သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာ ကိုဗစ္ကို ေအာင္ျမင္ေနသလား ကိုဗစ္ကပဲ ေအာင္ပြဲခံေနသလား


ေျမာက္ဥကၠလာပျပည္သူ႔ေဆး႐ုံႀကီး၊ COVID-19 ေရာဂါ အထူးၾကပ္မတ္ကုသေဆာင္မွာ ေရာဂါျပင္းထန္စြာ ခံစားရေနသူေတြကို ကုသေစာင့္ေရွာက္မႈ ေပးေနတဲ့ က်န္းမာေရးဝန္ထမ္းမ်ား။ (ဒီဇင္ဘာ ၂၄၊ ၂၀၂၀)
တိုက္႐ိုက္ လင့္ခ္

ျပီးခဲ့တဲ့ ဒီဇင္ဘာ ၁၉ ရက္ေန႔က Covid-19 နဲ႔ ပတ္သက္ျပီး Healthy and Happy Life in the new normal လို႔ နာမည္ေပးထားတဲ့ အစည္းအေ၀း တစ္ခု လုပ္ပါတယ္။ အဲဒီ အစည္းအေ၀းမွာ က်န္းမာေရး၀န္ၾကီး ေဒါက္တာျမင့္ေထြးက Covid-19 ဟာ ရာသီတုတ္ေကြးလိုပဲ လေပါင္းမ်ားစြာ တည္ရွိေနမယ္၊ ဒီ့အတြက္ ပညာေရး၊ လူမွဳေရး၊ စီးပြားေရး၊ အားကစားက႑ တာ၀န္ရွိသူေတြ အေနနဲ႔ ၾကိဳတင္ တြက္ဆ ျပင္ဆင္ ေဆာင္ရြက္ထားၾကရမယ္။ Covid-19 ျဖစ္ပြားမွဳနဲ႔ အတူ ပံုမွန္ လုပ္ငန္းေတြ အရွိန္အဟုန္မပ်က္ လုပ္ကိုင္ေနၾကဖို႔ လိုအပ္တယ္၊ အဲလို မလုပ္ႏုိင္ရင္ ႏိုင္ငံဖြံ႕ျဖိဳးမွဳ ေနာက္က်ႏိုင္တယ္ ဆိုျပီး ေျပာဆုိခဲ့ပါတယ္။ ဒီ ေျပာဆိုခ်က္ဟာ အစိုးရရဲ႕ အရင္ရွိျပီးသား မူ၀ါဒ ျဖစ္တဲ့ Covid-19 ကို အတိုင္းအတာ တစ္ခု အထိ ထိန္းခ်ဳပ္ႏိုင္ေအာင္ ၾကိဳးစားမယ္၊ အဲလို ထိန္းခ်ဳပ္ႏုိင္ေတာ့မွ ရပ္တန္႔ထားရတဲ့ လုပ္ငန္းေတြ ျပန္စ မယ္ ဆုိတာကို ေျပာင္းလဲလိုက္တဲ့ သေဘာလဲ ျဖစ္ႏုိင္ပါတယ္။ သူေျပာတဲ့ အခ်ိန္တုန္းက ျမန္မာႏိုင္ငံမွာ ေန႔စဥ္ ကိုဗစ္ ကူးစက္မွဳႏွဳန္း အေယာက္ ၁၀၀၀ ေအာက္ကို မက်ေသးပါဘူး။ အခု ရက္သတၱပတ္ ထဲမွာေတာ့ တစ္ေန႔ ကူးစက္ခံရသူ ၁၀၀၀ ေအာက္ က်ဆင္းလာေနေပမယ့္ ပ်မ္းမွ် လူ ၉၀၀ အထက္မွာ ရွိေနပါေသးတယ္။ လက္ရွိ ျမန္မာႏုိင္ငံဟာ Covid-19 ကပ္ေရာဂါကို ေကာင္းေကာင္းမြန္မြန္ ထိန္းခ်ဳပ္ႏုိင္ပါျပီလား၊ ဒါမွမဟုတ္ ကိုဗစ္ကပဲ ျမန္မာႏုိင္ငံကို အႏိုင္ရေနသလား၊ ဒီလို အေျခအေနမွာ က်န္းမာေရး ၀န္ၾကီးေျပာသလို ရပ္နားထားတဲ့ ပံုမွန္လုပ္ငန္းေတြ အရွိန္အဟုန္မပ်က္ ျပန္စၾကဖို႔ သင့္ပါျပီလား ဆုိတဲ့ ျပသနာ စိတ္၀င္စားဖုိ႔ ေကာင္းပါတယ္။ အဲဒီ ျပသနာေၾကာင္း ေလ့လာၾကည့္ၾကရေအာင္ပါ။

ျမန္မာမွာ ကိုဗစ္ 19 စေတြ႕တဲ့ အခုႏွစ္ မတ္လ ၂၃ ရက္ေန႔ကေန ဒုတိယ လွိဳင္းလို႔ ေခၚႏုိင္တဲ့ ရခုိင္ျပည္နယ္မွာ ေရာဂါကူးစက္ခံရသူ စေတြ႕တဲ့ ၾသဂုတ္လ ၁၆ ရက္ေန႔အထိ ကူးစက္ခံရသူ စုစုေပါင္း ၃၇၅ ေယာက္ပဲ ေတြ႕ရျပီး မဆိုစေလာက္ အေရအတြက္လို႔ေတာင္ ေျပာႏုိင္ပါတယ္။ ၾသဂုတ္လ ၁၆ ရက္ေနာက္ပိုင္း အေျခအေနေတြ ေျပာင္းလဲသြားပါတယ္။ ကူးစက္ခံရသူ အေရအတြက္ တစ္ေန႔ကို ဆယ္ဂဏန္း၊ ရာဂဏန္းကေန စက္တင္ဘာလ ၂၄ ရက္ေန႔မွာ ၁၀၀၀ ေက်ာ္ကို စ ေရာက္ပါတယ္။ ေအာက္တိုဘာ ၁၀ ရက္ေန႔မွာ တစ္ေန႔ထဲ ကူးစက္ခံရသူ ၂၁၅၈ ေယာက္နဲ႔ စံခ်ိန္က်ိဳးခဲ့ျပီး ေနာက္ပိုင္း တစ္ရက္ ပ်မ္းမ်ွကူးစက္ခံရသူ အေရအတြက္ ၁၀၀၀ နဲ႔ ၁၅၀၀ အၾကားရွိခဲ့သလို ျပီးခ့ဲတ့ဲ အပတ္ကမွ ၁၀၀၀ ေအာက္ စ က်ဆင္းလာတာ ေတြ႕ရပါတယ္။ အားလံုးကို ျခံဳျပီး ေျပာရရင္ ဒုတိယလွိဳင္းကာလ ရက္ေပါင္း ၁၃၀ အတြင္းမွာ တစ္ရက္ ပ်မ္းမ်ွ ကူးစက္ခံရသူ ၉၁၈ ေယာက္ရွိျပီး တစ္ရက္ ပ်မ္းမွ် ၁၉ ေယာက္ ေသဆံုးပါတယ္။ ဒါကို ၾကည့္ရင္ လက္ရွိ အေျခအေနဟာ အစိုးရအေနနဲ႔ ကိုဗစ္ ျဖစ္ပြားမွဳကို ထိထိေရာက္ေရာက္ မထိန္းခ်ဳပ္ႏိုင္ေသးဘူး ဆုိတဲ့ အေျဖ ထြက္ပါတယ္။

အစိုးရအေနနဲ႔ Covid-19 ကို ဒီကေန႔ အခ်ိန္ထိ မထိန္းခ်ဳပ္ႏိုင္ရျခင္းမွာ အေၾကာင္းအခ်က္ မ်ိဳးစံု ရွိႏုိင္ပါတယ္။ ပထမ အေရးၾကီးဆံုး အခ်က္ဟာ Covid-19 ရွိမရွိ လိုအပ္သေလာက္ စစ္ေဆး မေပးႏိုင္တဲ့ အေနအထားပါ။

ျမန္မာ့အိမ္နီးခ်င္းႏိုင္ငံေတြနဲ႔ ႏိုင္ငံအေတာ္မ်ားမ်ားရဲ႕ Covid-19 ကိုင္တြယ္ပံုမွာ ေရာဂါ ကူးစက္မွဳ ရွိတဲ့ ေနရာေတြကို အခ်ိန္တို ျပင္းထန္ထိေရာက္တဲ့ Lock-down ခ်၊ အဲဒီ အ၀န္းအ၀ိုင္းက လူအမ်ားၾကီးကို ဗိုင္းရပ္စ္ စစ္ေဆးေပးႏိုင္ဖို႔ ၾကိဳးစားတာပါပဲ။ လက္ရွိ ျမန္မာႏိုင္ငံ အေျခအေနကေတာ့ အဲလို တစ္ခ်ိန္တည္း တစ္ျပိဳင္တည္း Covid-19 လံုလံုေလာက္ေလာက္ အမ်ားအျပား စစ္ေဆးေပးႏုိင္တဲ့ အေျခအေန မရွိတာေၾကာင့္ ျပင္းထန္တဲ့ Lock-down ခ်တာမ်ိဳး မလုပ္ခဲ့တာ ျဖစ္ႏိုင္ပါတယ္။ ဒါနဲ႔ ပတ္သက္ျပီး မႏၱေလးမွာ လုပ္ခဲ့တဲ့ တင္းၾကပ္တဲ့ Lock-down ခ်မွဳ မေအာင္မျမင္ ျဖစ္ခဲ့ရတာက နမူနာ တစ္ခုပါ။

ေနာက္ထပ္ ဒီအခ်က္ကို ေထာက္ခံေနတဲ့ အခ်က္တစ္ခုကေတာ့ က်န္းမာေရး ၀န္ၾကီးဌာနရဲ႕ Covid-19 စစ္ေဆးႏုိင္စြမ္းအား အေရအတြက္ပါ။ လက္ရွိ အစိုးရဟာ Covid-19 ရွိမရွိ တစ္ေန႔ ပ်မ္းမွ် အခုေရ ၂သာင္းေက်ာ္ပဲ စစ္ေဆးေပးႏိုင္ျပီး အဲဒီထဲမွာမွ တိတိက်က် အေျဖထြက္တဲ့ ဓာတ္ခြဲ စစ္ေဆးမွဳက ၂၀ ရာခုိင္ႏွဳန္း ၀န္းက်င္ပဲ ရွိေနတာပါ။ က်န္ ၈၀%ဟာ negative ျပရင္ မေသျခာတဲ့ Covid-19 Rapid Antigen Diagnostic test kit ေတြနဲ႔ စစ္ေဆးေနတာမ်ိဳးပါ။

Covid-19 ကို မထိန္းခ်ဳပ္ႏိုင္တဲ့ ေနာက္ျပသနာ တစ္ခုက အစိုးရရဲ႕ စီးပြားေရးအေပၚ ငဲ့ညွာမွဳပါ။ အထူးသျဖင့္ ကုန္စည္ စီးဆင္းမွဳ ရပ္တန္႔မသြားေအာင္ အဓိက လုပ္ေဆာင္တာ ေတြ႕ႏိုင္ပါတယ္။ ႏိုင္ငံတြင္း ကိုိရုိနာ ဗိုင္းရပ္စ္ စျပီး ေရာက္လာခ်ိန္ကေန ဒီကေန႔ အခ်ိန္ထိ ကုန္စည္စီးဆင္းမွဳ ရပ္တန္႔မသြားေအာင္ ၾကိဳးစားခဲ့ပါတယ္။ အေျခအေန ပိုဆုိးလာတဲ့ ဒုတိယလွိဳင္း ကာလမွာ အခ်ိန္မီ ေပၚထြက္လာတဲ့ ကိုရီးယားလုပ္ test kit ေတြသံုးျပီး၊ ကုန္ကားသမားေတြကို စစ္ေဆး၊ ကုန္စည္စီးဆင္းမွဳ ပံုမွန္ျဖစ္ေအာင္ ဖြင့္ေပးထားခဲ့တာပါ။ တကယ္လက္ေတြ႕မွာလည္း ျမန္မာႏိုင္ငံမွာ တစ္ေန႔ တစ္ေန႔ ကိုဗစ္ စစ္ေဆးတဲ့ အေရအတြက္ ၂ ေသာင္းေက်ာ္မွာ တုိုင္းနဲ႔ ျပည္နယ္အႏွံ႕က ခ်က္ပြိဳင့္ေတြမွာ ကုန္ကားသမားေတြကို စစ္တဲ့ အေရအတြက္က အမ်ားဆံုး ပါ၀င္ေနတာ ေတြ႕ႏိုင္ပါတယ္။ ထံုးစံအတုိင္း test kit ေတြဟာ ရာႏွဳန္းျပည့္ စိတ္ခ်ရတာမ်ိဳး မဟုတ္ေလေတာ့ အဲလို ကုန္စည္စီးဆင္းမွဳ လမ္းေၾကာင္းကေနလည္း ဗိုင္းရပ္စ္ဟာ ပ်ံ႕ျပီးရင္း ပ်ံ႕တာမ်ိဳး ျဖစ္ေကာင္းျဖစ္ႏုိင္ပါတယ္။ ကိုဗစ္ ဒုတိယလွိဳင္း စကာစ က ျမန္မာႏိုင္ငံ ျမိဳ႕နယ္ တစ္ခ်ိဳ႕ေလာက္မွာပဲ ကိုဗစ္ ကူးစက္ပ်ံ႕ႏွံ႕မွဳ ေတြ႕ေနရာကေန ဒီကေန႔ အခ်ိန္မွာေတာ့ ေန႔စဥ္ ဆက္တုိက္ ဆိုသလို ပ်မ္းမွ် ျမိဳ႕ေပါင္း ၁၄၀ ၀န္းက်င္ေလာက္မွာ ကူးစက္မွဳေတြ ေတြ႕ေနရပါျပီ။ ဒါဟာ ဗိုင္းရပ္စ္ကို ထိန္းခ်ဳပ္ဖို႔ ခက္ခဲမယ့္ အေျခအေနလို႔ ယူဆႏုိင္ပါတယ္။

အခုလို ကိုဗစ္ကို အစိုးရက ထိန္းခ်ဳပ္လို႔ မရႏိုင္ေသးေလေတာ့ ျမန္မာဟာ ကမၻာေပၚမွာ အေျခအေန ဆိုးတဲ့ႏိုင္ငံေတြအထဲမ်ား ပါေနသလား ဆိုျပီး စိုးရိမ္စရာပါ။ အေမရိကန္ႏိုင္ငံ ဂၽြန္ေဟာ့ဖ္ကင္းတကၠသိုလ္ Worldometer ေဖာ္ျပခ်က္အရ လက္ရွိ ဒီဇင္ဘာ ၂၅ ခရစၥမတ္ေန႔ထိ ျမန္မာႏိုင္ငံမွာ ဗိုင္းရပ္စ္ ကူးစက္ခံရသူ ၁ သိန္း ၂ေသာင္းနီးပါးနဲ႔ ကမၻာ့အဆင့္ ၆၉၊ ေသဆံုးသူ ၂၅၀၀ ေက်ာ္နဲ႔ ကမၻာ့အဆင့္ ၅၆ လို႔ ေဖာ္ျပထားတာ ေတြ႕ႏိုင္ပါတယ္။ ဒါေပမယ့္ ဒီ ကိန္းဂဏန္းက အေရအတြက္ကိုပဲ ေဖာ္ျပထားတာမို႔ အေျခအေန အေကာင္းအဆိုး အျခားႏုိင္ငံေတြနဲ႔ ႏွိဳင္းယွဥ္လို႔ မျဖစ္ႏုိင္ပါဘူး။ ႏွိဳင္းယွဥ္လို႔ရႏုိင္တာက ျမန္မာဟာ လူ တစ္သန္းမွာ ဗိုင္းရပ္စ္ ကူးစက္ခံရသူ ၂၁၉၄ ေယာက္နဲ႔ ကမၻာ့အဆင့္ ၁၃၄၊ လူတစ္သန္းမွာ ေသဆံုးသူ ၄၆ ေယာက္နဲ႔ ကမၻာ့အဆင့္ ၁၂၅ ျဖစ္ပါတယ္။ ေျပာရရင္ ျမန္မာဟာ အိမ္နီးခ်င္း အာစီယံႏိုင္ငံ အမ်ားစုလို ကိုဗစ္ကို ကိုင္တြယ္ ထိန္းခ်ဳပ္ႏိုင္တဲ့ ႏိုင္ငံေတြလိုမ်ိဳး မဟုတ္ေပမယ့္၊ ကမၻာေပၚက ကိုဗစ္ဒဏ္ ဆုိးဆုိးရြားရြား ခံရတဲ့ ႏိုင္ငံေတြထဲမွာလည္း မပါတဲ့၊ အေျခအေန သိပ္မဆိုးတဲ့ ႏိုင္ငံအျဖစ္ သတ္မွတ္ႏိုင္ပါတယ္။

ေကာင္းတာ တစ္ခုကေတာ့ က်န္းမာေရး ေစာင့္ေရွာက္မွဳ စနစ္ နိမ့္က်လြန္းတဲ့ ျမန္မာႏိုင္ငံဟာ ႏိုင္ငံအေတာ္မ်ားမ်ားနည္းတူ ကိုဗစ္ကို ကိုင္တြယ္ ကုသႏုိင္စြမ္းပါ။ ဒီကေန႔အထိ ျမန္မာဟာ ကိုဗစ္ကူးစက္ခံရသူေတြကို ၉၇.၆% ေပ်ာက္ကင္းေအာင္ ကုသေပးႏိုင္ျပီး ေသဆံုးႏွဳန္း ၂.၄% ရွိပါတယ္။ ဒါကို ကမၻာ့ပ်မ္းမွ် ေသႏွဳန္း ၃% နဲ႔ အေမရိကန္ျပည္ေထာင္စု ေသႏွဳန္း ၂.၉% နဲ႔ ႏွိဳင္းယွဥ္ၾကည့္ႏိုင္ပါတယ္။ ကိုဗစ္ျပသနာနဲ႔ ပတ္သက္ျပီး က်န္းမာေရး၀န္ၾကီးေျပာတဲ့ “ပံုမွန္လုပ္ငန္းေတြ ျပန္မလုပ္ႏုိင္ရင္ ႏိုင္ငံဖြံ႕ျဖိဳးမွဳ ေနာက္က်ႏိုင္တယ္” ဆိုတာ မွန္ႏိုင္ပါတယ္။ ဒါေပမယ့္လည္း လက္ရွိ ျဗိတိန္၊ ေတာင္အာဖရိက နဲ႔ ႏုိင္ငံ တစ္ခ်ိဳ႕မွာ ေတြ႕လာရတဲ့ ကူးစက္ျမန္ ဗိုင္းရပ္စ္ ျပသနာ၊ ျပည္တြင္းမွာလည္း ကူးစက္မွဳကို အတိုင္းအတာ တစ္ခုအထိ ထိန္းခ်ဳပ္ထားႏိုင္ျခင္း မရွိေသးတဲ့ အျပင္ အခန္႔မသင့္ရင္ အခ်ိန္မေရြး ထိန္းမႏိုင္ သိမ္းမရ ျဖစ္သြားႏုိင္စရာ ရွိေနေသးတဲ့ အေျခအေနေအာက္မွာ “ပံုမွန္ လုပ္ငန္းေတြ အရွိန္အဟုန္မပ်က္ လုပ္ကိုင္ေနၾကဖို႔” ဆိုတဲ့ ေပၚလစီဆုိင္ရာ ကိစၥကို အေသအျခာ ျပန္ ေဆြးေႏြးသံုးသပ္ျပီးမွ အေကာင္အထည္ ေဖာ္သင့္ေၾကာင္းပါ။

--------------------------

မြန်မာ ကိုဗစ်ကို အောင်မြင်နေသလား ကိုဗစ်ကပဲ အောင်ပွဲခံနေသလား

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၉ ရက်နေ့က Covid-19 နဲ့ ပတ်သက်ပြီး Healthy and Happy Life in the new normal လို့ နာမည်ပေးထားတဲ့ အစည်းအဝေး တစ်ခု လုပ်ပါတယ်။ အဲဒီ အစည်းအဝေးမှာ ကျန်းမာရေးဝန်ကြီး ဒေါက်တာမြင့်ထွေးက Covid-19 ဟာ ရာသီတုတ်ကွေးလိုပဲ လပေါင်းများစွာ တည်ရှိနေမယ်၊ ဒီ့အတွက် ပညာရေး၊ လူမှုရေး၊ စီးပွားရေး၊ အားကစားကဏ္ဍ တာဝန်ရှိသူတွေ အနေနဲ့ ကြိုတင် တွက်ဆ ပြင်ဆင် ဆောင်ရွက်ထားကြရမယ်။ Covid-19 ဖြစ်ပွားမှုနဲ့ အတူ ပုံမှန် လုပ်ငန်းတွေ အရှိန်အဟုန်မပျက် လုပ်ကိုင်နေကြဖို့ လိုအပ်တယ်၊ အဲလို မလုပ်နိုင်ရင် နိုင်ငံဖွံ့ဖြိုးမှု နောက်ကျနိုင်တယ် ဆိုပြီး ပြောဆိုခဲ့ပါတယ်။ ဒီ ပြောဆိုချက်ဟာ အစိုးရရဲ့ အရင်ရှိပြီးသား မူဝါဒ ဖြစ်တဲ့ Covid-19 ကို အတိုင်းအတာ တစ်ခု အထိ ထိန်းချုပ်နိုင်အောင် ကြိုးစားမယ်၊ အဲလို ထိန်းချုပ်နိုင်တော့မှ ရပ်တန့်ထားရတဲ့ လုပ်ငန်းတွေ ပြန်စ မယ် ဆိုတာကို ပြောင်းလဲလိုက်တဲ့ သဘောလဲ ဖြစ်နိုင်ပါတယ်။ သူပြောတဲ့ အချိန်တုန်းက မြန်မာနိုင်ငံမှာ နေ့စဉ် ကိုဗစ် ကူးစက်မှုနှုန်း အယောက် ၁၀၀၀ အောက်ကို မကျသေးပါဘူး။ အခု ရက်သတ္တပတ် ထဲမှာတော့ တစ်နေ့ ကူးစက်ခံရသူ ၁၀၀၀ အောက် ကျဆင်းလာနေပေမယ့် ပျမ်းမျှ လူ ၉၀၀ အထက်မှာ ရှိနေပါသေးတယ်။ လက်ရှိ မြန်မာနိုင်ငံဟာ Covid-19 ကပ်ရောဂါကို ကောင်းကောင်းမွန်မွန် ထိန်းချုပ်နိုင်ပါပြီလား၊ ဒါမှမဟုတ် ကိုဗစ်ကပဲ မြန်မာနိုင်ငံကို အနိုင်ရနေသလား၊ ဒီလို အခြေအနေမှာ ကျန်းမာရေး ဝန်ကြီးပြောသလို ရပ်နားထားတဲ့ ပုံမှန်လုပ်ငန်းတွေ အရှိန်အဟုန်မပျက် ပြန်စကြဖို့ သင့်ပါပြီလား ဆိုတဲ့ ပြသနာ စိတ်ဝင်စားဖို့ ကောင်းပါတယ်။ အဲဒီ ပြသနာကြောင်း လေ့လာကြည့်ကြရအောင်ပါ။

မြန်မာမှာ ကိုဗစ် 19 စတွေ့တဲ့ အခုနှစ် မတ်လ ၂၃ ရက်နေ့ကနေ ဒုတိယ လှိုင်းလို့ ခေါ်နိုင်တဲ့ ရခိုင်ပြည်နယ်မှာ ရောဂါကူးစက်ခံရသူ စတွေ့တဲ့ သြဂုတ်လ ၁၆ ရက်နေ့အထိ ကူးစက်ခံရသူ စုစုပေါင်း ၃၇၅ ယောက်ပဲ တွေ့ရပြီး မဆိုစလောက် အရေအတွက်လို့တောင် ပြောနိုင်ပါတယ်။ သြဂုတ်လ ၁၆ ရက်နောက်ပိုင်း အခြေအနေတွေ ပြောင်းလဲသွားပါတယ်။ ကူးစက်ခံရသူ အရေအတွက် တစ်နေ့ကို ဆယ်ဂဏန်း၊ ရာဂဏန်းကနေ စက်တင်ဘာလ ၂၄ ရက်နေ့မှာ ၁၀၀၀ ကျော်ကို စ ရောက်ပါတယ်။ အောက်တိုဘာ ၁၀ ရက်နေ့မှာ တစ်နေ့ထဲ ကူးစက်ခံရသူ ၂၁၅၈ ယောက်နဲ့ စံချိန်ကျိုးခဲ့ပြီး နောက်ပိုင်း တစ်ရက် ပျမ်းမျှကူးစက်ခံရသူ အရေအတွက် ၁၀၀၀ နဲ့ ၁၅၀၀ အကြားရှိခဲ့သလို ပြီးခဲ့တဲ့ အပတ်ကမှ ၁၀၀၀ အောက် စ ကျဆင်းလာတာ တွေ့ရပါတယ်။ အားလုံးကို ခြုံပြီး ပြောရရင် ဒုတိယလှိုင်းကာလ ရက်ပေါင်း ၁၃၀ အတွင်းမှာ တစ်ရက် ပျမ်းမျှ ကူးစက်ခံရသူ ၉၁၈ ယောက်ရှိပြီး တစ်ရက် ပျမ်းမျှ ၁၉ ယောက် သေဆုံးပါတယ်။ ဒါကို ကြည့်ရင် လက်ရှိ အခြေအနေဟာ အစိုးရအနေနဲ့ ကိုဗစ် ဖြစ်ပွားမှုကို ထိထိရောက်ရောက် မထိန်းချုပ်နိုင်သေးဘူး ဆိုတဲ့ အဖြေ ထွက်ပါတယ်။

အစိုးရအနေနဲ့ Covid-19 ကို ဒီကနေ့ အချိန်ထိ မထိန်းချုပ်နိုင်ရခြင်းမှာ အကြောင်းအချက် မျိုးစုံ ရှိနိုင်ပါတယ်။ ပထမ အရေးကြီးဆုံး အချက်ဟာ Covid-19 ရှိမရှိ လိုအပ်သလောက် စစ်ဆေး မပေးနိုင်တဲ့ အနေအထားပါ။

မြန်မာ့အိမ်နီးချင်းနိုင်ငံတွေနဲ့ နိုင်ငံအတော်များများရဲ့ Covid-19 ကိုင်တွယ်ပုံမှာ ရောဂါ ကူးစက်မှု ရှိတဲ့ နေရာတွေကို အချိန်တို ပြင်းထန်ထိရောက်တဲ့ Lock-down ချ၊ အဲဒီ အဝန်းအဝိုင်းက လူအများကြီးကို ဗိုင်းရပ်စ် စစ်ဆေးပေးနိုင်ဖို့ ကြိုးစားတာပါပဲ။ လက်ရှိ မြန်မာနိုင်ငံ အခြေအနေကတော့ အဲလို တစ်ချိန်တည်း တစ်ပြိုင်တည်း Covid-19 လုံလုံလောက်လောက် အများအပြား စစ်ဆေးပေးနိုင်တဲ့ အခြေအနေ မရှိတာကြောင့် ပြင်းထန်တဲ့ Lock-down ချတာမျိုး မလုပ်ခဲ့တာ ဖြစ်နိုင်ပါတယ်။ ဒါနဲ့ ပတ်သက်ပြီး မန္တလေးမှာ လုပ်ခဲ့တဲ့ တင်းကြပ်တဲ့ Lock-down ချမှု မအောင်မမြင် ဖြစ်ခဲ့ရတာက နမူနာ တစ်ခုပါ။

နောက်ထပ် ဒီအချက်ကို ထောက်ခံနေတဲ့ အချက်တစ်ခုကတော့ ကျန်းမာရေး ဝန်ကြီးဌာနရဲ့ Covid-19 စစ်ဆေးနိုင်စွမ်းအား အရေအတွက်ပါ။ လက်ရှိ အစိုးရဟာ Covid-19 ရှိမရှိ တစ်နေ့ ပျမ်းမျှ အခုရေ ၂သောင်းကျော်ပဲ စစ်ဆေးပေးနိုင်ပြီး အဲဒီထဲမှာမှ တိတိကျကျ အဖြေထွက်တဲ့ ဓာတ်ခွဲ စစ်ဆေးမှုက ၂၀ ရာခိုင်နှုန်း ဝန်းကျင်ပဲ ရှိနေတာပါ။ ကျန် ၈၀%ဟာ negative ပြရင် မသေခြာတဲ့ Covid-19 Rapid Antigen Diagnostic test kit တွေနဲ့ စစ်ဆေးနေတာမျိုးပါ။

Covid-19 ကို မထိန်းချုပ်နိုင်တဲ့ နောက်ပြသနာ တစ်ခုက အစိုးရရဲ့ စီးပွားရေးအပေါ် ငဲ့ညှာမှုပါ။ အထူးသဖြင့် ကုန်စည် စီးဆင်းမှု ရပ်တန့်မသွားအောင် အဓိက လုပ်ဆောင်တာ တွေ့နိုင်ပါတယ်။ နိုင်ငံတွင်း ကိုရိုနာ ဗိုင်းရပ်စ် စပြီး ရောက်လာချိန်ကနေ ဒီကနေ့ အချိန်ထိ ကုန်စည်စီးဆင်းမှု ရပ်တန့်မသွားအောင် ကြိုးစားခဲ့ပါတယ်။ အခြေအနေ ပိုဆိုးလာတဲ့ ဒုတိယလှိုင်း ကာလမှာ အချိန်မီ ပေါ်ထွက်လာတဲ့ ကိုရီးယားလုပ် test kit တွေသုံးပြီး၊ ကုန်ကားသမားတွေကို စစ်ဆေး၊ ကုန်စည်စီးဆင်းမှု ပုံမှန်ဖြစ်အောင် ဖွင့်ပေးထားခဲ့တာပါ။ တကယ်လက်တွေ့မှာလည်း မြန်မာနိုင်ငံမှာ တစ်နေ့ တစ်နေ့ ကိုဗစ် စစ်ဆေးတဲ့ အရေအတွက် ၂ သောင်းကျော်မှာ တိုင်းနဲ့ ပြည်နယ်အနှံ့က ချက်ပွိုင့်တွေမှာ ကုန်ကားသမားတွေကို စစ်တဲ့ အရေအတွက်က အများဆုံး ပါဝင်နေတာ တွေ့နိုင်ပါတယ်။ ထုံးစံအတိုင်း test kit တွေဟာ ရာနှုန်းပြည့် စိတ်ချရတာမျိုး မဟုတ်လေတော့ အဲလို ကုန်စည်စီးဆင်းမှု လမ်းကြောင်းကနေလည်း ဗိုင်းရပ်စ်ဟာ ပျံ့ပြီးရင်း ပျံ့တာမျိုး ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ကိုဗစ် ဒုတိယလှိုင်း စကာစ က မြန်မာနိုင်ငံ မြို့နယ် တစ်ချို့လောက်မှာပဲ ကိုဗစ် ကူးစက်ပျံ့နှံ့မှု တွေ့နေရာကနေ ဒီကနေ့ အချိန်မှာတော့ နေ့စဉ် ဆက်တိုက် ဆိုသလို ပျမ်းမျှ မြို့ပေါင်း ၁၄၀ ဝန်းကျင်လောက်မှာ ကူးစက်မှုတွေ တွေ့နေရပါပြီ။ ဒါဟာ ဗိုင်းရပ်စ်ကို ထိန်းချုပ်ဖို့ ခက်ခဲမယ့် အခြေအနေလို့ ယူဆနိုင်ပါတယ်။

အခုလို ကိုဗစ်ကို အစိုးရက ထိန်းချုပ်လို့ မရနိုင်သေးလေတော့ မြန်မာဟာ ကမ္ဘာပေါ်မှာ အခြေအနေ ဆိုးတဲ့နိုင်ငံတွေအထဲများ ပါနေသလား ဆိုပြီး စိုးရိမ်စရာပါ။ အမေရိကန်နိုင်ငံ ဂျွန်ဟော့ဖ်ကင်းတက္ကသိုလ် Worldometer ဖော်ပြချက်အရ လက်ရှိ ဒီဇင်ဘာ ၂၅ ခရစ္စမတ်နေ့ထိ မြန်မာနိုင်ငံမှာ ဗိုင်းရပ်စ် ကူးစက်ခံရသူ ၁ သိန်း ၂သောင်းနီးပါးနဲ့ ကမ္ဘာ့အဆင့် ၆၉၊ သေဆုံးသူ ၂၅၀၀ ကျော်နဲ့ ကမ္ဘာ့အဆင့် ၅၆ လို့ ဖော်ပြထားတာ တွေ့နိုင်ပါတယ်။ ဒါပေမယ့် ဒီ ကိန်းဂဏန်းက အရေအတွက်ကိုပဲ ဖော်ပြထားတာမို့ အခြေအနေ အကောင်းအဆိုး အခြားနိုင်ငံတွေနဲ့ နှိုင်းယှဉ်လို့ မဖြစ်နိုင်ပါဘူး။ နှိုင်းယှဉ်လို့ရနိုင်တာက မြန်မာဟာ လူ တစ်သန်းမှာ ဗိုင်းရပ်စ် ကူးစက်ခံရသူ ၂၁၉၄ ယောက်နဲ့ ကမ္ဘာ့အဆင့် ၁၃၄၊ လူတစ်သန်းမှာ သေဆုံးသူ ၄၆ ယောက်နဲ့ ကမ္ဘာ့အဆင့် ၁၂၅ ဖြစ်ပါတယ်။ ပြောရရင် မြန်မာဟာ အိမ်နီးချင်း အာစီယံနိုင်ငံ အများစုလို ကိုဗစ်ကို ကိုင်တွယ် ထိန်းချုပ်နိုင်တဲ့ နိုင်ငံတွေလိုမျိုး မဟုတ်ပေမယ့်၊ ကမ္ဘာပေါ်က ကိုဗစ်ဒဏ် ဆိုးဆိုးရွားရွား ခံရတဲ့ နိုင်ငံတွေထဲမှာလည်း မပါတဲ့၊ အခြေအနေ သိပ်မဆိုးတဲ့ နိုင်ငံအဖြစ် သတ်မှတ်နိုင်ပါတယ်။

ကောင်းတာ တစ်ခုကတော့ ကျန်းမာရေး စောင့်ရှောက်မှု စနစ် နိမ့်ကျလွန်းတဲ့ မြန်မာနိုင်ငံဟာ နိုင်ငံအတော်များများနည်းတူ ကိုဗစ်ကို ကိုင်တွယ် ကုသနိုင်စွမ်းပါ။ ဒီကနေ့အထိ မြန်မာဟာ ကိုဗစ်ကူးစက်ခံရသူတွေကို ၉၇.၆% ပျောက်ကင်းအောင် ကုသပေးနိုင်ပြီး သေဆုံးနှုန်း ၂.၄% ရှိပါတယ်။ ဒါကို ကမ္ဘာ့ပျမ်းမျှ သေနှုန်း ၃% နဲ့ အမေရိကန်ပြည်ထောင်စု သေနှုန်း ၂.၉% နဲ့ နှိုင်းယှဉ်ကြည့်နိုင်ပါတယ်။ ကိုဗစ်ပြသနာနဲ့ ပတ်သက်ပြီး ကျန်းမာရေးဝန်ကြီးပြောတဲ့ “ပုံမှန်လုပ်ငန်းတွေ ပြန်မလုပ်နိုင်ရင် နိုင်ငံဖွံ့ဖြိုးမှု နောက်ကျနိုင်တယ်” ဆိုတာ မှန်နိုင်ပါတယ်။ ဒါပေမယ့်လည်း လက်ရှိ ဗြိတိန်၊ တောင်အာဖရိက နဲ့ နိုင်ငံ တစ်ချို့မှာ တွေ့လာရတဲ့ ကူးစက်မြန် ဗိုင်းရပ်စ် ပြသနာ၊ ပြည်တွင်းမှာလည်း ကူးစက်မှုကို အတိုင်းအတာ တစ်ခုအထိ ထိန်းချုပ်ထားနိုင်ခြင်း မရှိသေးတဲ့ အပြင် အခန့်မသင့်ရင် အချိန်မရွေး ထိန်းမနိုင် သိမ်းမရ ဖြစ်သွားနိုင်စရာ ရှိနေသေးတဲ့ အခြေအနေအောက်မှာ “ပုံမှန် လုပ်ငန်းတွေ အရှိန်အဟုန်မပျက် လုပ်ကိုင်နေကြဖို့” ဆိုတဲ့ ပေါ်လစီဆိုင်ရာ ကိစ္စကို အသေအခြာ ပြန် ဆွေးနွေးသုံးသပ်ပြီးမှ အကောင်အထည် ဖော်သင့်ကြောင်းပါ။

XS
SM
MD
LG