သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယား-ကန် ထိပ်သီးဆွေးနွေးပွဲ စင်္ကာပူ အကောင်းဆုံး ကူညီမည်


မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un နဲ့ အမေရိကန်သမ္မတ Donald Trump
မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un နဲ့ အမေရိကန်သမ္မတ Donald Trump

စင်္ကာပူနိုင်ငံမှာ ဇွန်လ ၁၂ ရက်နေ့မှာကျင်းပမယ့် အမေရိကန်နဲ့ မြောက်ကိုရီးယား နှစ်နိုင်ငံ ထိပ်သီးဆွေးနွေးပွဲ အတွက် အိမ်ရှင်အဖြစ် အကောင်းဆုံးဖြစ်အောင် စီစဉ်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ စင်္ကာပူကာကွယ်ရေး ဝန်ကြီး Ng Eng Hen က စနေနေ့က ပြောကြားလိုက်ပါတယ်။ ဒါ့အပြင် ဒီထိပ်သီးဆွေးနွေးပွဲဖြစ်မြောက်ဖို့ စင်္ကာပူနိုင်ငံ အနေနဲ့ တတ်နိုင်သမျှ ပါဝင်ကူညီလိုကြောင်းလည်း သူကပြောပါတယ်။

လက်ရှိ စင်္ကာပူမှာကျင်းပနေတဲ့ ဒေသတွင်း လုံခြုံရေးဆိုင်ရာ Shangri-La နှစ်ပတ်လည် ညီလာခံရဲ့ ပြင်ပ သတင်းထောက်တွေနဲ့ တွေ့ဆုံရာမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။

စင်္ကာပူ ကာကွယ်ရေးဝန်ကြီး Ng Eng Hen
စင်္ကာပူ ကာကွယ်ရေးဝန်ကြီး Ng Eng Hen

အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်ဘက်က ဖျက်သိမ်းခဲ့တဲ့ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un နဲ့ နျူကလီယားလက်နက်အရေး သမိုင်းဝင် ထိပ်သီးဆွေးနွေးပွဲကို နဂိုစီစဉ်ထားတဲ့အတိုင်းပြန်လုပ်မယ်လို့ သောကြာနေ့က ထရမ့်ကနေ ကြေညာပြီးနောက် စင်္ကာပူကာကွယ်ရေးဝန်ကြီးက အခုလို မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။

အလားတူ တောင်ကိုရီးယား၊ ဂျပန်နဲ့ ကနေဒါ ကာကွယ်ရေးဝန်ကြီးတွေကလည်း မြောက်ကိုးရီးယားနဲ့ ထိပ်သီး အစည်းအဝေး အရင်အစီအစဉ်အတိုင်း ပြုလုပ်သွားမှာဖြစ်တယ်ဆိုတဲ့ အမေရိကန်သမ္မတရဲ့ ကြေညာချက်ကို ကြိုဆိုခဲ့ကြပါတယ်။

နည်းဥပဒေအရ စစ်ဖြစ်နေတဲ့ နှစ်နိုင်ငံ ခေါင်းဆောင်တွေ ပထမဆုံးအကြိမ် စင်္ကာပူနိုင်ငံမှာ ဇွန်လ ၁၂ ရက် နေ့မှာ တွေ့ဆုံမယ့်ကိစ္စဟာ မြောက်ကိုရီးယားရဲ့ နျူကလီယားအစီစဉ်ကို အဆုံးသတ်စေရေး လုပ်ငန်းစဉ် စတင်လိုက်တဲ့ အဓိပ္ပါယ် သက်ရောက်နေပါတယ်။ Kim အနေနဲ့လည်း ဒီရည်မှန်းချက်အပေါ်မှာ အခိုင်အမာရပ်တည်မယ်လို့ သူ့အနေနဲ့ယုံကြည်ကြောင်း Trump ကပြောပါတယ်။

မြောက်ကိုရီးယား-ကန် ထိပ်သီးဆွေးနွေးပွဲ စင်္ကာပူ အကောင်းဆုံး ကူညီမည်
please wait

No media source currently available

0:00 0:01:20 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG