သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စင်ကာပူ အစိုးရ လူထုထောက်ခံမှု ကျဆင်း


စင်ကာပူ အစိုးရ လူထုထောက်ခံမှု ကျဆင်း
စင်ကာပူ အစိုးရ လူထုထောက်ခံမှု ကျဆင်း

စင်ကာပူနိုင်ငံမှာ ဝင်ငွေနည်းသူတွေ၊ ဝင်ငွေ အလယ်အလတ် ရှိသူတွေအတွက် ဝင်ငွေ ပိုကောင်းလာအောင် လုပ်ပေးပါမယ်လို့ ဝန်ကြီးချုပ်က ကတိပေးလိုက်ပါတယ်။ လက်ရှိ အာဏာရပါတီဟာ နှစ်ပေါင်း ၅၀ အတွင်း ပထမဆုံးအကြိမ် ရွေးကောက်ပွဲမှာ အရေးမလှ ဖြစ်ခဲ့ပြီးနောက်မှာ အခုလို ကတိပေးလိုက်တာလည်း ဖြစ်ပါတယ်။

စင်ကာပူ နိုင်ငံသားတွေရဲ့ ဘဝ တိုးတက်ရေးကို ဆောင်ရွက်ဖို့ဟာ သူ့အစိုးရသစ် ဦးစားပေး ဆောင်ရွက်မယ့်ကိစ္စ ဖြစ်တယ်လို့ စီးပွားရေး သမားတွေကို တနင်္လာနေ့က ပြောကြားတဲ့ မိန့်ခွန်းမှာ ဝန်ကြီးချုပ် လီရှန်လွန်း (Lee Hsien Loong) က ပြောသွားပါတယ်။ အလုပ်သမားတွေကို ပြန်လည် သင်တန်းတွေပေး၊ ပညာပေးပြီး ကုန်ထုတ်လုပ်မှုကို မြှင့်တင်ကာ ဝင်ငွေတိုးမြင့်အောင် လုပ်သွားမယ်လို့ ဆိုပါတယ်။

စနေနေ့က လုပ်ခဲ့တဲ့ ရွေးကောက်ပွဲမှာ လွှတ်တော်အမတ်နေရာ ၈၇ နေရာထဲက ၆ နေရာကို အတိုက်အခံ ပါတီက အနိုင်ရသွားပါတယ်။ ရှုံးနိမ့်သွားတဲ့ နေရာထဲမှာ နိုင်ငံခြားရေးဝန်ကြီး ဂျော့ချ် ယိုး (George Yeo) ရဲ့ နေရာလည်း ပါပါတယ်။ ဝန်ကြီးချုပ် လီရှန်လွန်းရဲ့ People’s Action ပါတီဟာ အခု ရွေးကောက်ပွဲမှာ ၆၀% သာ အနိုင်ရခဲ့ပါတယ်။ ၂၀၀၆ ခုနှစ်ကထက် ၇% နည်းသွားတာ ဖြစ်ပါတယ်။

နိုင်ငံခြားက အခြေချ နေထိုင်လာသူတွေ များလာတာ၊ အိမ်ဈေးတွေ မြင့်တက်လာတာ၊ ငွေကြေး ဖောင်းပွနေတာတွေကြောင့် အခုလို လက်ရှိ အာဏာရပါတီ အခြေအနေမလှ ဖြစ်ရတာလို့ သုံးသပ်သူတွေက ပြောပါတယ်။

လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က စင်ကာပူနိုင်ငံမှာ နိုင်ငံခြားသား ၂၀% ရှိခဲ့ရာက အခု ၃၆% အထိ ရှိလာတယ်လို့ ဆိုပါတယ်။

XS
SM
MD
LG