သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအိမ်အကူကိုနှိပ်စက်တဲ့ စင်္ကာပူအိမ်ရှင်လင်မယား အပြစ်ရှိကြောင်း တရားရုံးဆုံးဖြတ်


အိမ်အကူ မဖြူဖြူမာကို ကိုယ်ထိလက်ရောက်နှိပ်စက်ခဲ့တဲ့ စင်္ကာပူနိုင်ငံသား Linda Seah Lei Sie (ဝဲ) နှင့် ခင်ပွန်း Li Toon Leng (Jan 18, 2019. Photo ST)
အိမ်အကူ မဖြူဖြူမာကို ကိုယ်ထိလက်ရောက်နှိပ်စက်ခဲ့တဲ့ စင်္ကာပူနိုင်ငံသား Linda Seah Lei Sie (ဝဲ) နှင့် ခင်ပွန်း Li Toon Leng (Jan 18, 2019. Photo ST)

စင်္ကာပူနိုင်ငံမှာ အိမ်အကူ မြန်မာမိန်းကလေးကို နှိပ်စက်တဲ့ဇနီးမောင်နှံမှာ အပြစ်ရှိတယ်လို့ ခရိုင်တရားရုံး တခုက ဒီကနေ့ အမိန့်ချလိုက်ပါတယ်။

အိမ်အကူ မဖြူဖြူမာကို ရေနွေးပူနဲ့ ကိုယ့်ကိုကိုယ် လောင်းခိုင်းမှုအပါအဝင် ကိုယ်ထိလက်ရောက်ကျူးလွန်မှု ၅ မှု အပြင် ဓါတုဆေးရည်နဲ့ ကြမ်းတိုက်ထားတဲ့အရည်တွေကို အတင်းသောက်ခိုင်းမှုတို့နဲ့ အသက် ၃၉ နှစ်အရွယ် Linda Seah မှာအပြစ်ရှိတယ်လို့ တရားရုံးက ဆုံးဖြတ်ခဲ့ပါတယ်။ သူ့ရဲ့ခင်ပွန်း အသက် ၄၄ နှစ်အရွယ် Lim Toon Leng ကိုလည်း ကိုယ်ထိလက်ရောက်ကျူးလွန်မှု ၁ မှုနဲ့ အပြစ်ရှိကြောင်း တွေ့ရှိပါတယ်။

သူတို့ရဲ့နေအိမ်မှာ ကျူးလွန်ခဲ့မှုတွေကို တရားရုံးမှာ စစ်ဆေးကြားနာခဲ့တာမှာ အလုပ်ရှင် Seah က သူ့ကို ရေနွေးပူနဲ့ ကိုယ့်ကိုကိုယ်လောင်းချဖို့ ၂ ကြိမ်ခိုင်းခဲ့တယ်လို့ မဖြူဖြူမာက ထွက်ဆိုသွားပါတယ်။ အနာကို ဆေးခန်းပြပေးရမယ့်အစား အပ်ချွန်နဲ့လည်း ကိုယ့်ကိုကိုယ် ထိုးခိုင်းခဲ့တယ်လို့ ပြောပါတယ်။ ဒါတင်မက ကြမ်းတိုက်ထားတဲ့ရေကို အတင်းသောက်ခိုင်းတာ၊ ခေါင်းကိုကြမ်းပြင်နဲ့ဆောင့်တာ၊ ဆံပင်တွေ အများကြီး ကျွတ်သွားတဲ့အထိ ဆံပင်ဆောင့်ဆွဲတာ၊ Mobile လက်ကိုင်ဖုန်းနဲ့ အကြိမ်ကြိမ် ရိုက်တာတွေကိုလည်း Linda Seah က ကျူးလွန်ခဲ့ပါတယ်။

သူ့ရဲ့ယောင်္ကျားကလည်း မဖြူဖြူမာကို ၂ ကြိမ် လက်သီးနဲ့ ထိုးခဲ့ပါတယ်။ Linda နဲ့ Lim တို့ဟာ နားလည်မှုရှိတဲ့ အလုပ်ရှင်တွေအဖြစ် သူတို့ကိုယ်သူတို့ ပုံဖော်နေကြပေမယ့် လုံးဝအမှန်မဟုတ်ဘူးလို့ တရားသူကြီးက ဒီကနေ့ အမိန့်ချစဉ်မှာ ပြောကြားခဲ့ပါတယ်။ Orchard Road လမ်းမကြီးပေါ်က Anew Me Beauty Aesthetic အလှပြင် ဆိုင်မှာ မန်နေဂျာလုပ်တဲ့ Linda Seah က မဖြူဖြူမာကို သူ့အလုပ်ကိုခေါ်သွားရာက အလုပ်သမား တယောက် က အခြေအနေကို ရဲကိုအကြောင်းကြားခဲ့တာ ဖြစ်ပါတယ်။

၂၀၁၆ အောက်တိုဘာ ၁၅ ရက်နေ့မှာ သူတို့နေအိမ်ကိုရဲကဝင်ရှာပြီး မဖြူဖြူမာကိုလည်း Khoo Teck Puat ဆေးရုံပို့ခဲ့ပါတယ်။ မဖြူဖြူမာဟာ ဆေးရုံမှာ ၆ ရက် တက်ရောက် ကုသခဲ့ ရပါတယ်။

၂၀၁၆ ခုနှစ် ဖေဖော်ဝါရီကနေ အောက်တိုဘာလအတွင်း အလုပ်လုပ်ခဲ့တဲ့လစာကိုလည်း မပေးတာကြောင့် စင်္ကာပူ ပြည်သူ့အင်အား ဦးစီး ဌာနက ဝင်ရောက်ဖြေရှင်းလို့ အဲဒီနှစ် နိုဝင်ဘာလကျမှ လခကို အပြည့်ပြန်ရ တယ်လို့ အစိုးရရှေ့နေတွေက ပြောပါတယ်။ ဒီအမှုအတွက် ပြစ်ဒဏ်ကိုတော့ February လ ၁၁ ရက်နေ့မှာ အမိန့်ချမှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG