သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖိလစ်ပိုင်အစိုးရနဲ့ သူပုန်အဖွဲ့ကြား သမိုင်းဝင် သဘောတူညီချက်ရ


Moro Islamic Liberation Front (MILF) အဖွဲ့နဲ့ အစိုးရကြား သဘောတူညီချက် လက်မှတ်ရေးထိုး။ (မတ်လ ၂၇၊ ၂၀၁၄)
Moro Islamic Liberation Front (MILF) အဖွဲ့နဲ့ အစိုးရကြား သဘောတူညီချက် လက်မှတ်ရေးထိုး။ (မတ်လ ၂၇၊ ၂၀၁၄)
ဖိလစ်ပိုင်နိုင်ငံမှာ အစိုးရနဲ့ အကြီးဆုံး သူပုန်အဖွဲ့ဖြစ်တဲ့ Moro
Islamic Liberation Front (MILF) တို့ကြား သမိုင်းဝင် ငြိမ်းချမ်းရေး သဘောတူညီမှုချက် ကို လက်မှတ်ထိုးခဲ့ကြပါတယ်၊ သဘောတူညီချက်အရ မူဆလင် အများစုရှိတဲ့ Mindanao ဒေသတောင်ပိုင်းမှာ ပိုပြီး
ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဖို့ MILF အဖွဲ့အနေနဲ့ လက်နက်တွေ စွန့်လွှတ်ရ မှာဖြစ်ပါတယ်။ အခုလို နှစ်ဖက် ငြိမ်းချမ်းရေး သဘောတူနိုင်ခဲ့ တာနဲ့ ပါတ်သက်လို့ ဒီကနေ့ လက်မှတ်ရေးထိုးပွဲမှာ သမ္မတ
Benigno Aquino က အခုလို ဂုဏ်ယူပြောကြားခဲ့ပါတယ်၊

"လူသားတွေအတွက် ယုံကြည်မှုနဲ့ စိတ်အားထက်သန်မှုက ရှေ့ကိုဆက်သွားဖို့
ဘယ်လောက်စွမ်းဆောင်နိုင်သလဲဆိုတာကို သဘောတူညီမှုက ပြသလိုက် တာပဲဖြစ်ပါတယ်။ ပဋိပက္ခတွေကို အဆုံးသတ်နိုင်ဖို့မှာ နည်းလမ်းမှန်ကန်မှု၊ အသိဉာဏ်နဲ့ စိတ်ကောင်းစေတနာရှိမှုတို့က အင်မတန် အရေးပါတယ်ဆိုတာကို
ပြသနိုင်ခဲ့တာဖြစ်တယ်"လို့ ဖိလစ်ပိုင်သမ္မတက ပြောကြားသွားတာဖြစ်ပါတယ်၊

၂၀၀၁ခုနှစ်ထဲက စတင်ဆွေးနွေးမှုကနေ ငြိမ်းချမ်းရေး သဘောတူညီမှုရခဲ့ပေမဲ့
တကယ်ငြိမ်းချမ်းဖို့ အတားအဆီးတွေ အများကြီးရှိနေပါသေးတယ်။ MILF
ကနေ ခွဲထွက်သွားတဲ့ BIFF အဖွဲ့က အပြည့်အဝ လွတ်လပ်ရေး မရမခြင်း ဆက်ပြီးတိုက်ပွဲဝင် သွားမယ်လို့ ပြောပါတယ်။

Al-Qaida နဲ့ ဆက်နွယ်မှုရှိတယ်လို့ပြောကြတဲ့ Abu Sayyaf အစ္စလာမ် စစ်သွေးကြွ အဖွဲ့ဟာလဲ အဲဒီ့ဒေသဖက်မှာ လှုပ်ရှားနေပါတယ်။ Bangsamoro လို့ခေါ်ရမယ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အတွက် နိုင်ငံရေးအရ လိုက်နာရမယ့် မူဘောင်တွေကို ချမှတ်ဖို့ ဖိလစ်ပိုင်လွှတ်တော်က ဥပဒေတခုကို
အတည်ပြုပေးဖို့လိုပါတယ်၊ ဒီဥပဒေကို သမ္မတ Aquino ရဲ့ သမ္မတသက်တမ်း မကုန်ခင် ၂၀၁၆မကုန်ခင်မှာ အတည်ပြုဖို့လိုတယ်လို့ အများကထောက်ပြနေကြ ပါတယ်။


ဖိလစ်ပိုင်နိုင်ငံမှာ ဆယ်စုနှစ်နဲ့ချီ MILF သူပုန်အဖွဲ့နဲ့ အစိုးရတို့ကြား တိုက်ပွဲတွေကြောင့် လူပေါင်း ၁သိန်း ၂ သောင်းကျော်သေဆုံးခဲ့ပါတယ်။
XS
SM
MD
LG