သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Lee Kuan Yew ကျန်းမာရေးအခြေအနေဆိုးရွား


ခေတ်သစ်စင်္ကာပူနိုင်ငံကို ထူထောင်သူအဖြစ် အသိအမှတ်ပြုခံထားရတဲ့ Lee Kuan Yew ရဲ့ ကျန်းမာရေးအခြေအနေဟာ ပိုပြီးဆိုးလာတယ်လို့ စင်္ကာပူအစိုးရက ဒီကနေ့ ပြောလိုက်ပါတယ်။

မစ္စတာ Lee ဟာ အဆုတ်ရောင်ရောဂါကို ဆိုးဆိုးရွားရွား ခံစားရတာကြောင့် ဖေဖော်ဝါရီလ ၅ ရက်နေ့ကတည်းက ဆေးရုံတင်ထားတာဖြစ်ပြီး အဲဒီအချိန်ကတည်းက အသက်ရှူပိုက်နဲ့ နေနေရတာပါ။

သူ့ကို ပဋိဇီဝဆေး တိုက်နေပြီး ဆရာဝန်တွေက အခြေအနေကို အနီးကပ် စောင့်ကြည့်နေတယ်လို့ သူ့ရဲ့သားဖြစ်သူ လက်ရှိ ဝန်ကြီးချုပ် Lee Hsien Loong ရုံးရဲ့ ထုတ်ပြန်ချက်တခုမှာ ပြောထားပါတယ်။

မစ္စတာ Lee ဟာ စင်္ကာပူဝန်ကြီးချုပ်အဖြစ် ၃၁ နှစ်ကြာ လုပ်ခဲ့ပြီး ၁၉၉၀ ပြည့်နှစ်မှာ ရာထူးက ဆင်းပေးခဲ့ပေမဲ့ စင်္ကာပူနိုင်ငံမှာ လူကြိုက်များဆဲဖြစ်သလို အရှိန်အဝါ ရှိသူတဦးအဖြစ် မြင်ကြပါတယ်။ ဗြိတိန်နိုင်ငံ Cambridge တက္ကသိုလ်ဆင်း ရှေ့နေတဦးဖြစ်တဲ့ မစ္စတာ Lee ဟာ ဝန်ကြီးချုပ်အဖြစ် သူထမ်းဆောင်စဉ် ကာလအတွင်း စင်္ကာပူကျွန်းနိုင်ငံကို အာရှတိုက်ရဲ့ စီးပွားရေးအင်အားကြီး နိုင်ငံတခုဖြစ်အောင် လုပ်ပေးခဲ့ပါတယ်။

နာမကျန်းဖြစ်နေတဲ့ သူတို့ရဲ့ခေါင်းဆောင်ဟောင်းကို အားပေးတဲ့စကားတွေကို စင်္ကာပူနိုင်ငံသား အများအပြားက လူမှုဆက်သွယ်ရေးကွန်ယက် အင်တာနက်စာမျက်နှာတွေမှာ ရေးသား ပြောဆိုကြပါတယ်။

XS
SM
MD
LG