သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ဖိအားေပးၿခိမ္းေျခာက္ခံရတဲ့ၿမိဳ႕ေတြလည္း တိတ္ဆိတ္ျခင္းသပိတ္မွာ ပါဝင္ခဲ့


ေအာင္လံၿမိဳ႕ ဆိတ္ၿငိမ္ျခင္းသပိတ္ (ဓာတ္ပံု-ေအာင္လံၿမိဳ႕/၁၂-၁၀-၂၀၂၁)

{{Zawgyi/Unicode}}

ႏုိင္ငံတဝန္း ေဒသအမ်ားအျပားမွာ အသံတိတ္သပိတ္ ဆင္ႏႊဲခဲ့ၾကတဲ့ထဲ မေကြး၊ ကေလးနဲ႔ မူဆယ္ၿမိဳ႕ေတြလည္းပါဝင္ပါတယ္။ သက္ဆုိင္ရာ ေဒသအာဏာပိုင္ေတြက ၿခိမ္းေျခာက္ ဖိအားေပးတဲ့ၾကားကပဲ အသံတိတ္သပိတ္မွာ ပါဝင္ခဲ့ၾကတယ္လို႔ ေဒသခံေတြကေျပာပါတယ္။ ဒီအေၾကာင္း ရန္ကုန္ကလာတဲ့သတင္းကို မခြာညိုက တင္ျပေပးထားပါတယ္။

ဒီေန႔မနက္ ၁၀ နာရီကေန ညေန ၄ နာရီအထိ အသံတိတ္သပိတ္ဆင္ႏႊဲဖို႔ လႈံ႔ေဆာ္ ထားတာေၾကာင့္ ဒီေန႔မွာ ေစ်းေတြ ဆိုင္ေတြ မပိတ္ဖို႔နဲ႔ ပိတ္ရင္ အေရးယူမယ္လို႔ စစ္ေကာင္စီက ႏိုင္ငံတဝန္း ေဒသအေတာ္မ်ားမ်ားမွာ မေန႔က စစ္ကားေတြနဲ႔ လွည့္လည္ ေၾကညာခဲ့ပါတယ္။

မေကြးၿမိဳ႕မွာေတာ့ တၿမိဳ႕လုံးက ဆိုင္ပိုင္ရွင္ေတြအားလုံးကို အစည္းအေဝး မတက္မေနရ ေခၚယူၿပီး အသံတိတ္သပိတ္မွာ လုံးဝ မပါဝင္ဖို႔ လက္မွတ္ထိုးခိုင္းတယ္လို႔ ေဒသခံတဦးက ေျပာပါတယ္။ အဲဒီလို စစ္ေကာင္စီ ဖိအားေပးမႈၾကားကပဲ ဆိုင္ေတြပိတ္ၿပီး အသံတိတ္သပိတ္မွာ ပါဝင္ခဲ့ၾကတယ္လို႔ ေဒသခံက ဗီြအိုေအကိုေျပာပါတယ္။

“မေကြးက ေစ်းႀကီး ၅ ေစ်းမွာ ၅ ေစ်းလုံးနီးပါးက အကုန္ပိတ္သေလာက္ပါပဲခင္ဗ်။ အဲ့ဒီမွာမွ ရန္ပယ္ေစ်း အတြင္းပိုင္းမွာေတာ့ ေစ်းသည္ေတြကို မေန႔က လက္မွတ္ထိုးခိုင္းတာေတြ သတိေပးတာေတြ လုပ္တယ္။ သို႔ေသာ္ ေစ်းသည္ေတြအားလုံးက ေစ်းဗန္းခင္းၿပီးေတာ့ သူတို႔အားလုံးက ကိုယ့္အိမ္ကိုယ္ ျပန္ေနၾကတယ္။ ပစၥည္းေတြလည္း ေပ်ာက္ခ်င္ေပ်ာက္ ယူခ်င္တဲ့သူ ယူဆိုၿပီးေတာ့ အဲ့လိုေတြ လုပ္ၾကတယ္ဗ်။ တကယ္လို႔မ်ား ဒီေန႔မွာမွ ေစ်းခင္းတာမေတြ႕ဘူးဆိုလို႔ရွိရင္ ေနာက္ရက္ေတြမွာ ေစ်းထဲမွာ ေရာင္းခြင့္မေပးဘူးဆိုၿပီးေတာ့ သူတို႔က အဲ့လိုမ်ိဳး ၿခိမ္းေျခာက္မႈေတြ ရွိတယ္ခင္ဗ်။ လက္ဘက္ရည္ဆိုင္ေတြကေတာ့ သူတို႔က ဖြင့္ထားရတယ္၊ သို႔ေသာ္ သူတို႔က ဘာမွ မေရာင္းဘူး။ မနက္ ၁၀ နာရီကေန ညေန ၄ နာရီထိ။ အဲ့ဒါကလည္း ဒီစစ္ေကာင္စီရဲ႕ ဖိအားေၾကာင့္ေပါ့။”

မေကြးၿမိဳ႕မွာ ပိတ္ထားတဲ့ဆိုင္ေတြကို ေန႔လည္ပိုင္းေလာက္မွာ စစ္တပ္က ထု႐ိုက္ဖ်က္ဆီးတာမ်ိဳးေတြ လုပ္ခဲ့တယ္လို႔ အဲဒီေဒသခံကပဲ ေျပာပါတယ္။

“ေန႔လယ္ ၁၂ နာရီေက်ာ္ေက်ာ္မွာ အဓိက ျပည္ေတာ္သာ လမ္းမႀကီးေပၚမွာရွိတဲ့ ဆိုင္ခန္းေတြကို ေျခေထာက္ေတြနဲ႔ ကန္၊ ေစ်းဆိုင္ခန္းေတြကို ပိတ္ရေကာင္းမလားဆိုၿပီးေတာ့ ျပႆနာေတြရွာတယ္။ ရမ္းကားတယ္။ စစ္သားေတြ ၈၀ နီးပါးေလာက္ရွိတယ္။ ျပည္ေတာ္သာလမ္း၊ အထက ၁ လမ္း အဲ့လမ္းေတြမွာ ပိတ္ထားတဲ့ဆိုင္ေတြကို အေတာ္မ်ားမ်ားကို သူတို႔က ၿခိမ္းေျခာက္မႈေတြ လုပ္တယ္။ ေျခေထာက္ေတြနဲ႔ ကန္ၿပီး Lock ဖြင့္ခိုင္းတာေတြ လုပ္တယ္ခင္ဗ်။ ဆိုင္ရွင္ေတြက ဆိုင္ေတြကို ပိတ္ၿပီးေတာ့ ေရွာင္သြားၾကတဲ့အတြက္ သူတို႔ေတြ ေနာက္ျပန္လွည့္သြားတယ္ဗ်။”

မူဆယ္ၿမိဳ႕မွာလဲ ဆိုင္ေတြမပိတ္ဖို႔ ၾကာသပေတးေန႔မွာစစ္တပ္က ၿခိမ္းေျခာက္ေျပာဆိုခဲ့ေပမယ့္ ဒီကေန႔မွာေတာ့ ဆိုင္အားလုံးပိတ္ၿပီး လမ္းေတြေပၚ လူေတြ လုံးဝမထြက္ၾကဘဲ တိတ္ဆိတ္ျခင္း သပိတ္မွာ ပါဝင္ခဲ့ၾကပါတယ္။ ဆိုင္ေတြပိတ္ရင္ စည္ပင္ဥပေဒအရ အေရးယူမယ္ဆိုၿပီး ၿခိမ္းေျခာက္ခဲ့တဲ့ မူဆယ္ၿမိဳ႕၊ စည္ပင္႐ုံးမွာ ဒီကေန႔ ေန႔လည္ေလာက္က ေပါက္ကြဲမႈတခု ျဖစ္ခဲ့တယ္လို႔ မူဆယ္ေဒသခံ ကိုေအာင္ႏိုင္သူက ဗီြအိုေအကို ေျပာပါတယ္။

“ဗုံးေပါက္ကြဲတာေတာ့ မွန္တယ္။ ေဒသခံ ကာကြယ္ေရးအဖြဲ႕ေတြက လုပ္တယ္လို႔ က်ေနာ္တို႔ သိရတယ္ဗ်။ လူနာတင္ကားျဖတ္သြားတာကိုေတာ့ က်ေနာ္တို႔ အိမ္နားကေန ၾကားလိုက္တယ္။ မေန႔က အျပင္ကို ဒီမနက္အထိကို မိုက္နဲ႔ ပတ္ေအာ္တယ္၊ အကယ္၍ ဒီေန႔ ဆိုင္မဖြင့္ရင္ စည္ပင္ဥပေဒအရ ဆိုင္တလ ပိတ္သိမ္းရမယ္ဆိုၿပီးေတာ့ လိုက္ေအာ္ေတာ့ အဲ့ဒါကို မေက်နပ္လို႔ ေဖာက္ခြဲခဲ့တယ္လို႔ ေျပာပါတယ္ဗ်။”

စစ္ကိုင္းတိုင္း၊ ကေလးၿမိဳ႕မွာလည္း ဒီကေန႔ တိတ္ဆိတ္ျခင္းသပိတ္ ဆင္ႏႊဲၾကပါတယ္။ တိတ္ဆိတ္ျခင္းသပိတ္မလုပ္ခင္ မနက္အေစာပိုင္းက စစ္အာဏာသိမ္းၿပီးကတည္းက ပ်က္ရက္မရွိ ေန႔စဥ္ပုံမွန္ ဆႏၵျပေနၾက စစ္အာဏာရွင္ ဆန္႔က်င္ေရးသပိတ္ ခ်ီတက္ၿပီး ဆႏၵျပခဲ့ၾကပါေသးတယ္။ ဒီကေန႔မွာ ပုံမွန္ေန႔ေတြထက္ စစ္ေကာင္စီက အင္အားအမ်ားအျပားနဲ႔ ကေလးၿမိဳ႕တြင္းမွာ လုံၿခဳံေရးယူထားၿပီး ကင္းလွည့္ေနတာေတြ ရွိတယ္လို႔ ကေလးၿမိဳ႕သပိတ္မွာ ပါဝင္သူတဦးက ေျပာပါတယ္။

“က်ေနာ္တို႔သပိတ္က Silent Time ၁၀ နာရီ မတိုင္ခင္မွာ လူ႔အခြင့္အေရးေန႔အတြက္ Campaign ေတြ Black Campaign လုပ္ၾကမယ္ဆိုၿပီးေတာ့ တိုင္ပင္ၿပီး လုပ္ျဖစ္တာေပါ့။ မနက္အေစာႀကီးကတည္းကစၿပီး လုံၿခဳံေရး ကင္းလွည့္တာေတြ ရွိတယ္။ တာဟန္း ခံတပ္ဘက္ရယ္။ ကေလးၿမိဳ႕ ဘုန္းႀကီးေက်ာင္းဘက္ေတြမွာ ကားေတြနဲ႔၊ ၿမိဳ႕ထဲမွာလည္း လွည့္ေနတာရွိတယ္ေပါ့။ Silent သပိတ္ေခၚၿပီးေတာ့ အလစ္တိုက္ခံရမွာ ဘာညာေၾကာက္လို႔လားေတာ့ မသိဘူး၊ လုံၿခဳံေရးေတြ ပိုပတ္တယ္။ လူထုအားလုံးကဒီအေျခအေနမွာေပါ့ေနာ္ စစ္ေကာင္စီဘက္က အၾကမ္းဖက္ ပစ္ခတ္ ႏွိပ္စက္ သတ္ျဖတ္ေနခဲ့တာဆိုေတာ့ လူထုက သူတို႔ရဲ႕ဆႏၵေတြကို လမ္းမေတြေပၚမွာ ပြင့္ပြင့္လင္းလင္း ထုတ္ေဖာ္လို႔ မရၾကေတာ့ အားလုံးက ဒါကို ရတဲ့နည္းနဲ႔ ပါဝင္ၾကတာေပါ့ေနာ္။ ျပည္သူလူထုတရပ္လုံးက ဒီစစ္ေကာင္စီကို မလိုလားဘူး။ ဒီမိုကေရစီကို ဘယ္ေလာက္လိုလားလဲဆိုတာကို ျပသတဲ့ အရာတခုလို႔ကြၽန္ေတာ္ျမင္တယ္။”

ဒီတိတ္ဆိတ္ျခင္းသပိတ္ကို ေနျပည္ေတာ္၊ မုံ႐ြာ၊ မိတၳီလာ၊ ျပင္ဦးလြင္၊ ျမစ္ႀကီးနား၊ ဗန္းေမာ္၊ ပူတာအို၊ သီေပါ၊ လားရႈိး၊ ကသာ၊ ဟိုပင္၊ ဘားအံ၊ ထားဝယ္၊ ေျမာင္းျမ၊ မအူပင္၊ နတ္ေမာက္၊ ပခုကၠဴ စတဲ့ ႏိုင္ငံတဝန္းက ၿမိဳ႕အသီးသီးမွာ လုပ္ခဲ့ၾကပါတယ္။

တိတ္ဆိတ္ျခင္းသပိတ္ ၿပီးစီးခ်ိန္ ညေန ၄ နာရီေနာက္ပိုင္းမွာေတာ့ သပိတ္မွာပါဝင္တဲ့ ၿမိဳ႕ေတြမွာ ေစ်းဆိုင္ခန္းေတြအားလုံးျပန္ဖြင့္ၿပီး လူေတြ လမ္းေပၚျပန္ထြက္လာၿပီးေတာ့ ပုံမွန္အတိုင္း လႈပ္ရွားသြားလာခဲ့ၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

===========

{{Unicode}}

ဖိအားပေးခြိမ်းခြောက်ခံရတဲ့မြို့တွေလည်း တိတ်ဆိတ်ခြင်းသပိတ်မှာ ပါဝင်ခဲ့

နိုင်ငံတဝန်း ဒေသအများအပြားမှာ အသံတိတ်သပိတ် ဆင်နွှဲခဲ့ကြတဲ့ထဲ မကွေး၊ ကလေးနဲ့ မူဆယ်မြို့တွေလည်းပါဝင်ပါတယ်။ သက်ဆိုင်ရာ ဒေသအာဏာပိုင်တွေက ခြိမ်းခြောက် ဖိအားပေးတဲ့ကြားကပဲ အသံတိတ်သပိတ်မှာ ပါဝင်ခဲ့ကြတယ်လို့ ဒေသခံတွေကပြောပါတယ်။ ဒီအကြောင်း ရန်ကုန်ကလာတဲ့သတင်းကို မခွာညိုက တင်ပြပေးထားပါတယ်။

ဒီနေ့မနက် ၁၀ နာရီကနေ ညနေ ၄ နာရီအထိ အသံတိတ်သပိတ်ဆင်နွှဲဖို့ လှုံ့ဆော် ထားတာကြောင့် ဒီနေ့မှာ ဈေးတွေ ဆိုင်တွေ မပိတ်ဖို့နဲ့ ပိတ်ရင် အရေးယူမယ်လို့ စစ်ကောင်စီက နိုင်ငံတဝန်း ဒေသအတော်များများမှာ မနေ့က စစ်ကားတွေနဲ့ လှည့်လည် ကြေညာခဲ့ပါတယ်။

မကွေးမြို့မှာတော့ တမြို့လုံးက ဆိုင်ပိုင်ရှင်တွေအားလုံးကို အစည်းအဝေး မတက်မနေရ ခေါ်ယူပြီး အသံတိတ်သပိတ်မှာ လုံးဝ မပါဝင်ဖို့ လက်မှတ်ထိုးခိုင်းတယ်လို့ ဒေသခံတဦးက ပြောပါတယ်။ အဲဒီလို စစ်ကောင်စီ ဖိအားပေးမှုကြားကပဲ ဆိုင်တွေပိတ်ပြီး အသံတိတ်သပိတ်မှာ ပါဝင်ခဲ့ကြတယ်လို့ ဒေသခံက ဗွီအိုအေကိုပြောပါတယ်။

“မကွေးက ဈေးကြီး ၅ ဈေးမှာ ၅ ဈေးလုံးနီးပါးက အကုန်ပိတ်သလောက်ပါပဲခင်ဗျ။ အဲ့ဒီမှာမှ ရန်ပယ်ဈေး အတွင်းပိုင်းမှာတော့ ဈေးသည်တွေကို မနေ့က လက်မှတ်ထိုးခိုင်းတာတွေ သတိပေးတာတွေ လုပ်တယ်။ သို့သော် ဈေးသည်တွေအားလုံးက ဈေးဗန်းခင်းပြီးတော့ သူတို့အားလုံးက ကိုယ့်အိမ်ကိုယ် ပြန်နေကြတယ်။ ပစ္စည်းတွေလည်း ပျောက်ချင်ပျောက် ယူချင်တဲ့သူ ယူဆိုပြီးတော့ အဲ့လိုတွေ လုပ်ကြတယ်ဗျ။ တကယ်လို့များ ဒီနေ့မှာမှ ဈေးခင်းတာမတွေ့ဘူးဆိုလို့ရှိရင် နောက်ရက်တွေမှာ ဈေးထဲမှာ ရောင်းခွင့်မပေးဘူးဆိုပြီးတော့ သူတို့က အဲ့လိုမျိုး ခြိမ်းခြောက်မှုတွေ ရှိတယ်ခင်ဗျ။ လက်ဘက်ရည်ဆိုင်တွေကတော့ သူတို့က ဖွင့်ထားရတယ်၊ သို့သော် သူတို့က ဘာမှ မရောင်းဘူး။ မနက် ၁၀ နာရီကနေ ညနေ ၄ နာရီထိ။ အဲ့ဒါကလည်း ဒီစစ်ကောင်စီရဲ့ ဖိအားကြောင့်ပေါ့။”

မကွေးမြို့မှာ ပိတ်ထားတဲ့ဆိုင်တွေကို နေ့လည်ပိုင်းလောက်မှာ စစ်တပ်က ထုရိုက်ဖျက်ဆီးတာမျိုးတွေ လုပ်ခဲ့တယ်လို့ အဲဒီဒေသခံကပဲ ပြောပါတယ်။

“နေ့လယ် ၁၂ နာရီကျော်ကျော်မှာ အဓိက ပြည်တော်သာ လမ်းမကြီးပေါ်မှာရှိတဲ့ ဆိုင်ခန်းတွေကို ခြေထောက်တွေနဲ့ ကန်၊ ဈေးဆိုင်ခန်းတွေကို ပိတ်ရကောင်းမလားဆိုပြီးတော့ ပြဿနာတွေရှာတယ်။ ရမ်းကားတယ်။ စစ်သားတွေ ၈၀ နီးပါးလောက်ရှိတယ်။ ပြည်တော်သာလမ်း၊ အထက ၁ လမ်း အဲ့လမ်းတွေမှာ ပိတ်ထားတဲ့ဆိုင်တွေကို အတော်များများကို သူတို့က ခြိမ်းခြောက်မှုတွေ လုပ်တယ်။ ခြေထောက်တွေနဲ့ ကန်ပြီး Lock ဖွင့်ခိုင်းတာတွေ လုပ်တယ်ခင်ဗျ။ ဆိုင်ရှင်တွေက ဆိုင်တွေကို ပိတ်ပြီးတော့ ရှောင်သွားကြတဲ့အတွက် သူတို့တွေ နောက်ပြန်လှည့်သွားတယ်ဗျ။”

မူဆယ်မြို့မှာလဲ ဆိုင်တွေမပိတ်ဖို့ ကြာသပတေးနေ့မှာစစ်တပ်က ခြိမ်းခြောက်ပြောဆိုခဲ့ပေမယ့် ဒီကနေ့မှာတော့ ဆိုင်အားလုံးပိတ်ပြီး လမ်းတွေပေါ် လူတွေ လုံးဝမထွက်ကြဘဲ တိတ်ဆိတ်ခြင်း သပိတ်မှာ ပါဝင်ခဲ့ကြပါတယ်။ ဆိုင်တွေပိတ်ရင် စည်ပင်ဥပဒေအရ အရေးယူမယ်ဆိုပြီး ခြိမ်းခြောက်ခဲ့တဲ့ မူဆယ်မြို့၊ စည်ပင်ရုံးမှာ ဒီကနေ့ နေ့လည်လောက်က ပေါက်ကွဲမှုတခု ဖြစ်ခဲ့တယ်လို့ မူဆယ်ဒေသခံ ကိုအောင်နိုင်သူက ဗွီအိုအေကို ပြောပါတယ်။

“ဗုံးပေါက်ကွဲတာတော့ မှန်တယ်။ ဒေသခံ ကာကွယ်ရေးအဖွဲ့တွေက လုပ်တယ်လို့ ကျနော်တို့ သိရတယ်ဗျ။ လူနာတင်ကားဖြတ်သွားတာကိုတော့ ကျနော်တို့ အိမ်နားကနေ ကြားလိုက်တယ်။ မနေ့က အပြင်ကို ဒီမနက်အထိကို မိုက်နဲ့ ပတ်အော်တယ်၊ အကယ်၍ ဒီနေ့ ဆိုင်မဖွင့်ရင် စည်ပင်ဥပဒေအရ ဆိုင်တလ ပိတ်သိမ်းရမယ်ဆိုပြီးတော့ လိုက်အော်တော့ အဲ့ဒါကို မကျေနပ်လို့ ဖောက်ခွဲခဲ့တယ်လို့ ပြောပါတယ်ဗျ။”

စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာလည်း ဒီကနေ့ တိတ်ဆိတ်ခြင်းသပိတ် ဆင်နွှဲကြပါတယ်။ တိတ်ဆိတ်ခြင်းသပိတ်မလုပ်ခင် မနက်အစောပိုင်းက စစ်အာဏာသိမ်းပြီးကတည်းက ပျက်ရက်မရှိ နေ့စဉ်ပုံမှန် ဆန္ဒပြနေကြ စစ်အာဏာရှင် ဆန့်ကျင်ရေးသပိတ် ချီတက်ပြီး ဆန္ဒပြခဲ့ကြပါသေးတယ်။ ဒီကနေ့မှာ ပုံမှန်နေ့တွေထက် စစ်ကောင်စီက အင်အားအများအပြားနဲ့ ကလေးမြို့တွင်းမှာ လုံခြုံရေးယူထားပြီး ကင်းလှည့်နေတာတွေ ရှိတယ်လို့ ကလေးမြို့သပိတ်မှာ ပါဝင်သူတဦးက ပြောပါတယ်။

“ကျနော်တို့သပိတ်က Silent Time ၁၀ နာရီ မတိုင်ခင်မှာ လူ့အခွင့်အရေးနေ့အတွက် Campaign တွေ Black Campaign လုပ်ကြမယ်ဆိုပြီးတော့ တိုင်ပင်ပြီး လုပ်ဖြစ်တာပေါ့။ မနက်အစောကြီးကတည်းကစပြီး လုံခြုံရေး ကင်းလှည့်တာတွေ ရှိတယ်။ တာဟန်း ခံတပ်ဘက်ရယ်။ ကလေးမြို့ ဘုန်းကြီးကျောင်းဘက်တွေမှာ ကားတွေနဲ့၊ မြို့ထဲမှာလည်း လှည့်နေတာရှိတယ်ပေါ့။ Silent သပိတ်ခေါ်ပြီးတော့ အလစ်တိုက်ခံရမှာ ဘာညာကြောက်လို့လားတော့ မသိဘူး၊ လုံခြုံရေးတွေ ပိုပတ်တယ်။ လူထုအားလုံးကဒီအခြေအနေမှာပေါ့နော် စစ်ကောင်စီဘက်က အကြမ်းဖက် ပစ်ခတ် နှိပ်စက် သတ်ဖြတ်နေခဲ့တာဆိုတော့ လူထုက သူတို့ရဲ့ဆန္ဒတွေကို လမ်းမတွေပေါ်မှာ ပွင့်ပွင့်လင်းလင်း ထုတ်ဖော်လို့ မရကြတော့ အားလုံးက ဒါကို ရတဲ့နည်းနဲ့ ပါဝင်ကြတာပေါ့နော်။ ပြည်သူလူထုတရပ်လုံးက ဒီစစ်ကောင်စီကို မလိုလားဘူး။ ဒီမိုကရေစီကို ဘယ်လောက်လိုလားလဲဆိုတာကို ပြသတဲ့ အရာတခုလို့ကျွန်တော်မြင်တယ်။”

ဒီတိတ်ဆိတ်ခြင်းသပိတ်ကို နေပြည်တော်၊ မုံရွာ၊ မိတ္ထီလာ၊ ပြင်ဦးလွင်၊ မြစ်ကြီးနား၊ ဗန်းမော်၊ ပူတာအို၊ သီပေါ၊ လားရှိုး၊ ကသာ၊ ဟိုပင်၊ ဘားအံ၊ ထားဝယ်၊ မြောင်းမြ၊ မအူပင်၊ နတ်မောက်၊ ပခုက္ကူ စတဲ့ နိုင်ငံတဝန်းက မြို့အသီးသီးမှာ လုပ်ခဲ့ကြပါတယ်။

တိတ်ဆိတ်ခြင်းသပိတ် ပြီးစီးချိန် ညနေ ၄ နာရီနောက်ပိုင်းမှာတော့ သပိတ်မှာပါဝင်တဲ့ မြို့တွေမှာ ဈေးဆိုင်ခန်းတွေအားလုံးပြန်ဖွင့်ပြီး လူတွေ လမ်းပေါ်ပြန်ထွက်လာပြီးတော့ ပုံမှန်အတိုင်း လှုပ်ရှားသွားလာခဲ့ကြပါတယ်။

#WhatIsHappeningInMyanmar #MyanmarMilitaryCoup #voaburmese #စစ်အာဏာသိမ်းမှု #တိတ်ဆိတ်ခြင်းသပိတ် #ဗွီအိုအေမြန်မာပိုင်း

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG