သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စင်္ကာပူမှာ ဇီကာရောဂါကူးစက်သူ တိုးလာ


 လူနေတိုက်ခန်း တွေမှာ ခြင်သတ်ဆေး လိုက်ဖြန်းပြီး ဇီကာရောဂါပိုး နှိမ်နင်း
လူနေတိုက်ခန်း တွေမှာ ခြင်သတ်ဆေး လိုက်ဖြန်းပြီး ဇီကာရောဂါပိုး နှိမ်နင်း

စင်ကာပူနိုင်ငံမှာ ခြင်ကတဆင့် ကူးစက်ဖြစ်ပွားတဲ့ ဇီကာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူတွေ ပိုမို များပြားလာခဲ့ပြီးတဲ့နောက် လူနေတိုက်ခန်း တွေမှာ ခြင်သတ်ဆေး လိုက်ဖြန်းပြီး ဇီကာရောဂါပိုး နှိမ်နင်းဖို့ စင်ကာပူ အာဏာပိုင်တွေက အရှိန်မြင့်လုပ်ဆောင်နေပါတယ်။

အခုနောက်ဆုံး ကူးစက်ခံရသူတွေထဲမှာ ပထမဆုံး ကိုယ်ဝန်ဆောင်အမျိုးသမီးတဦးလည်း ပါဝင်လာပါတယ်။ တိုက်ခန်းပေါင်း ၁ ထောင်လောက်ရှိတဲ့ အဆောက်အဦးတခုမှာ ရောဂါ ဖြစ်ပွားနိုင်မယ့် အခြေအနေ စစ်ဆေးမှုတွေနဲ့ ဆေးဖြန်းတာတွေကို ဗုဒ္ဓဟူးနေ့က လုပ်ခဲ့တာပါ။

အဲဒီနေရာမှာ နေထိုင်သူ ဒါမှမဟုတ် အလုပ်လုပ်သူ ၅ ဦး ဇီကာရောဂါပိုး ကူးစက်ခံရပြီးတဲ့နောက် အခုလို လုပ်ဆောင်တာဖြစ်တယ်လို့ Channel News Asia သတင်းဌာနက ပြောပါတယ်။

ဇီကာရောဂါပိုးဖြစ်စေတဲ့ အေးဒိစ် အီဂျစ်ပ်တီ အမျိုးအစားခြင်တွေ ရှိမရှိ စစ်ဆေးတာတွေကို ဒီ တိုက်ခန်းတွေရဲ့ ၆၀ ရာခိုင်နှုန်းလောက်မှာ စစ်ဆေးခဲ့ပြီး ဖြစ်ပြီး ခြင်တွေ ထပ်မံ ပေါက်ဖွားမှု ရှိမရှိ စမ်းသပ် စစ်ဆေးဖို့အတွက် အနီးအနား ရေဝပ်တဲ့နေရာတွေက ရေနမူနာတွေကို ယူထားပါတယ်။

စင်ကာပူနိုင်ငံမှာ မနေ့က ဗုဒ္ဓဟူးနေ့အထိတော့ ဇီကာဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ ပေါင်း ၁၅၅ ယောက် ရှိပါတယ်။ အိမ်နီးချင်း မလေးရှားနိုင်ငံမှာလည်း စင်ကာပူနိုင်ငံကို သုံးရက်ကြာ သွားခဲ့တဲ့ အမျိုးသမီးတဦးမှာ ဇီကာရောဂါပိုး ကူးစက်ခံနေရတာကို တွေ့ရတဲ့အကြောင်း မလေးရှားအစိုးရက ဒီကနေ့ အတည်ပြု ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG