သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့လူ့အခွင့်ရေး အခြေနေ ပိုဆိုးလာမှု ကုလမှာ ဗြိတိန်တင်ပြ


ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်အမြဲတမ်းကိုယ်စားလှယ် Simon Manley
ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်အမြဲတမ်းကိုယ်စားလှယ် Simon Manley

{{Zawgyi/Unicode}}

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း လူ့အခွင့်အရေးတွေ ပိုမို ဆိုးရွားလာနေပြီး နိုင်ငံတကာဥပဒေ၊ တရားဥပဒေစိုးမိုးရေးနဲ့ ဒီမိုကရေစီစနစ်ကို စစ်တပ်က လေးစားလိုက်နာမှုမရှိတာကိုလည်း ဆက်တိုက်တွေ့မြင်နေရတယ်လို့ ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်အမြဲတမ်းကိုယ်စားလှယ် Simon Manley က ပြောပါတယ်။ မြန်မာစစ်တပ်က ဆက်ပြီးကျူးလွန်နေတဲ့ ကြမ်းကြုတ်ရက်စက်မှုတွေ အပေါ် ဗြိတိန်အစိုးရက ထိတ်လန့်တုန်လှုပ်မိတယ်လို့လည်း ဂျနီဗာမြို့မှာကျင်းပတဲ့ ၅၂ ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီညီလာခံမှာ ဧပြီလ ၄ ရက်နေ့က မစ္စတာ Manley ပြောခဲ့ပါတယ်။

မြန်မာနိုင်ငံတဝန်း တရားလက်လွတ်ဖမ်းဆီးတာ၊ ရိုဟင်ဂျာတွေအပါအဝင် လူနည်းစုတွေနဲ့ အရပ်ဖက်အဆောက်အအုံတွေကို တမင်ရည်ရွယ် တိုက်ခိုက်တာအပြင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့်ပေါ်ပေါက်နေပြီး လူ့အခွင့်အရေးနဲ့ လွတ်လပ်ခွင့်တွေပါ တိုက်ခိုက်ခံနေရတယ်လို့လည်း မစ္စတာ Manley က ထောက်ပြပြောဆိုသွားပါတယ်။ ဒီအခြေအတွေကို ရဲစွမ်းသတ္တိအပြည့်နဲ့ ရင်ဆိုင်နေကြတဲ့မြန်မာပြည်သူလူထုနဲ့အတူ ဗြိတိန်နိုင်ငံကရပ်တည်နေပါတယ်လို့လည်း မစ္စတာ Manley ကပြောဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်ကပဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီအပါအဝင် နိုင်ငံရေးပါတီ ၄၀ ကို စစ်တပ်ကဖျက်သိမ်းခဲ့တာဟာ မြန်မာလူထုရဲ့အခွင့်အရေးတွေကို ထိပါးလိုက်တာဖြစ်တယ်လို့လည်း ပြောပါတယ်။ တာဝန်ယူမှုနဲ့တာဝန်ခံမှုကသာလျှင် မြန်မာစစ်တပ်မှာကျင့်သုံးနေတဲ့ ပြစ်ဒဏ်ကကင်းလွတ်ခွင့်တွေ ဆုံးခန်းတိုင်သွားလိမ့်မယ်လို့လည်းပြောပါတယ်။ ဒါကြောင့်လည်း မြန်မာစစ်တပ်က တာဝန်ခံမှုရှိလာအောင် မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့စုံစမ်းရေးယန္တယားအဖွဲ့ IIMM နဲ့ ကုလသမဂ္ဂအဖွဲ့တို့ အပြည့်အဝ ပူးပေါင်းဆောင်ရွက်ရေး တိုက်တွန်းထားတဲ့မူကြမ်းကို ဗြိတိန်နိုင်ငံက အခိုင်အမာ အားပေးထောက်ခံပါတယ်လို့လည်း ပြောဆိုခဲ့ပါတယ်။

မြန်မာ့လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ရဲ့တင်ပြချက်အရ အရပ်သားတွေကို သတ်ဖြတ်နေတဲ့လက်နက်တွေ စစ်တပ်လက်ထဲမရောက်အောင် ဆောင်ရွက်ဖို့၊ ဗြိတိန်နိုင်ငံလိုပဲ ကုလအဖွဲ့ဝင် အခြားနိုင်ငံတို့ကလည်း မြန်မာကို လက်နက် မရောင်းချကြဖို့လည်း တိုက်တွန်းသွားပါတယ်။ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းပြီး ဒီမိုကရေစီစနစ်ကျင့်သုံးတဲ့ အားလုံးပါဝင်တဲ့အနာဂတ်ကို ဖန်တီးနိုင်ဖို့ ဗြိတိန်နိုင်ငံက မြန်မာလူထုနဲ့အတူ ရပ်တည်သွားမှာပါလို့လည်း မစ္စတာ Manley ကထပ်လောင်းပြောဆိုသွားပါတယ်။

ဗြိတိန်နိုင်ငံက ပူးတွဲကမကထပြုထားတဲ့ ဒီမူကြမ်းကို ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီအဖွဲ့ဝင်နိုင်ငံတွေအားလုံးက ထောက်ခံကြဖို့လည်း ဗြိတိန်အမြဲတမ်းကိုယ်စားလှယ် Simon Manley က တိုက်တွန်းပြောဆိုသွားပါတယ်။

တိုက်ရိုက် လင့်ခ်

==============

{{Unicode}}







XS
SM
MD
LG