သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဆီရာလီယြန္းမွာ ေလာင္စာတင္ကား ေပါက္ကဲြမႈ ၉၀ ေက်ာ္ေသ


ဆီရာလီယြန္းမွာ ေလာင္စာတင္ကား ေပါက္ကြဲၿပီးေနာက္ လာေရာက္ၾကည့္႐ႈေနသူမ်ား။ (ႏုိဝင္ဘာ ၆၊ ၂၀၂၁)

(Zawgyi / Unicode)

အာဖရိကတိုက္ အေနာက္ပိုင္း ဆီရာလီယြန္းႏိုင္ငံမွာ မေန႔ ေသာၾကာေန႔က ေလာင္စာဆီတင္တဲ့ ကားတစင္းဟာ တျခားကားနဲ႔တိုက္မိၿပီး ေပါက္ကြဲမႈျဖစ္ကာ အနည္းဆုံး လူ ၉၁ ဦး ေသဆုံးတယ္လို႔ ေဆးဘက္ဆိုင္ရာနဲ႔ ေဒသအာဏာပိုင္ေတြက ေျပာပါတယ္။

အစိုးရကေတာ့ ေသဆုံးသူ အေရအတြက္ကို အတည္ျပဳႏုိင္ျခင္း မရွိေသးဘူးလို႔ ေျပာေပမယ့္ ၿမိဳ႕ေတာ္ Freetown ရွိ ဗဟိုရင္ခြဲ႐ုံ မန္ေနဂ်ာကေတာ့ သူတုိ႔ဆီမွာ အေလာင္း ၉၁ ေလာင္း ေရာက္ေနေၾကာင္း အတည္ျပဳခဲ့တာပါ။

ေသဆုံးသူေတြထဲမွာ ကားထဲက ေလာင္စာဆီေတြ ယုိက်ေနတာကို သြားေရာက္ခပ္ယူသူေတြလည္း ပါဝင္ၾကတယ္လို႔ ၿမိဳ႕ေတာ္ဝန္ Yvonne Aki-Sawyerr က ေျပာပါတယ္။

အဲဒီလို ေပါက္ကြဲမီးေလာင္မႈေၾကာင့္ ေသဆုံးသူ အမ်ားအျပားဟာ လမ္းေတြေပၚမွာ ေတြ႔ေနရသလို လူေနအိမ္ေတြ၊ ေစ်းဆိုင္ေတြနဲ႔ ေမာ္ေတာ္ယာဥ္ေတြ အမ်ားအျပားလည္း မီးေလာင္ကုန္္ပါတယ္။

ပ်က္စီးဆုံး႐ႈံးမႈေတြဟာ ဘယ္ေလာက္ရွိမယ္ ဆုိတာကိုေတာ့ ရွင္းရွင္းလင္းလင္း မသိရေသးေပမယ့္ သူ႔ရဲ႕လက္ေထာက္နဲ႔ ရဲတပ္ဖြဲ႔ဝင္ေတြကေတာ့ သဘာဝေဘးအႏၱရာယ္ဆိုင္ရာ ကူညီစီမံေရး အရာရွိေတြကို အကူအညီေပးဖို႔ အဲဒီေနရာမွာ ေရာက္ရွိေနၿပီလို႔ ၿမိဳ႕ေတာ္ဝန္က ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

---------------------

(Unicode)

ဆီရာလီယွန်းမှာ လောင်စာတင်ကား ပေါက်ကွဲမှု ၉၀ ကျော်သေ

အာဖရိကတိုက် အနောက်ပိုင်း ဆီရာလီယွန်းနိုင်ငံမှာ မနေ့ သောကြာနေ့က လောင်စာဆီတင်တဲ့ ကားတစင်းဟာ တခြားကားနဲ့တိုက်မိပြီး ပေါက်ကွဲမှုဖြစ်ကာ အနည်းဆုံး လူ ၉၁ ဦး သေဆုံးတယ်လို့ ဆေးဘက်ဆိုင်ရာနဲ့ ဒေသအာဏာပိုင်တွေက ပြောပါတယ်။

အစိုးရကတော့ သေဆုံးသူ အရေအတွက်ကို အတည်ပြုနိုင်ခြင်း မရှိသေးဘူးလို့ ပြောပေမယ့် မြို့တော် Freetown ရှိ ဗဟိုရင်ခွဲရုံ မန်နေဂျာကတော့ သူတို့ဆီမှာ အလောင်း ၉၁ လောင်း ရောက်နေကြောင်း အတည်ပြုခဲ့တာပါ။

သေဆုံးသူတွေထဲမှာ ကားထဲက လောင်စာဆီတွေ ယိုကျနေတာကို သွားရောက်ခပ်ယူသူတွေလည်း ပါဝင်ကြတယ်လို့ မြို့တော်ဝန် Yvonne Aki-Sawyerr က ပြောပါတယ်။

အဲဒီလို ပေါက်ကွဲမီးလောင်မှုကြောင့် သေဆုံးသူ အများအပြားဟာ လမ်းတွေပေါ်မှာ တွေ့နေရသလို လူနေအိမ်တွေ၊ ဈေးဆိုင်တွေနဲ့ မော်တော်ယာဉ်တွေ အများအပြားလည်း မီးလောင်ကုန်ပါတယ်။

ပျက်စီးဆုံးရှုံးမှုတွေဟာ ဘယ်လောက်ရှိမယ် ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပေမယ့် သူ့ရဲ့လက်ထောက်နဲ့ ရဲတပ်ဖွဲ့ဝင်တွေကတော့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကူညီစီမံရေး အရာရှိတွေကို အကူအညီပေးဖို့ အဲဒီနေရာမှာ ရောက်ရှိနေပြီလို့ မြို့တော်ဝန်က ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG