သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လီကွမ်ယုနိုင်ငံတော်ဈာပန သမ္မတဟောင်း ကလင်တန် ကန်အဖွဲ့ဦးဆောင်


စင်္ကာပူနိုင်ငံကို တည်ထောင်သူ အမျိုးသားခေါင်းဆောင်ဟောင်း လီကွမ်ယုရဲ့ နိုင်ငံတော် ဈာပနအခမ်းအနားကို တက်ရောက်မယ့် သမ္မတရဲ့ ကိုယ်စားလှယ်အဖွဲ့ အမည်စာရင်းကို အမေရိကန်သမ္မတ Barack Obama က ကြေညာလိုက်ပါတယ်။

သမ္မတကိုယ်စားလှယ်အဖွဲ့ကို အမေရိကန်သမ္မတဟောင်း William J. Clintion က ဦးဆောင် တက်ရောက်မှာဖြစ်ပြီး ကိုယ်စားလှယ်အဖွဲ့ထဲမှာ - စင်္ကာပူနိုင်ငံဆိုင်ရာ အမေရိန်သံအမတ်ကြီး Kirk Wagar, နိုင်ငံခြားရေးဝန်ကြီးဟောင်း Henry Kissinger, စင်္ကာပူဆိုင်ရာ အမေရိကန် သံအမတ်ဟောင်း Steven Green နဲ့ သမ္မတရဲ့ အမျိုးသားလုံခြုံရေးဆိုင်ရာ လက်ထောက် အကြံပေးပုဂ္ဂိုလ်ဟောင်း Thomas Donilon တို့ ပါဝင်ကြပါတယ်။

ကွယ်လွန်သူ စင်္ကာပူခေါင်းဆောင် လီကွမ်ယုရဲ့ ဈာပနကိုတော့ မတ်လ ၂၉ ရက်၊ တနင်္ဂနွေနေ့မှာ နိုင်ငံတော် ဈာပနအဖြစ်နဲ့ ကျင်းပသွားမှာ ဖြစ်ပါတယ်။

ဒီဈာပနအခမ်းအနားကို အိန္ဒိယဝန်ကြီးချုပ် Narendra Modi, အစ္စရေးသမ္မတ Reuven Rivlin, အင်ဒိုနီးရှားသမ္မတ Joko Widodo နဲ့ တောင်ကိုရီးယားသမ္မတ Park Geun-hye တို့အပြင် တခြား ကမ္ဘာ့ခေါင်းဆောင် အများအပြားလည်း တက်ရောက်ကြမှာ ဖြစ်ပါတယ်။

XS
SM
MD
LG