Zawgyi/ Unicode
ျပည္ေထာင္စု ေရြးေကာက္ပြဲ ေကာ္မရွင္ဟာ လာမယ့္ ၂၀၂၀ ႏို၀င္ဘာ ၈ ရက္ေန႔မွာ အေထြေထြ ေရြးေကာက္ပြဲၾကီး က်င္းပေပးမယ္လို႔ ေၾကညာထားျပီး ေရြးေကာက္ပြဲနဲ႔ ပတ္သက္တဲ့ လုပ္ငန္းစဥ္ေတြကိုလည္း ဆက္ျပီး အေကာင္အထည္ ေဖာ္ေနပါတယ္။ ေရြးေကာက္ပြဲၾကီး က်င္းပဖို႔ ၅၂ ရက္ပဲ လိုေတာ့တဲ့ စက္တင္ဘာ ၁၇ ရက္ေန႔မွာ ျမန္မာႏိုင္ငံတစ္၀ွမ္း Covid-19 ဗိုင္းရပ္စ္ ကူးစက္ခံရသူ အသစ္ ၄၀၄ ေယာက္ ထပ္္ေတြ႕ခဲ့ျပီး ဒါဟာ ျပီးခဲ့တဲ့ မတ္လ ၂၃ ရက္ ျမန္မာႏိုင္ငံမွာ Covid-19 ကူးစက္ခံရသူ စ ေတြ႕ျပီးကတည္းက တစ္ရက္တည္း အမ်ားဆံုး ကူးစက္တဲ့ စံခ်ိန္လည္း ျဖစ္ခဲ့ပါတယ္။ ေျပာရရင္ လက္ရွိ အခ်ိန္ဟာ တစ္ေက်ာ့ျပန္ ျဖစ္ပြားလာတဲ့ Covid-19 ကူးစက္မွဳ ျမင့္တက္ေနတဲ့ အခ်ိန္ ျဖစ္ေနတာပါပဲ။ ဒီလို အေျခအေနေအာက္မွာ ေရြးေကာက္ပြဲ က်င္းပမယ့္ေန႔ကို လာမယ့္ ႏို၀င္ဘာ ၈ ရက္ သတ္မွတ္ထားတာကို ျပန္သံုးသပ္ဖို႔၊ ဒါမွမဟုတ္ ေရႊ႕ဆိုင္းေပးဖို႔ ေရြးေကာက္ပြဲ၀င္ၾကမယ့္ ပါတီ တစ္ခ်ိဳ႕ဘက္က ေတာင္းဆိုတာမ်ိဳး ရွိလာပါတယ္။ ျမန္မာႏိုင္ငံမွာ တစ္ေက်ာ့ျပန္ ျဖစ္ပြားလာတဲ့ Covid-19 ကူးစက္မွဳေၾကာင့္ ေရြးေကာက္ပြဲနဲ႔ ပတ္သက္ျပီး ဘာေတြ ၾကံဳေတြ႕ေနရသလဲ၊ ႏိုင္ငံေရးပါတီ တစ္ခ်ိဳ႕က ဘယ္လို ေတာင္းဆိုေနၾကသလဲ၊ ေရြးေကာက္ပြဲ က်င္းပမယ့္ေန႔ ေရႊ႕ဆုိင္းဖို႔ သင့္သလား ဆုိတဲ့ကိစၥ ေလ့လာ တင္ျပသြားပါ့မယ္။
ျပီးခဲ့တဲ့ ၂၀၁၅ အေထြေထြ ေရြးေကာက္ပြဲမွာ အင္န္အယ္လ္ဒီ ျပီးရင္ အမတ္ေနရာ ဒုတိယ အမ်ားဆံုး အႏုိင္ရတဲ့ ျပည္ခုိင္ျဖိဳးပါတီဟာ လာမယ့္ အေထြေထြ ေရြးေကာက္ပြဲ က်င္းပမယ့္ေန႔အျဖစ္ ႏို၀င္ဘာ ၈ ရက္မွာ သတ္မွတ္ထားတာကို ျပန္သံုးသပ္ဖို႔ ျပည္ေထာင္စု ေရြးေကာက္ပြဲ ေကာ္မရွင္ဆီ စာေရးသား တင္ျပပါတယ္။ ျပည္ခုိင္ျဖိဳးနဲ႔ သူ႔ရဲ႕ မိတ္ဖက္ ၂၄ ပါတီက ေခါင္းေဆာင္ေတြ လက္မွတ္ေရးထုိးျပီး ေတာင္းဆိုတာပါ။ အလားတူ ၂၀၁၅ ေရြးေကာက္ပြဲမွာ အမတ္ေနရာ တတိယ အမ်ားဆံုး ရခဲ့တဲ့ ANP ရခိုင္အမ်ိဳးသားပါတီကလည္း “ လက္ရွိ အေျခအေနမွာ တစ္ျပည္လံုး အတုိင္းအတာအရ လြတ္လပ္ျပီး တရားမွ်တေသာ ေရြးေကာက္ပြဲမ်ား က်င္းပရန္ လက္္ေတြ႕အားျဖင့္ မျဖစ္ႏုိင္ေသာ အေျခအေန ျဖစ္ေပၚတည္ရွိေနမွဳအား အေလးထား သံုးသပ္ေဆာင္ရြက္ရန္” ဆိုျပီး ေျပာဆုိထားပါတယ္။ ANP ပါတီရဲ႕ စက္တင္ဘာ ၁၆ ရက္ ေၾကညာခ်က္မွာ ထည့္သြင္းေဖာ္ျပထားတာပါ။ ANP ေခါင္းေဆာင္ေတြကေတာ့ ရခုိင္ျပည္နယ္ထဲမွာ Covid-19 ျပသနာအျပင္ တပ္မေတာ္နဲ႔ AA တပ္ဖြဲ႕ တိုက္ပြဲေတြ ျဖစ္ပြားေနတာေၾကာင့္ လြတ္လပ္ျပီး တရားမွ်တတဲ့ ေရြးေကာက္ပြဲ မျဖစ္ႏုိင္ဘူး လို႔ ေျပာဆိုထားၾကပါတယ္။
ေရြးေကာက္ပြဲ ေရႊ႕ဆုိင္းေပးဖို႔ တိတိက်က် ေတာင္းဆိုတာကေတာ့ လူ႔ေဘာင္သစ္ ဒီမိုကရက္တစ္ပါတီပါ။ အခု ၂၀၂၀ မွ ေရြးေကာက္ပြဲ ၀င္ျပိဳင္မယ့္ ၈၈ မ်ိဳးဆက္ေခါင္းေဆာင္ေဟာင္း ဦးကိုကိုၾကီး ဦးေဆာင္တဲ့ ျပည္သူ႔ပါတီကေတာ့ ေရြးေကာက္ပြဲကို ေရႊ႕ဆုိင္းဖို႔ ေတာင္းဆုိထားသလို၊ Covid-19 ေၾကာင့္ မဲဆြယ္ စည္းရံုးပြဲေတြလည္း ရပ္ဆုိင္းထားရတယ္လို႔ ဆုိပါတယ္။ စီးပြားေရး လုပ္ငန္းရွင္ ေဒၚသက္သက္ခိုင္ ဦးေဆာင္တဲ့ PPP ပါတီကေတာ့ ေရြးေကာက္ပြဲ က်င္းပမယ့္ရက္ ျပန္လည္သံုးသပ္ဖုိ႔ တင္ျပထားေပမယ့္ လုပ္ကိုင္လို႔ ရသေလာက္ မဲဆြယ္ စည္းရံုးေနတာကိုေတာ့ ေတြ႕ရပါတယ္။ ဒါေတြက Covid-19 ကပ္ေဘးေၾကာင့္ ေရြးေကာက္ပြဲ ေရႊ႕ဆုိင္းသင့္သလား၊ မဲေပးမယ့္ေန႔ကို ျပန္သံုးသပ္သင့္သလား ဆိုတာ အေရးပါတဲ့ ပါတီတစ္ခ်ိဳ႕ရဲ႕ သေဘာထား အျမင္ေတြပါ။
အင္န္အယ္လ္ဒီ ပါတီ ဥကၠဌ ေဒၚေအာင္ဆန္းစုၾကည္ နဲ႔ ဒုဥကၠဌ(၂) ေဒါက္တာေဇာ္ျမင့္ေမာင္ တုိ႔ကေတာ့ အင္န္အယ္လ္ဒီ ပါတီ၀င္ေတြနဲ႔ ေထာက္ခံသူ ျပည္သူေတြကို Covid-19 နဲ႔ ပတ္သက္ျပီး က်န္းမာေရး ၀န္ၾကီးဌာနက ထုတ္ျပန္ထားတဲ့ စည္းကမ္းခ်က္ေတြကို လိုက္နာၾကဖို႔၊ လူစုလူေ၀း ျဖစ္ေပၚေစတဲ့ မဲဆြယ္ စည္းရံုးမွဳမ်ိဳးေတြ မလုပ္ဖို႔၊ မဲေပးမယ့္ရက္မွာ က်န္းက်န္းမာမာ နဲ႔ မဲေပးႏုိင္ေအာင္ ဂရုစိုက္ေနထိုင္ၾကဖို႔ ေမတၱာရပ္ခံ ပန္ၾကားထားတာ ေတြ႕ရပါတယ္။ အာဏာရ အင္န္အယ္လ္ဒီ ပါတီ အေနနဲ႔ ေရြးေကာက္ပြဲေန႔ကို ျပန္သံုးသပ္ဖို႔၊ ေရႊ႕ဆုိင္းေပးဖို႔ တရား၀င္ ထုတ္ျပန္ ေျပာဆုိတာမ်ိဳး မၾကားမသိရပါဘူး။ ဒါေပမယ့္ အင္န္အယ္လ္ဒီ ေျပာခြင့္ရ ေဒါက္တာမ်ိဳးညြန္႔ကေတာ့ လက္ရွိ လႊတ္ေတာ္ သက္တမ္း မကုန္ခင္ ႏို၀င္ဘာ ၈ ရက္ကေန ေနာက္ထပ္ အခ်ိန္ တစ္လ၊ တစ္လ ခြဲေလာက္အထိ ေရြးေကာက္ပြဲ က်င္းပမယ့္ ေန႔ကို ေရႊ႕ဆုိင္းမယ္ဆို ေရႊ႕ဆုိင္းလို႔ရတဲ့အေၾကာင္း၊ ဘယ္လိုပဲျဖစ္ျဖစ္ အင္န္အယ္လ္ဒီ အေနနဲ႔ ျပည္ေထာင္စု ေရြးေကာက္ပြဲ ေကာ္မရွင္နဲ႔ က်န္းမာေရး၀န္ၾကီးဌာနရဲ႕ ဆံုးျဖတ္ခ်က္ကို လက္ခံမယ္ ဆိုတဲ့အေၾကာင္း ေျပာဆိုထားပါတယ္။
လက္ရွိ Covid-19 ျဖစ္ပြားမွဳ အေျခအေနအရ က်န္းမာေရး၀န္ၾကီးဌာနဟာ ရခုိင္ျပည္နယ္ တစ္ခုလံုးနဲ႔ ရန္ကုန္တုိင္း ၂၈ ျမိဳ႕နယ္ကို Stay home ျမိဳ႕နယ္ေတြ အျဖစ္ သတ္မွတ္ထားပါတယ္။ အဲဒါဟာ တစ္ႏုိင္ငံလံုး မဲဆႏၵနယ္ စုစုေပါင္းရဲ႕ ၁၄ ရာခုိင္ႏွဳန္းေလာက္နဲ႔ ညီမွ်ျပီး အဲဒီ မဲဆႏၵနယ္ေျမေတြမွာ လူစုလူေ၀းနဲ႔ မဲဆြယ္တာ၊ တစ္အိမ္တက္ဆင္း မဲဆြယ္တာမ်ိဳး လုပ္လို႔မရပါဘူး။ က်န္မဲဆႏၵနယ္ေျမေတြကေတာ့ က်န္းမာေရး၀န္ၾကီးဌာနက ထုတ္ျပန္ထားတဲ့ Covid-19 စည္းကမ္းခ်က္ေတြနဲ႔ အညီ လူ ၅၀ ေအာက္ စုရံုး၊မဲဆြယ္ခြင့္ ေပးထားပါတယ္။
ဒုတိယ တစ္ေက်ာ့လို႔ ေျပာႏုိင္တဲ့ ရခုိင္ျပည္နယ္ စစ္ေတြမွာ ကူးစက္လူနာ စေတြ႕တုန္းက ျမန္မာႏုိင္ငံမွာ Covid-19 ကူးစက္ခံရသူ ၃၇၅ ေယာက္ပဲ ရွိရာကေန တစ္လေက်ာ္ေလး အတြင္း ၁၀ ဆေက်ာ္ေလာက္ ရွိမယ့္ ေနာက္ထပ္ လူ ၃၉၀၀ ေက်ာ္ ကူးစက္ခံရ၊ ေသဆံုးသူကလည္း ၁၀ ဆ ေလာက္ တက္လာတဲ့ အေနအထားမို႔ Covid-19 ကပ္ေရာဂါ အေျခအေန အရင္ ၅ လတာ ၾကံဳရတာထက္ အမ်ားၾကီး ဆိုးေနတယ္လို႔ မွတ္ယူႏိုင္ပါတယ္။ ေလာေလာဆယ္ Covid-19 ကူးစက္ပ်ံ႕ႏွံ႕မွဳ အရွိန္ ျမင့္တက္ေနတယ္လို႔ ဆုိရင္လည္း မမွားပါဘူး။
ေရြးေကာက္ပြဲ တစ္ခု က်င္းပဖို႔ ဆိုရင္ မဲေပးမယ့္ေန႔ဟာ Covid-19 ကို ထိန္းခ်ဳပ္ထားႏိုင္တဲ့ အေျခအေန၊ ျပည္သူေတြ ေဘးအႏၱရာယ္ ကင္းကင္း မဲေပးႏုိင္တဲ့ အေျခအေနမ်ိဳး ျဖစ္ဖို႔ လိုတယ္လို႔ က်န္းမာေရးဆုိင္ရာ ကၽြမ္းက်င္သူေတြက အၾကံေပးၾကပါတယ္။ ဒီအတြက္ ျပည္ေထာင္စု ေရြးေကာက္ပြဲ ေကာ္မရွင္နဲ႔ က်န္းမာေရး၀န္ၾကီးဌာန အေနနဲ႔ အဓိက စဥ္းစားရမွာကလည္း ႏို၀င္ဘာ ၈ ရက္၀န္းက်င္ဟာ Covid-19 ကုိ ထိန္းခ်ဳပ္ထားႏိုင္တဲ့ အခ်ိန္ ျဖစ္မျဖစ္၊ ျပည္သူေတြ ေဘးအႏၱရာယ္ ကင္းကင္း မဲေပးႏုိင္တဲ့ အေျခအေန ရွိမရွိပါပဲ။ ရန္ကုန္တုိင္း Covid-19 ကာကြယ္ထိန္းခ်ဳပ္ေရး အဖြဲ႕ ဒုဥကၠဌ ေဒါက္တာေဇာ္ေ၀စိုးနဲ႔ ရန္ကုန္တုိင္း ၀န္ၾကီးခ်ဳပ္ ဦးျဖိဳးမင္းသိန္းတုိ႔ကေတာ့ လက္ရွိ အေျခအေန အထိ Covid-19 ျပသနာကို ကိုင္တြယ္ႏုိင္တဲ့ အေနအထား ရွိေနေသးတယ္၊ လာမယ့္ ၂ ပတ္ ၃ ပတ္အတြင္း ထိန္းခ်ဳပ္ႏုိင္လိမ့္မယ္ လို႔ ေမွ်ာ္လင့္တယ္ ဆုိျပီး ေျပာဆုိထားပါတယ္။ တကယ္လို႔ ေရြးေကာက္ပြဲ ကပ္လာခ်ိန္ အထိ ေမွ်ာ္လင့္သလို ထိန္းခ်ဳပ္ႏုိင္တဲ့ အေျခအေန မေရာက္ေသးဘူး ဆိုရင္ေတာ့ ေရြးေကာက္ပြဲကို ေနာက္ဆုတ္ ေရႊ႕ဆုိင္းရမွာပါပဲ။ ေရႊ႕ဆုိင္းရာမွာလဲ အခ်ိန္ အမ်ားၾကီး ေနာက္ဆုတ္တာမ်ိဳး မဟုတ္ပဲ Covid-19 ထိန္းခ်ဳပ္ႏုိင္ေလာက္တဲ့ အခ်ိန္ကို ခန္႔မွန္းတြက္ခ်က္ျပီး၊ ကပ္ျပီး ေရႊ႕ဆုိင္းရမွာပါ။ အေၾကာင္းကေတာ့ ခပ္ေ၀းေ၀း ေရႊ႕ဆုိင္းခဲ့ရင္လည္း အဲဒီအခ်ိန္မွာ Covid-19 ကို ထိန္းခ်ဳပ္ထားႏုိင္တဲ့ အခ်ိန္ ျဖစ္ေန၊ မေန ဘယ္သူမွ အတတ္ေျပာႏုိင္မွာ မဟုတ္လို႔ပါပဲ။
အျခား တစ္ဖက္မွာေတာ့ ေရြးေကာက္ပြဲ ေကာ္မရွင္ဟာ သန္း ရာနဲ႔ခ်ီ ရိွမယ့္ မဲလက္မွတ္ေတြ ရိုက္ႏွိပ္ျပီးျပီလို႔ သိရပါတယ္။ ႏိုင္ငံျခားေရာက္ မဲဆႏၵရွင္ေတြကေတာ့ အေစာဆံုး ေအာက္တိုဘာ လ ဆန္းမွာ ၾကိဳတင္မဲ ေပးႏုိင္ၾကဖို႔ စီစဥ္ေနတာလဲ ေတြ႕ရပါတယ္။ လတ္တေလာ အေျခအေနအရေတာ့ က်န္းမာေရးနဲ႔ ေကာ္မရွင္ တာ၀န္ရွိသူေတြဘက္က ေရြးေကာက္ပြဲ ေရႊ႕မေရႊ႕ ေျပာဖုိ႔ အခ်ိန္ေစာေနေသးတယ္လို႔ ယူဆေနၾကမွာ ျဖစ္ျပီး၊ တကယ္လို႔ ေရႊ႕ဆုိင္းခဲ့ရင္ေတာင္ ႏုိ၀င္ဘာ ၈ ရက္နဲ႔ သိပ္မေ၀းတဲ့ ရက္ကိုသာ ေရႊ႕ဆုိင္းၾကဖို႔ ျဖစ္ႏိုင္ေၾကာင္းပါ။
------------------------------------
“ ရွေးကောက်ပွဲ ရွှေ့ဆိုင်းရဖို့ ဖြစ်လာနိုင်ခြေ ရှိသလား။”
စည်သူအောင်မြင့်။
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဟာ လာမယ့် ၂၀၂၀ နိုဝင်ဘာ ၈ ရက်နေ့မှာ အထွေထွေ ရွေးကောက်ပွဲကြီး ကျင်းပပေးမယ်လို့ ကြေညာထားပြီး ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ လုပ်ငန်းစဉ်တွေကိုလည်း ဆက်ပြီး အကောင်အထည် ဖော်နေပါတယ်။ ရွေးကောက်ပွဲကြီး ကျင်းပဖို့ ၅၂ ရက်ပဲ လိုတော့တဲ့ စက်တင်ဘာ ၁၇ ရက်နေ့မှာ မြန်မာနိုင်ငံတစ်ဝှမ်း Covid-19 ဗိုင်းရပ်စ် ကူးစက်ခံရသူ အသစ် ၄၀၄ ယောက် ထပ်တွေ့ခဲ့ပြီး ဒါဟာ ပြီးခဲ့တဲ့ မတ်လ ၂၃ ရက် မြန်မာနိုင်ငံမှာ Covid-19 ကူးစက်ခံရသူ စ တွေ့ပြီးကတည်းက တစ်ရက်တည်း အများဆုံး ကူးစက်တဲ့ စံချိန်လည်း ဖြစ်ခဲ့ပါတယ်။ ပြောရရင် လက်ရှိ အချိန်ဟာ တစ်ကျော့ပြန် ဖြစ်ပွားလာတဲ့ Covid-19 ကူးစက်မှု မြင့်တက်နေတဲ့ အချိန် ဖြစ်နေတာပါပဲ။ ဒီလို အခြေအနေအောက်မှာ ရွေးကောက်ပွဲ ကျင်းပမယ့်နေ့ကို လာမယ့် နိုဝင်ဘာ ၈ ရက် သတ်မှတ်ထားတာကို ပြန်သုံးသပ်ဖို့၊ ဒါမှမဟုတ် ရွှေ့ဆိုင်းပေးဖို့ ရွေးကောက်ပွဲဝင်ကြမယ့် ပါတီ တစ်ချို့ဘက်က တောင်းဆိုတာမျိုး ရှိလာပါတယ်။ မြန်မာနိုင်ငံမှာ တစ်ကျော့ပြန် ဖြစ်ပွားလာတဲ့ Covid-19 ကူးစက်မှုကြောင့် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဘာတွေ ကြုံတွေ့နေရသလဲ၊ နိုင်ငံရေးပါတီ တစ်ချို့က ဘယ်လို တောင်းဆိုနေကြသလဲ၊ ရွေးကောက်ပွဲ ကျင်းပမယ့်နေ့ ရွှေ့ဆိုင်းဖို့ သင့်သလား ဆိုတဲ့ကိစ္စ လေ့လာ တင်ပြသွားပါ့မယ်။
ပြီးခဲ့တဲ့ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲမှာ အင်န်အယ်လ်ဒီ ပြီးရင် အမတ်နေရာ ဒုတိယ အများဆုံး အနိုင်ရတဲ့ ပြည်ခိုင်ဖြိုးပါတီဟာ လာမယ့် အထွေထွေ ရွေးကောက်ပွဲ ကျင်းပမယ့်နေ့အဖြစ် နိုဝင်ဘာ ၈ ရက်မှာ သတ်မှတ်ထားတာကို ပြန်သုံးသပ်ဖို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဆီ စာရေးသား တင်ပြပါတယ်။ ပြည်ခိုင်ဖြိုးနဲ့ သူ့ရဲ့ မိတ်ဖက် ၂၄ ပါတီက ခေါင်းဆောင်တွေ လက်မှတ်ရေးထိုးပြီး တောင်းဆိုတာပါ။ အလားတူ ၂၀၁၅ ရွေးကောက်ပွဲမှာ အမတ်နေရာ တတိယ အများဆုံး ရခဲ့တဲ့ ANP ရခိုင်အမျိုးသားပါတီကလည်း “ လက်ရှိ အခြေအနေမှာ တစ်ပြည်လုံး အတိုင်းအတာအရ လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲများ ကျင်းပရန် လက်တွေ့အားဖြင့် မဖြစ်နိုင်သော အခြေအနေ ဖြစ်ပေါ်တည်ရှိနေမှုအား အလေးထား သုံးသပ်ဆောင်ရွက်ရန်” ဆိုပြီး ပြောဆိုထားပါတယ်။ ANP ပါတီရဲ့ စက်တင်ဘာ ၁၆ ရက် ကြေညာချက်မှာ ထည့်သွင်းဖော်ပြထားတာပါ။ ANP ခေါင်းဆောင်တွေကတော့ ရခိုင်ပြည်နယ်ထဲမှာ Covid-19 ပြသနာအပြင် တပ်မတော်နဲ့ AA တပ်ဖွဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ မဖြစ်နိုင်ဘူး လို့ ပြောဆိုထားကြပါတယ်။
ရွေးကောက်ပွဲ ရွှေ့ဆိုင်းပေးဖို့ တိတိကျကျ တောင်းဆိုတာကတော့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီပါ။ အခု ၂၀၂၀ မှ ရွေးကောက်ပွဲ ဝင်ပြိုင်မယ့် ၈၈ မျိုးဆက်ခေါင်းဆောင်ဟောင်း ဦးကိုကိုကြီး ဦးဆောင်တဲ့ ပြည်သူ့ပါတီကတော့ ရွေးကောက်ပွဲကို ရွှေ့ဆိုင်းဖို့ တောင်းဆိုထားသလို၊ Covid-19 ကြောင့် မဲဆွယ် စည်းရုံးပွဲတွေလည်း ရပ်ဆိုင်းထားရတယ်လို့ ဆိုပါတယ်။ စီးပွားရေး လုပ်ငန်းရှင် ဒေါ်သက်သက်ခိုင် ဦးဆောင်တဲ့ PPP ပါတီကတော့ ရွေးကောက်ပွဲ ကျင်းပမယ့်ရက် ပြန်လည်သုံးသပ်ဖို့ တင်ပြထားပေမယ့် လုပ်ကိုင်လို့ ရသလောက် မဲဆွယ် စည်းရုံးနေတာကိုတော့ တွေ့ရပါတယ်။ ဒါတွေက Covid-19 ကပ်ဘေးကြောင့် ရွေးကောက်ပွဲ ရွှေ့ဆိုင်းသင့်သလား၊ မဲပေးမယ့်နေ့ကို ပြန်သုံးသပ်သင့်သလား ဆိုတာ အရေးပါတဲ့ ပါတီတစ်ချို့ရဲ့ သဘောထား အမြင်တွေပါ။
အင်န်အယ်လ်ဒီ ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် နဲ့ ဒုဥက္ကဌ(၂) ဒေါက်တာဇော်မြင့်မောင် တို့ကတော့ အင်န်အယ်လ်ဒီ ပါတီဝင်တွေနဲ့ ထောက်ခံသူ ပြည်သူတွေကို Covid-19 နဲ့ ပတ်သက်ပြီး ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်တွေကို လိုက်နာကြဖို့၊ လူစုလူဝေး ဖြစ်ပေါ်စေတဲ့ မဲဆွယ် စည်းရုံးမှုမျိုးတွေ မလုပ်ဖို့၊ မဲပေးမယ့်ရက်မှာ ကျန်းကျန်းမာမာ နဲ့ မဲပေးနိုင်အောင် ဂရုစိုက်နေထိုင်ကြဖို့ မေတ္တာရပ်ခံ ပန်ကြားထားတာ တွေ့ရပါတယ်။ အာဏာရ အင်န်အယ်လ်ဒီ ပါတီ အနေနဲ့ ရွေးကောက်ပွဲနေ့ကို ပြန်သုံးသပ်ဖို့၊ ရွှေ့ဆိုင်းပေးဖို့ တရားဝင် ထုတ်ပြန် ပြောဆိုတာမျိုး မကြားမသိရပါဘူး။ ဒါပေမယ့် အင်န်အယ်လ်ဒီ ပြောခွင့်ရ ဒေါက်တာမျိုးညွန့်ကတော့ လက်ရှိ လွှတ်တော် သက်တမ်း မကုန်ခင် နိုဝင်ဘာ ၈ ရက်ကနေ နောက်ထပ် အချိန် တစ်လ၊ တစ်လ ခွဲလောက်အထိ ရွေးကောက်ပွဲ ကျင်းပမယ့် နေ့ကို ရွှေ့ဆိုင်းမယ်ဆို ရွှေ့ဆိုင်းလို့ရတဲ့အကြောင်း၊ ဘယ်လိုပဲဖြစ်ဖြစ် အင်န်အယ်လ်ဒီ အနေနဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နဲ့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ဆုံးဖြတ်ချက်ကို လက်ခံမယ် ဆိုတဲ့အကြောင်း ပြောဆိုထားပါတယ်။
လက်ရှိ Covid-19 ဖြစ်ပွားမှု အခြေအနေအရ ကျန်းမာရေးဝန်ကြီးဌာနဟာ ရခိုင်ပြည်နယ် တစ်ခုလုံးနဲ့ ရန်ကုန်တိုင်း ၂၈ မြို့နယ်ကို Stay home မြို့နယ်တွေ အဖြစ် သတ်မှတ်ထားပါတယ်။ အဲဒါဟာ တစ်နိုင်ငံလုံး မဲဆန္ဒနယ် စုစုပေါင်းရဲ့ ၁၄ ရာခိုင်နှုန်းလောက်နဲ့ ညီမျှပြီး အဲဒီ မဲဆန္ဒနယ်မြေတွေမှာ လူစုလူဝေးနဲ့ မဲဆွယ်တာ၊ တစ်အိမ်တက်ဆင်း မဲဆွယ်တာမျိုး လုပ်လို့မရပါဘူး။ ကျန်မဲဆန္ဒနယ်မြေတွေကတော့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ Covid-19 စည်းကမ်းချက်တွေနဲ့ အညီ လူ ၅၀ အောက် စုရုံး၊မဲဆွယ်ခွင့် ပေးထားပါတယ်။
စက်တင်ဘာ ၁၇ ရက်နေ့အထိ စာရင်းတွေအရ မြန်မာနိုင်ငံမှာ Covid-19 ကူးစက်လူနာ စုစုပေါင်း ၄၂၉၉၊ သေဆုံးသူ ၆၁ ယောက်၊ ဆေးရုံက ဆင်းပြီးသူ ၉၄၄ ယောက်ရှိပြီ ဖြစ်တာကြောင့် လက်ရှိ ကုသပေးနေရဆဲ Active လူနာ ၃၂၉၄ ယောက် ရှိနေပါတယ်။ ဒုတိယ တစ်ကျော့လို့ ပြောနိုင်တဲ့ ရခိုင်ပြည်နယ် စစ်တွေမှာ ကူးစက်လူနာ စတွေ့တုန်းက မြန်မာနိုင်ငံမှာ Covid-19 ကူးစက်ခံရသူ ၃၇၅ ယောက်ပဲ ရှိရာကနေ တစ်လကျော်လေး အတွင်း ၁၀ ဆကျော်လောက် ရှိမယ့် နောက်ထပ် လူ ၃၉၀၀ ကျော် ကူးစက်ခံရ၊ သေဆုံးသူကလည်း ၁၀ ဆ လောက် တက်လာတဲ့ အနေအထားမို့ Covid-19 ကပ်ရောဂါ အခြေအနေ အရင် ၅ လတာ ကြုံရတာထက် အများကြီး ဆိုးနေတယ်လို့ မှတ်ယူနိုင်ပါတယ်။ လောလောဆယ် Covid-19 ကူးစက်ပျံ့နှံ့မှု အရှိန် မြင့်တက်နေတယ်လို့ ဆိုရင်လည်း မမှားပါဘူး။
ရွေးကောက်ပွဲ တစ်ခု ကျင်းပဖို့ ဆိုရင် မဲပေးမယ့်နေ့ဟာ Covid-19 ကို ထိန်းချုပ်ထားနိုင်တဲ့ အခြေအနေ၊ ပြည်သူတွေ ဘေးအန္တရာယ် ကင်းကင်း မဲပေးနိုင်တဲ့ အခြေအနေမျိုး ဖြစ်ဖို့ လိုတယ်လို့ ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူတွေက အကြံပေးကြပါတယ်။ ဒီအတွက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နဲ့ ကျန်းမာရေးဝန်ကြီးဌာန အနေနဲ့ အဓိက စဉ်းစားရမှာကလည်း နိုဝင်ဘာ ၈ ရက်ဝန်းကျင်ဟာ Covid-19 ကို ထိန်းချုပ်ထားနိုင်တဲ့ အချိန် ဖြစ်မဖြစ်၊ ပြည်သူတွေ ဘေးအန္တရာယ် ကင်းကင်း မဲပေးနိုင်တဲ့ အခြေအနေ ရှိမရှိပါပဲ။ ရန်ကုန်တိုင်း Covid-19 ကာကွယ်ထိန်းချုပ်ရေး အဖွဲ့ ဒုဥက္ကဌ ဒေါက်တာဇော်ဝေစိုးနဲ့ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းတို့ကတော့ လက်ရှိ အခြေအနေ အထိ Covid-19 ပြသနာကို ကိုင်တွယ်နိုင်တဲ့ အနေအထား ရှိနေသေးတယ်၊ လာမယ့် ၂ ပတ် ၃ ပတ်အတွင်း ထိန်းချုပ်နိုင်လိမ့်မယ် လို့ မျှော်လင့်တယ် ဆိုပြီး ပြောဆိုထားပါတယ်။ တကယ်လို့ ရွေးကောက်ပွဲ ကပ်လာချိန် အထိ မျှော်လင့်သလို ထိန်းချုပ်နိုင်တဲ့ အခြေအနေ မရောက်သေးဘူး ဆိုရင်တော့ ရွေးကောက်ပွဲကို နောက်ဆုတ် ရွှေ့ဆိုင်းရမှာပါပဲ။ ရွှေ့ဆိုင်းရာမှာလဲ အချိန် အများကြီး နောက်ဆုတ်တာမျိုး မဟုတ်ပဲ Covid-19 ထိန်းချုပ်နိုင်လောက်တဲ့ အချိန်ကို ခန့်မှန်းတွက်ချက်ပြီး၊ ကပ်ပြီး ရွှေ့ဆိုင်းရမှာပါ။ အကြောင်းကတော့ ခပ်ဝေးဝေး ရွှေ့ဆိုင်းခဲ့ရင်လည်း အဲဒီအချိန်မှာ Covid-19 ကို ထိန်းချုပ်ထားနိုင်တဲ့ အချိန် ဖြစ်နေ၊ မနေ ဘယ်သူမှ အတတ်ပြောနိုင်မှာ မဟုတ်လို့ပါပဲ။
အခြား တစ်ဖက်မှာတော့ ရွေးကောက်ပွဲ ကော်မရှင်ဟာ သန်း ရာနဲ့ချီ ရှိမယ့် မဲလက်မှတ်တွေ ရိုက်နှိပ်ပြီးပြီလို့ သိရပါတယ်။ နိုင်ငံခြားရောက် မဲဆန္ဒရှင်တွေကတော့ အစောဆုံး အောက်တိုဘာ လ ဆန်းမှာ ကြိုတင်မဲ ပေးနိုင်ကြဖို့ စီစဉ်နေတာလဲ တွေ့ရပါတယ်။ လတ်တလော အခြေအနေအရတော့ ကျန်းမာရေးနဲ့ ကော်မရှင် တာဝန်ရှိသူတွေဘက်က ရွေးကောက်ပွဲ ရွှေ့မရွှေ့ ပြောဖို့ အချိန်စောနေသေးတယ်လို့ ယူဆနေကြမှာ ဖြစ်ပြီး၊ တကယ်လို့ ရွှေ့ဆိုင်းခဲ့ရင်တောင် နိုဝင်ဘာ ၈ ရက်နဲ့ သိပ်မဝေးတဲ့ ရက်ကိုသာ ရွှေ့ဆိုင်းကြဖို့ ဖြစ်နိုင်ကြောင်းပါ။
စည်သူအောင်မြင့်။