သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မလေးလေယာဉ် Black Box အချက်ပေးသံဟုတ် မဟုတ်မသိရသေး


တရုတ် ကင်းလှည့်ရေယာဉ် Haixun 01 က ပျောက်ဆုံးနေတဲ့ မလေးရှားလေယာဉ် MH370 အား ရှာဖွေနေစဉ်။ (ဧပြီ ၅၊ ၂၀၁၄)
တရုတ် ကင်းလှည့်ရေယာဉ် Haixun 01 က ပျောက်ဆုံးနေတဲ့ မလေးရှားလေယာဉ် MH370 အား ရှာဖွေနေစဉ်။ (ဧပြီ ၅၊ ၂၀၁၄)
တရုတ်သင်္ဘောတစင်းက စနေနေ့ညပိုင်းတုန်းက Electronic signal ကို ၂ ကြိမ် ကြားခဲ့ရတာဟာ အားတက်စရာဖြစ်ပေမဲ့ အတိအကျ ဘာမှ အဖြေမသိရသေးဘူးလို့ မလေးရှားလေကြောင်းလိုင်း လေယာဉ်အမှတ် MH370 ကို လိုက်ရှာနေတဲ့နိုင်ငံစုံအဖွဲ့ခေါင်းဆောင်က ပြောလိုက်ပါတယ်။

တရုတ်သင်္ဘောက ရတဲ့ Signal တွေဟာ လေယာဉ်ပျံသန်းမှု မှတ်တမ်းတင် Black Box က ထုတ်လွှတ်နိုင်မယ့်Signal ကြိမ်နှုန်းနဲ့ သွားတူနေပေမဲ့ ဒီ Signal ဟာ ပျောက်နေတဲ့ မလေးရှားလေယာဉ်ဆီက ဟုတ် မဟုတ်ဆိုတာကို အခုအချိန်မှာ တာဝန်ရှိသူတွေ မပြောနိုင်သေးဘူးလို့ လေယာဉ်ပူးပေါင်းရှာဖွေရေး
နိုင်ငံစုံညှိနှိုင်းရေးမှူးချုပ် Angus Houston က ဒီကနေ့ သတင်းစာရှင်းပွဲမှာ ပြောခဲ့ပါတယ်။

Black Box က ထုတ်လွှတ်တဲ့ Signal ကို ဖမ်းယူနိုင်မဲ့ အဆင့်မြင့်ကိရိယာတပ် Australia သင်္ဘော ၂ စင်းလဲ Signal သံကြားရတဲ့ နေရာဆီသွားနေပြီး တရုတ်သင်္ဘောကြားရတဲ့အသံကို သုံးသပ်မှာဖြစ်တယ်လို့ Mr. Houston က သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။

Signal သံတွေကြားရတယ်ဆိုတာက သိပ်ကိုအားတက်စရာဖြစ်ပြီး အရေးကြီးတဲ့ သဲလွန်စဖြစ်ပေမဲ့ သတိနဲ့ကိုင်တွယ်ဖို့ ကျွန်တော် တိုက်တွန်းချင်ပါတယ်။
အင်မတန်ကြီးမားတဲ့သမုဒ္ဒရာထဲက အင်မတန်ကျယ်ပြန့်တဲ့နေရာမှာ ရှာဖွေရေးကို လုပ်နေရတာပါလို့ Australia လေကြောင်းအကြီးအကဲဟောင်းလည်း ဖြစ်တဲ့
နိုင်ငံစုံညှိနှိုင်းရေးမှူးချုပ် Angus Houston ပြောသွားတာဖြစ်ပါတယ်။

ရှာဖွေရေးလုပ်နေကြသူတွေရဲ့ မျှော်လင့်ချက်တွေ တက်လာပေမဲ့ ပျောက်သွားတဲ့ လေယာဉ် Blac Box ကလာတဲ့ Signal ဟုတ်သလားဆိုတာ မသေချာသေးဘူးဆိုတာကို Australia ဝန်ကြီးချုပ် Tony Abbott ကလည်း ဒီကနေ့မှာပဲ ပြောကြားခဲ့ပါတယ်။

မလေးရှားနိုင်ငံ Kuala Lumpur ကနေ တရုတ်နိုင်ငံ Beijing မြို့ဆီကို အသွားပျောက်သွားခဲ့တာ တလပြည့်တော့မှာဖြစ်ပါတယ်။ Black Box ရဲ့ Battery
ရက်ပိုင်းအတွင်းမှာကုန်သွားတော့မယ်လို့ ခန့်မှန်းရတဲ့အတွက် လေယာဉ်ရှာဖွေရေးကို တိုးမြှင့်လုပ်နေကြပါတယ်။
XS
SM
MD
LG