္လာေနၿပီး တပတ္အတြင္း ျပန္လာသူ ၂,၅၀၀ ဝန္းက်င္ေလာက္ ရွိပါတယ္။ က်င္စန္းေက်ာ့ဘက္မွာ ဒီမနက္အေစာပိုင္းမွာ ပစ္ခတ္မႈ အနည္းငယ္ရွိေနတာေၾကာင့္ ဝမ္တိန္ဘက္က ျမန္မာေတြကို ျပန္ပို႔မယ့္ အစီအစဥ္ကိုေတာ့ တ႐ုတ္ဘက္က ေခတၱဆိုင္းငံ့ ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


=====

Unicode

ရွှေလီမြို့ကမြန်မာများ ပေါက်ဖော်နေထိုင်ခွင့်ကဒ်နဲ့ ဆက်နေခွင့်ပြု

ရွှေလီမြို့မှာရှိတဲ့ မြန်မာတွေကို ပေါက်ဖော်ကဒ်သက်တမ်းတိုးပေးပြီး ဆက်လက်နေထိုင်ခွင့် ပြုသွားမယ်လို့ တရုတ်အာဏာပိုင်တွေက ဒီကနေ့ ကြေညာထားပါတယ်။ နေထိုင်ခွင့်သက်တမ်းမရှိ၊ အလုပ်မရှိ၊ ဝင်ငွေမရှိတော့တဲ့ နေရပ်ပြန်ပို့မယ်လို့ တရုတ်ယူနန်ပြည်နယ်၊ တယ်ဟုန်ပြည်နယ်ခွဲ အာဏာပိုင်တွေက ပြီးခဲ့တဲ့ သီတင်းတပတ်က ကြေညာပြီးတဲ့နောက် အခုလို ထပ်မံထုတ်ပြန်လိုက်တာပါ။ ရန်ကုန်က ပေးပို့လာတဲ့ ဒီသတင်းအပြည့်အစုံကို ကိုအောင်မြတ်သူက တင်ပြပေးထားပါတယ်။

တရုတ်နယ်စပ်မြို့တွေမှာ အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသားတွေကို နေရပ်ပြန်ပို့တဲ့ အစီအစဉ်စတင်ပြီး မကြာခင်မှာပဲ ရွှေလီမြို့က မြန်မာတွေကို ပေါက်ဖော်ကဒ်သက်တမ်း ထပ်တိုးပေးမယ်လို့ တရုတ်ဘက်က ကြေညာလိုက်တာပါ။ ဒီလိုကြေညာလိုက်တဲ့အတွက် သက်တမ်းကုန်ပေါက်ဖော်ကဒ်ကို ကိုင်ဆောင်ထားတဲ့ မြန်မာတွေက လာမယ့်ရက်ပိုင်းအတွင်း သတ်မှတ်ထားတဲ့ နေရာတွေမှာ သွားရောက်လျှောက်ထားရမှာဖြစ်ပါတယ်။

ဒါနဲ့ပတ်သက်ပြီး ရွှေလီမြို့အခြေစိုက် တအောင်းလူငယ် ပရဟိတဥက္ကဋ္ဌ မိုင်ဦးလှိုင်အေးက အခုလိုပြောပါတယ်။

“ပေါက်ဖော်ကဒ် သက်တမ်းကုန်သွားတဲ့သူအတွက်ကိုတော့ ဒီ ၁၅ ရက်အတွင်း သူတို့ပြန်လည် ထုတ်လုပ်ပေးမယ်လို့ လိုင်းပေးကနေ သူတို့ဖြန့်ပေးထားတယ်။ ဒီပေါက်ဖော်ကဒ်လုပ်ဖို့တော့ စာအုပ်အနီရှိရမယ်၊ အဝင်တံဆိပ်ရှိရမယ်၊ မှတ်ပုံတင်၊ ပြည့်ပြည့်စုံစုံရှိမှ အထောက်အထား ဒီ တရားဝင်ဂိတ်မှာပဲ သူတို့က လုပ်ပေးတာ။ အဓိက ဒီလောပန်းတွေက သူဌေးတွေက ထောက်ခံပေးရင်တော့ ရပြီလေ၊ အလုပ်အပေါ်မှာ မူတည်တာပေါ့။”

တရုတ်ပြည်ကနေ မြန်မာတွေကို နေရပ်ပြန်လွှတ်မယ်ဆိုရင် တရုတ်- မြန်မာ နှစ်ဘက်လုံးက အခြေခံလုပ်သားတွေအတွက် နစ်နာမှု များနိုင်ပါတယ်။ တရုတ်လုပ်ငန်းရှင်တွေကလည်း ဒီကိစ္စအပေါ် သဘောမကျကြောင်း လူသားချင်း စာနာထောက် ထားမှု အကူအညီပေးရေးကွန်ရက်က ကိုဌေးက ဗွီအိုအေကို ပြောပါတယ်။ အထူးသဖြင့် တရုတ်ရွှေလီနဲ့ ကျယ်ဂေါင်မှာရှိတဲ့ ကျောက်စိမ်းဈေးကွက်က မြန်မာနိုင်ငံသားတွေ ပြန်လာရမယ်ဆိုရင် နှစ်နိုင်ငံလုံးက ကျပ်ငွေ သန်းနဲ့ချီပြီး ဆုံးရှုံးနိုင်ကြောင်း ပြောပါတယ်။

“အခု တရုတ်လုပ်ငန်းရှင်တွေကလည်း မကြိုက်တော့ဘူး လက်ရှိရွှေလီ အုပ်ချုပ်ရေးမှူးကို မကြိုက်တော့သူတို့ တောင်းဆိုတာတွေ ရှိတာပေါ့။ တရုတ်အစိုးရကို အခုရွှေလီ၊ ကျယ်ဂေါင်မှာက ကျနော်တို့ မြန်မာအလုပ်သမားတွေက သူတို့ကိုအများကြီးပဲ အကျိုးပြုနေတာတွေ ရှိတယ်လေ၊ တချို့ဆိုရင် ၁၀ နှစ်၊ ၁၅ နှစ်လောက် အလုပ်သမားတွေ ရှိတယ်လေ ဆိုင်တွေမှာ၊ သားသမီးလို မောင်နှမတွေလို ဖြစ်နေတာတွေ အများကြီးပဲ။ အဲဒီတော့ တရုတ်တွေကလည်း မကျေနပ်ဘူး။ သူတို့အချင်းချင်းကို မကျေနပ်ဘူး ဖြစ်နေတာ။ ကျနော့မိတ်ဆွေ တယောက်ဆိုရင် သိန်း ၁၀၀၊ ၂၀၀ လောက်ရှိတယ်၊ ကျောက်စိမ်းတွေဝယ်ပြီး ရွှေလီမှာရောင်းတယ်၊ ဒါပေမဲ့ အခုလိုပြန်မယ်ဆိုရင် ဘယ်ကိုထားခဲ့ရမလဲ။ မြန်မာနိုင်ငံသားတွေ ဆုံးရှုံးသလို တရုတ်တွေလည်း သူတို့ဒီ အခန်းငှားဖို့အတွက် အဆောက်အဦးတွေ အခိုင်အမာဆောက်ထားတာ အများကြီးပဲရှိတယ်၊ အဲဒီတော့ ကျနော်တို့လည်း ဒါကြီးကိုတော့ လက်လွတ်စပယ် ပြန်ခိုင်းတာတွေတော့ သဘောမကျဘူးပေါ့။”

ယာယီနေထိုင်ခွင့်ကဒ်နဲ့ အလုပ်လုပ်နေသူတွေက ပေါက်ဖော်ကဒ်လျှောက်လို့မရဘဲ မြန်မာပြည်ပြန်ရမှာပါ။ ပေါက်ဖော်ကဒ် လျှောက်မယ်ဆိုရင်လည်း သူတို့သတ်မှတ်ထားတဲ့ ၁၅ ရက်အတွင်း အပြီးလျှောက်ရမယ်လို့ ဆိုပါတယ်။

တရုတ်ပြည်တွင်းမှာ ကွာရန်တိုင်းမ် ဝင်နေရသူတွေ၊ အလုပ်လက်မဲ့ဖြစ်သွားတဲ့ မြန်မာနိုင်ငံသားတွေ အများအပြားရှိပါတယ်။ သူတို့လိုနေတဲ့ ဆေးနဲ့ငွေကြေး အကူအညီတွေကို အလှူရှင်တွေက ဝိုင်းဝန်းကူညီနေရကြောင်း တအောင်းလူငယ်ပရဟိတက မိုင်ဦးလှိုင်အေးက ဗွီအိုအေကို ပြောပါတယ်။

ကျယ်ဂေါင်ဘက်က မြန်မာတွေကတော့ ပြည်တွင်းကို နေ့တိုင်းပြန်လာနေပြီး တပတ်အတွင်း ပြန်လာသူ ၂,၅၀၀ ဝန်းကျင်လောက် ရှိပါတယ်။ ကျင်စန်းကျော့ဘက်မှာ ဒီမနက်အစောပိုင်းမှာ ပစ်ခတ်မှု အနည်းငယ်ရှိနေတာကြောင့် ဝမ်တိန်ဘက်က မြန်မာတွေကို ပြန်ပို့မယ့် အစီအစဉ်ကိုတော့ တရုတ်ဘက်က ခေတ္တဆိုင်းငံ့ ထားပါတယ်။

#ရွှေလီ#ကျယ်ဂေါင်#ပေါက်ဖော်ကဒ်#ကိုဗစ်#Covid-19#VoABurmese#ShweLi

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG