သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ႏိုင္ငံေရးပါတီ ေခါင္းေဆာင္ တခ်ိဳ႕အၾကံေပးသလို စစ္အာဏာသိမ္းပြဲ တခု ေပၚေပါက္လာႏုိင္သလား


တိုက္႐ိုက္ လင့္ခ္


Zawgyi/ Unicode

ျပီးခဲ့တဲ့ ၾသဂုတ္လ ၁၄ ရက္ေန႔က ေနျပည္ေတာ္မွာ ျပည္ခုိင္ျဖိဳးအပါအ၀င္ သူ႔ရဲ႕ မိတ္ဖက္ ၃၄ ပါတီနဲ႔ တပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးၾကီး မင္းေအာင္လွိဳင္တုိ႔ ေတြ႕ဆံုပြဲ လုပ္ပါတယ္။ ေနာက္ပိုင္း ထြက္ေပၚလာတဲ့ သတင္းေတြအရ ေတြ႕ဆံုပြဲမွာ ႏိုင္ငံေရးပါတီ ေခါင္းေဆာင္ တစ္ခ်ိဳ႕က လက္ရွိ ေရြးေကာက္ပြဲ ေကာ္မရွင္ဟာ အာဏာရ အင္န္အယ္လ္ဒီ ပါတီ ဘက္ကို ဘက္လိုက္မွဳေတြ လုပ္ေနတယ္၊ ဥပေဒနဲ႔ မညီတာေတြလုပ္ေနတယ္၊ ဒါေၾကာင့္ လာမယ့္ ေရြးေကာက္ပြဲဟာ ဘယ္လိုနည္းနဲ႔မွ တရားမွ်တမွဳ မရွိႏိုင္ဘူး၊ အဲဒီကိစၥကို တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္က ၀င္္ေရာက္ ေျဖရွင္းေပးပါ ဆုိျပီး တင္ျပတယ္လို႔ သိရပါတယ္။ ပါတီေခါင္းေဆာင္ တစ္ေယာက္ကေတာ့ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ အေနနဲ႔ အာဏာသိမ္းျပီး ေရြးေကာက္ပြဲ က်င္းပေပးပါ ဆုိတဲ့ သေဘာမ်ိဳးအထိ တင္ျပတယ္လို႔ ဆုိပါတယ္။ ဒီေတြ႕ဆံုမွဳဟာ ႏိုင္ငံေရးနဲ႔ သက္ဆုိင္တဲ့ အသိုင္းအ၀ိုင္းၾကားမွာေရာ၊ ျပည္သူေတြၾကားမွာပါ အေတာ္ေလးကို ဂယက္ရိုက္ခတ္သြားတဲ့ ေတြ႕ဆံုမွဳလို႔ ေျပာႏုိင္ပါတယ္။ အဲဒီ ေတြ႕ဆံုပြဲ ဘယ္လို ျဖစ္လာတာလဲ၊ ဘယ္သူေတြက ဘာေတြ ေဆြးေႏြးၾကသလဲ၊ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္က ဘာေတြ ျပန္ေျပာသလဲ၊ ျမန္မာႏုိင္ငံမွာ စစ္အာဏာသိမ္းပြဲ တစ္ခု ျဖစ္လာႏုိင္မလား ဆိုတဲ့ ကိစၥ စိတ္၀င္စားဖုိ႔ ေကာင္းပါတယ္။ ခုတပတ္ အဲဒီအေၾကာင္း ေလ့လာ တင္ျပသြားပါ့မယ္။

ျပည္ခိုင္ျဖိဳးပါတီက စီစဥ္တဲ့ တပ္ခ်ဳပ္နဲ႔ ႏိုင္ငံေရးပါတီ ၃၄ ပါတီ ေတြ႕ဆံုပြဲမွာ ၂၀၁၅ ခုႏွစ္က ျပည္ေထာင္စု အဆင့္ အႏိုင္ရတဲ့ ပါတီ(၅) ပါတီ ပါပါတယ္။ (၂၇) ပါတီကေတာ့ ၂၀၁၅ ေရြးေကာက္ပြဲမွာ လံုး၀ အႏုိင္ရျခင္း မရွိခဲ့သလို၊ ပါတီတစ္ခ်ိဳ႕ကေတာ့ အခုမွ ေရြးေကာက္ပြဲ၀င္မယ့္ ပါတီ အသစ္ေတြ ျဖစ္ပါတယ္။ ၂၀၁၅ ေရြးေကာက္ပြဲ ရလာဒ္အရ ပါတီ(၅)ခုဟာ ျပည္ေထာင္စု အဆင့္ လႊတ္ေတာ္မွာ အမတ္ ၄၉ ေနရာ ရခဲ့တာမို႔ တပ္ခ်ဳပ္ကို ေတြ႕ရာမွာ ေရြးေကာက္ခံ အမတ္ စုစုေပါင္း ၄၉၁ ေယာက္ရဲ႕ ၁၀% ေလာက္ကို ကိုယ္စားျပဳတယ္လို႔ မွတ္ယူႏုိင္ပါတယ္။

တပ္ခ်ဳပ္နဲ႔ မေတြ႕ခင္ ပါတီေခါင္းေဆာင္ေတြဟာ ျပည္ခုိင္ျဖိဳးရံုးခ်ဳပ္မွာ အရင္ စုစည္းျပီး ေဆြးေႏြးပြဲမွာ အားလံုးကိုယ္စား တင္ျပမယ့္ ပုဂၢိဳလ္ ၅ ေယာက္ကို ေရြးခ်ယ္ပါတယ္။ အဲဒီ ပုဂၢိဳလ္္ေတြကေတာ့ အမ်ိဳးသားဒီမိုကေရစီ အင္အားစုပါတီ ဥကၠဌ ဦးခင္ေမာင္ေဆြ၊ အမ်ိဳးသား ဒီမိုကေရစီပါတီသစ္ ဥကၠ႒ ဦးသိန္းညြန႔္၊ အမ်ိဳးသားတိုးတက္ေရးပါတီဥကၠ႒ ေဒါက္တာ ေနဇင္လတ္၊ျပည္သူ႔ေရွ႕ေဆာင္ပါတီ ဥကၠ႒ ေဒါက္တာ ေဒၚသက္သက္ခိုင္ နဲ႔ ပအိုဝ္းအမ်ိဳးသားအဖြဲ႕ခ်ဳပ္ (PNO) ပါတီ ဒုတိယဥကၠ႒ ဦးခြန္ေမာင္ေသာင္း တုိ႔ပဲ ျဖစ္ပါတယ္။ ေတြ႕ဆံုပြဲမွာ ဦးခင္ေမာင္ေဆြက ျပည္ေထာင္စု ေရြးေကာက္ပြဲ ေကာ္မရွင္ဟာ ဥပေဒခ်ိဳးေဖါက္ေနတယ္၊ ဒါေၾကာင့္ လာမယ့္ ေရြးေကာက္ပြဲဟာ တရားမွ်တမွဳ မရွိႏိုင္ဘူး၊ ေရြးေကာက္ပြဲ ျပီးသြားရင္လည္း တစ္ပါတီတည္း ၾကီးစိုးျပီး အႏုိင္က်င့္ေတာ့မယ္၊ ဒါေၾကာင့္ ေကာ္မရွင္ ဥကၠဌကို ဖယ္ရွားဖုိ႔ တပ္မေတာ္က ကူညီပါလို႔ တင္ျပခဲ့ပါတယ္။

ဒီမိုကေရစီ ပါတီသစ္ ဥကၠဌ ဦးသိန္းညြန္႕ကေတာ့ အဲဒီထက္ တိတိက်က် အၾကံေပးပါတယ္။ ၁၉၅၈ ခုႏွစ္ ပါလီမန္ဒီမိုကေရစီေခတ္ ဦးႏု အစိုးရ လက္ထက္မွာ ႏိုင္ငံေရးဆုိင္ရာ အၾကပ္အတည္းေၾကာင့္ ၁၉၄၇ ခုႏွစ္ ဖြဲ႕စည္းပံုကို အသံုးျပဳျပီး တပ္မေတာ္က တရား၀င္ အာဏာလဲႊေျပာင္းရယူခဲ့ျပီး ၁၉၆၀ ခုႏွစ္မွာ အေထြေထြ ေရြးေကာက္ပြဲ က်င္းပေပးခဲ့တဲ့ ျဖစ္စဥ္ ရွိခဲ့ဘူးတယ္၊ ဒါေၾကာင့္ အခုလည္း ၂၀၀၈ ဖြဲ႕စည္းပံုကို အသံုးျပဳျပီး တပ္မေတာ္က အာဏာလဲႊေျပာင္းရယူျပီးမွ ေရြးေကာက္ပြဲ က်င္းပေပးသင့္တယ္ ဆုိျပီး တင္ျပခဲ့တာပါ။ ေျပာရရင္ေတာ့ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ကို စစ္အာဏာသိမ္းဖို႔ တုိက္တြန္းခဲ့ၾကတာမ်ိဳးပါ။

ေတြ႕ဆံုပြဲမွာ တရား၀င္ တင္ျပခြင့္ရသူ ၅ ေယာက္အျပင္ ပုဂၢိဳလ္ တစ္ခ်ိဳ႕ကို စကားေျပာခြင့္ ေပးခဲ့ေပမယ့္ အဓိကကေတာ့ ေရြးေကာက္ပြဲ ေကာ္မရွင္ကို အျပစ္တင္တာက အဓိကက်ေနတာ ေတြ႕ရပါတယ္။ ဗိုလ္ခ်ဳပ္မွဴးၾကီးမင္းေအာင္လွိဳင္ကလည္း အစိုးရ အေပၚ သူ႔ရဲ႕ မေက်နပ္ခ်က္ေတြကို ျပန္ေျပာတာ ေတြ႕ရပါတယ္။ သူက တပ္မေတာ္မွာ တုိက္ပြဲမွာ ဒဏ္ရာရတဲ့သူေတြ ရွိေၾကာင္း၊ အဲဒီလူေတြထဲမွာ ထိုင္ျပီးေတာ့ အလုပ္လုပ္ႏုိင္တဲ့သူေတြ ပါ၀င္ေၾကာင္း၊ အရင္က အဲဒီလူေတြ အစိုးရဘက္ကို ကူးေျပာင္း တာ၀န္ထမ္းေဆာင္ခြင့္ ရခဲ့ေပမယ့္ အခုေနာက္ပိုင္း အဲဒီလူေတြကို အစိုးရဘက္က ၀န္ထမ္းအျဖစ္ အလုပ္ခန္႔ေပးတာ မရွိလို႔ သူ႔အေနနဲ႔ စိတ္မေကာင္းျဖစ္ရေၾကာင္း၊ ရွမ္းျပည္နယ္ ဘက္ကို သူသြားေတာ့လည္း ျပည္သူေတြက တုိက္နယ္ ေဆးရံုရွိျပီး ဆရာ၀န္မရွိတဲ့ ကိစၥမ်ိဳး တင္ျပတာ ရွိေၾကာင္း၊ သူ႔အေနနဲ႔ တပ္မေတာ္ဘက္ကေန ပံ့ပိုးေပးခ်င္ေပမယ့္ အစိုးရဘက္က ခြင့္မျပဳလို႔ စိတ္မေကာင္းျဖစ္ရေၾကာင္း၊ အလားတူ ဘာသာေရး လူမွဳေရး ကိစၥေတြနဲ႔ ပတ္သက္ျပီး သူက လုပ္ေပးခ်င္ေပမယ့္ အစိုးရဘက္ကေန ကန္႔သတ္ခ်က္ေတြ ရွိေနတဲ့အေၾကာင္း ရင္ဖြင့္သြားတာ ေတြ႕ရပါတယ္။

ေတြ႕ဆံုပြဲမွာ ႏိုင္ငံေရးပါတီ ေခါင္းေဆာင္ တစ္ခ်ိဳ႕ တင္ျပတဲ့ စစ္တပ္က အာဏာလဲႊေျပာင္းရယူျပီး ေရြးေကာက္ပြဲကို ၾကီးၾကပ္ လုပ္ေပးဖို႔ ဆိုတဲ့ အၾကံေပးခ်က္ကိုေတာ့ လက္ခံခဲ့ပံုမရပါဘူး။ ဗိုလ္ခ်ဳပ္မွဴးၾကီး မင္းေအာင္လွိဳင္က ေရြးေကာက္ပြဲ ၀င္ၾကဖို႔၊ ျပည္သူေတြကို မဲေပးဖုိ႔ ႏွိဳးေဆာ္ၾကဖို႔၊ ေရြးေကာက္ပြဲ တရားမွ်တမွဳ ရွိမရွိ ေစာင့္ၾကည့္ျပီး၊ ေရြးေကာက္ပြဲ ေနာက္ပိုင္း ေပၚေပါက္လာတဲ့ အေျခအေနေပၚ မူတည္ျပီး သူ႔အေနနဲ႔ ဆက္လုပ္သြားမယ္လို႔ အေျဖေပးခဲ့ပါတယ္။

ျမန္မာႏိုင္ငံမွာ လြတ္လပ္ေရး ရျပီးအခ်ိန္က စတြက္ရင္ စစ္တပ္က အာဏာလဲႊေျပာင္းရယူမွဳ၊ အာဏာသိမ္းမွဳ (၃)ၾကိမ္ ျဖစ္ခဲ့ဖူးပါတယ္။ ၁၉၅၈ ခုႏွစ္ နဲ႔ ၁၉၈၈ ခုႏွစ္ေတြမွာ တည္ဆဲ အစိုးရက စစ္တပ္ကို အာဏာလဲႊေျပာင္းေပးတာ ျဖစ္ေလေတာ့ ဥပေဒေၾကာင္းအရဆုိ တရား၀င္ အာဏာလဲႊေျပာင္းေပးမွဳလို႔ ဆုိႏုိင္ပါတယ္။ ၁၉၆၂ ခုႏွစ္ ဗိုလ္ခ်ဳပ္ၾကီးေန၀င္း ဦးေဆာင္တဲ့ စစ္အာဏာသိမ္းပြဲကေတာ့ ဖြဲ႕စည္းပံု အေျခခံ ဥပေဒကို ခ်ိဳးေဖါက္လိုက္တာျဖစ္ျပီး ႏိုင္ငံေတာ္ပုန္ကန္မွဳ က်ဴးလြန္ခဲ့တယ္လို႔ သတ္မွတ္ႏုိင္ပါတယ္။ လက္ရွိ တည္ဆဲ ၂၀၀၈ ဖြဲ႕စည္းပံုမွာေတာ့ တပ္မေတာ္အေနနဲ႔ သူ႔ဖာသာသူ တိုင္းျပည္ အာဏာကိုရယူႏုိင္တဲ့ ျပဌာန္းခ်က္မ်ိဳး တစ္ခုမွ ေဖာ္ျပထားတာ မေတြ႕ရပါဘူး။ ႏိုင္ငံေတာ္ သမၼတ အေနနဲ႔ တုိင္းျပည္မွာ တကယ့္ကို ဆိုးရြားတဲ့၊ အခ်ဳပ္အျခာအာဏာ လက္လြတ္ဆံုးရွံုးေစမယ့္ အေျခအေနမ်ိဳး ၾကံဳေနရျပီလို႔ ယူဆတဲ့ အခါမွသာ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ကို အာဏာလဲႊေျပာင္းေပးဖို႔ ျပဌာန္းထားတာ ေတြ႕ႏိုင္ပါတယ္။ တနည္းေျပာရရင္ေတာ့ ႏိုင္ငံေတာ္ သမၼတ က မေပးရင္ တပ္ခ်ဳပ္အေနနဲ႔ တုိင္းျပည္အာဏာ ရယူဖုိ႔ ဆိုတာ မျဖစ္ႏုိင္ပါဘူး။

လက္ရွိ အေျခအေနေအာက္မွာ အင္န္အယ္လ္ဒီ အစိုးရအဖြဲ႕ရဲ႕ သမၼတ အေနနဲ႔ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ကို အေၾကာင္းတစ္စံုတစ္ခုေၾကာင့္ အာဏာလဲႊေျပာင္းေပးမယ္ ဆုိတာမ်ိဳးဟာ အလြန္မျဖစ္ႏုိင္တဲ့ ကိစၥပါ။ အဓိပၸါယ္ကေတာ့ တပ္ခ်ဳပ္အေနနဲ႔ ဖြဲ႕စည္းပံုအရ၊ တရား၀င္အားျဖင့္ တုိင္းျပည္အာဏာ ရလာဖို႔ ဆိုတာ မျဖစ္ႏုိင္ပါဘူး။ ဒီအတြက္ တိုင္းျပည္ရဲ႕ အာဏာအရပ္ရပ္ကို ကိုယ့္ဖာသာကိုယ္ ရယူခ်င္တယ္ ဆုိရင္ ၁၉၆၂ ခုႏွစ္တုန္းက ဗိုလ္ခ်ဳပ္ၾကီးေန၀င္း လုပ္ခဲ့သလို ဖြဲ႕စည္းပံု အေျခခံ ဥပေဒကို ခ်ိဳးေဖါက္ျပီး၊ ႏိုင္ငံေတာ္ ပုန္ကန္မွဳ က်ဴးလြန္၊ စစ္အာဏာသိမ္းျပီးမွ ရမယ့္ သေဘာ သက္ေရာက္ေနတာ ေတြ႕ရပါတယ္။ လက္ရွိ အေျခအေနအရ အဲဒီလို အေကာင္အထည္ ေဖာ္ဖို႔ ဆုိတာကလည္း သိပ္ျပီး လြယ္ကူတဲ့ ကိစၥမ်ိဳးေတာ့ မဟုတ္ပါဘူး။ တပ္မေတာ္ တပ္တြင္း အေျခအေန၊ ျပည္သူေတြရဲ႕ အေျခအေန၊ မ်က္ေမွာက္ ႏုိင္ငံတကာ အေျခအေန၊ အထီးက်န္ျဖစ္တိုင္း ေနာက္ကေန ရပ္တည္ေပးတဲ့ အိမ္နီးခ်င္း အင္အားၾကီး တရုတ္ႏုိင္ငံနဲ႔ ဆက္ဆံေရး အစစ အရာရာ ခ်င့္ခ်ိန္ တြက္ဆ ရမွာျဖစ္တဲ့အျပင္ တပ္မေတာ္ အေနနဲ႔ ၂၀၀၈ ဖြဲ႕စည္းပံု အေျခခံ ဥပေဒကို ကာကြယ္ေစာင့္ေရွာက္ဖို႔ အဓိက တာ၀န္ရိွတယ္လို႔ ခံယူထားတာေၾကာင့္ပါ လက္ရွိ ႏုိင္ငံေရးပါတီ ေခါင္းေဆာင္ တစ္ခ်ိဳ႕ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ဆီ သြားျပီး အၾကံေပးသလို၊ စစ္အာဏာသိမ္းပြဲ တစ္ခု ေပၚေပါက္မယ့္ အလားအလာ မေတြ႕၊ မျမင္ရေသးေၾကာင္းပါ။

===================

နိုင်ငံရေးပါတီ ခေါင်းဆောင် တချို့အကြံပေးသလို စစ်အာဏာသိမ်းပွဲ တခု ပေါ်ပေါက်လာနိုင်သလား

ပြီးခဲ့တဲ့ သြဂုတ်လ ၁၄ ရက်နေ့က နေပြည်တော်မှာ ပြည်ခိုင်ဖြိုးအပါအဝင် သူ့ရဲ့ မိတ်ဖက် ၃၄ ပါတီနဲ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ တွေ့ဆုံပွဲ လုပ်ပါတယ်။ နောက်ပိုင်း ထွက်ပေါ်လာတဲ့ သတင်းတွေအရ တွေ့ဆုံပွဲမှာ နိုင်ငံရေးပါတီ ခေါင်းဆောင် တစ်ချို့က လက်ရှိ ရွေးကောက်ပွဲ ကော်မရှင်ဟာ အာဏာရ အင်န်အယ်လ်ဒီ ပါတီ ဘက်ကို ဘက်လိုက်မှုတွေ လုပ်နေတယ်၊ ဥပဒေနဲ့ မညီတာတွေလုပ်နေတယ်၊ ဒါကြောင့် လာမယ့် ရွေးကောက်ပွဲဟာ ဘယ်လိုနည်းနဲ့မှ တရားမျှတမှု မရှိနိုင်ဘူး၊ အဲဒီကိစ္စကို တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ဝင်ရောက် ဖြေရှင်းပေးပါ ဆိုပြီး တင်ပြတယ်လို့ သိရပါတယ်။ ပါတီခေါင်းဆောင် တစ်ယောက်ကတော့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် အနေနဲ့ အာဏာသိမ်းပြီး ရွေးကောက်ပွဲ ကျင်းပပေးပါ ဆိုတဲ့ သဘောမျိုးအထိ တင်ပြတယ်လို့ ဆိုပါတယ်။ ဒီတွေ့ဆုံမှုဟာ နိုင်ငံရေးနဲ့ သက်ဆိုင်တဲ့ အသိုင်းအဝိုင်းကြားမှာရော၊ ပြည်သူတွေကြားမှာပါ အတော်လေးကို ဂယက်ရိုက်ခတ်သွားတဲ့ တွေ့ဆုံမှုလို့ ပြောနိုင်ပါတယ်။ အဲဒီ တွေ့ဆုံပွဲ ဘယ်လို ဖြစ်လာတာလဲ၊ ဘယ်သူတွေက ဘာတွေ ဆွေးနွေးကြသလဲ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ဘာတွေ ပြန်ပြောသလဲ၊ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပွဲ တစ်ခု ဖြစ်လာနိုင်မလား ဆိုတဲ့ ကိစ္စ စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ခုတစ်ပတ် အဲဒီအကြောင်း လေ့လာ တင်ပြသွားပါ့မယ်။

ပြည်ခိုင်ဖြိုးပါတီက စီစဉ်တဲ့ တပ်ချုပ်နဲ့ နိုင်ငံရေးပါတီ ၃၄ ပါတီ တွေ့ဆုံပွဲမှာ ၂၀၁၅ ခုနှစ်က ပြည်ထောင်စု အဆင့် အနိုင်ရတဲ့ ပါတီ(၅) ပါတီ ပါပါတယ်။ (၂၇) ပါတီကတော့ ၂၀၁၅ ရွေးကောက်ပွဲမှာ လုံး၀ အနိုင်ရခြင်း မရှိခဲ့သလို၊ ပါတီတစ်ချို့ကတော့ အခုမှ ရွေးကောက်ပွဲဝင်မယ့် ပါတီ အသစ်တွေ ဖြစ်ပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲ ရလာဒ်အရ ပါတီ(၅)ခုဟာ ပြည်ထောင်စု အဆင့် လွှတ်တော်မှာ အမတ် ၄၉ နေရာ ရခဲ့တာမို့ တပ်ချုပ်ကို တွေ့ရာမှာ ရွေးကောက်ခံ အမတ် စုစုပေါင်း ၄၉၁ ယောက်ရဲ့ ၁၀% လောက်ကို ကိုယ်စားပြုတယ်လို့ မှတ်ယူနိုင်ပါတယ်။

တပ်ချုပ်နဲ့ မတွေ့ခင် ပါတီခေါင်းဆောင်တွေဟာ ပြည်ခိုင်ဖြိုးရုံးချုပ်မှာ အရင် စုစည်းပြီး ဆွေးနွေးပွဲမှာ အားလုံးကိုယ်စား တင်ပြမယ့် ပုဂ္ဂိုလ် ၅ ယောက်ကို ရွေးချယ်ပါတယ်။ အဲဒီ ပုဂ္ဂိုလ်တွေကတော့ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ ဥက္ကဌ ဦးခင်မောင်ဆွေ၊ အမျိုးသား ဒီမိုကရေစီပါတီသစ် ဥက္ကဋ္ဌ ဦးသိန်းညွန့်၊ အမျိုးသားတိုးတက်ရေးပါတီဥက္ကဋ္ဌ ဒေါက်တာ နေဇင်လတ်၊ ပြည်သူ့ရှေ့ဆောင်ပါတီ ဥက္ကဋ္ဌ ဒေါက်တာ ဒေါ်သက်သက်ခိုင် နဲ့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ပါတီ ဒုတိယဥက္ကဋ္ဌ ဦးခွန်မောင်သောင်း တို့ပဲ ဖြစ်ပါတယ်။ တွေ့ဆုံပွဲမှာ ဦးခင်မောင်ဆွေက ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဟာ ဥပဒေချိုးဖေါက်နေတယ်၊ ဒါကြောင့် လာမယ့် ရွေးကောက်ပွဲဟာ တရားမျှတမှု မရှိနိုင်ဘူး၊ ရွေးကောက်ပွဲ ပြီးသွားရင်လည်း တစ်ပါတီတည်း ကြီးစိုးပြီး အနိုင်ကျင့်တော့မယ်၊ ဒါကြောင့် ကော်မရှင် ဥက္ကဌကို ဖယ်ရှားဖို့ တပ်မတော်က ကူညီပါလို့ တင်ပြခဲ့ပါတယ်။

ဒီမိုကရေစီ ပါတီသစ် ဥက္ကဌ ဦးသိန်းညွန့်ကတော့ အဲဒီထက် တိတိကျကျ အကြံပေးပါတယ်။ ၁၉၅၈ ခုနှစ် ပါလီမန်ဒီမိုကရေစီခေတ် ဦးနု အစိုးရ လက်ထက်မှာ နိုင်ငံရေးဆိုင်ရာ အကြပ်အတည်းကြောင့် ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံကို အသုံးပြုပြီး တပ်မတော်က တရားဝင် အာဏာလွဲှပြောင်းရယူခဲ့ပြီး ၁၉၆၀ ခုနှစ်မှာ အထွေထွေ ရွေးကောက်ပွဲ ကျင်းပပေးခဲ့တဲ့ ဖြစ်စဉ် ရှိခဲ့ဘူးတယ်၊ ဒါကြောင့် အခုလည်း ၂၀၀၈ ဖွဲ့စည်းပုံကို အသုံးပြုပြီး တပ်မတော်က အာဏာလွဲှပြောင်းရယူပြီးမှ ရွေးကောက်ပွဲ ကျင်းပပေးသင့်တယ် ဆိုပြီး တင်ပြခဲ့တာပါ။ ပြောရရင်တော့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကို စစ်အာဏာသိမ်းဖို့ တိုက်တွန်းခဲ့ကြတာမျိုးပါ။

တွေ့ဆုံပွဲမှာ တရားဝင် တင်ပြခွင့်ရသူ ၅ ယောက်အပြင် ပုဂ္ဂိုလ် တစ်ချို့ကို စကားပြောခွင့် ပေးခဲ့ပေမယ့် အဓိကကတော့ ရွေးကောက်ပွဲ ကော်မရှင်ကို အပြစ်တင်တာက အဓိကကျနေတာ တွေ့ရပါတယ်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကလည်း အစိုးရ အပေါ် သူ့ရဲ့ မကျေနပ်ချက်တွေကို ပြန်ပြောတာ တွေ့ရပါတယ်။ သူက တပ်မတော်မှာ တိုက်ပွဲမှာ ဒဏ်ရာရတဲ့သူတွေ ရှိကြောင်း၊ အဲဒီလူတွေထဲမှာ ထိုင်ပြီးတော့ အလုပ်လုပ်နိုင်တဲ့သူတွေ ပါဝင်ကြောင်း၊ အရင်က အဲဒီလူတွေ အစိုးရဘက်ကို ကူးပြောင်း တာဝန်ထမ်းဆောင်ခွင့် ရခဲ့ပေမယ့် အခုနောက်ပိုင်း အဲဒီလူတွေကို အစိုးရဘက်က ဝန်ထမ်းအဖြစ် အလုပ်ခန့်ပေးတာ မရှိလို့ သူ့အနေနဲ့ စိတ်မကောင်းဖြစ်ရကြောင်း၊ ရှမ်းပြည်နယ် ဘက်ကို သူသွားတော့လည်း ပြည်သူတွေက တိုက်နယ် ဆေးရုံရှိပြီး ဆရာဝန်မရှိတဲ့ ကိစ္စမျိုး တင်ပြတာ ရှိကြောင်း၊ သူ့အနေနဲ့ တပ်မတော်ဘက်ကနေ ပံ့ပိုးပေးချင်ပေမယ့် အစိုးရဘက်က ခွင့်မပြုလို့ စိတ်မကောင်းဖြစ်ရကြောင်း၊ အလားတူ ဘာသာရေး လူမှုရေး ကိစ္စတွေနဲ့ ပတ်သက်ပြီး သူက လုပ်ပေးချင်ပေမယ့် အစိုးရဘက်ကနေ ကန့်သတ်ချက်တွေ ရှိနေတဲ့အကြောင်း ရင်ဖွင့်သွားတာ တွေ့ရပါတယ်။

တွေ့ဆုံပွဲမှာ နိုင်ငံရေးပါတီ ခေါင်းဆောင် တစ်ချို့ တင်ပြတဲ့ စစ်တပ်က အာဏာလွဲှပြောင်းရယူပြီး ရွေးကောက်ပွဲကို ကြီးကြပ် လုပ်ပေးဖို့ ဆိုတဲ့ အကြံပေးချက်ကိုတော့ လက်ခံခဲ့ပုံမရပါဘူး။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရွေးကောက်ပွဲ ဝင်ကြဖို့၊ ပြည်သူတွေကို မဲပေးဖို့ နှိုးဆော်ကြဖို့၊ ရွေးကောက်ပွဲ တရားမျှတမှု ရှိမရှိ စောင့်ကြည့်ပြီး၊ ရွေးကောက်ပွဲ နောက်ပိုင်း ပေါ်ပေါက်လာတဲ့ အခြေအနေပေါ် မူတည်ပြီး သူ့အနေနဲ့ ဆက်လုပ်သွားမယ်လို့ အဖြေပေးခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ လွတ်လပ်ရေး ရပြီးအချိန်က စတွက်ရင် စစ်တပ်က အာဏာလွဲှပြောင်းရယူမှု၊ အာဏာသိမ်းမှု (၃)ကြိမ် ဖြစ်ခဲ့ဖူးပါတယ်။ ၁၉၅၈ ခုနှစ် နဲ့ ၁၉၈၈ ခုနှစ်တွေမှာ တည်ဆဲ အစိုးရက စစ်တပ်ကို အာဏာလွဲှပြောင်းပေးတာ ဖြစ်လေတော့ ဥပဒေကြောင်းအရဆို တရားဝင် အာဏာလွဲှပြောင်းပေးမှုလို့ ဆိုနိုင်ပါတယ်။ ၁၉၆၂ ခုနှစ် ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်တဲ့ စစ်အာဏာသိမ်းပွဲကတော့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ချိုးဖေါက်လိုက်တာဖြစ်ပြီး နိုင်ငံတော်ပုန်ကန်မှု ကျူးလွန်ခဲ့တယ်လို့ သတ်မှတ်နိုင်ပါတယ်။ လက်ရှိ တည်ဆဲ ၂၀၀၈ ဖွဲ့စည်းပုံမှာတော့ တပ်မတော်အနေနဲ့ သူ့ဖာသာသူ တိုင်းပြည် အာဏာကိုရယူနိုင်တဲ့ ပြဌာန်းချက်မျိုး တစ်ခုမှ ဖော်ပြထားတာ မတွေ့ရပါဘူး။ နိုင်ငံတော် သမ္မတ အနေနဲ့ တိုင်းပြည်မှာ တကယ့်ကို ဆိုးရွားတဲ့၊ အချုပ်အခြာအာဏာ လက်လွတ်ဆုံးရှုံးစေမယ့် အခြေအနေမျိုး ကြုံနေရပြီလို့ ယူဆတဲ့ အခါမှသာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကို အာဏာလွဲှပြောင်းပေးဖို့ ပြဌာန်းထားတာ တွေ့နိုင်ပါတယ်။ တနည်းပြောရရင်တော့ နိုင်ငံတော် သမ္မတ က မပေးရင် တပ်ချုပ်အနေနဲ့ တိုင်းပြည်အာဏာ ရယူဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး။
လက်ရှိ အခြေအနေအောက်မှာ အင်န်အယ်လ်ဒီ အစိုးရအဖွဲ့ရဲ့ သမ္မတ အနေနဲ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကို အကြောင်းတစ်စုံတစ်ခုကြောင့် အာဏာလွဲှပြောင်းပေးမယ် ဆိုတာမျိုးဟာ အလွန်မဖြစ်နိုင်တဲ့ ကိစ္စပါ။ အဓိပ္ပါယ်ကတော့ တပ်ချုပ်အနေနဲ့ ဖွဲ့စည်းပုံအရ၊ တရားဝင်အားဖြင့် တိုင်းပြည်အာဏာ ရလာဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒီအတွက် တိုင်းပြည်ရဲ့ အာဏာအရပ်ရပ်ကို ကိုယ့်ဖာသာကိုယ် ရယူချင်တယ် ဆိုရင် ၁၉၆၂ ခုနှစ်တုန်းက ဗိုလ်ချုပ်ကြီးနေဝင်း လုပ်ခဲ့သလို ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ချိုးဖေါက်ပြီး၊ နိုင်ငံတော် ပုန်ကန်မှု ကျူးလွန်၊ စစ်အာဏာသိမ်းပြီးမှ ရမယ့် သဘော သက်ရောက်နေတာ တွေ့ရပါတယ်။ လက်ရှိ အခြေအနေအရ အဲဒီလို အကောင်အထည် ဖော်ဖို့ ဆိုတာကလည်း သိပ်ပြီး လွယ်ကူတဲ့ ကိစ္စမျိုးတော့ မဟုတ်ပါဘူး။ တပ်မတော် တပ်တွင်း အခြေအနေ၊ ပြည်သူတွေရဲ့ အခြေအနေ၊ မျက်မှောက် နိုင်ငံတကာ အခြေအနေ၊ အထီးကျန်ဖြစ်တိုင်း နောက်ကနေ ရပ်တည်ပေးတဲ့ အိမ်နီးချင်း အင်အားကြီး တရုတ်နိုင်ငံနဲ့ ဆက်ဆံရေး အစစ အရာရာ ချင့်ချိန် တွက်ဆ ရမှာဖြစ်တဲ့အပြင် တပ်မတော် အနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ကာကွယ်စောင့်ရှောက်ဖို့ အဓိက တာဝန်ရှိတယ်လို့ ခံယူထားတာကြောင့်ပါ လက်ရှိ နိုင်ငံရေးပါတီ ခေါင်းဆောင် တစ်ချို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဆီ သွားပြီး အကြံပေးသလို၊ စစ်အာဏာသိမ်းပွဲ တစ်ခု ပေါ်ပေါက်မယ့် အလားအလာ မတွေ့၊ မမြင်ရသေးကြောင်းပါ။


စည်သူအောင်မြင့်။

XS
SM
MD
LG