သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်ကို ကန်ပစ္စည်းတင်ပို့သူ ထောင်ကျ


ရေဒီယို Signal တွေကို ပို့လွှတ်၊ လက်ခံဖမ်းယူနိုင်တဲ့ အမေရိကန်လုပ် RF Module electronic ပစ္စည်းထောင်နဲ့ချီကို အီရန်နိုင်ငံကို တင်ပို့မှုနဲ့ စင်္ကာပူလူမျိုးတယောက်ကို အမေရိကန်အကျဉ်းထောင်မှာ လပေါင်း ၄၀ အကျဉ်းချဖို့ ပြစ်ဒဏ်ချလိုက်ပါတယ်။

သူတင်ပို့တဲ့ RF Module တွေထဲက ၁၄ ခု ထက်မနည်းကို အီရတ်က မပေါက်ကွဲသေးတဲ့ ဖေါက်ခွဲပစ္စည်းတွေထဲမှာ တွေ့ရှိခဲ့တာပါ။ Steven Lim လို့လည်းသိကြတဲ့ Lim Yong Nam အသက် ၄၃ နှစ်က စင်္ကာပူနိုင်ငံကတဆင့် အီရန်နိုင်ငံဆီကို တရားမဝင် တင်ပို့ခဲ့တဲ့အတွက် အပြစ်ရှိတယ်လို့ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကဝန်ခံလျှောက်ထားခဲ့ပါတယ်။

အမေရိကန်လုပ်ပစ္စည်းတွေကို အီရန်ကိုတင်ပို့တာဟာ အမေရိကန်ဥပဒေကို ချိုးဖောက်တယ်ဆိုတာ Lim ရောသူနဲ့ဖက်စပ်လုပ်နေသူတွေပါ သိရက်နဲ့ ပို့ခဲ့တာဖြစ်တယ်လို့ ဝန်ခံခဲ့ကြကြောင်း အမေရိကန် တရားရေးဌာနက ပြောပါတယ်။

အဲဒီပစ္စည်းတွေကို Minnesota ပြည်နယ်မှာ အခြေစိုက်တဲ့ကုမ္ပဏီက ထုတ်လုပ်တာဖြစ်ပါတယ်။ အင်တာနက်ကွန်ယက်တခုထဲက Computer တွေ Printer တွေကြား တခုနဲ့တခု ကြိုးမဲ့ဆက်သွယ်တာမျိုးမှာ အဲဒီ RF module တွေကို အသုံးပြုနိုင်ပါတယ်။

၂၀၀၈ ခုနဲ့ ၂၀၀၉ ခုနှစ်အတွင်း အီရတ်က ညွှန့်ပေါင်းတပ်တွေက Minnesota ကုမ္ပဏီလုပ် RF module အမြောက်အများကို ရှာဖွေတေ့ွရှိခဲ့ပါတယ်။ အီရတ်မှာတာဝန်ကျတဲ့ အမေရိကန်တပ်သားတွေအများဆုံးသေဆုံးရတဲ့ ကားထောင်ဗုံးတွေလို IED ဖေါက်ခွဲရေးပစ္စည်းတွေကို အဝေးကနေလှမ်းထိန်းချုပ်ဖောက်ခွဲတဲ့နေရာမှာ အဲဒီပစ္စည်းတွေကို အသုံးချနေကြတာဖြစ်ပါတယ်။

၂၀၁၄ ခုနှစ်ထဲက အင်ဒိုနီးရှားနိုင်ငံမှာ ဖမ်းဆီးခံထားရတဲ့ Lim ကို တရားခံလွှဲပြောင်းပေးရေး အမေရိကန်ရဲ့တောင်းဆိုချက်ကြောင့် ၂၀၁၆ ခုနှစ်မှာ အမေရိကန်ကို ရောက်ရှိလာခဲ့တယ်လို့ တရားရေးဌာနက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG