သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

လူ႕ငရဲခန္းလို ျဖစ္ေနတဲ့ ပင္လယ္က်ားေဖာင္ လုပ္ငန္းခြင္ ျပသနာ ဘယ္လို အေျဖရွာမလဲ


က်ားေဖာင္လုပ္ငန္းခြင္ (ဓါတ္ပံု- Myanmar Seamen Union)

Zawgyi/ Unicode

အခုရက္ပိုင္း ျပည္သူေတြ စိတ္အ၀င္စားဆံုး ကိစၥေတြထဲက တစ္ခုကေတာ့ ဧရာ၀တီတုိင္း ဖ်ာပံုျမိဳ႕နယ္က ပင္လယ္ က်ားေဖာင္လုပ္ငန္းနဲ႔ ဆက္စပ္ျပီး လူကုန္ကူးခံရမွဳ၊ ဆိုးရြားတဲ့ လူ႔အခြင့္အေရး ခ်ိဳးေဖါက္ခံရမွဳ သတင္းေတြပဲ ျဖစ္ပါတယ္။ ဒီ ျပသနာနဲ႔ ပတ္သက္ျပီး လူကုန္ကူးသူေတြ၊ လုပ္အား ေခါင္းပံုျဖတ္သူေတြကို အမွဳဖြင့္ အေရးယူတာေတြ ရွိေနျပီး ျမန္မာႏိုင္ငံ လူ႔အခြင့္အေရး ေကာ္မရွင္ တာ၀န္ရွိသူေတြေတာင္ က်ားေဖါင္လုပ္ငန္း ရွိရာ ေက်းရြာနဲ႔ ပင္လယ္ျပင္ အထိ သြားျပီး စံုစမ္း စစ္ေဆးမွဳ လုပ္ေနရတဲ့ အေျခအေန ေရာက္ေနပါျပီ။ က်ားေဖာင္ လုပ္ငန္းဆိုတာ ဘယ္လိုမ်ိဳးလဲ၊ ဘယ္လို လူကုန္ကူး ခံရတာမ်ိဳးလဲ၊ အဲဒီ လုပ္ငန္းထဲမွာ ဘယ္လုိ ဆုိးရြားတဲ့ လူ႔အခြင့္အေရး ခ်ိဳးေဖါက္မွဳေတြ ရွိေနသလဲ၊ သက္ဆုိင္ရာ တာ၀န္ရွိသူေတြကေရာ ဒီ ျပသနာကို ေျဖရွင္းဖို႔ မၾကိဳးစားၾကဘူးလား စတဲ့အခ်က္အလက္ေတြဟာ စိတ္၀င္စားဖို႔ ေကာင္းေနပါတယ္။ ခုတစ္ပတ္ အဲဒီ လုပ္ငန္းျပသနာနဲ႔ ေရွ႕အလားအလာေတြအေၾကာင္း ေလ့လာ တင္ျပသြားပါ့မယ္။

က်ားေဖာင္ လုပ္ငန္း ဆုိတဲ့အတုိင္း အဲဒီ လုပ္ငန္းကို ေဖာင္ေတြနဲ႔ ဖြဲ႕စည္းထားတာပါ။ မိုးကာလ ကုန္လြန္ျပီး ပြင့္လင္းရာသီ ေရာက္တာနဲ႔ ၀ါး၊ သစ္၊ စည္ပိုင္း စတာေတြနဲ႔ ႏွစ္ထပ္ ပံုစံ တည္ေဆာက္ထားတဲ့ ၀ါးေဖာင္ေတြကို ပင္လယ္၀ေရာက္ေအာင္ ဆြဲယူသြားၾကရပါတယ္။ ပင္လယ္၀ ေရာက္တဲ့အခါ အဲဒီေဖာင္ေတြကေန ငါးဖမ္းတာ၊ ဖမ္းမိလာတဲ့ ငါးေတြကို ေရြးခ်ယ္တာ၊ ဗိုက္ခြဲျပီး အမိုးေပၚမွာ အေျခာက္ျဖစ္ေအာင္ လွန္းတာ စတာေတြ လုပ္ၾကပါတယ္။ ပ်မ္းမွ်အားျဖင့္ က်ားေဖာင္တစ္စင္းမွာ လူသံုးေယာက္ေလာက္ ရွိျပီး အဲဒီ က်ားေဖာင္ေပၚမွာပဲ အလုပ္လုပ္၊ ခ်က္ျပဳတ္စား၊ ေဖာင္ေပၚမွာပဲ အိပ္စက္ ေနထိုင္ၾကရတာမ်ိဳးပါ။ အဲဒီ က်ားေဖာင္ကေန ဖမ္းမိတဲ့ ငါး၊ငါးေျခာက္ေတြ ကမ္းေျခကိုပို႔ဖို႔၊ ေဖာင္ေပၚက လူေတြ စားဖို႔ေသာက္ဖုိ႔ ရိကၡာေတြကို ကမ္းေျခကေန ယူေဆာင္လာေပးဖို႔ စက္တပ္ေလွၾကီးေတြက အစုန္အဆန္ ကူးခ်ည္သန္းခ်ည္ လုပ္ၾကရပါတယ္။ဒီအတြက္ ငါးလုပ္ငန္း ဦးစီးဌာနဟာ စက္ေလွ တစ္စီး ပိုင္ဆုိင္ရင္ က်ားေဖာင္ (၈) စင္း တည္ေထာင္ လုပ္ကိုင္ဖို႔ သတ္မွတ္ ေပးထားပါတယ္။ စာရင္းဇယားေတြအရ လက္ရွိအခ်ိန္ ဖ်ာပံုဘက္က ပင္လယ္၀ မွာ ခန္႔မွန္းေျခ က်ားေဖာင္ အစင္း ၁၀၀၀၀ ၀န္းက်င္ေလာက္ရွိျပီး လုပ္သား ၃ ေသာင္းေက်ာ္ လုပ္ကိုင္ေနၾကမယ္လို႔ ခန္႔မွန္းထားၾကပါတယ္။

က်ားေဖာင္လုပ္ငန္းဟာ ပင္လယ္ျပင္ထဲမွာ ရက္ရွည္လမ်ား ေနျပီး အလုပ္လုပ္ရတာ၊ ေရတက္ ေရက်ခ်ိန္ကို လိုက္ျပီး မနားမေန အလုပ္လုပ္ရတာ စတာေတြေၾကာင့္ သူ႔နဂိုမွာကိုပဲ ပင္ပင္ပန္းပန္း ၾကမ္းၾကမ္းတမ္းတမ္း လုပ္ကိုင္ရတဲ့ သေဘာရွိပါတယ္။ ဒါ့အျပင္ လုပ္ငန္းခြင္ အမ်ားစုမွာ အလုပ္ကိုၾကီးၾကပ္ရတဲ့ ေဖာင္ဦးစီးေတြရဲ႕ ၾကမ္းတမ္းတဲ့ ခိုင္းေစမွဳေတြအျပင္ ကိုယ္ထိလက္ေရာက္ ရိုက္ႏွက္ကန္ေၾကာက္တာမ်ိဳးကလည္း ပံုမွန္ ျဖစ္ေလ့ရွိျပီး တစ္ခါတစ္ရံ လူေသဆံုးတဲ့ ရာဇ၀တ္မွဳေတြ အထိ ျဖစ္ပြားတတ္တယ္လို႔ ဆုိပါတယ္။ ပင္လယ္ျပင္ထဲက ေဖာင္ေပၚမွာ ျဖစ္ေနတဲ့အတြက္ အဲလို လူ႔အခြင့္အေရး ခ်ိဳးေဖါက္တာ၊ ရာဇ၀တ္မွဳ က်ဴးလြန္တာမ်ိဳးကို တားဆီးမယ့္သူ မရွိသလို၊ တိုင္တန္းလို႔ရမယ့္ အေျခအေနမ်ိဳးလည္း မရွိပါဘူး။ ဖ်ာပံု ရဲတပ္ဖြဲ႕ မွတ္တမ္းေတြအရ ၂၀၁၇-၁၈ ဘ႑ာေရးႏွစ္ (၈)လတာ ကာလ အတြင္း အဲဒီ က်ားေဖာင္လုပ္ငန္းမွာ ဖ်ားနာလို႔ ေသဆံုးသူ အေယာက္ ၂၈၀ နီးပါးရွိတယ္လို႔ မွတ္တမ္းတင္ထားတဲ့ အတြက္ အဲဒါဟာ တကယ္ ေသြးရိုးသားရိုး ဖ်ားနာ ေသဆံုးတာလား၊ ႏွိပ္စက္ခံရျပီး ေသဆံုးတာလား၊ ထြက္ေျပးဖို႔ ၾကိဳးစားရင္း ပင္လယ္ျပင္မွာ ေသဆံုးတာလား၊ ဒါ့အျပင္ ရဲတပ္ဖြဲ႕ကို သတင္းမပို႔ပဲ ေသဆံုးသူ ဘယ္ႏွစ္ေယာက္ အထိ ရွိေနမလဲ စတဲ့ ေမးခြန္းေတြကိုလည္း ထြက္ေပၚလာေစပါတယ္။

က်ားေဖာင္လုပ္ငန္းဟာ အဲလို ၾကမ္းတမ္းေပမယ့္ တကယ့္တကယ္ ရမယ့္ လုပ္ခ လစာကေတာ့ အေတာ့္ကို နည္းပါးလြန္းပါတယ္။ အလုပ္သမား တစ္ေယာက္ကို စားေသာက္ အျပီးအစီး တစ္လကို က်ပ္ ၆ ေသာင္းကေန ၈ ေသာင္းၾကားထဲေလာက္ပဲ ေပးတဲ့ အေနအထားမ်ိဳးပါ။ အဲဒီလို ၾကမ္းတမ္းတဲ့ လုပ္ငန္းခြင္၊ ပင္လယ္ထဲသြားျပီး ရက္ရွည္လမ်ား လုပ္ရတာ၊ လုပ္ခ လစာ အေတာ့္ကို နည္းပါးလြန္းတာ စတဲ့ အေျခအေန အမွန္အတုိင္း သိခဲ့ရင္ သြားျပီး အလုပ္လုပ္မယ့္ အလုပ္သမား ရွာရေဖြရ ခက္ခဲမယ္ ဆုိတာ လူတိုင္း နားလည္ႏုိင္ပါတယ္။ အဲဒီကေန တဆင့္ ေနာက္ဆက္တြဲ ေပၚေပါက္လာတာကေတာ့ လူကုန္ကူးမွဳ ျပသနာပါ။

အလုပ္သမား ရရွိေရးအတြက္ က်ားေဖာင္လုပ္ငန္းရွင္ေတြဟာ လူပြဲစားေတြကို အားကိုးရပါတယ္။ လူပြဲစားေတြကလည္း အေျခအေနမွန္၊ လုပ္ခ လစာအမွန္ေျပာျပီး အလုပ္သမား ရွာေဖြရင္ ရႏုိင္ဖြယ္ မရွိတာေၾကာင့္ လုပ္ငန္းခြင္နဲ႔ လုပ္ခ လစာ အေျခအေနကို လိမ္လည္ ေျပာဆုိျပီး အလုပ္လုပ္ဖို႔ စည္းရံုးသိမ္းသြင္းၾကပါတယ္။ တစ္လ လုပ္ခ လစာ ဘယ္ႏွစ္သိန္းရမယ္၊ တစ္ရာသီ ဆုိရင္ က်ပ္ သိန္း ဘယ္ေလာက္ စုမိမယ္ ဆုိျပီး လိမ္လည္ေျပာဆုိတာမ်ိဳးပါ။

ေနာက္ေတာ့ အဲဒီ အလုပ္သမားကို ပင္လယ္ထဲက က်ားေဖာင္ေတြဆီ ပို႔လိုက္ၾကေတာ့တာပါပဲ။ ဒါတင္မက လူပြဲစားေတြဟာ သူတုိ႔ လိမ္လည္ေျပာဆုိ စည္းရံုးျပီး ပို႔လိုက္တဲ့ အလုပ္သမားရဲ႕ တစ္ရာသီလံုးစာ လုပ္ခ လစာကိုပါ ထုတ္ယူတဲ့ အဆင့္ထိ လုပ္လိုက္ျပီ ဆုိရင္ေတာ့ ဒါဟာ လူကုန္ကူးတဲ့ ရာဇ၀တ္မွဳ အဆင့္ကို ေရာက္သြားေစပါတယ္။

အခုလို က်ားေဖာင္လုပ္ငန္းမွာ ျဖစ္ေပၚေနတဲ့ ျပသနာေတြ ေျပလည္ေစဖို႔ သက္ဆုိင္ရာ တာ၀န္ရွိသူေတြ အေနနဲ႔ အလုပ္ရံုေဆြးေႏြးပြဲေတြ လုပ္ျပီး တတ္ႏုိင္သေလာက္ ေျဖရွင္းဖို႔ ၾကိဳးစားခဲ့တယ္လို႔ ေဒသခံ လႊတ္ေတာ္ အမတ္က သတင္းမီဒီယာေတြကို ရွင္းျပပါတယ္။ အဲဒါေတြကေတာ့ က်ားေဖာင္လုပ္သားေတြကို ငါးလုပ္ငန္းဦးစီးဌာနမွာ ေရလုပ္ငန္း မွတ္ပုံတင္ ေဆာင္ရြက္ဖို႔၊ေရလုပ္ငန္းရွင္နဲ႔ ေရလုပ္သားအၾကားမွာ အလုပ္ရွင္ အလုပ္သမား စာခ်ဳပ္ခ်ဳပ္ဖို႔၊တရား၀င္ မွတ္ပံုတင္ထားတဲ့ ပြဲစားေအးဂ်င့္ကေနပဲ အလုပ္သမားကို ငွားရမ္းဖို႔၊ ဖ်ာပုံ၊ ခါးျပတ္၊ ေနာက္မီး၊ ေခ်ာင္းဝ စတဲ့ေဒသေတြမွာ အလုပ္ရွင္ အလုပ္သမား အျငင္းပြားမႈေတြကို ေျဖရွင္းတဲ့ အဖြဲ႕ေတြ ဖြဲ႕ဖို႔ ဆိုျပီး ညွိႏွိဳင္းေဆာင္ရြက္ခဲ့တယ္လို႔ သူက ဆုိပါတယ္။ ဒါေပမယ့္ အဲဒီ လုပ္ငန္းစဥ္ေတြကို က်ားေဖာင္ လုပ္ငန္းရွင္ေတြဘက္က မလိုက္နာတာေၾကာင့္ ခုလို လူကုန္ကူးမွဳနဲ႔ လူ႔အခြင့္အေရး ခ်ိဳးေဖါက္မွဳ၊ ရာဇ၀တ္မွဳေတြ ေပၚေပါက္လာတာလို႔ နားလည္ႏုိင္ပါတယ္။

အားလံုးကို ျခံဳငံုသံုးသပ္ၾကည့္ရင္ အဲဒီ လုပ္ငန္းမွာ လုပ္ကိုင္ေနသူေတြရဲ႕ စာရင္း အခ်က္အလက္ ေကာက္ယူထားတာ မရွိပဲ အဆင္ေျပသလို လုပ္ကိုင္ေနၾကတာ၊ ပင္လယ္ျပင္ထဲ ရက္ရွည္လမ်ား သြား အလုပ္လုပ္ေနရသူေတြကို ရဲတပ္ဖြဲ႕ အပါအ၀င္ အစိုးရတာ၀န္ရွိသူေတြက အဲဒီေနရာ အထိ သြားျပီး စစ္ေဆးလို႔ မရနုိင္ပဲ ဥပေဒျပင္ပ ေရာက္သလို ျဖစ္ေနတာေတြေၾကာင့္ ခုလို ျပသနာေတြ ေပၚေနရတာပါ။ ဒီ အေျခအေနေတြကိုၾကည့္ရင္ အဲလို ပင္လယ္ျပင္က လုပ္ငန္းခြင္ ေတြအတြက္ ေရေၾကာင္းရဲတပ္ဖြဲ႕လိုမ်ိဳး ဖြဲ႕စည္းေပးဖုိ႔ လိုေနျပီဆုိတာ သိသာပါတယ္။ ေရေၾကာင္းရဲတပ္ဖြဲ႕သာ ရွိရင္ ပင္လယ္ျပင္က အဲလို လူေသာင္းနဲ႔ခ်ီ အလုပ္လုပ္တဲ့ ေနရာကို အျမန္ေရယာဥ္ေတြသံုးျပီး ပံုမွန္ကင္းလွည့္ စစ္ေဆးတာမ်ိဳး လုပ္ႏုိင္၊ ရာဇ၀တ္မွဳ တားဆီး ကာကြယ္ေရးလည္း လုပ္ႏုိင္မွာပါ။ အခုေတာ့ ဒီ ျပသနာနဲ႔ ပတ္သက္ျပီး အစိုးရဟာ “၂၀၁၃ ခုႏွစ္ အလုပ္အကိုင္ႏွင့္ ကၽြမ္းက်င္မွဳ ဖြံ႕ျဖိဳးတုိးတက္ေရး ဥပေဒ” ပုဒ္မ ၃၅ကို လိုက္နာၾကဖုိ႔ သတင္းစာကေန တဆင့္ ေၾကျငာထားပါတယ္။ အဲဒီ ဥပေဒဟာ လူပြဲစားေတြ မသမာမွဳ မလုပ္ႏုိင္ေအာင္ ကာကြယ္တဲ့ ဥပေဒျဖစ္ျပီး က်ဴးလြန္ရင္ ၃ ႏွစ္ထက္ မပိုတဲ့ ေထာင္ဒဏ္နဲ႔ ေငြဒဏ္ခ်မွတ္ႏုိင္တယ္လို႔ ျပဌာန္းထားပါတယ္။ ဒါေပမယ့္ အဲဒီေလာက္ ေျဖရွင္းရံုနဲ႔ ျပသနာ ေျပလည္သြားႏိုင္မွာ မဟုတ္ေသးပါဘူး။ ပင္လယ္ျပင္က ေသာင္းနဲ႔ခ်ီ ရွိတဲ့ လုပ္သားေတြ၊ က်ားေဖာင္ေတြကို စနစ္တက် မွတ္ပံုတင္ႏုိင္ပါမွ၊ ပင္လယ္ျပင္က လုပ္ငန္းခြင္မွာ ဥပေဒ စိုးမိုးမွဳရွိေအာင္ လုပ္ႏုိင္ပါမွ လူကုန္ကူးမွဳ၊ လူ႔အခြင့္အေရး ခ်ိဳးေဖါက္မွဳနဲ႔ ရာဇ၀တ္မွဳ က်ဴးလြန္တာေတြကို ထိထိေရာက္ေရာက္ ကာကြယ္ တားဆီးႏုိင္မယ္ ျဖစ္ေၾကာင္းပါ။

လူ့ငရဲခန်းလို ဖြစ်နေတဲ့ ပင်လယ်ကျားဖောင် လုပ်ငန်းခွင် ပြသနာ ဘယ်လို အဖြေရှာမလဲ
စည်သူအောင်မြင့်
အခုရက်ပိုင်း ပြည်သူတွေ စိတ်အဝင်စားဆုံး ကိစ္စတွေထဲက တစ်ခုကတော့ ဧရာဝတီတိုင်း ဖျာပုံမြို့နယ်က ပင်လယ် ကျားဖောင်လုပ်ငန်းနဲ့ ဆက်စပ်ပြီး လူကုန်ကူးခံရမှု၊ ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖေါက်ခံရမှု သတင်းတွေပဲ ဖြစ်ပါတယ်။ ဒီ ပြသနာနဲ့ ပတ်သက်ပြီး လူကုန်ကူးသူတွေ၊ လုပ်အား ခေါင်းပုံဖြတ်သူတွေကို အမှုဖွင့် အရေးယူတာတွေ ရှိနေပြီး မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင် တာဝန်ရှိသူတွေတောင် ကျားဖေါင်လုပ်ငန်း ရှိရာ ကျေးရွာနဲ့ ပင်လယ်ပြင် အထိ သွားပြီး စုံစမ်း စစ်ဆေးမှု လုပ်နေရတဲ့ အခြေအနေ ရောက်နေပါပြီ။ ကျားဖောင် လုပ်ငန်းဆိုတာ ဘယ်လိုမျိုးလဲ၊ ဘယ်လို လူကုန်ကူး ခံရတာမျိုးလဲ၊ အဲဒီ လုပ်ငန်းထဲမှာ ဘယ်လို ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေ ရှိနေသလဲ၊ သက်ဆိုင်ရာ တာဝန်ရှိသူတွေကရော ဒီ ပြသနာကို ဖြေရှင်းဖို့ မကြိုးစားကြဘူးလား စတဲ့အချက်အလက်တွေဟာ စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။ ခုတစ်ပတ် အဲဒီ လုပ်ငန်းပြသနာနဲ့ ရှေ့အလားအလာတွေအကြောင်း လေ့လာ တင်ပြသွားပါ့မယ်။
ကျားဖောင် လုပ်ငန်း ဆိုတဲ့အတိုင်း အဲဒီ လုပ်ငန်းကို ဖောင်တွေနဲ့ ဖွဲ့စည်းထားတာပါ။ မိုးကာလ ကုန်လွန်ပြီး ပွင့်လင်းရာသီ ရောက်တာနဲ့ ဝါး၊ သစ်၊ စည်ပိုင်း စတာတွေနဲ့ နှစ်ထပ် ပုံစံ တည်ဆောက်ထားတဲ့ ဝါးဖောင်တွေကို ပင်လယ်ဝရောက်အောင် ဆွဲယူသွားကြရပါတယ်။ ပင်လယ်၀ ရောက်တဲ့အခါ အဲဒီဖောင်တွေကနေ ငါးဖမ်းတာ၊ ဖမ်းမိလာတဲ့ ငါးတွေကို ရွေးချယ်တာ၊ ဗိုက်ခွဲပြီး အမိုးပေါ်မှာ အခြောက်ဖြစ်အောင် လှန်းတာ စတာတွေ လုပ်ကြပါတယ်။ ပျမ်းမျှအားဖြင့် ကျားဖောင်တစ်စင်းမှာ လူသုံးယောက်လောက် ရှိပြီး အဲဒီ ကျားဖောင်ပေါ်မှာပဲ အလုပ်လုပ်၊ ချက်ပြုတ်စား၊ ဖောင်ပေါ်မှာပဲ အိပ်စက် နေထိုင်ကြရတာမျိုးပါ။ အဲဒီ ကျားဖောင်ကနေ ဖမ်းမိတဲ့ ငါး၊ငါးခြောက်တွေ ကမ်းခြေကိုပို့ဖို့၊ ဖောင်ပေါ်က လူတွေ စားဖို့သောက်ဖို့ ရိက္ခာတွေကို ကမ်းခြေကနေ ယူဆောင်လာပေးဖို့ စက်တပ်လှေကြီးတွေက အစုန်အဆန် ကူးချည်သန်းချည် လုပ်ကြရပါတယ်။ဒီအတွက် ငါးလုပ်ငန်း ဦးစီးဌာနဟာ စက်လှေ တစ်စီး ပိုင်ဆိုင်ရင် ကျားဖောင် (၈) စင်း တည်ထောင် လုပ်ကိုင်ဖို့ သတ်မှတ် ပေးထားပါတယ်။ စာရင်းဇယားတွေအရ လက်ရှိအချိန် ဖျာပုံဘက်က ပင်လယ်၀ မှာ ခန့်မှန်းခြေ ကျားဖောင် အစင်း ၁၀၀၀၀ ဝန်းကျင်လောက်ရှိပြီး လုပ်သား ၃ သောင်းကျော် လုပ်ကိုင်နေကြမယ်လို့ ခန့်မှန်းထားကြပါတယ်။
ကျားဖောင်လုပ်ငန်းဟာ ပင်လယ်ပြင်ထဲမှာ ရက်ရှည်လများ နေပြီး အလုပ်လုပ်ရတာ၊ ရေတက် ရေကျချိန်ကို လိုက်ပြီး မနားမနေ အလုပ်လုပ်ရတာ စတာတွေကြောင့် သူ့နဂိုမှာကိုပဲ ပင်ပင်ပန်းပန်း ကြမ်းကြမ်းတမ်းတမ်း လုပ်ကိုင်ရတဲ့ သဘောရှိပါတယ်။ ဒါ့အပြင် လုပ်ငန်းခွင် အများစုမှာ အလုပ်ကိုကြီးကြပ်ရတဲ့ ဖောင်ဦးစီးတွေရဲ့ ကြမ်းတမ်းတဲ့ ခိုင်းစေမှုတွေအပြင် ကိုယ်ထိလက်ရောက် ရိုက်နှက်ကန်ကြောက်တာမျိုးကလည်း ပုံမှန် ဖြစ်လေ့ရှိပြီး တစ်ခါတစ်ရံ လူသေဆုံးတဲ့ ရာဇဝတ်မှုတွေ အထိ ဖြစ်ပွားတတ်တယ်လို့ ဆိုပါတယ်။ ပင်လယ်ပြင်ထဲက ဖောင်ပေါ်မှာ ဖြစ်နေတဲ့အတွက် အဲလို လူ့အခွင့်အရေး ချိုးဖေါက်တာ၊ ရာဇဝတ်မှု ကျူးလွန်တာမျိုးကို တားဆီးမယ့်သူ မရှိသလို၊ တိုင်တန်းလို့ရမယ့် အခြေအနေမျိုးလည်း မရှိပါဘူး။ ဖျာပုံ ရဲတပ်ဖွဲ့ မှတ်တမ်းတွေအရ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ် (၈)လတာ ကာလ အတွင်း အဲဒီ ကျားဖောင်လုပ်ငန်းမှာ ဖျားနာလို့ သေဆုံးသူ အယောက် ၂၈၀ နီးပါးရှိတယ်လို့ မှတ်တမ်းတင်ထားတဲ့ အတွက် အဲဒါဟာ တကယ် သွေးရိုးသားရိုး ဖျားနာ သေဆုံးတာလား၊ နှိပ်စက်ခံရပြီး သေဆုံးတာလား၊ ထွက်ပြေးဖို့ ကြိုးစားရင်း ပင်လယ်ပြင်မှာ သေဆုံးတာလား၊ ဒါ့အပြင် ရဲတပ်ဖွဲ့ကို သတင်းမပို့ပဲ သေဆုံးသူ ဘယ်နှစ်ယောက် အထိ ရှိနေမလဲ စတဲ့ မေးခွန်းတွေကိုလည်း ထွက်ပေါ်လာစေပါတယ်။
ကျားဖောင်လုပ်ငန်းဟာ အဲလို ကြမ်းတမ်းပေမယ့် တကယ့်တကယ် ရမယ့် လုပ်ခ လစာကတော့ အတော့်ကို နည်းပါးလွန်းပါတယ်။ အလုပ်သမား တစ်ယောက်ကို စားသောက် အပြီးအစီး တစ်လကို ကျပ် ၆ သောင်းကနေ ၈ သောင်းကြားထဲလောက်ပဲ ပေးတဲ့ အနေအထားမျိုးပါ။ အဲဒီလို ကြမ်းတမ်းတဲ့ လုပ်ငန်းခွင်၊ ပင်လယ်ထဲသွားပြီး ရက်ရှည်လများ လုပ်ရတာ၊ လုပ်ခ လစာ အတော့်ကို နည်းပါးလွန်းတာ စတဲ့ အခြေအနေ အမှန်အတိုင်း သိခဲ့ရင် သွားပြီး အလုပ်လုပ်မယ့် အလုပ်သမား ရှာရဖွေရ ခက်ခဲမယ် ဆိုတာ လူတိုင်း နားလည်နိုင်ပါတယ်။ အဲဒီကနေ တဆင့် နောက်ဆက်တွဲ ပေါ်ပေါက်လာတာကတော့ လူကုန်ကူးမှု ပြသနာပါ။
အလုပ်သမား ရရှိရေးအတွက် ကျားဖောင်လုပ်ငန်းရှင်တွေဟာ လူပွဲစားတွေကို အားကိုးရပါတယ်။ လူပွဲစားတွေကလည်း အခြေအနေမှန်၊ လုပ်ခ လစာအမှန်ပြောပြီး အလုပ်သမား ရှာဖွေရင် ရနိုင်ဖွယ် မရှိတာကြောင့် လုပ်ငန်းခွင်နဲ့ လုပ်ခ လစာ အခြေအနေကို လိမ်လည် ပြောဆိုပြီး အလုပ်လုပ်ဖို့ စည်းရုံးသိမ်းသွင်းကြပါတယ်။ တစ်လ လုပ်ခ လစာ ဘယ်နှစ်သိန်းရမယ်၊ တစ်ရာသီ ဆိုရင် ကျပ် သိန်း ဘယ်လောက် စုမိမယ် ဆိုပြီး လိမ်လည်ပြောဆိုတာမျိုးပါ။
နောက်တော့ အဲဒီ အလုပ်သမားကို ပင်လယ်ထဲက ကျားဖောင်တွေဆီ ပို့လိုက်ကြတော့တာပါပဲ။ ဒါတင်မက လူပွဲစားတွေဟာ သူတို့ လိမ်လည်ပြောဆို စည်းရုံးပြီး ပို့လိုက်တဲ့ အလုပ်သမားရဲ့ တစ်ရာသီလုံးစာ လုပ်ခ လစာကိုပါ ထုတ်ယူတဲ့ အဆင့်ထိ လုပ်လိုက်ပြီ ဆိုရင်တော့ ဒါဟာ လူကုန်ကူးတဲ့ ရာဇဝတ်မှု အဆင့်ကို ရောက်သွားစေပါတယ်။
အခုလို ကျားဖောင်လုပ်ငန်းမှာ ဖြစ်ပေါ်နေတဲ့ ပြသနာတွေ ပြေလည်စေဖို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေ အနေနဲ့ အလုပ်ရုံဆွေးနွေးပွဲတွေ လုပ်ပြီး တတ်နိုင်သလောက် ဖြေရှင်းဖို့ ကြိုးစားခဲ့တယ်လို့ ဒေသခံ လွှတ်တော် အမတ်က သတင်းမီဒီယာတွေကို ရှင်းပြပါတယ်။ အဲဒါတွေကတော့ ကျားဖောင်လုပ်သားတွေကို ငါးလုပ်ငန်းဦးစီးဌာနမှာ ရေလုပ်ငန်း မှတ်ပုံတင် ဆောင်ရွက်ဖို့၊ရေလုပ်ငန်းရှင်နဲ့ ရေလုပ်သားအကြားမှာ အလုပ်ရှင် အလုပ်သမား စာချုပ်ချုပ်ဖို့၊တရားဝင် မှတ်ပုံတင်ထားတဲ့ ပွဲစားအေးဂျင့်ကနေပဲ အလုပ်သမားကို ငှားရမ်းဖို့၊ ဖျာပုံ၊ ခါးပြတ်၊ နောက်မီး၊ ချောင်းဝ စတဲ့ဒေသတွေမှာ အလုပ်ရှင် အလုပ်သမား အငြင်းပွားမှုတွေကို ဖြေရှင်းတဲ့ အဖွဲ့တွေ ဖွဲ့ဖို့ ဆိုပြီး ညှိနှိုင်းဆောင်ရွက်ခဲ့တယ်လို့ သူက ဆိုပါတယ်။ ဒါပေမယ့် အဲဒီ လုပ်ငန်းစဉ်တွေကို ကျားဖောင် လုပ်ငန်းရှင်တွေဘက်က မလိုက်နာတာကြောင့် ခုလို လူကုန်ကူးမှုနဲ့ လူ့အခွင့်အရေး ချိုးဖေါက်မှု၊ ရာဇဝတ်မှုတွေ ပေါ်ပေါက်လာတာလို့ နားလည်နိုင်ပါတယ်။
အားလုံးကို ခြုံငုံသုံးသပ်ကြည့်ရင် အဲဒီ လုပ်ငန်းမှာ လုပ်ကိုင်နေသူတွေရဲ့ စာရင်း အချက်အလက် ကောက်ယူထားတာ မရှိပဲ အဆင်ပြေသလို လုပ်ကိုင်နေကြတာ၊ပင်လယ်ပြင်ထဲ ရက်ရှည်လများ သွား အလုပ်လုပ်နေရသူတွေကိုရဲတပ်ဖွဲ့ အပါအဝင် အစိုးရတာဝန်ရှိသူတွေက အဲဒီနေရာ အထိ သွားပြီး စစ်ဆေးလို့ မရနိုင်ပဲ ဥပဒေပြင်ပ ရောက်သလို ဖြစ်နေတာတွေကြောင့် ခုလို ပြသနာတွေ ပေါ်နေရတာပါ။ ဒီ အခြေအနေတွေကိုကြည့်ရင် အဲလို ပင်လယ်ပြင်က လုပ်ငန်းခွင် တွေအတွက် ရေကြောင်းရဲတပ်ဖွဲ့လိုမျိုး ဖွဲ့စည်းပေးဖို့ လိုနေပြီဆိုတာ သိသာပါတယ်။ ရေကြောင်းရဲတပ်ဖွဲ့သာ ရှိရင် ပင်လယ်ပြင်က အဲလို လူသောင်းနဲ့ချီ အလုပ်လုပ်တဲ့ နေရာကို အမြန်ရေယာဉ်တွေသုံးပြီး ပုံမှန်ကင်းလှည့် စစ်ဆေးတာမျိုး လုပ်နိုင်၊ ရာဇဝတ်မှု တားဆီး ကာကွယ်ရေးလည်း လုပ်နိုင်မှာပါ။ အခုတော့ ဒီ ပြသနာနဲ့ ပတ်သက်ပြီး အစိုးရဟာ “၂၀၁၃ ခုနှစ် အလုပ်အကိုင်နှင့် ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေ” ပုဒ်မ ၃၅ကို လိုက်နာကြဖို့ သတင်းစာကနေ တဆင့် ကြေငြာထားပါတယ်။ အဲဒီ ဥပဒေဟာ လူပွဲစားတွေ မသမာမှု မလုပ်နိုင်အောင် ကာကွယ်တဲ့ ဥပဒေဖြစ်ပြီး ကျူးလွန်ရင် ၃ နှစ်ထက် မပိုတဲ့ ထောင်ဒဏ်နဲ့ ငွေဒဏ်ချမှတ်နိုင်တယ်လို့ ပြဌာန်းထားပါတယ်။ ဒါပေမယ့် အဲဒီလောက် ဖြေရှင်းရုံနဲ့ ပြသနာ ပြေလည်သွားနိုင်မှာ မဟုတ်သေးပါဘူး။ ပင်လယ်ပြင်က သောင်းနဲ့ချီ ရှိတဲ့ လုပ်သားတွေ၊ ကျားဖောင်တွေကို စနစ်တကျ မှတ်ပုံတင်နိုင်ပါမှ၊ ပင်လယ်ပြင်က လုပ်ငန်းခွင်မှာ ဥပဒေ စိုးမိုးမှုရှိအောင် လုပ်နိုင်ပါမှ လူကုန်ကူးမှု၊ လူ့အခွင့်အရေး ချိုးဖေါက်မှုနဲ့ ရာဇဝတ်မှု ကျူးလွန်တာတွေကို ထိထိရောက်ရောက် ကာကွယ် တားဆီးနိုင်မယ် ဖြစ်ကြောင်းပါ။

XS
SM
MD
LG