သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရားစီရင်ရေး ပြသနာ ဘယ်သူတွေမှာ တာဝန်ရှိသလဲ

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ရန်ကုန်တိုင်းဒေသကြီးရှိ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေးမဏ္ဍိုင်တို့မှ တာဝန်ရှိသူများနှင့်တွေ့ဆုံ စဉ် - ဇူလိုင်လ ၂၉၊ ၂၀၁၈ (ဓါတ်ပုံ- Myanmar President Office)
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ရန်ကုန်တိုင်းဒေသကြီးရှိ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေးမဏ္ဍိုင်တို့မှ တာဝန်ရှိသူများနှင့်တွေ့ဆုံ စဉ် - ဇူလိုင်လ ၂၉၊ ၂၀၁၈ (ဓါတ်ပုံ- Myanmar President Office)

ပြီးခဲ့တဲ့ ဇူလိုင် ၃၁ ရက်နေ့က နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်ဟာ တရားသူကြီးချုပ်၊ ရှေ့နေချုပ်နဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဌ တို့ကို တစ်ချိန်တည်း ခေါ်ယူတွေ့ဆုံခဲ့ပါတယ်။ အကြောင်းကတော့ လူအများမြင်ကွင်းမှာ ဝိုင်းဝန်းထိုးကြိတ်၊ ကန်ကြောက် ရိုက်နှက်တာ ခံရပြီးနောက် သေဆုံးသွားတဲ့ ဟာသသရုပ်ဆောင် အောင်ရဲထွေး အမှုမှာ တရားခံလို့ စွပ်စွဲခံထားရသူတွေကို စွဲချက်မတင်မီ ပြန်လွှတ်ပေးလိုက်တဲ့ ခရိုင်တရားရုံးရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး ဥပဒေနဲ့အညီ ဖြစ်စေဖို့၊ တကယ်လို့ အဲဒီကိစ္စမှာ အဂတိလိုက်စားမှု ပြသနာပါ ရှိခဲ့ရင် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေနဲ့အညီ အရေးယူဖို့ လမ်းညွှန်မှု ပေးခဲ့တာ ဖြစ်ပါတယ်။ နောက်ဆက်တွဲအဖြစ် အမှုကြေအေး ရုပ်သိမ်းတာနဲ့ ပတ်သက်ပြီး ရာဇဝတ်မှု ပြင်ဆင်မှု ဖွင့်ခဲ့တာကို ရန်ကုန်တိုင်း တရားလွှတ်တော်က လက်ခံခဲ့သလို၊ အောင်ရဲထွေး အမှုမှာ တရားခံလို့ စွပ်စွဲခံရသူတွေကို လွှတ်ပေးလိုက်တဲ့ ကိစ္စမှာ အဂတိလိုက်စားမှု ရှိနိုင်တယ် ဆိုပြီး လူမှုကွန်ယက် စာမျက်နှာတွေနဲ့ ပြည်သူတွေအကြား ပြောဆိုနေကြတဲ့ ကိစ္စကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ကလည်း ကျော်ဇောသတင်းအဖြစ် သတ်မှတ်လိုက်ပါတယ်။ အဓိပ္ပါယ်ကတော့ အောင်ရဲထွေးအမှုက တရားခံလို့ စွပ်စွဲခံရသူတွေကို လွှတ်ပေးလိုက်တဲ့ ကိစ္စမှာ အဂတိလိုက်စားမှု ရှိမရှိ တရားဝင် စုံစမ်းစစ်ဆေးတော့မှာလည်း ဖြစ်ပါတယ်။ဟာသသရုပ်ဆောင် အောင်ရဲထွေး အမှုကို အကြောင်းပြုပြီး နာမည်ပျက်နေတဲ့ မြန်မာ့တရားစီရင်ရေးကို ပြန်တည့်မတ်အောင် လုပ်နိုင်မလား ဆိုတာ ခုတစ်ပတ် ဆွေးနွေး တင်ပြသွားပါ့မယ်။

အောင်ရဲထွေး အမှု ဖြစ်စဉ် အကျဉ်းကို ပြန်ပြောရရင် ပြီးခဲ့တဲ့ ၂၀၁၈ နှစ်သစ်ကူးညက သင်္ကန်းကျွန်းမြို့နယ် သုဝဏ္ဏက The One Entertainment မှာလုပ်တဲ့ The Space ပါတီပွဲမှာ ဟာသသရုပ်ဆောင် အောင်ရဲထွေးနဲ့ လူငယ်တစ်ချို့ ခိုက်ရန်ဖြစ်ပွားတယ်လို့ ဆိုပါတယ်။ အဲဒီ ပါတီ လူမြင်ကွင်းမှာ အောင်ရဲထွေးကို လူငယ်တစ်ချို့က ဝိုင်းဝန်း ထိုးကြိတ်၊ ကန်ကြောက် ရိုက်နှက်မှု ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ဆေးရုံကို အပို့၊ ဆေးရုံအရောက် သေဆုံးသွားတဲ့ အမှုဖြစ်ပါတယ်။ အမှုဖြစ်ပွားပြီးနောက် အခင်းဖြစ်ပွားရာမှာ ပါဝင်ခဲ့တဲ့ လူငယ် (၃) ယောက်ကို သူတို့ မိဘတွေကိုယ်တိုင် သက်ဆိုင်ရာ ရဲစခန်းကို သွားရောက် အပ်နှံ အဖမ်းခံစေခဲ့ပါတယ်။

အမှုကို ရန်ကုန် အရှေ့ပိုင်းခရိုင် တရားရုံးက ကြားနာပါတယ်။ ဒီအတောအတွင်း တရားလို ဖြစ်တဲ့ အောင်ရဲထွေးရဲ့မိသားစုဝင်တွေက တရားရုံးကို အမှုကြေအေးကြောင်း လျောက်ထားမှု ရှိလာပါတယ်။ ကြေအေးမှုနဲ့ ပတ်သက်ပြီး ခရိုင်ဥပဒေ အရာရှိက တိုင်း ဥပဒေအရာရှိချုပ်ဆီ ဆက်ပြီး တင်ပြခဲ့တယ်လို့ သိရပါတယ်။ ရန်ကုန်တိုင်း ဥပဒေချုပ်ရဲ့ မှတ်ချက် ရလာတော့မှ၊ အဲဒီမှတ်ချက်နဲ့အတူ ခရိုင်ဥပဒေ အရာရှိချုပ်က လျောက်ထား၊ ခရိုင်တရားသူကြီးက ရာဇဝတ် ကျင့်ထုံးဥပဒေ ပုဒ်မ ၄၉၄(က) အရ စွပ်စွဲခံရသူ ၃ ယောက်ကို စွဲချက်မတင်မီ လွှတ်ပေးလိုက်တာ ဖြစ်ပါတယ်။

အားလုံးသိကြပြီဖြစ်တဲ့အတိုင်း အဲလို လွှတ်ပေးလိုက်ပြီးနောက် ဝေဖန်မှု အများကြီး ထွက်ပေါ်ခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ ထင်ရှားတဲ့ နာမည်ကြီး ရှေ့နေတွေ အားလုံးလိုလို ပြောကြ ဆိုကြ ဝေဖန်ကြတာကတော့ လူတစ်ယောက် သေစေတဲ့အထိ ဖြစ်သွားတဲ့အမှု၊ တရားခံတွေကို စွဲချက်မတင်မီ လွှတ်လိုက်တာမျိုး သူတို့ အတွေ့အကြုံအရ မကြား၊ မသိခဲ့ဖူးဘူး ဆိုတာပါပဲ။ နောက်တော့ အဲဒီ ဝေဖန်မှုထဲ နိုင်ငံတော် သမ္မတ ကိုယ်တိုင် ဝင်ရောက်လာပါတယ်။ သူက ပြည်သူအချင်းချင်း ဖြစ်ကြတဲ့ အမှု ဖြစ်ပါစေ၊ လူသေဆုံးတဲ့ အထိဆိုရင် ခုလို ကြေအေးတာမျိုး မဖြစ်ရဘူး၊ တရားလိုဟာ နိုင်ငံတော် အစိုးရကိုယ်တိုင် ဖြစ်တယ်၊ အခုလို ဆုံးဖြတ်ချက်မျိုး သူ့တစ်သက်နဲ့တကိုယ် တစ်ခါမှ မကြားခဲ့ဖူးဘူး လို့ ဆိုခဲ့ပါတယ်။ ဒီလိုနည်းနဲ့ အဲဒီ အမှုကို တိုင်းအဆင့်မှာ ပြန်စစ်ဆေးဖို့ ဖြစ်လာ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေနဲ့ စုံစမ်းစစ်ဆေးဖို့ အခြေအနေအထိ ရောက်လာတာပါ။

ဒီအခြေအနေအောက်မှာ မြန်မာ့တရားစီရင်ရေး စနစ်ကို ပြန် လေ့လာဆန်းစစ်ကြည့်ဖို့၊ တရားစီရင်ရေးစနစ် ယိုင်နဲ့နေတယ်၊ဒါမှမဟုတ် ပြိုလဲနေပြီ အစရှိသဖြင့် ဘာကြောင့် ပြောဆိုနေကြတာလဲ၊ အဲဒါနဲ့ ပတ်သက်လို့ ဘယ်သူတွေမှာ တာဝန်ရှိသလဲ ပြန်သုံးသပ်ဖို့ အခြေအနေ ပေးလာတာဖြစ်ပါတယ်။

ပြောရရင် မြန်မာ့တရားစီရင်ရေး စနစ် ပျက်စီးယိုယွင်းနေတာနဲ့ ပတ်သက်ပြီး လူအများစုကြီးဟာ တရားသူကြီးတွေလောက်ကိုပဲ အပြစ်မြင်နေကြတာ များပါတယ်။ တရားသူကြီးတွေ အကျင့်စာရိတ္တ မကောင်းဘူး၊ တရားသူကြီးတွေ လာဘ်စားတယ် ဆိုပြီး စွတ်စွဲမှုတွေ အတော်လေး များပါတယ်။ ဒါပေမယ့် တကယ့်တကယ် လက်တွေ့ကျကျ စဉ်းစားရင် ဘယ်လောက်ပဲ လွတ်လွတ်လပ်လပ် ရပ်တည်တဲ့ တရားသူကြီး ဖြစ်ပါစေ၊ တရားရုံးရှေ့မှောက် ရောက်လာတဲ့ အချက်အလက်၊ သက်သေထွက်ဆိုချက်၊ ဥပဒေ ပြဌာန်းချက်တွေကို ဘာမှ ကျော်လွန်ပြီး ဆုံးဖြတ်လို့ ရတဲ့ အနေအထား မရှိပါဘူး။

နောက်ပိုင်း အခုလို ခေတ်သစ်ထဲမှာဆို တရားသူကြီးတစ်ယောက် မမှန်မကန် အမိန့်ချလိုက်တယ်ဆိုရင် သူ့ရဲ့ စီရင်ချက်ကို ကြည့်ရုံနဲ့တင် မမှန်မကန် လုပ်ထားသလား၊ မလုပ်ထားဘူးလား မှန်းဆ ကြည့်နိုင်ပါတယ်။ ဒါပေမယ့် အများပြည်သူ လွယ်လွယ်ကူကူ မသိနိုင်တာက အမှုကို တရားရုံးစွဲတင်တဲ့ ရဲတပ်ဖွဲ့လို၊ စသုံးလုံးလို၊ မှုခင်းသတင်းတပ်ဖွဲ့လို၊ အစိုးရ အရာရှိတွေလို လူနဲ့အဖွဲ့အစည်းတွေက မှန်မှန်ကန်ကန်၊ ပြည့်ပြည့်စုံစုံ၊ အားတက်သရော အမှုတွေကို တင်ပြခဲ့သလား ဆိုတာပါ။ တရားစွဲ အဖွဲ့အစည်းတွေက မှန်မှန်ကန်ကန် မတင်ပြရင်၊ ပြည့်ပြည့်စုံစုံ မတင်ပြပဲ ထိန်ချန်ထားရင်၊ လာဘ်ပေးလာဘ်ယူ လုပ်ပြီး တက်တက်ကြွကြွ မတင်ပြရင် အဲဒီအမှု တည်ဆောက်ပုံ ပြည့်စုံမှု ရှိမှာ မဟုတ်ပဲ တရားသူကြီးကလည်း ဘယ်လိုမှ မှန်မှန်ကန်ကန် စီရင်နိုင်မှာ မဟုတ်ပါဘူး။

ပြည်သူတွေ နောက်ထပ် မသိသေးတဲ့ ကိစ္စ တစ်ခုကတော့ မြို့နယ် ဥပဒေ အရာရှိတွေ၊ ခရိုင် ဥပဒေ အရာရှိတွေနဲ့ ဥပဒေချုပ်တွေရဲ့ အခန်းကဏ္ဍပါ။ တိုင်ကြားချက်တွေနဲ့ ပတ်သက်ရင် တရားစွဲသင့်တယ် မစွဲသင့်ဘူး၊ စွဲမယ်ဆိုရင် ဘယ်ပုဒ်မတွေနဲ့ စွဲသင့်တယ်၊ ဘယ်ပုဒ်မတွေ မတပ်သင့်ဘူး စသဖြင့် နောက်ကွယ်က မှတ်ချက်ပေး ကြိုးကိုင်နေကြသူတွေဟာ အဲဒီ ဥပဒေအရာရှိတွေပါ။ အမှုကို အမိန့်ချနိုင်တဲ့ တရားသူကြီး၊ အမှုတည်ဆောက်တဲ့ ရဲတပ်ဖွဲ့လိုမျိုးပဲ အဲဒီ ဥပဒေအရာရှိတွေ၊ ဥပဒေချုပ်တွေကလည်း တရားစီရင်ရေးမှာ အရေးပါသလို၊ အဂတိလိုက်စားတဲ့ စက်ဝန်းထဲမှာလည်း အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်နေကြသူတွေပါ။ အခု အောင်ရဲထွေးကို လွှတ်ပေးလိုက်တဲ့ အမှုမှာ အဲဒီ ဥပဒေအရာရှိတွေ၊ ဥပဒေချုပ်တွေရဲ့ အခန်းကဏ္ဍကို ထင်ထင်ရှားရှား မြင်နေရပြီး မကြာခင် ဒီထက်ပို တွေ့မြင်လာရနိုင်ပါတယ်။

လက်ရှိကာလ တရားဥပဒေ စိုးမိုးရေး စကားလုံးကို တွင်တွင်သုံးနေတာ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်ပါ။ ဒါပေမယ့် တရားစီရင်ရေးစနစ် ကောင်းမွန်ဖို့ ဆိုရင် တရားသူကြီးတွေ၊ တရားစွဲ အဖွဲ့အစည်းတွေဖြစ်တဲ့ ရဲတပ်ဖွဲ့လိုမျိုးနဲ့ ဥပဒေ အရာရှိတွေ မှန်မှန်ကန်ကန်နဲ့ အဂတိမလိုက်စားပဲ အလုပ်လုပ်ကြဖို့ လိုပါတယ်။ ဒီအတွက် တာဝန်ရှိသူတွေကတော့ ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ တပ်မတာ်အရာရှိကြီးတွေ ဖြစ်ခဲ့ကြတဲ့ တရားသူကြီးချုပ် ဦးထွန်းထွန်းဦး နဲ့ ရှေ့နေချုပ် ဦးထွန်းထွန်းဦး တို့ပဲ ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG