သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

iPhone 4S


Apple CEO Tim Cook talks about the iPhone 4S during an announcement at Apple headquarters in Cupertino, Calif., Tuesday, Oct. 4, 2011. (AP Photo/Paul Sakuma)
Apple CEO Tim Cook talks about the iPhone 4S during an announcement at Apple headquarters in Cupertino, Calif., Tuesday, Oct. 4, 2011. (AP Photo/Paul Sakuma)

Apple ကုမ္မဏီ ကနေ နောက်ဆုံးထုတ်လိုက်တဲ့ iPhone 4S အကြောင်း ကို ဒီတပတ်မှာ ပြောပြပါရစေ။

iPhone ကို စပြီးတည်ထွင်ခဲ့တဲ့ Steve Jobs ဟာ ၂၀၁၁ခုနှစ် အောက်တိုဘာလ ၅ရက်နေ့မှာ ကွယ်လွန် ခဲ့ပါတယ်။ သူ ကွယ်လွန်ပြီး မကြာခင်မှာဘဲ Appleက နာမည်ကြီး iPhone အတွက် နောက်ဆုံး ထုတ် လိုက်တဲ့ အမျိုးအစားက 4S ပါ။ ဒါကြောင့် iPhone 4S ကို iPhone for Steve ၊ Steve အတွက် iPhone လို့ သူ့ကို ချစ်မြတ်နိုးသူတွေက ခေါ်ကြပါတယ်။ ဒီ iphone 4S နဲ့ အလုပ်တော်တော်များများကို လုပ်နိုင် တယ်လို့ ရူပဗေဒ ပညာရှင် ဒေါက်တာ ဦတင်မောင်အေးက ပြောပါတယ်။

“ အကုန်လုံး တော်တော်များများ လုပ်နိုင်တယ်၊ camera resolutions ပိုကောင်းတယ်လေ၊--နောက် Voice commend လည်းပါတယ် ပါးစပ်နဲ့ ပြောပြီး၊ အမိန့်ပေးတာ။ နောက် applications အများကြီး လုပ်ထားတယ် တခြား iPhone တွေမှာတော့ ပါတော့ ပါတယ်၊ သူ့မှာကတော့ ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် သုံးနိုင်အောင်ပေါ့လေ- GPS လည်းရှိတယ်ဆိုတော့ ကိုယ်က ဘယ်မှာလည်း ဆိုတာ ချက်ခြင်းရှာနိုင်တယ်၊ ယေဘူယျ အားဖြင့်တော့ လူတွေ အသုံးချနိုင်ဘို့တွေ အများကြီးထဲ့ပေးထားတယ်၊ email တိုက်ရိုက်ပို့လို့ရတယ်၊ နောက် ဗွီဒီယို ရိုက်လို့ရတယ် HD နဲ့ ပေါ့၊ နောက် အထဲမှာ တော်တော်လေးမြန်တဲ့ chips နှစ်ခုပါတယ်၊ dual core processor ဆိုတာ။ အဲ့ဒီနှစ်ခုပေါ့ သူတို့က တော်တော်မြန်မြန် data process လုပ်လို့ရတယ် ”

iphone 4 S က ပုံတွေကို rectina image လို့ ဘာလို့ ခေါ်တာပါလဲ

“retina (မျက်ကြည်လွှာ) ဆိုတာက resolution (ပုံရိပ်ပြတ်သားမှု) အကောင်းဆုံး detector (စူးစမ်းတဲ့ ကိရိယာ) အနေနဲ့ ပြောလို့ ရတယ်လေ၊ retina ရှိတာ မျက်စိမဟုတ်လား မျက်စိထဲမှာ ကင်မရာထဲက sensor တွေလိုဘဲ retina က detect key element လေးတွေ ရှိတယ်။ retina element ပေါ့လေ အဲ့ဒီကောင်လေးတွေက တော်တော်လေးကို သေးတယ်။ သေးတယ်ဆိုတော့ ဒီ မျက်စိနဲ့ ကြည့်လို့ရှိရင် မြင်ရသလိုဘဲ သူ့ ကင်မရာကလည်း ကောင်းတယ်၊ လူ့မျက်လုံးလောက်ကို အသေးစိတ် မြင်နိုင်တယ်”

ဒီဖုံးရဲ့ ပုံစံကရော ဘာထူးခြားပါသလဲ

“product (ပစ္စည်း) ရဲ့ structure (တည်ဆောက်ပုံ) ပိုကောင်းအောင်ပေါ့လေ။ ဘေးမှာ stainless steel (သံမဏိ) ထည့်ထားတော့ တော်ယုံတန်ယုံ မပျက်စီးနိုင်ဘူးပေါ့။ သုံးတဲ့ နေရာမှာ ကြမ်းကြမ်းတမ်းတမ်း သုံးလို့ ရတယ်။ အပေါ်မှာလည်း အကောင်းစါး ပလပ်စတစ် ထည့်ထားတယ် တော်ယုံတန်ယုံနဲ့ ကွေးကောက်မသွားဘူးပေါ့ ပြတဲ့ display မှာလည်း ပုံတွေပါတွေက ကြည့်လို့ ပို ကောင်းတယ်၊ နောက်ပြီး အရွယ်အရ ပိုပါးတယ်။ နောက်ပိုင်း အသစ်ထုတ်တာတွေက သူထက်ငါပိုပြီး သေးအောင် ပါးအောင် လုပ်ကြတာဘဲ “

ဖုံးသုံးသူက ပါးစပ်နဲ့ ခိုင်းလို့ ရတဲ့ စံနစ် Voice system (အသံစံနစ်) လည်းပါပါတယ်။

“ကိုယ်ပြောတဲ့ စကားကို သူက နားလည်တဲ့ သဘော ခေါ်မှာပေါ့။ commend (အမိန့်ပေး) လုပ်လို့ ရတယ်။ ဥပမာ အားဖြင့် ကိုယ်ရဲ့ အချိန်ဇယားကို ကြည့်လိုက်ပါ၊ ဘာကိုကြည့်ပါ။ ညာကိုကြည့်ပါ စသဖြင့် ကိုယ့်လုပ်ထားတာတွေကို ပါးစပ်နဲ့ ခိုင်းလို့ ရတယ်။ ဥပမာ လက်နဲ့ ဖုံးအပေါ်က icon လေးတွေကိုနှိပ်ပြီးမှ ရတာတွေကို ပါးစပ်နဲ့ ခိုင်းလို့ ရတယ်။ တချို့ ဟာတွေကိုပေါ့။ အကုန်လုံးတော့ မဟုတ်ဘူး”

အီလက်ထရောနစ်လို့ ခေါ်တဲ့ လျှပ်စစ်ပစ္စည်းတွေကို သုံးဘို့ စွမ်းအင် processing power အတွက် ဒီဖုံးမှာ ဘယ်လို တီထွင်ထားတယ်ဆိုတာ ကြည့်ရအောင်ပါ။

“သူက အင်ဂျင်ခေါ်မှာပေါ့ ကားတခုမှ အင်ဂျင်ကောင်းရင် ပါဝါကောင်းတာပေါ့။ သူက အင်ဂျင်အကြီးကြီးနဲ့ ပါဝါကောင်းတာမျိုး မဟုတ်ဘူး အထဲမှာ သေးသေးလေး။ အဲ့ဒါတွေကလည်း တီထွင်မူအသစ်လို့ ခေါ်ရမှာပေါ့။ နောက်ပြီးတော့ အဲ့ဒီအပေါ်မှာ မူတည်ပြီးတော့ ဆော့ဝဲ software ခေါ်မှာပေါ့ application ဆော့ဝဲပေါင်း ထောင်နဲ့ချီပြီး ပါတယ်။ အသုံးပြုနိုင်တာပေါ့။

ဥပမာ အားဖြင့် ဈေးသွားတဲ့အခါ တွက်တဲ့ဟာက စပြီး လေ့ကျင့် ခန်းယူရင် အစီအစဉ်လုပ်တာ၊ လူတိုင်းလူတိုင်း နေ့စဉ် လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး မှတ်သား ထားချင်တယ်ဆိုရင် သူ့မှာ application ဆော့ဝဲ တခုခုရှပြီးသား သွားပြီးယူလိုက်ယုံဘဲ”

၂၀၀၇ ခုနှစ် iPhone ကိုစပြီးတီထွင်ချိန်မှာ ပြိုင်ဘက်မရှိ ရှားခဲ့ပေမဲ့ အခုအချိန်မှာတော့ အပြိုင် အဆိုင်တွေ အများအပြား ရှိလာခဲ့ပါတယ်။ ဒီအထဲက Android က ထိပ်ဆုံးကပါ။

“Apple ရဲ့ပြိုင်ဘက် က Android။ ဘယ်သူက ထုတ်လည်းဆိုတော့ Goggle ကထုတ်တာ။ Apple သုံးတာက IOS 5 operating system သုံးတာ။ သူလည်း တော်တော်လေးတော့ မြန်တယ်”

အပြိုင် အဆိုင်တွေ ကြားမှာ ပဲ iPhone ဟာ ကမ္ဘာ့ အရောင်းရအသွက်ဆုံး ဖုံးတလုံးဖြစ်နေပြီး iPhone 4S ထွက်ထွက်ခြင်း နေ့မှာဘဲ အရောင်းဆိုင်တွေမှာ မှာယူသူ တသန်းကျော်သွားခဲ့ပါတယ်။ ဒီလို လူကြိုက်များ စေဘို့ အတွက် အသုံးတဲ့တဲ့ သင့်တဲ့ အချက်တွေကို စဉ်းစားပြီး ရွေးတီထွင်လေ့ ရှိတဲ့ Steve Jobs ရဲ့ တီထွင်မူတွေကို နောက်တပတ်မှာ ဆက်ပြီး ပြောပြပါရစေ။

XS
SM
MD
LG