သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စင်ကာပူလေကြောင်း လေယာဉ်မတော်တဆမှု တဦးသေဆုံး ၃၀ ဒဏ်ရာရ


 SG321 စင်ကာပူလေကြောင်း ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က သုဝဏ္ဏဘုမ္မိလေဆိပ်မှာ အရေးပေါ်ဆင်းသက်ခဲ့ပြီးအတွင်းပိုင်မြင်ကွင်း။ (မေ ၂၁၊ ၂၀၂၄)
SG321 စင်ကာပူလေကြောင်း ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က သုဝဏ္ဏဘုမ္မိလေဆိပ်မှာ အရေးပေါ်ဆင်းသက်ခဲ့ပြီးအတွင်းပိုင်မြင်ကွင်း။ (မေ ၂၁၊ ၂၀၂၄)

လေထဲမှာ ကြမ်းကြမ်းတမ်းတမ်း လှုပ်ခတ်တာခံခဲ့ရတာကြောင့် စင်္ကာပူ လေကြောင်းလိုင်းက လေယာဥ်စီးခရီးသည်တဦး သေဆုံးခဲ့ပြီး အနည်းဆုံး ၃၀ အင်္ဂါနေ့က ဒဏ်ရာရရှိသွားခဲ့ကြပါတယ်။

လေယာဥ်ဟာ လန်ဒန်ကနေစင်္ကာပူကိုပျံသန်းခဲ့တာဖြစ်ပြီး အာဒမန်ပင်လယ်ပြင်ကိုအဖြတ်မှာ ခုလိုကြုံခဲ့ရတာကြောင့် ဘန်ကောက်ကို အရေးပေါ်ဆင်းသက်ခဲ့ရပါတယ်။ သေဆုံးသွားတဲ့ခရီးသည်ဟာ အသက် ၇၃ နှစ်အရွယ် ဗြိတိသျှခရီးသည်တဦးဖြစ်ပြီး နှလုံးရောဂါနဲ့ကွယ်လွန်သွားပုံရတယ်လို့ လေယာဥ်ကွင်း တာဝန်ရှိသူတဦးက ပြောပါတယ်။

စိုးရိမ်ရလောက်အောင် ဒဏ်ရာရသူ ၇ ယောက်ရှိပြီး လေယာဥ်ဝန်ဆောင်မှု ဝန်ထမ်းတဦးအပါအဝင် အသင့်အတင့် ဒဏ်ရာရသူ ၂၃ ယောက် ရှိပါတယ်။ အနည်းငယ် ဒဏ်ရာရသူ ၉ ယောက်နဲ့ မဆိုစလောက် ဒဏ်ရာရသူ ၁၆ ယောက်ရှိတယ်လို့ သုဝဏ္ဏဘုမ္မိ လေယာဥ်ကွင်း အထွေထွေမန်နေဂျာ Kittipong Kittikachorn က ပြောပါတယ်။

လေယာဥ်ဟာ အမြင့်မီတာ ၁၁,၃၀၀ ကျော်ကနေ မီတာ ၉,၄၀၀ လောက်ကို ၃ မိနစ်ကနေ ၅ မိနစ်အတွင်း ပြုတ်ကျသွားခဲ့တာဖြစ်ကြောင်း FlightRadar 24 အင်တာနက်စာမျက်နှာ အချက်အလက်များက ပြသပါတယ်။ ခါးပတ်မီး လင်းလင်းမလင်းလင်း ခါးပတ် အမြဲပတ်ထားသင့်ပြီး ခရီးစဥ်အတွင်း အနည်းဆုံးသွားလာဖို့လိုပါတယ်လို့ ကျွမ်းကျင်သူ Anthony Brickhouse က ဆိုပါတယ်။

Forum

XS
SM
MD
LG