သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီဂျစ်မြောက်ပိုင်းဗလီ စစ်သွေးကြွတိုက်ခိုက်မှု ၂၀၀ကျော် သေဆုံး


အီဂျစ်နိုင်ငံမြောက်ပိုင်း Sinai ကျွန်းဆွယ်က လူတွေပြည့်ကြပ်နေတဲ့ ဗလီတခုကို စစ်သွေးကြွလို့ သံသယဖြစ်ဖွယ်ရှိသူတွေက ဒီကနေ့မှာ တိုက်ခိုက် (နိုဝင်ဘာ ၂၄-၂၀၁၇)
အီဂျစ်နိုင်ငံမြောက်ပိုင်း Sinai ကျွန်းဆွယ်က လူတွေပြည့်ကြပ်နေတဲ့ ဗလီတခုကို စစ်သွေးကြွလို့ သံသယဖြစ်ဖွယ်ရှိသူတွေက ဒီကနေ့မှာ တိုက်ခိုက် (နိုဝင်ဘာ ၂၄-၂၀၁၇)

အီဂျစ်နိုင်ငံမြောက်ပိုင်း Sinai ကျွန်းဆွယ်က လူတွေပြည့်ကြပ်နေတဲ့ ဗလီတခုကို စစ်သွေးကြွလို့ သံသယဖြစ်ဖွယ်ရှိသူတွေက ဒီကနေ့မှာ တိုက်ခိုက်ခဲ့ကြောင့် လူ ၂၃၅ ယောက် သေဆုံးသွားတယ်လို့ အီဂျစ်လုံခြုံရေးတာဝန်ရှိသူတွေက ပြောတယ်လို့ အစိုးရပိုင်မီဒီယာတွေက ဖော်ပြလိုက်ပါတယ်

အစွန်းရောက်တွေဟာ Bir al-Abd မြို့က al-Rawdah ဗလီက အစ္စရေးလုံခြုံရေး တပ်ဖွဲ့တွေကို ထောက်ခံသူတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ အစိုးရပိုင် MENA သတင်းအေဂျင်စီက ပြောပါတယ်။

ခရီးကြမ်းမောင်းနှင်းတဲ့ ကား ၄ စင်းပေါ်မှာရှိတဲ့ လူတွေက သောကြာနေ့က ဝတ်ပြုဆုတောင်းနေတဲ့သူတွေကို သေနတ်တွေနဲ့ ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ အီဂျစ်လုံခြုံရေးတပ်ဖွဲ့တွေက ပြောပါတယ်။ အရေးပေါ်လူနာတင်ယာဉ်တွေက အခင်းဖြစ်ပွားတဲ့နေရာက ထိခိုက်ဒဏ်ရာရသူတွေကို အနီးနားက ဆေးရုံတွေကို ခေါ်ဆောင်သွားတာတွေ့ရတယ်လို့ မျက်မြင်တွေက ပြောပါတယ်။ အီဂျစ်နိုင်ငံရဲ့ အိမ်နီးချင်း အစ္စရေးလ်နိုင်ငံကလည်း ဒီတိုက်ခိုက်အတွက် ဝမ်းနည်းကြောင်းပြောကြား ခဲ့ပါတယ်။

စစ်သွေးကြွတွေဟာ အများအားဖြင့် လုံခြုံရေးတပ်ဖွဲ့တွေကို ပစ်မှတ်ထား တိုက်ခိုက်လေ့ရှိပေမယ့်လည်း၊ Sinai ကျွန်းဆွယ်အပြင်ဘက်ကို ထွက်ပြီး အီဂျစ်နိုင်ငံက ခရစ်ယာန်ဘာသာဝင်တွေနဲ့ ဘုရားဖူးတွေကိုလည်း တိုက်ခိုက်လေ့ရှိပါတယ်။

အီဂျစ်လုံခြုံရေးတပ်တွေဟာ Sinai ကျွန်းဆွယ်မြောက်ပိုင်းမှာ IS အစွန်းရောက်တွေနဲ့ တိုက်ပွဲတွေဖြစ်ပွားနေတာဖြစ်ပြီး၊ အဲဒီမှာလွန်ခဲ့တဲ့ ၃ နှစ်တိုက်ပွဲတွေ ပြင်းထန်လာချိန်ကစပြီး စစ်သွေးကြွတွေက အီဂျစ် စစ်သားတွေ နဲ့ ရဲတပ်ဖွဲ့ဝင် ရာပေါင်းများစွာ သေဆုံးခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG