သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖောင်းပွမှုထိန်းဖို့ စင်ကာပူ ငွေကြေးမူဝါဒ တင်းကျပ်


ဖောင်းပွမှုထိန်းဖို့ စင်ကာပူ ငွေကြေးမူဝါဒ တင်းကျပ်
ဖောင်းပွမှုထိန်းဖို့ စင်ကာပူ ငွေကြေးမူဝါဒ တင်းကျပ်

မြန်မာလူမျိုးတွေ ထောင်ပေါင်း များစွာနေထိုင်နေတဲ့ စင်ကာပူနိုင်ငံမှာ အစားအသောက်နဲ့ စွမ်းအင်ဆိုင်ရာ ဈေးနှုန်းတွေ ကြီးနေတာကို ကျဆင်းအောင်လို့ ငွေကြေးဆိုင်ရာ မူဝါဒတွေကို ပိုပြီး တင်းကျပ်မယ်လို့ စင်ကာပူ အစိုးရက ပြောလိုက်ပါတယ်။ စင်ကာပူဒေါ်လာ တန်ဖိုးကိုလဲ ဒီနှစ်အတွင်း တတိယအကြိမ်အဖြစ် ငွေကြေး အာဏာပိုင်အဖွဲ့ဖြစ်တဲ့ ဗဟိုဘဏ်ကနေ ဈေးနှုန်းတက်ခွင့်ပြုခဲ့ပါတယ်။

စင်ကာပူရဲ့ငွေကြေးမူဝါဒတွေကို အတိုးနှုန်းအပေါ်မှာ အခြေမခံဘဲ ငွေကြေးလဲလှယ်မှု နှုန်းထားပေါ်မှာအခြေခံပြီး ချမှတ်တာဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ် ပထမ နှစ်လ အတွင်းမှာကို စားသုံးကုန်ပစ္စည်း တန်ဖိုးတွေဟာ ၅ ရာခိုင်နှုန်း တက်သွားခဲ့ပါတယ်။

ဒီနှစ်အတွင်း ငွေကြေးဖောင်းပွမှုဟာ ၃ ရာခိုင်နှုန်းကနေ ၅ ရာခိုင်နှုန်းအထိ ဖြစ်နိုင်တယ်လို့ ဗဟိုဘဏ်က ခန့်မှန်းပါတယ်။ အာရှနိုင်ငံတွေရဲ့ စီးပွားရေးဟာ အရှိန်မြန်မြန်နဲ့ တိုးတက်နေတဲ့အတွက် အာရှဗဟိုဘဏ်တွေက ငွေကြေးဖောင်းပွမှု တန်ဖိုးထိန်းချုပ်နိုင်ဖို့အတွက် ငွေကြေးစီးဆင်းမှုတွေကို ပိုပြီး ထိန်းချုပ်လာနေပါတယ်။ နိုင်ငံအများစုက အတိုးနှုန်းတွေကို မြှင့်တင်ပြီး ထိန်းချုပ်မှုတွေကို လုပ်ကြပါတယ်။

XS
SM
MD
LG