သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ယူကရိန္းအေရွ႕ပိုင္းမွာ တိုက္ပြဲျပင္းထန္


ယူကရိန္းႏုိင္ငံ၊ Sievierodonetsk ထဲ ယူကရိန္းနဲ႔ ႐ုရွားတပ္ေတြတိုက္ပြဲျမင္ကြင္း။ (ဇြန္ ၁၄၊ ၂၀၂၂) 

[[Zawgyi/Unicode]]

ယူကရိန္းႏိုင္ငံ အေရွ႕ပိုင္း Sievierodonetsk ေဒသကို အျပည့္အဝ ထိန္းခ်ဳပ္ႏိုင္ဖို႔ ႐ုရွားတပ္ဖြဲ႕ေတြ ႀကိဳးစားေနတာနဲ႔အမွ် ဒီကေန႔ ပစ္ခတ္ တိုက္ခိုက္မႈေတြ ျပင္းထန္ေနခဲ့တယ္လို႔ ယူကရိန္းက ေျပာပါတယ္။ Sievierodonetsk ေဒသမွာရွိတဲ့ ယူကရိန္း တပ္စခန္းေတြ ရွိရာကို ႐ုရွားက ေလေၾကာင္းတိုက္ခိုက္မႈေတြနဲ႔ ဗုံးက်ဲ တိုက္ခိုက္တာေတြ အျပင္းအထန္ လုပ္ေနတယ္လို႔ ယူကရိန္း လက္နက္ကိုင္ တပ္ဖြဲ႕မ်ား အႀကီးအကဲရဲ႕ ေျပာခြင့္ရက ေျပာပါတယ္။

ယူကရိန္းတပ္ဖြဲ႕ေတြနဲ႔ အရပ္သားျပည္သူ ၅၀၀ ေလာက္ ခိုလုံေနတဲ့ Sievierodonetsk ေဒသက Azot ဓာတုစက္႐ုံမွာ တိုက္ခိုက္မႈေတြ ျပင္းထန္ေနတယ္လို႔ Luhansk ၿမိဳ႕ အုပ္ခ်ဳပ္ေရးမႉး Serhiy Haidai က ေျပာပါတယ္။ ႐ု႐ုား တပ္ဖြဲ႕ေတြရဲ႕ တိုက္ခိုက္မႈေတြေၾကာင့္ Sievierodonetsk ၿမိဳ႕ ျမစ္တဘက္ကမ္းမွာရွိတဲ့ Lysychansk ၿမိဳ႕လည္း အႀကီးအက်ယ္ ပ်က္စီး ဆုံးရႈံးခဲ့ရတယ္လို႔ ၿမိဳ႕ေတာ္ဝန္ Haidai ကေျပာပါတယ္။

ႏိုင္ငံအေရွ႕ပိုင္း ေဒသကို ခုခံကာကြယ္ဖို႔ ႀကိဳးပမ္းေနတာမွာ အခက္အခဲေတြ ရွိေနတာကို သိေပမယ့္ ယူကရိန္း ခုခံကာကြယ္ေရး တပ္ဖြဲ႕ေတြ ကေတာ့ ႐ုရွားတပ္ေတြကို ဆက္ၿပီး ခုခံ တိုက္ခိုက္သြားမွာ ျဖစ္တယ္လို႔ ယူကရိန္းသမၼတ Volodymyr Zelenskyy က တနလၤာေန႔ညက ႏိုင္ငံကိုေျပာၾကားတဲ့ မိန႔္ခြန္းမွာ ေျပာဆိုသြားပါတယ္။ အခက္ခဲဆုံး တိုက္ခိုက္မႈေတြနဲ႔ ႀကဳံရတာျဖစ္ေပမဲ့၊ ဒီေဒသမွာ ခိုင္မာအားေကာင္းတဲ့ ယူကရိန္း အမ်ိဳးသား အမ်ိဳးသမီးေတြ ရွိေနတယ္လို႔ သမၼတက ေျပာပါတယ္။

တခ်ိန္တည္းမွာပဲ ႐ုရွားဟာ အာဖရိကတိုက္ ႏိုင္ငံေတြကို ဓားစားခံလုပ္ အသုံးခ်ၿပီး အဲ့ဒီႏိုင္ငံေတြကို ယူကရိန္း ဂ်ဳံေတြ တင္ပို႔လို႔ မရေအာင္ ပိတ္ပင္ၿပီးေတာ့ အာဖရိကမွာ စားေသာက္ကုန္ ေဈးႏႈန္းေတြ ပိုတက္လာေအာင္ လုပ္ေနတယ္ လို႔လည္း သမၼတ Zelenskyy က တနလၤာေန႔ အေစာပိုင္းက စြပ္စြဲ ေျပာဆိုခဲ့ပါတယ္။ ယူကရိန္းစစ္ပြဲဟာ အာဖရိကႏိုင္ငံေတြ အတြက္ အလွမ္းေဝးတယ္လို႔ ထင္ရႏိုင္ေပမယ့္ ဒီစစ္ပြဲေၾကာင့္ပဲ အခုဆိုရင္ အာဖရိက မိသားစု သန္းေပါင္းမ်ားစြာအတြက္ စားေသာက္ကုန္ေဈးႏႈန္းတက္တာကို ဆိုးဆိုး ႐ြား႐ြား ႀကဳံေနရၿပီလို႔ သမၼတ Zelenskyy က အာဖရိကသမဂၢ ေခါင္းေဆာင္ေတြကို ေပးပို႔တဲ့ ဗြီဒီယို မိန႔္ခြန္းမွာ သတိေပး ေျပာၾကားခဲ့ပါတယ္။

ယူကရိန္းအေရွ႕ပိုင္းမွာ တိုက္ပြဲျပင္းထန္
please wait

No media source currently available

0:00 0:01:21 0:00
တိုက္႐ိုက္ လင့္ခ္

=============

[[Unicode]]

ယူကရိန်းအရှေ့ပိုင်းမှာ တိုက်ပွဲပြင်းထန်

ယူကရိန်းနိုင်ငံ အရှေ့ပိုင်း Sievierodonetsk ဒေသကို အပြည့်အဝ ထိန်းချုပ်နိုင်ဖို့ ရုရှားတပ်ဖွဲ့တွေ ကြိုးစားနေတာနဲ့အမျှ ဒီကနေ့ ပစ်ခတ် တိုက်ခိုက်မှုတွေ ပြင်းထန်နေခဲ့တယ်လို့ ယူကရိန်းက ပြောပါတယ်။ Sievierodonetsk ဒေသမှာရှိတဲ့ ယူကရိန်း တပ်စခန်းတွေ ရှိရာကို ရုရှားက လေကြောင်းတိုက်ခိုက်မှုတွေနဲ့ ဗုံးကျဲ တိုက်ခိုက်တာတွေ အပြင်းအထန် လုပ်နေတယ်လို့ ယူကရိန်း လက်နက်ကိုင် တပ်ဖွဲ့များ အကြီးအကဲရဲ့ ပြောခွင့်ရက ပြောပါတယ်။

ယူကရိန်းတပ်ဖွဲ့တွေနဲ့ အရပ်သားပြည်သူ ၅၀၀ လောက် ခိုလုံနေတဲ့ Sievierodonetsk ဒေသက Azot ဓာတုစက်ရုံမှာ တိုက်ခိုက်မှုတွေ ပြင်းထန်နေတယ်လို့ Luhansk မြို့ အုပ်ချုပ်ရေးမှူး Serhiy Haidai က ပြောပါတယ်။ ရုရုား တပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုတွေကြောင့် Sievierodonetsk မြို့ မြစ်တဘက်ကမ်းမှာရှိတဲ့ Lysychansk မြို့လည်း အကြီးအကျယ် ပျက်စီး ဆုံးရှုံးခဲ့ရတယ်လို့ မြို့တော်ဝန် Haidai ကပြောပါတယ်။

နိုင်ငံအရှေ့ပိုင်း ဒေသကို ခုခံကာကွယ်ဖို့ ကြိုးပမ်းနေတာမှာ အခက်အခဲတွေ ရှိနေတာကို သိပေမယ့် ယူကရိန်း ခုခံကာကွယ်ရေး တပ်ဖွဲ့တွေ ကတော့ ရုရှားတပ်တွေကို ဆက်ပြီး ခုခံ တိုက်ခိုက်သွားမှာ ဖြစ်တယ်လို့ ယူကရိန်းသမ္မတ Volodymyr Zelenskyy က တနင်္လာနေ့ညက နိုင်ငံကိုပြောကြားတဲ့ မိန့်ခွန်းမှာ ပြောဆိုသွားပါတယ်။ အခက်ခဲဆုံး တိုက်ခိုက်မှုတွေနဲ့ ကြုံရတာဖြစ်ပေမဲ့၊ ဒီဒေသမှာ ခိုင်မာအားကောင်းတဲ့ ယူကရိန်း အမျိုးသား အမျိုးသမီးတွေ ရှိနေတယ်လို့ သမ္မတက ပြောပါတယ်။

တချိန်တည်းမှာပဲ ရုရှားဟာ အာဖရိကတိုက် နိုင်ငံတွေကို ဓားစားခံလုပ် အသုံးချပြီး အဲ့ဒီနိုင်ငံတွေကို ယူကရိန်း ဂျုံတွေ တင်ပို့လို့ မရအောင် ပိတ်ပင်ပြီးတော့ အာဖရိကမှာ စားသောက်ကုန် ဈေးနှုန်းတွေ ပိုတက်လာအောင် လုပ်နေတယ် လို့လည်း သမ္မတ Zelenskyy က တနင်္လာနေ့ အစောပိုင်းက စွပ်စွဲ ပြောဆိုခဲ့ပါတယ်။ ယူကရိန်းစစ်ပွဲဟာ အာဖရိကနိုင်ငံတွေ အတွက် အလှမ်းဝေးတယ်လို့ ထင်ရနိုင်ပေမယ့် ဒီစစ်ပွဲကြောင့်ပဲ အခုဆိုရင် အာဖရိက မိသားစု သန်းပေါင်းများစွာအတွက် စားသောက်ကုန်ဈေးနှုန်းတက်တာကို ဆိုးဆိုး ရွားရွား ကြုံနေရပြီလို့ သမ္မတ Zelenskyy က အာဖရိကသမဂ္ဂ ခေါင်းဆောင်တွေကို ပေးပို့တဲ့ ဗွီဒီယို မိန့်ခွန်းမှာ သတိပေး ပြောကြားခဲ့ပါတယ်။
=============

XS
SM
MD
LG