သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စင်္ကာပူသမ္မတရွေးကောက်ပွဲ ဒုဝန်ကြီးချုပ်ဟောင်း အနိုင်ရ

စင်ကာပူသမ္မတရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည့် ဒုတိယဝန်ကြီးချုပ် တိုနီတန် (သြဂုတ်လ ၂၇၊ ၂၀၁၁)
စင်ကာပူသမ္မတရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည့် ဒုတိယဝန်ကြီးချုပ် တိုနီတန် (သြဂုတ်လ ၂၇၊ ၂၀၁၁)

စင်္ကာပူသမ္မတရွေးကောက်ပွဲမှာ မဲတွေကို ပြန်လည်ရေတွက်ပြီးတဲ့နောက်မှာ ဒုတိယဝန်ကြီးချုပ်ဟောင်း တိုနီ တန် (Tony Tan) အနိုင်ရသွားပါတယ်။ တိုနီ တန်ဟာ မဲ ၇,၀၀၀ အသာရပြီး အနိုင်ရ သွားတာလို့ ရွေးကောက်ပွဲ တာဝန်ရှိသူတွေက ပြောပါတယ်။

အစောပိုင်းတုန်းကတော့ သူနဲ့ သူ့ရဲ့ အဓိကပြိုင်ဖက်ဖြစ်တဲ့ ဆရာဝန် တန် ချန်းဂ် ဘော့က် (Tan Cheng Bock) တို့ နှစ်ယောက်ကြားမှာ ရထားတဲ့မဲအရေအတွက်က ၂% တောင် မကွာတဲ့အတွက် မဲတွေကို ပြန်လည်ရေတွက်ဖို့ ရွေးကောက်ပွဲ တာဝန်ရှိသူတွေက အမိန့်ပေးခဲ့တာပါ။

ဒီရွေးကောက်ပွဲဟာ စင်္ကာပူကို ၁၉၅၉ ခုနှစ်ထဲက အုပ်ချုပ်လာခဲ့တဲ့ People's Action Party (PAP) အပေါ် ပြည်သူ့သဘောထား ကောက်ခံပွဲတခုအဖြစ်လည်း မြင်နိုင်ပါတယ်။ ဒုတိယဝန်ကြီးချုပ်ဟောင်း တိုနီ တန်ကို ထောက်ခံကြသူအများစုက နိုင်ငံရေးမှာ သြဇာညောင်းကြသူတွေ ဖြစ်ကြပါတယ်။ အရင် PAP ရဲ့ အမတ်တယောက်ဖြစ်ခဲ့တဲ့ တန်ချန်းဂ်ဘော့က် ကတော့ အတိုက်အခံတွေကို လူသိရှင်ကြား ထောက်ခံသူတယောက် ဖြစ်ပါတယ်။

တကယ်တော့ စင်္ကာပူနိင်ငံမှာ သမ္မတရာထူးဟာ နိုင်ငံရဲ့ အထွဋ်အထိပ် ရာထူးသင်္ကေတတခုသာ ဖြစ်ပါတယ်။

လက်ရှိသမ္မတ အက်စ်အာ နေသန် (S.R. Nathan) ဟာ ၆ နှစ်ကြာ သမ္မတရာထူး သက်တမ်းကို ပြိုင်ဘက်မရှိ နှစ်ခါ အနိုင်ရခဲ့သူ ဖြစ်ပါတယ်။ ဒီတခါ သမ္မတရွေးကောက်ပွဲမှာတော့ ဝင်ရောက်ယှဉ်ပြိုင်သူ သမ္မတလောင်း လေးယောက်ရှိပါတယ်။

This item is part of
XS
SM
MD
LG