သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ဒဏ်သင့် ရခိုင်ပြည်နယ်က ဂွမြို့နယ် အသံတိတ်သပိတ်မှာပါဝင်


ဒီဇင်ဘာ ၁၀ ရက်၊ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ စစ်တွေမြို့၊ Women Generation ရဲ့ နှင်းဆီဖြူကမ်ပိန်းလှုပ်ရှားမှု (ဓာတ်ပုံ-Women Generation)
ဒီဇင်ဘာ ၁၀ ရက်၊ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ စစ်တွေမြို့၊ Women Generation ရဲ့ နှင်းဆီဖြူကမ်ပိန်းလှုပ်ရှားမှု (ဓာတ်ပုံ-Women Generation)

{{Zawgyi/Unicode}}

မြန်မာနိုင်ငံ ဒေသအတော်များများမှာ ဒီကနေ့ အသံတိတ်သပိတ် ဆင်နွှဲခဲ့ကြပေမယ့် ရခိုင်ပြည်နယ်မှာတော့ ဂွမြို့နယ်တခုပဲ သပိတ်မှာပါဝင်ခဲ့ပြီး ကျန်မြို့နယ်တွေမှာတော့ ပုံမှန်အတိုင်း သွားလာလှုပ်ရှားခဲ့ကြပါတယ်။ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ ရခိုင်ပြည်နယ် ပါဝင်မှုနည်းတာဟာ စစ်ဘေးဒဏ်သင့်ခံထားရတဲ့ ပြည်နယ်တခုဖြစ်တာကြောင့်ဆိုတဲ့ သုံးသပ်ချက်မျိုးလည်း ရှိပါတယ်။ ဒီအကြောင်း ရန်ကုန်ကလာတဲ့သတင်းကို ကိုကျော်ကျော်သိန်းက တင်ပြပေးထားပါတယ်။

ရခိုင်ပြည်နယ်မှာ အသံတိတ်သပိတ်လုပ်ခဲ့တဲ့ အခြေအနေနဲ့ပတ်သက်ပြီး ရခိုင်အမျိုးသမီး ကွန်ယက်ဥက္ကဋ္ဌ ဒေါ်ညိုအေးက ဗွီအိုအေကို အခုလိုပြောပါတယ်။

“ရခိုင်တောင်ပိုင်းက ဂွမြို့နယ်မှာတော့ အသံတိတ်သပိတ်လုပ်တယ်လို့ သတင်းတွေတက်လာတာ တွေ့ရတယ်။ အပြင်လူတွေအနေနဲ့ မလုပ်ပေမယ့် အဖွဲ့အစည်းတွေထဲမှာတော့ တနိုင်တပိုင် လုပ်တာရှိတယ်။ ကျမတို့အဖွဲ့မှာလည်း လုပ်ပါတယ်။”

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အာဏာသိမ်းမှု ဆန့်ကျင်တဲ့လှုပ်ရှားမှုတွေ ရခိုင်ပြည်နယ်မှာ အနည်းအကျဉ်းလောက်ပဲ ရှိခဲ့တဲ့အပေါ်မှာလည်း ဒေါ်ညိုအေးက အခုလိုမြင်ပါတယ်။

“ပြောရမယ်ဆိုရင် ထဲထဲဝင်ဝင်မပါဘူးဆိုတာတော့မဟုတ်ဘူး။ ဒါပေမယ့် ကျမတို့ လည်း ဒဏ်ပိနေတဲ့ ပြည်နယ်လေ၊ ကျမတို့ပြည်နယ်က ၂ နှစ်ကျော်လုံးလုံး ရုန်းထွက်လို့မရနိုင်လောက်အောင် ဒီမှာ အနိဌာရုံတွေ၊ ပြဿနာတွေကြားမှာ ပိတ်မိနေတဲ့ လူမျိုးတွေဖြစ်နေတယ်။ ကိုယ်တိုင်က အဲဒီအခြေအနေကို ကျော်လွှားပြီးလာခဲ့တဲ့အချိန်မှာ ပြန်ပြီးတော့ စာနာနားလည်ပေးတာကတော့ အားလုံးပေးကြပါတယ်။ ဒါပေမယ့် ထဲထဲဝင်ဝင်မပါဘူးဆိုတာက ကျမတို့လည်း အဲဒီဒဏ်တွေ ပိနေတဲ့ အထဲက လူတွေ ဖြစ်နေတာကြောင့် ဖြစ်တယ်လို့ ကျမယူဆတယ်။”

ပြည်နယ်မြို့တော် စစ်တွေမှာတော့ အနက်ရောင်အင်္ကျီဝတ် အမျိုးသမီးတွေက နှင်းဆီဖြူကမ်ပိန်းလုပ်ခဲ့ကြတယ်လို့ မျိုးဆက်သစ်အမျိုးသမီးအဖွဲ့ ပြောခွင့်ရ မခင်မြင့်ဇော်က ပြောပါတယ်။

“နှင်းဆီဖြူကမ်ပိန်းကတော့ ပြည်သူတွေကို နှင်းဆီဖြူတွေ ဝေငှမယ်ပေါ့နော်။ အဓိကရည်ရွယ်ချက်ကတော့ ငြိမ်းငြိမ်းချမ်းချမ်းနေချင်တယ်ပေါ့။ လူအခွင့်အရေး ချိုးဖောက်တာတွေမရှိချင်တော့ဘူး ဆိုပြီးတော့ message ပေးချင်တာပေါ့နော်။”

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့နှစ်တွေက စစ်ကောင်စီနဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့ တို့ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း နေအိမ် မီးရှို့တာ၊ သတ်ဖြတ်တာတွေကို ရခိုင် ဒေသခံတွေ ကြုံခဲ့ကြရသလို အိုးအိမ်စွန့်ခွ ာထွက်ပြေးခဲ့ကြရပြီး လက်ရှိမှာလည်း လူ့အခွင့်အရေး ချိုးဖောက်ခံရတာတွေ ရှိနေဆဲပဲလို့ ရခိုင်အမျိုးသမီးများကွန်ယက်ဥက္ကဋ္ဌ ဒေါ်ညိုအေးကပြောပါတယ်။

“လူ့အခွင့်အရေး ချိုးဖောက်တာတွေ တန်းစီပြရမယ်ဆိုရင် ကျမဆီမှာ အများကြီးပဲနော်။ မှတ်တမ်းတွေ ရှိသလားလို့ မမေးနဲ့ ရှိကိုရှိနေတယ်။ စနစ်တခု ချွတ်ခြုံကျနေတဲ့ ပြည်နယ်တခုမှာ တိုင်းပြည်တခုမှာ လူဖြစ်လာရတဲ့ ကျမတို့တွေရဲ့ ဘဝတွေက ဘယ်တော့မှ လုံခြုံမှုလည်းမရှိဘူး။ right ကိုလည်း တနည်းမဟုတ်တနည်း ချိုးဖောက်ခံနေရတယ်။ အခွင့်အရေးချိုးဖောက်တယ်ဆိုတာက သွားရိုက်မှ မဟုတ် ဘူး။ ပစ်သတ်မှမဟုတ်ဘူး။ ကျမတို့ စိတ်ဒဏ်ရာတွေ နေ့တိုင်းရနေရတာလည်း ကျမတို့ အခွင့်အရေးကို ချိုးဖောက်တာပါပဲနော်။”

ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေမဖြစ်တော့တာ တနှစ်ကျော်ကြာပြီဖြစ်ပြီး ပြီးခဲ့တဲ့ နိုဝင်ဘာလ အစောပိုင်းတုန်းကပဲ အသေးစားပစ်ခတ်မှု နှစ်ကြိမ်ရှိခဲ့ပါတယ်။ ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) ကတော့ သူတို့အဖွဲ့နဲ့ စစ်တပ်ကြားမှာ စစ်ရေးအရတင်းမာမှု ရှိနေဆဲဖြစ်ပြီး အချိန်မရွေး တိုက်ပွဲပြန်ဖြစ်နိုင်တယ်လို့ ဗွီအိုအေကိုပြောထားဖူးပါတယ်။

တိုက်ရိုက် လင့်ခ်

=============

{{Unicode}}













XS
SM
MD
LG