သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

စစ္ေကာင္စီကို မဟန တုန္႔ျပန္မွဳ ထိေရာက္မွာလား


မဟန ဥကၠဌ ဗန္းေမာ္ဆရာေတာ္
တိုက္႐ိုက္ လင့္ခ္

ျပီးခဲ့တဲ့ မတ္လ ၁၈ ရက္ေန႔က ရန္ကုန္၊ ကမၻာေအး ကုန္းေျမက မဟာပါသာဏ လွိဳင္ဂူမွာ ျမန္မာႏိုင္ငံ အဌမအၾကိမ္ ႏိုင္ငံေတာ္ သံဃာ့မဟာနာယကအဖြဲ႕ ၄၇ ပါး စံုညီ အစည္းအေ၀း က်င္းပခဲ့ပါတယ္။ အစည္းအေ၀းမွာ စစ္ေကာင္စီ သာသနာေရး၀န္ၾကီးဌာနက သေဘာမတူႏိုင္တဲ့ နဂို အၾကိဳ ညွိႏွိဳင္းအစည္းအေ၀းကတည္းက ဆရာေတာ္ၾကီးေတြ သေဘာတူ ခ်မွတ္ခဲ့တဲ့အတုိင္း ဆံုးျဖတ္ခ်က္ေတြကို ျပန္လည္ ခ်မွတ္ခဲ့တာ ေတြ႕ရပါတယ္။ ဒါေၾကာင့္လည္း ညဘက္ စစ္ေကာင္စီက အျပည့္အ၀ ထိန္းခ်ဳပ္ထားတဲ့ ျမ၀တီနဲ႔ ျမန္မာ့ရုပ္သံ သတင္းေတြမွာ မဟန ဆရာေတာ္ၾကီးေတြရဲ႕ ဆံုးျဖတ္ခ်က္ေတြကို ထည့္သြင္း ေဖာ္ျပေပးတာ မရွိပဲ ဥကၠဌ မႏၱေလးျမိဳ႕ ဗန္းေမာ္ေက်ာင္းတုိက္ ဆရာေတာ္ရဲ႕ ၾသ၀ါဒ ကထာ အက်ဥ္းခ်ဳပ္၊ သာသနာေရး၀န္ၾကီး ဦးကိုကိုရဲ႕ ေလ်ာက္ထားခ်က္ အက်ဥ္းခ်ဳပ္နဲ႔ အစည္းအေ၀း သတင္း အက်ဥ္းေလာက္ကိုပဲ ေဖာ္ျပခဲ့တာ ေတြ႕ရပါတယ္။ လက္ရွိ ဗိုလ္ခ်ဳပ္မွဴးၾကီး မင္းေအာင္လွိဳင္ ဦးေဆာင္တဲ့ စစ္ေကာင္စီရဲ႕ လုပ္ရပ္ေတြနဲ႔ ပတ္သက္ျပီး ျမန္မာႏိုင္ငံမွာ တစ္ခုတည္းေသာ၊ ဗုဒၶသာသနာနဲ႔ ပတ္သက္ရင္ အျမင့္ဆံုးေသာ မဟန အဖြဲ႕ၾကီး အေနနဲ႔ ဘယ္လို သေဘာထား၊ ဘယ္လို ဆံုးျဖတ္ခ်က္ ခ်လိုက္သလဲ ဆိုတဲ့ ကိစၥဟာ ႏုိင္ငံအတြက္ အေရးၾကီးမယ္လို႔ ယူဆ ႏိုင္ပါတယ္။ မဟန ဆရာေတာ္ေတြ ဘယ္လို ဆံုးျဖတ္ခ်က္မ်ိဳးေတြ ခ်မွတ္လိုက္သလဲ၊ အဲဒီ ဆံုးျဖတ္ခ်က္ေတြဟာ လက္ရွိ ႏိုင္ငံအတြင္း ျဖစ္ေပၚေနတဲ့ အေရးအခင္းအေပၚ ဘယ္လို အက်ိဳးသက္ေရာက္မွဳေတြ ရွိလာႏိုင္မလဲ ဆိုတာ ေလ့လာၾကည့္ၾကရေအာင္ပါ။


အခု မဟန ဆရာေတာ္ၾကီးေတြရဲ႕ ထုတ္ျပန္ေၾကညာခ်က္ဟာ မႏၱေလးတုိင္း သံဃာ့မဟာနာယက အဖြဲ႕ ဥကၠဌ ဆရာေတာ္ကေန မဟန ဥကၠဌ ဗန္းေမာ္ဆရာေတာ္ ဆီ ေမတၱာရပ္ခံ လိပ္မူေပးပို႔လိုက္တဲ့ ထုတ္ျပန္ခ်က္အေပၚ အေျခခံထားတယ္လို႔ ဆုိပါတယ္။ မဟန ဆံုးျဖတ္ခ်က္ထဲမွာ လက္ရွိ ဗိုလ္ခ်ဳပ္မွဴးၾကီး မင္းေအာင္လွိဳင္ ဦးေဆာင္တဲ့ တပ္မေတာ္က ေရြးေကာက္ခံ အစိုးရအဖြဲ႕ သမၼတ အပါအ၀င္ လူေပါင္းမ်ားစြာကို ဖမ္းဆီး၊ အာဏာရယူလိုက္ျပီး ေနာက္ပိုင္း ျဖစ္ေပၚလာတဲ့ အျခအေနေတြကို ျပည္သူေတြ ကိုယ္ဆင္းရဲ စိတ္ဆင္းရဲ ျဖစ္ေစတဲ့ ျပသနာ အျဖစ္ ရွဳျမင္ပါတယ္။ ျပည္သူျပည္သား ဒကာေတြ စိတ္မခ်မ္းသာရင္ ဆရာေတာ္ သံဃာေတာ္ ျဖစ္တဲ့ ဆရာေတြကလည္း မရႊင္မလန္း ပင္ပန္းဆင္းရဲ ျဖစ္ၾကတယ္လို႔ ဆုိပါတယ္။ အုပ္ခ်ဳပ္သူ အခ်င္းခ်င္း မညီမညြတ္ ျဖစ္ေနၾကရင္ ကမၻာအလည္မွာ မ်က္ႏွာငယ္ၾကရမယ္လို႔ သတိေပးျပီး လက္ရွိ ျဖစ္ေပၚေနတဲ့ အၾကပ္အတည္းေတြကို ေျဖရွင္းႏိုင္ဖို႔ အခ်က္(၅) ခ်က္ကို ေတာင္းဆိုထားတာ ေတြ႕ရပါတယ္။


အဲဒါေတြကေတာ့ ဆႏၵထုတ္ေဖာ္ေနတဲ့ ျပည္သူေတြကို အင္အားသံုး ေျဖရွင္းေနတာေတြကို ေရွာင္ရွားေရး သက္ဆုိင္သူေတြက ညႊန္ၾကားဖို႔၊ ျပည္သူေတြ ပိုင္ဆုိင္တဲ့ စည္းစိမ္ဥစၥာေတြကို လုယက္ ဖ်က္ဆီးေနတာေတြ မျဖစ္ေပၚေစေရး ကာကြယ္ ေစာင့္ေရွာက္ေပးဖို႔၊ မ်ိဳးဆက္သစ္ လူငယ္ေတြရဲ႕ ပံုရိပ္ ကမၻာ့အလည္ ဂုဏ္ယူ၀င့္ထည္ႏုိင္ေအာင္ စဥ္းစားေပးဖို႔၊ ႏိုင္ငံနဲ႔ လူမ်ိဳး၊ ကိုးကြယ္တဲ့ ဘာသာနဲ႔ ယဥ္ေက်းမွဳ ေတြရဲ႕ ပံုရိပ္ က်ဆင္းေစမယ့္ လုပ္ရပ္ေတြကို ႏွစ္ဖက္စလံုးက ေရွာင္ရွားၾကဖို႔၊ ေမတၱာတရား လက္ကိုင္ထားျပီး ေတြ႕ဆံုညွိႏွိဳင္း အေျဖရွားျခင္းျဖင့္သာ အက်ပ္အတည္းရဲ႕ ထြက္ေပါက္ကို ဦးတည္ၾကဖုိ႔ ဆုိျပီး ေဖာ္ျပထားပါတယ္။


တဆက္တည္းမွာပဲ မဟန အဖြဲ႕ၾကီးရဲ႕ လုပ္ငန္းေတြကို ေနာင္ ကိုဗစ္ ကပ္ေဘးၾကီးကို ထိန္းခ်ဳပ္ႏိုင္တဲ့ အခ်ိန္၊ ျမန္မာႏိုင္ငံ တည္ျငိမ္မွဳ ရရွိျပီး ျပည္သူေတြ လြတ္လြတ္လပ္လပ္ သြားလာ ေရာင္း၀ယ္ ေဖါက္ကားႏုိင္တဲ့ သင့္ေတာ္တဲ့ အခ်ိန္ကာလ တစ္ခုအထိ ရပ္ဆုိင္းထားမယ္၊ အလားတူ ျမန္မာႏုိင္ငံ ဗုဒၶဘာသာမွာ အျမင့္ဆံုး ျဖစ္တဲ့ တိပိဋက ေရြးခ်ယ္ေရး စာေမးပြဲေတြ၊ အစိုးရ ဓမၼာစရိယနဲ႔ ပါဠ ပထမျပန္ စာေမးပြဲေတြကိုလည္း ဆိုင္းငံ့ထားဖို႔ ဆံုးျဖတ္တာ ေတြ႕ရပါတယ္။ အဓိပၸါယ္ကေတာ့ စစ္ေကာင္စီ အေနနဲ႔ ေတာင္းဆိုတာေတြ လုပ္ေပးပါ၊ ဒီၾကားထဲ ရဟန္းသံဃာေတြ ဘက္ကေတာ့ သာသနာေရးဆုိင္ရာ ေဆာင္ရြက္မွဳေတြကို ဆုိင္းငံ့ထားမယ္၊ တနည္းအားျဖင့္ လက္ရွိ အစိုးရ၀န္ထမ္းေတြ လုပ္ေနၾကသလို CDM လုပ္ျပီးေနၾကမယ္ ဆိုတဲ့ သေဘာပါပဲ။
ဒီ့မတိုင္ခင္ ေရႊက်င္သာသနာပိုင္ အဖြဲ႕၊ သီတဂူ ကမၻာ့ဗုဒၶတကၠသိုလ္၊ ပိဋကတ္ ႏွစ္ပံုေအာင္ ဆရာေတာ္မ်ားအဖြဲ႕၊ မစိုးရိမ္တိုက္၊ ျမေတာင္၊ ေရႊ၀ါေရာင္ သံဃာ့ကြန္ယက္ စသျဖင့္ သံဃာအဖြဲ႕အစည္း အေတာ္မ်ားမ်ားက အလားတူ ေၾကညာခ်က္ေတြ ထုတ္ျပန္ခဲ့ၾကျပီး အခု ေနာက္ဆံုးမွ သံဃာေတြရဲ႕ အျမင့္ဆံုး အဖြဲ႕အစည္းျဖစ္တဲ့ မဟန က ထုတ္ျပန္လာတာပါ။ သံဃာေတြကို ကိုယ္စားျပဳတဲ့ အဖြဲ႕အစည္း အသီးသီးရဲ႕ ေၾကညာခ်က္ေတြကေတာ့ လက္ရွိ အာဏာသိမ္း စစ္ေကာင္စီ အေနနဲ႔ ျပည္သူေတြကို သတ္ေန ျဖတ္ေနတာေတြ ရပ္တန္႔ေပးပါ၊ ျပည္သူေတြ ပိုင္ဆုိင္တဲ့ အိုးအိမ္ပစၥည္း ဥစၥာေတြကို ဖ်က္ဆီးေနတာေတြကို ရပ္တန္႔ေပးပါ၊ ျပသနာကို အၾကမ္းမဖက္ပဲ၊ အင္အား မသံုးပဲ ေဆြးေႏြး ညွိႏွိဳင္းတဲ့နည္းနဲ႔ ေျဖရွင္းပါ ဆိုတာေတြပဲ ျဖစ္ပါတယ္။


ဒီေၾကညာခ်က္ေတြကို ၾကည့္ရင္ ဗိုလ္ခ်ဳပ္မွဴးၾကီး မင္းေအာင္လွိဳင္ ဦးေဆာင္တဲ့ စစ္ေကာင္စီကို တိုင္းရင္းသား ျပည္သူလူထု၊ အစိုးရ၀န္ထမ္း ေတြတင္မက သံဃာထုကပါ လက္မခံႏုိင္ဘူး ဆိုတဲ့ သေဘာ ေတြ႕ျမင္ၾကရပါတယ္။ ဒါေပမယ့္ ၂၀၀၇ ခုႏွစ္တုန္းကလို လမ္းေပၚကို ဆႏၵျပ သံဃာေတြ အလံုးအရင္းနဲ႔ ထြက္လာတာ မေတြ႕ရသလို၊ စစ္ေကာင္စီ အေပၚ ျပင္းထန္တဲ့ သပိတ္ေမွာက္ ကံေဆာင္တာမ်ိဳးေတြကိုလည္း မေတြ႕ျမင္ရေသးပါဘူး။ ဒါကလည္း အေၾကာင္း အမ်ိဳးမ်ိဳး ရွိႏိုင္ပါတယ္။ ၂၀၀၇ ခုႏွစ္ ေရႊ၀ါေရာင္ သံဃာ့ အေရးအခင္းကာလ ဆုိတာ စစ္အာဏာရွင္ေတြ ဖိႏွိပ္မွဳေၾကာင့္ ျပည္သူေတြ ျပားျပားေမွာက္ ေၾကာက္ရြံ႕ေနရခ်ိန္လည္း ျဖစ္ပါတယ္။ ဒီလို အခ်ိန္ သံဃာေတြ လမ္းေပၚထြက္ရင္ တုိင္းျပည္အတြက္ ေကာင္းမြန္တဲ့ အက်ိဳးရလာဒ္ ထြက္ေပၚလာေလ မလား ဆုိျပီး သံဃာအေျမာက္အမ်ား လမ္းေပၚ ထြက္လာခဲ့ၾကတာပဲျဖစ္ပါတယ္။ ထြက္ခဲ့တဲ့ ပံုစံကလည္း ဘယ္လို ႏုိင္ငံေရးေၾကြးေၾကာ္သံ တစ္ခုတေလမွ မေအာ္ပဲ ေမတၱာပို႔ အမွ်ေပး ဆုေတာင္းစာေတြ ရြတ္ဖတ္ျပီး စည္းကမ္းရွိရွိ လွည့္လည္ ၾကြခ်ီၾကတာမ်ိဳးပါ။ ဒါေပမယ့္ ဒီလို အေျခအေနမ်ိဳးကိုလည္း စစ္အာဏာရွင္ေတြက သီးမခံ အၾကမ္းဖက္ ျဖိဳခြဲတာ ခံခဲ့ၾကရပါတယ္။


၁၉၈၈ စစ္အာဏာသိမ္းျပီး ေနာက္ပိုင္း သံဃာေတြရဲ႕ အာဏာသိမ္း စစ္ေခါင္းေဆာင္ေတြကို တုန္႔ျပန္မွဳက တစ္မ်ိဳးျဖစ္ပါတယ္။ ျမန္မာႏုိင္ငံရဲ႕ စတုတၳေျမာက္ တိပိဋက ဆရာေတာ္ ဦးသုမဂၤလ ဦးေဆာင္ျပီး စစ္ေခါင္းေဆာင္ အသိုင္းအ၀ိုင္းကို ပတၱနိကၠဳဇၨန ကံေဆာင္ သပိတ္ေမွာက္ပါတယ္။ စစ္အရာရွိ အသိုင္းအ၀ိုင္းကို ဗုဒၶသာသနာေတာ္ ဆုိင္ရာ လုပ္ငန္းေတြ ေဆာင္ရြက္ မေပးပါဘူး။ ေနအိမ္ကို မၾကြ၊ တရားေဟာမေပး၊ ကပ္တဲ့ ဆြမ္းမစား၊ ဆြမ္းမခံ ၊ ရဟန္းခံမေပး၊ အစရွိသျဖင့္ လုပ္မေပးပဲ သပိတ္ေမွာက္တာပါ။ အဲလို လုပ္တဲ့အတြက္ ဘုန္းေတာ္ၾကီးေက်ာင္းတုိက္ အေတာ္မ်ားမ်ားကို စစ္တပ္က ၀င္စီး၊ ဘုန္းၾကီးေတြကို ဖမ္းဆီး၊ လူ၀တ္လဲ၊ ေထာင္ခ်တာ လုပ္ခဲ့သလို၊ ဦးေဆာင္ဆရာေတာ္ ပဥၥမေျမာက္ တိပိဋက ဆရာေတာ္ ဦးသုမဂၤလ ကိုလည္း ဖမ္းဆီး၊လူ၀တ္လဲ၊ ႏွစ္ရွည္ေထာင္ခ်ျပီး ျမစ္ၾကီးနားေထာင္ ပို႔ခဲ့ပါတယ္။

အခုတစ္ၾကိမ္ တုိင္းျပည္မွာ ျပည္သူေတြကို သတ္ျဖတ္၊ ရိုက္ႏွက္၊ ဖမ္းဆီး၊ ေထာင္ခ်၊ အုိးအိမ္ပစၥည္းေတြ ဖ်က္ဆီး၊ လူ႔အခြင့္အေရး ခ်ိဳးေဖါက္ လုပ္ေနတဲ့ စစ္ေကာင္စီကို သံဃာထုေတြရဲ႕ တုန္႔ျပန္ပံုဟာ အရင္ အခ်ိန္ေတြတုန္းကထက္ ပိုျပီး ညီညြတ္၊ ပိုျပီး စနစ္က်လာတာ ေတြ႕ရပါတယ္။ ဒီ တုန္႔ျပန္မွဳေၾကာင့္ လက္ရွိ ကိစၥေတြအားလံုးကို ညႊန္ၾကား အမိန္႔ေပးေနတဲ့ ဗိုလ္ခ်ဳပ္မွဴးၾကီး မင္းေအာင္လွိဳင္ရဲ႕ လုပ္ရပ္ေတြ ေျပာင္းလဲ မသြားႏုိင္ဘူး ဆုိေပမယ့္ ျပည္သူလူထု တစ္ရပ္လံုး ဆင္ႏဲႊေနတဲ့ အာဏာရွင္ဆန္႔က်င္ေရး အေရးေတာ္ပံုၾကီးကိုေတာ့ တစ္တပ္တစ္အား ပံ့ပိုးကူညီရာ ေရာက္ေစမယ္ ျဖစ္ေၾကာင္းပါ။
-----------------------------------
စစ်ကောင်စီကို မဟန တုန့်ပြန်မှု ထိရောက်မှာလား
စည်သူအောင်မြင့်
ပြီးခဲ့တဲ့ မတ်လ ၁၈ ရက်နေ့က ရန်ကုန်၊ ကမ္ဘာအေး ကုန်းမြေက မဟာပါသာဏ လှိုင်ဂူမှာ မြန်မာနိုင်ငံ အဌမအကြိမ် နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့ ၄၇ ပါး စုံညီ အစည်းအဝေး ကျင်းပခဲ့ပါတယ်။ အစည်းအဝေးမှာ စစ်ကောင်စီ သာသနာရေးဝန်ကြီးဌာနက သဘောမတူနိုင်တဲ့ နဂို အကြို ညှိနှိုင်းအစည်းအဝေးကတည်းက ဆရာတော်ကြီးတွေ သဘောတူ ချမှတ်ခဲ့တဲ့အတိုင်း ဆုံးဖြတ်ချက်တွေကို ပြန်လည် ချမှတ်ခဲ့တာ တွေ့ရပါတယ်။ ဒါကြောင့်လည်း ညဘက် စစ်ကောင်စီက အပြည့်အ၀ ထိန်းချုပ်ထားတဲ့ မြဝတီနဲ့ မြန်မာ့ရုပ်သံ သတင်းတွေမှာ မဟန ဆရာတော်ကြီးတွေရဲ့ ဆုံးဖြတ်ချက်တွေကို ထည့်သွင်း ဖော်ပြပေးတာ မရှိပဲ ဥက္ကဌ မန္တလေးမြို့ ဗန်းမော်ကျောင်းတိုက် ဆရာတော်ရဲ့ သြဝါဒ ကထာ အကျဉ်းချုပ်၊ သာသနာရေးဝန်ကြီး ဦးကိုကိုရဲ့ လျောက်ထားချက် အကျဉ်းချုပ်နဲ့ အစည်းအဝေး သတင်း အကျဉ်းလောက်ကိုပဲ ဖော်ပြခဲ့တာ တွေ့ရပါတယ်။ လက်ရှိ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်တွေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံမှာ တစ်ခုတည်းသော၊ ဗုဒ္ဓသာသနာနဲ့ ပတ်သက်ရင် အမြင့်ဆုံးသော မဟန အဖွဲ့ကြီး အနေနဲ့ ဘယ်လို သဘောထား၊ ဘယ်လို ဆုံးဖြတ်ချက် ချလိုက်သလဲ ဆိုတဲ့ ကိစ္စဟာ နိုင်ငံအတွက် အရေးကြီးမယ်လို့ ယူဆ နိုင်ပါတယ်။ မဟန ဆရာတော်တွေ ဘယ်လို ဆုံးဖြတ်ချက်မျိုးတွေ ချမှတ်လိုက်သလဲ၊ အဲဒီ ဆုံးဖြတ်ချက်တွေဟာ လက်ရှိ နိုင်ငံအတွင်း ဖြစ်ပေါ်နေတဲ့ အရေးအခင်းအပေါ် ဘယ်လို အကျိုးသက်ရောက်မှုတွေ ရှိလာနိုင်မလဲ ဆိုတာ လေ့လာကြည့်ကြရအောင်ပါ။
အခု မဟန ဆရာတော်ကြီးတွေရဲ့ ထုတ်ပြန်ကြေညာချက်ဟာ မန္တလေးတိုင်း သံဃာ့မဟာနာယက အဖွဲ့ ဥက္ကဌ ဆရာတော်ကနေ မဟန ဥက္ကဌ ဗန်းမော်ဆရာတော် ဆီ မေတ္တာရပ်ခံ လိပ်မူပေးပို့လိုက်တဲ့ ထုတ်ပြန်ချက်အပေါ် အခြေခံထားတယ်လို့ ဆိုပါတယ်။ မဟန ဆုံးဖြတ်ချက်ထဲမှာ လက်ရှိ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ တပ်မတော်က ရွေးကောက်ခံ အစိုးရအဖွဲ့ သမ္မတ အပါအဝင် လူပေါင်းများစွာကို ဖမ်းဆီး၊ အာဏာရယူလိုက်ပြီး နောက်ပိုင်း ဖြစ်ပေါ်လာတဲ့ အခြအနေတွေကို ပြည်သူတွေ ကိုယ်ဆင်းရဲ စိတ်ဆင်းရဲ ဖြစ်စေတဲ့ ပြသနာ အဖြစ် ရှုမြင်ပါတယ်။ ပြည်သူပြည်သား ဒကာတွေ စိတ်မချမ်းသာရင် ဆရာတော် သံဃာတော် ဖြစ်တဲ့ ဆရာတွေကလည်း မရွှင်မလန်း ပင်ပန်းဆင်းရဲ ဖြစ်ကြတယ်လို့ ဆိုပါတယ်။ အုပ်ချုပ်သူ အချင်းချင်း မညီမညွတ် ဖြစ်နေကြရင် ကမ္ဘာအလည်မှာ မျက်နှာငယ်ကြရမယ်လို့ သတိပေးပြီး လက်ရှိ ဖြစ်ပေါ်နေတဲ့ အကြပ်အတည်းတွေကို ဖြေရှင်းနိုင်ဖို့ အချက်(၅) ချက်ကို တောင်းဆိုထားတာ တွေ့ရပါတယ်။
အဲဒါတွေကတော့ ဆန္ဒထုတ်ဖော်နေတဲ့ ပြည်သူတွေကို အင်အားသုံး ဖြေရှင်းနေတာတွေကို ရှောင်ရှားရေး သက်ဆိုင်သူတွေက ညွှန်ကြားဖို့၊ ပြည်သူတွေ ပိုင်ဆိုင်တဲ့ စည်းစိမ်ဥစ္စာတွေကို လုယက် ဖျက်ဆီးနေတာတွေ မဖြစ်ပေါ်စေရေး ကာကွယ် စောင့်ရှောက်ပေးဖို့၊ မျိုးဆက်သစ် လူငယ်တွေရဲ့ ပုံရိပ် ကမ္ဘာ့အလည် ဂုဏ်ယူဝင့်ထည်နိုင်အောင် စဉ်းစားပေးဖို့၊ နိုင်ငံနဲ့ လူမျိုး၊ ကိုးကွယ်တဲ့ ဘာသာနဲ့ ယဉ်ကျေးမှု တွေရဲ့ ပုံရိပ် ကျဆင်းစေမယ့် လုပ်ရပ်တွေကို နှစ်ဖက်စလုံးက ရှောင်ရှားကြဖို့၊ မေတ္တာတရား လက်ကိုင်ထားပြီး တွေ့ဆုံညှိနှိုင်း အဖြေရှားခြင်းဖြင့်သာ အကျပ်အတည်းရဲ့ ထွက်ပေါက်ကို ဦးတည်ကြဖို့ ဆိုပြီး ဖော်ပြထားပါတယ်။
တဆက်တည်းမှာပဲ မဟန အဖွဲ့ကြီးရဲ့ လုပ်ငန်းတွေကို နောင် ကိုဗစ် ကပ်ဘေးကြီးကို ထိန်းချုပ်နိုင်တဲ့ အချိန်၊ မြန်မာနိုင်ငံ တည်ငြိမ်မှု ရရှိပြီး ပြည်သူတွေ လွတ်လွတ်လပ်လပ် သွားလာ ရောင်းဝယ် ဖေါက်ကားနိုင်တဲ့ သင့်တော်တဲ့ အချိန်ကာလ တစ်ခုအထိ ရပ်ဆိုင်းထားမယ်၊ အလားတူ မြန်မာနိုင်ငံ ဗုဒ္ဓဘာသာမှာ အမြင့်ဆုံး ဖြစ်တဲ့ တိပိဋက ရွေးချယ်ရေး စာမေးပွဲတွေ၊ အစိုးရ ဓမ္မာစရိယနဲ့ ပါဠ ပထမပြန် စာမေးပွဲတွေကိုလည်း ဆိုင်းငံ့ထားဖို့ ဆုံးဖြတ်တာ တွေ့ရပါတယ်။ အဓိပ္ပါယ်ကတော့ စစ်ကောင်စီ အနေနဲ့ တောင်းဆိုတာတွေ လုပ်ပေးပါ၊ ဒီကြားထဲ ရဟန်းသံဃာတွေ ဘက်ကတော့ သာသနာရေးဆိုင်ရာ ဆောင်ရွက်မှုတွေကို ဆိုင်းငံ့ထားမယ်၊ တနည်းအားဖြင့် လက်ရှိ အစိုးရဝန်ထမ်းတွေ လုပ်နေကြသလို CDM လုပ်ပြီးနေကြမယ် ဆိုတဲ့ သဘောပါပဲ။
ဒီ့မတိုင်ခင် ရွှေကျင်သာသနာပိုင် အဖွဲ့၊ သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ ပိဋကတ် နှစ်ပုံအောင် ဆရာတော်များအဖွဲ့၊ မစိုးရိမ်တိုက်၊ မြတောင်၊ ရွှေဝါရောင် သံဃာ့ကွန်ယက် စသဖြင့် သံဃာအဖွဲ့အစည်း အတော်များများက အလားတူ ကြေညာချက်တွေ ထုတ်ပြန်ခဲ့ကြပြီး အခု နောက်ဆုံးမှ သံဃာတွေရဲ့ အမြင့်ဆုံး အဖွဲ့အစည်းဖြစ်တဲ့ မဟန က ထုတ်ပြန်လာတာပါ။ သံဃာတွေကို ကိုယ်စားပြုတဲ့ အဖွဲ့အစည်း အသီးသီးရဲ့ ကြေညာချက်တွေကတော့ လက်ရှိ အာဏာသိမ်း စစ်ကောင်စီ အနေနဲ့ ပြည်သူတွေကို သတ်နေ ဖြတ်နေတာတွေ ရပ်တန့်ပေးပါ၊ ပြည်သူတွေ ပိုင်ဆိုင်တဲ့ အိုးအိမ်ပစ္စည်း ဥစ္စာတွေကို ဖျက်ဆီးနေတာတွေကို ရပ်တန့်ပေးပါ၊ ပြသနာကို အကြမ်းမဖက်ပဲ၊ အင်အား မသုံးပဲ ဆွေးနွေး ညှိနှိုင်းတဲ့နည်းနဲ့ ဖြေရှင်းပါ ဆိုတာတွေပဲ ဖြစ်ပါတယ်။
ဒီကြေညာချက်တွေကို ကြည့်ရင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်ကောင်စီကို တိုင်းရင်းသား ပြည်သူလူထု၊ အစိုးရဝန်ထမ်း တွေတင်မက သံဃာထုကပါ လက်မခံနိုင်ဘူး ဆိုတဲ့ သဘော တွေ့မြင်ကြရပါတယ်။ ဒါပေမယ့် ၂၀၀၇ ခုနှစ်တုန်းကလို လမ်းပေါ်ကို ဆန္ဒပြ သံဃာတွေ အလုံးအရင်းနဲ့ ထွက်လာတာ မတွေ့ရသလို၊ စစ်ကောင်စီ အပေါ် ပြင်းထန်တဲ့ သပိတ်မှောက် ကံဆောင်တာမျိုးတွေကိုလည်း မတွေ့မြင်ရသေးပါဘူး။ ဒါကလည်း အကြောင်း အမျိုးမျိုး ရှိနိုင်ပါတယ်။ ၂၀၀၇ ခုနှစ် ရွှေဝါရောင် သံဃာ့ အရေးအခင်းကာလ ဆိုတာ စစ်အာဏာရှင်တွေ ဖိနှိပ်မှုကြောင့် ပြည်သူတွေ ပြားပြားမှောက် ကြောက်ရွံ့နေရချိန်လည်း ဖြစ်ပါတယ်။ ဒီလို အချိန် သံဃာတွေ လမ်းပေါ်ထွက်ရင် တိုင်းပြည်အတွက် ကောင်းမွန်တဲ့ အကျိုးရလာဒ် ထွက်ပေါ်လာလေ မလား ဆိုပြီး သံဃာအမြောက်အများ လမ်းပေါ် ထွက်လာခဲ့ကြတာပဲဖြစ်ပါတယ်။ ထွက်ခဲ့တဲ့ ပုံစံကလည်း ဘယ်လို နိုင်ငံရေးကြွေးကြော်သံ တစ်ခုတလေမှ မအော်ပဲ မေတ္တာပို့ အမျှပေး ဆုတောင်းစာတွေ ရွတ်ဖတ်ပြီး စည်းကမ်းရှိရှိ လှည့်လည် ကြွချီကြတာမျိုးပါ။ ဒါပေမယ့် ဒီလို အခြေအနေမျိုးကိုလည်း စစ်အာဏာရှင်တွေက သီးမခံ အကြမ်းဖက် ဖြိုခွဲတာ ခံခဲ့ကြရပါတယ်။
၁၉၈၈ စစ်အာဏာသိမ်းပြီး နောက်ပိုင်း သံဃာတွေရဲ့ အာဏာသိမ်း စစ်ခေါင်းဆောင်တွေကို တုန့်ပြန်မှုက တစ်မျိုးဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ စတုတ္ထမြောက် တိပိဋက ဆရာတော် ဦးသုမင်္ဂလ ဦးဆောင်ပြီး စစ်ခေါင်းဆောင် အသိုင်းအဝိုင်းကို ပတ္တနိက္ကုဇ္ဇန ကံဆောင် သပိတ်မှောက်ပါတယ်။ စစ်အရာရှိ အသိုင်းအဝိုင်းကို ဗုဒ္ဓသာသနာတော် ဆိုင်ရာ လုပ်ငန်းတွေ ဆောင်ရွက် မပေးပါဘူး။ နေအိမ်ကို မကြွ၊ တရားဟောမပေး၊ ကပ်တဲ့ ဆွမ်းမစား၊ ဆွမ်းမခံ ၊ ရဟန်းခံမပေး၊ အစရှိသဖြင့် လုပ်မပေးပဲ သပိတ်မှောက်တာပါ။ အဲလို လုပ်တဲ့အတွက် ဘုန်းတော်ကြီးကျောင်းတိုက် အတော်များများကို စစ်တပ်က ဝင်စီး၊ ဘုန်းကြီးတွေကို ဖမ်းဆီး၊ လူဝတ်လဲ၊ ထောင်ချတာ လုပ်ခဲ့သလို၊ ဦးဆောင်ဆရာတော် ပဉ္စမမြောက် တိပိဋက ဆရာတော် ဦးသုမင်္ဂလ ကိုလည်း ဖမ်းဆီး၊လူဝတ်လဲ၊ နှစ်ရှည်ထောင်ချပြီး မြစ်ကြီးနားထောင် ပို့ခဲ့ပါတယ်။
အခုတစ်ကြိမ် တိုင်းပြည်မှာ ပြည်သူတွေကို သတ်ဖြတ်၊ ရိုက်နှက်၊ ဖမ်းဆီး၊ ထောင်ချ၊ အိုးအိမ်ပစ္စည်းတွေ ဖျက်ဆီး၊ လူ့အခွင့်အရေး ချိုးဖေါက် လုပ်နေတဲ့ စစ်ကောင်စီကို သံဃာထုတွေရဲ့ တုန့်ပြန်ပုံဟာ အရင် အချိန်တွေတုန်းကထက် ပိုပြီး ညီညွတ်၊ ပိုပြီး စနစ်ကျလာတာ တွေ့ရပါတယ်။ ဒီ တုန့်ပြန်မှုကြောင့် လက်ရှိ ကိစ္စတွေအားလုံးကို ညွှန်ကြား အမိန့်ပေးနေတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ လုပ်ရပ်တွေ ပြောင်းလဲ မသွားနိုင်ဘူး ဆိုပေမယ့် ပြည်သူလူထု တစ်ရပ်လုံး ဆင်နွဲှနေတဲ့ အာဏာရှင်ဆန့်ကျင်ရေး အရေးတော်ပုံကြီးကိုတော့ တစ်တပ်တစ်အား ပံ့ပိုးကူညီရာ ရောက်စေမယ် ဖြစ်ကြောင်းပါ။
XS
SM
MD
LG