သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာသမ္မတသစ်ကို စင်္ကာပူဂုဏ်ပြုသဝဏ်လွှာတွေ ပေးပို့


မြန်မာသမ္မတ ဦးဝင်းမြင့်
မြန်မာသမ္မတ ဦးဝင်းမြင့်

မြန်မာသမ္မတသစ် အဖြစ်ခန့်အပ်ခြင်းခံရသူ ဦးဝင်းမြင့်ကို စင်္ကာပူသမ္မတ Halimah Yacob နဲ့ ဝန်ကြီးချုပ် Lee Hsien Loong တို့က ဂုဏ်ပြုကြိုဆိုကြောင်း စာလွှာပေးပို့ခဲ့တယ်လို့ စင်္ကာပူနိုင်ငံခြားရေးဌာနက ဗုဒ္ဓဟူးနေ့မှာ ကြေညာချက်ထုတ်ပြန်ပါတယ်။

ဧပြီလ ၂ ရက် တနင်္လာနေ့က ပေးပို့ခဲ့တဲ့ စာလွှာထဲမှာ သမ္မတ Yacob က စင်္ကာပူနဲ့ မြန်မာ ၂ နိုင်ငံကြားမှာ ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု၊ ငွေကြေးနဲ့ ပညာရေး အပြင် ပြည်သူအချင်းချင်းကြား အပြန်အလှန်ဆက်သွယ်မှုတွေဟာ ကောင်းမွန်တဲ့ ဆက်ဆံရေးကနေရလာတဲ့ အကျိုးကျေးဇူးတွေ ဖြစ်ကြောင်းနဲ့ ၂၀၁၆ မှာ နှစ်ပေါင်း ၅၀ ကြာ ဆက်ဆံရေးကောင်းမွန်မှုရဲ့ အသီးအပွင့်တွေကို ၂ နိုင်ငံစလုံး ခံစားခဲ့ရတယ် လို့ဆို ဖေါ်ပြထားပါတယ်။

၂၀၁၆ စက်တင်ဘာလ ၃၀ ရက်နေ့က ၃၇ ကြိမ်မြောက် အာဆီယံ ဒေသတွင်းနိုင်ငံများ လွှတ်တော်အစည်းအဝေးကို မြန်မာနိုင်ငံမှာ ကျင်းပစဉ်က လွှတ်တော်ဥက္ကအဖြစ်တာဝန်ယူနေတဲ့ ဦးဝင်းမြင့်နဲ့ ပထမဆုံးတွေ့ဆုံခဲ့ရကြောင်းလည်း ရေးသားထားသလို စင်္ကာပူ- မြန်မာ ၂ နိုင်ငံဆက်ဆံရေး ဆက်လက်ခိုင်မာမှုရှိမယ်ဆိုတာ ယုံကြည်ကြောင်း ဖေါ်ပြထားပါတယ်။

ဝန်ကြီးချုပ် Lee Hsien Loong ကလည်း တနင်္လာနေ့ သမ္မတဦးဝင်းမြင့်ဆီကို ပေးပို့တဲ့ စာထဲမှာ စင်္ကာပူ- မြန်မာ ၂ နိုင်ငံကြား ကာလကြာရှည် နွေးထွေးတဲ့ ဆက်ဆံရေးရှိခဲ့ကြောင်းနဲ့ နောင်မှာလည်း ၂ နိုင်ငံ ဘက်စုံဆက်ဆံရေး ခိုင်မာဖို့နဲ့ ၂ နိုင်ငံ ဘုံအကျိုးစီးပွါး အတွက် အာဆီယံအဖွဲ့ထဲမှာ ဆက်လက်ပူးပေါင်းဆောင်ရွက်ဖို့ မျှော်လင့်ကြောင်း ရေးသားပေးပို့ခဲ့ပါတယ်။

လွှတ်တော်ဥက္ကအဖြစ် ၂ နှစ် တာဝန်ယူခဲ့တဲ့ ဦးဝင်းမြင့်ဟာ မတ်လ ၃၀ ရက်နေ့က မြန်မာနိုင်ငံရဲ့ ၁၀ ယောက်မြောက် သမ္မတအဖြစ် အရွေးချယ်ခံခဲ့ရတာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG