သုံးရလွယ်ကူစေသည့် Link များ

အင်ဒိုနီးရှားနိုင်ငံက Sinabung မီးတောင်ကြီးဟာ တနင်္ဂနွေနေ့တုန်းက ပေါက်ကွဲတော့မယ့် လက္ခဏာတွေပြနေတာကြောင့် မကြာခင်မှာ
မီးတောင်ပေါက်တော့မယ်ဆိုတဲ့ စိုးရိမ်စိတ်တွေ ကြီးထွားနေကြပါတယ်။

အင်ဒိုနီးရှားနိုင်ငံ ၊ ဆူမားထရားခရိုင် မြောက်ပိုင်းက အမြင့်ပေ ၈,၅၃၀ ရှိတဲ့ ဒီမီးတောင်ကြီးဟာ ၃ နှစ်လောက် ငြိမ်နေခဲ့ရာက ၂၀၁၃ ခုနှစ်
စက်တင်ဘာလကစပြီး မကြာခန ပေါက်ကွဲ ဖြစ်ပေါ်နေတာပါ။

ဒီမီးတောင်ကြီးဟာ မီးရှင်တောင်ဖြစ်ပေမဲ့လည်း မီးတောင်နားမှာနေကြတဲ့ ရွာသားတွေဟာ မီးတောင်အောက် တဝိုက်မှာပဲ ဟင်းသီး ဟင်းရွက်တွေ စိုက်ပျိုးထားကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG