သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စင်ကာပူ ရွေးကောက်ပွဲ စတင်


 People's Action Party (PAP) ထောက်ခံသူများ။
People's Action Party (PAP) ထောက်ခံသူများ။

စင်ကာပူနိုင်ငံမှာ ဒီကနေ့ သောကြာနေ့မှာပဲ အထွေထွေရွေးကောက်ပွဲ စတင်ကျင်းပနေပြီဖြစ်ပါတယ်။ တိုင်းပြည်ကို ရေရှည်အုပ်ချုပ်လာတဲ့ People Action Party – PAP ပါတီကတော့ ပါလီမန် ကနေရာအတော်များများကို ဆက်လက် ထိန်းထားနိုင်ဖို့ သေချာနေပေမယ့် ပထမအကြိမ်အဖြစ် လွှတ်တော်နေရာ ၈၉ နေရာလုံး ကို အတိုက်အခံပါတီတွေက ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်တဲ့ အတွက်ကြောင့် ပြင်းထန်တဲ့ စိန်ခေါ်မှုတွေနဲ့လည်း ရင်ဆိုင်ရမှာဖြစ်ပါတယ်။

ဘယ်ပါတီပဲ အနိုင်ရ အနိုင်ရ တိုင်းပြည် ဆက်လက်တိုးတက်ဖို့နဲ့ လူထုကို အထောက်အကူပြုစေမယ့် လုပ်ငန်းတွေ အများကြီး လုပ်ဆောင်ပေး ဖို့ မျှော်လင့်တယ်လို့ ရွေးကောက်ပွဲမှာ သွားရောက် မဲပေးသူတွေ က မျှော်လင့်ကြပါတယ်။

တိုင်းပြည်ရဲ့ စီးပွားရေး တိုးတက်လာတာကို ပြည်သူတွေ က ကျေနပ် ဝမ်းသာကြပေ မယ့် ပြည်တွင်းထဲမှာ နိုင်ငံခြားသား ဝင်ရောက်နေထိုင်လာတဲ့ ဦးရေမြင့်မား လာတာနဲ့ အမျှ လုပ်အားခလျော့နည်းလာပြီး အိမ်ခြံမြေဈေးတွေ က မြင့်တက် လာနေတာကြောင့် ပြည်သူတွေရဲ့ မကျေမနပ်ဖြစ်မှုတွေနဲ့လည်း အစိုးရက ရင်ဆိုင်နေရတာဖြစ်ပါတယ်။

XS
SM
MD
LG