သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထရမ့်နဲ့ကင် ဆွေးနွေးပွဲမတိုင်မီ စင်္ကာပူလုံခြုံရေးတင်းကျပ်


အမေရိကန်သမ္မတ ထရမ့်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းတို့ ဇွန်လ ၁၂ ရက်တွေ့ဆုံကြမယ့် Capella Hotel မြင်ကွင်း။
အမေရိကန်သမ္မတ ထရမ့်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းတို့ ဇွန်လ ၁၂ ရက်တွေ့ဆုံကြမယ့် Capella Hotel မြင်ကွင်း။

အမေရိကန်နဲ့ မြောက်ကိုရီးယားခေါင်းဆောင်တွေရဲ့ ထိပ်သီးစည်းဝေးပွဲကျင်းပဖို့ရက် နီးကပ်လာတာနဲ့ အမျှ စင်္ကာပူအာဏာပိုင်တွေကလည်း လုံခြုံရေးတွေကို တိုးမြှင့် ချမှတ်လာနေပြီ ဖြစ်ပါတယ်။

အမေရိကန်သမ္မတ Donald Trump နဲ့ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un တို့ တွေ့ဆုံ ဆွေးနွေးမယ့် နေရာတွေနဲ့သက်ဆိုင်တဲ့ အထူး သတ်မှတ်နယ်မြေ ၂ ခုထဲက တခုမှာ ဒီကနေ့ စနေနေ့ ကစပြီး လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေကို တိုးမြှင့် ဆောင်ရွက်လာတာပါ။

ဇွန်လ ၁၀ ကနေ ၁၄ နေ့အထိ အခမ်းအနားကျင်းပရာ အထူးနယ်မြေအဖြစ် သတ်မှတ်ထား တဲ့ Tanglin ခရိုင်အတွင်းက လမ်းတွေကို ကွန်ခရစ်တုံးတွေနဲ့ ကာရံနေတာ ဖြစ်ပါတယ်။

အဲဒီ နေရာဟာ အမေရိကန်သံရုံးနဲ့ နီးတဲ့အပြင် Shangri-La နဲ့ St. Regis စတဲ့ အထင်ကရ ဟိုတယ်ကြီးတွေ တည်ရှိရာ နေရာလည်း ဖြစ်ပါတယ်။

နောက်ထပ် အထူးကန့်သတ်နယ်မြေအဖြစ် သတ်မှတ်ထားတဲ့နေရာကတော့ Sentosa ကျွန်းဖြစ် ပါတယ်။ အဲဒီကျွန်းပေါ်က Capella ဟိုတယ်မှာ ခေါင်းဆောင် ၂ ဦး ဇွန်လ ၁၂ ရက်နေ့မှာ ထိပ်သီး စည်းဝေးပွဲ ကျင်းပကြမှာ ဖြစ်ပါတယ်။ Sentosa ကျွန်းဟာ Sea World စတဲ့ Zip Line တွေ စတဲ့ ပျော်ရွှင်စရာ ကစားကွင်းတွေ တည်ရှိပြီး ကမ္ဘာလှည့်ခရီးသည်တွေ သွားရောက် လည်ပတ်မှုများတဲ့ ကျွန်းလည်း ဖြစ်ပါတယ်။

ထရမ့်နဲ့ကင်မ် ဆွေးနွေးပွဲအကြို စင်ကာပူ လုံခြုံရေးတင်းကျပ်
please wait

No media source currently available

0:00 0:00:55 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG