စင်ကာပူနိုင်ငံမှာ ၂၄ ထပ်မြင့်တဲ့ ကွန်ဒိုတိုက်ရဲ့ ၁၈ ထပ်ကနေ ခုန်ချပြီး၊ ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားတဲ့ အိမ်အကူ မြန်မာ အမျိုးသမီးငယ်ရဲ့ သတင်းကို ကြားခဲ့ရတဲ့ မြန်မာနိုင်ငံသားတွေအတွက် အတော်လေးကို တုန်လှုပ်ခြောက်ခြား စေခဲ့ပါတယ်။
ဒါ့ကြောင့် ပြည်ပရောက် အိမ်အကူ မြန်မာအမျိုးသမီးတွေ အနေနဲ့ ဒီလိုကြေကွဲဖွယ် အဖြစ်ဆိုးမျိုးနဲ့ မကြုံရလေအောင် ဘယ်လိုကာကွယ်နိုင်ကြမလဲဆိုတာကို ဒီသတင်းပတ်ရဲ့ အမျိုးသမီးကဏ္ဍမှာ ဒေါ်လှလှသန်းက စုစည်းတင်ပြထားပါတယ်။