သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မဲဆႏၵနယ္ျပင္ပေရာက္ေနသူေတြရဲ႕ မဲေပးခြင့္ကိစၥ တုိင္းရင္းသားေတြကို ဘယ္ေလာက္ နစ္နာေစမလဲ


၂၀၁၅ ေရြးေကာက္ပဲြမွာ မဲေပးလာတဲ့ ပေဒါင္ အမ်ဳိးသမီးတဦး
တိုက္႐ိုက္ လင့္ခ္


Zawgyi/ Unicode

ျပီးခဲ့တဲ့ ေအာက္တိုဘာ ၃ ရက္ေန႔က ျပည္ေထာင္စု ေရြးေကာက္ပြဲ ေကာ္မရွင္ဟာ လႊတ္ေတာ္ အသီးသီးရဲ႕ ေရြးေကာက္ပြဲ ဆိုင္ရာ နည္းဥပေဒ တစ္ခ်ိဳ႕ကို ျပင္ဆင္ ထုတ္ျပန္ခဲ့ပါတယ္။ အဲဒီလို ျပင္ဆင္ခဲ့တဲ့ နည္းဥပေဒထဲမွာ တပ္ရင္းတပ္ဖြဲ႕ ျပင္ပမွာ မဲရံုေတြေဆာက္ျပီး တပ္မေတာ္သား ေတြနဲ႔ သူတုိ႔ မိသားစု၀င္ေတြကို မဲေပးခုိင္းမယ့္ ကိစၥ၊ ၾကိဳတင္မဲေတြကို ပြင့္လင္းျမင္သာမွဳ ရွိရွိနဲ႔ စနစ္တက် မဲေပးေစမယ့္ ကိစၥ စသျဖင့္ တပ္မေတာ္သားေတြရဲ႕ မဲေပးမွဳနဲ႔ ဆုိင္တဲ့ ကိစၥေတြအျပင္ မဲဆႏၵနယ္ ျပင္ပေရာက္ေနသူေတြ သူတုိ႔ေရာက္ရာ ေနရာမွာပဲ မဲေပးခြင့္ရႏိုင္မယ့္ ကိစၥလည္း ပါ၀င္ခဲ့ပါတယ္။ မဲဆႏၵနယ္ ျပင္ပေရာက္ေနသူေတြ သူေရာက္ရာေနရာမွာပဲ မဲေပးခြင့္ရမယ့္ ကိစၥနဲ႔ပတ္သက္ျပီး ကခ်င္၊ ရွမ္း နဲ႔ တုိင္းရင္းသားပါတီ အေတာ္မ်ားမ်ားက သေဘာမတူႏုိင္ ကန္႔ကြက္ေၾကာင္း ထုတ္ေဖာ္ေျပာဆိုထားၾကပါတယ္။ ဒီ ျပင္ဆင္ခ်က္ရဲ႕ အဓိပၸါယ္က ဘာလဲ၊ တုိင္းရင္းသားပါတီ ေတြက ဘာေၾကာင့္ ကန္႔ကြက္ေနၾကသလဲ ဆုိတာ ေလ့လာၾကည့္ၾကရေအာင္ပါ။

ျပည္သူ႔လႊတ္ေတာ္၊ အမ်ိဳးသားလႊတ္ေတာ္ နဲ႔ တုိင္းနဲ႔ ျပည္နယ္ လႊတ္ေတာ္ေတြရဲ႕ ေရြးေကာက္ပြဲ နည္းဥပေဒ ေတြမွာ ခုလို ျပဌာန္းခ်က္ ပါရွိပါတယ္။ “ အနည္းဆံုး ရက္ေပါင္း ၁၈၀ ထက္မနည္း မဲဆႏၵနယ္ ျပင္ပေရာက္ အျခား မဲဆႏၵရွင္မ်ားသည္ မိမိတို႔၏ အျမဲတန္း ေနရပ္သို႔ သြားေရာက္ျပီး မဲေပးလိုျခင္း မရွိပါက မိမိတို႔ ေရာက္ရွိေနေသာ မဲဆႏၵနယ္တြင္ ေရြးေကာက္ခံေသာ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း မ်ားကို ဆႏၵမဲ ေပးႏုိင္ခြင့္ ရရွိေစရန္အတြက္ မဲစာရင္း ထည့္သြင္းျခင္းကို ေအာက္ပါ နည္းလမ္းအတုိင္း ေဆာင္ရြက္ရမည္။” လို႔ ဆုိထားပါတယ္။ အဓိပၸါယ္ကေတာ့ ကိုယ္ဟာ ကိုယ့္အိမ္ေထာင္စု စာရင္းေပါက္ရာ မဲဆႏၵနယ္ကေန အျခားေနရာ တစ္ခုခုကို ရက္ရွည္လမ်ား ေရာက္ေနတယ္၊ ေနထိုင္တာကလည္း ရက္ေပါင္း ၁၈၀ ထက္မနည္း ရွိေနျပီ၊ ဒါေၾကာင့္ မဲေပးခ်ိန္ေရာက္ရင္ ကိုယ့္မဲဆႏၵနယ္ကို ကိုယ္ျပန္သြားျပီး မဲေပးခ်င္ေပး၊ ဒါမွမဟုတ္ ကိုယ္ေရာက္ေနတဲ့ မဲဆႏၵနယ္မွာ ေရြးေကာက္ခံတဲ့ အမတ္ေလာင္းေတြကိုပဲ မဲေပးခ်င္တယ္ ဆိုရင္လည္း လုပ္ထံုးလုပ္နည္းနဲ႔အညီ မဲေပးလို႔ရတယ္ ဆုိတဲ့ သေဘာပါ။ အခု ျပည္ေထာင္စု ေရြးေကာက္ပြဲ ေကာ္မရွင္ရဲ႕ ၅ၾကိမ္ေျမာက္ နည္းဥပေဒ ျပင္ဆင္ခ်က္မွာေတာ့ ရက္ေပါင္း ၁၈၀ ကို ရက္ေပါင္း ၉၀ ဆုိျပီး အစားထိုးထားပါတယ္။ အဓိပၸါယ္ကေတာ့ လူတစ္ေယာက္ဟာ တစ္ေနရာရာမွာ ရက္ေပါင္း ၉၀ ထက္ မနည္း ေနလိုက္ျပီ ဆုိတာနဲ႔ အဲဒီေနရာက မဲဆႏၵနယ္ေျမမွာ မဲစာရင္းသြင္းျပီး မဲေပးခြင့္ရသြားေစမယ့္ သေဘာပါ။

ဒါကို တိုင္းရင္းသားပါတီ ေခါင္းေဆာင္ေတြက ျပင္းျပင္းထန္ထန္ ကန္႔ကြက္ၾကပါတယ္။ အေၾကာင္းကေတာ့ သူတုိ႔ တုိင္းရင္းသားေဒသေတြမွာ ျမန္မာႏုိင္ငံ ျပည္မၾကီးကလာတဲ့ ၊ ေဒသခံ တုိင္းရင္းသားမဟုတ္သူေတြ၊ ေရႊ႕ေျပာင္းလုပ္သားေတြ အမ်ားၾကီးရွိေနတယ္၊ ရက္ ၉၀ ေလာက္ ေနထုိင္ျပီ ဆုိတာနဲ႔ အဲဒီလူေတြဟာ တိုင္းရင္းသား မဲဆႏၵနယ္ေျမေတြမွာ မဲေပးခြင့္ ရသြားေတာ့မယ္ ဆုိရင္ တုိင္းရင္းသားေဒသေတြရဲ႕ မဲရလာဒ္ အေပၚကို ရိုက္ခတ္မွဳ ရွိႏိုင္တယ္၊ အထူးသျဖင့္ တုိင္းရင္းသားေတြ နစ္နာႏုိင္တယ္လို႔ ေထာက္ျပျပီး ကန္႔ကြက္ၾကတာပါ။

တကယ္လည္း တုိင္းရင္းသားပါတီ ေခါင္းေဆာင္ေတြ ေထာက္ျပတာ မွန္ပါတယ္။ ဒီမိုကေရစီ စနစ္အရ မဲေပးေရြးခ်ယ္မွဳေတြမွာ မဲေပးပိုင္ခြင့္ရွိသူ စာရင္း ဆုိတာ အေရးအၾကီးဆံုး အေျခခံ အခ်က္ျဖစ္ပါတယ္။ တုိင္းရင္းသား ေဒသေတြမွာဆုိရင္ အဲဒီကိစၥ ပိုလို႔ အေရးၾကီးပါတယ္။ ဒါေပမယ့္လည္း ေနာက္ပိုင္း လူေတြ တစ္ေနရာက တစ္ေနရာ ေရႊ႕ေျပာင္းေနထုိင္မွဳ မ်ားျပားလာတာ၊ ေရၾကည္ရာ မ်က္ႏုရာ ေရႊ႕ေျပာင္းၾကတာ စတဲ့ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ တုိင္းရင္းသားေတြ ေနထိုင္တဲ့ ျပည္နယ္ေတြမွာ ေနထိုင္သူ လူမ်ိဳးအခ်ိဳးအစား တေျဖးေျဖး ေျပာင္းလဲသြားပါတယ္။

ဥပမာအားျဖင့္ ကခ်င္ျပည္နယ္က ျမိဳ႕နယ္ အေတာ္မ်ားမ်ားမွာ ကခ်င္ေတြဟာ အမ်ားစု မဟုတ္ေတာ့ဘူး ဆုိတာမ်ိဳးပါ။ ဒီကေန တဆင့္ ဆက္ျပီးၾကည့္ရင္ အဲလို တုိင္းရင္းသားေဒသေတြမွာ က်င္းပတဲ့ ေရြးေကာက္ပြဲ ရလာဒ္ေတြဟာ သက္ဆုိင္ရာ ေဒသခံ တုိင္းရင္းသားေတြရဲ႕ သေဘာထားနဲ႔ တထပ္တည္း မက်ေတာ့တဲ့ အေျခအေနမ်ိဳး ျဖစ္ေပၚလာေစပါတယ္။ အခု ပိုဆုိးေစတာက နဂိုကမွ မဲေပးပိုင္ခြင့္ရွိသူေတြမွာ ေဒသခံ လူမ်ိဳး အခ်ိဳးအစား ေျပာင္းလဲမွဳ ျဖစ္ေပၚေနတဲ့အထဲ ရက္ေပါင္း ၉၀ အထက္ ခဏလာေနတဲ့ သူေတြ၊ ေရႊ႕ေျပာင္းေတြကိုပါ အဲဒီ မဲဆႏၵနယ္မွာ မဲေပးခြင့္ ျပဳလိုက္မယ္ဆိုရင္ မဲေပးပိုင္ခြင့္ရွိသူ အခ်ိဳးအစား အေျပာင္းအလဲ ျဖစ္ေပၚသြားေစမွာပါ။ ဒါေတြဟာ တုိင္းရင္းသားပါတီေတြ မဲရရွိေရးမွာ အေပါင္းလကၡဏာ မေဆာင္ဘူး ဆုိတာ အလြန္ သိသာပါတယ္။ ဒါေၾကာင့္လည္း တုိင္းရင္းသားပါတီ ေခါင္းေဆာင္ေတြ ကန္႔ကြက္ေနၾကတာပါ။

ဒါနဲ႔ ပတ္သက္ရင္ ထင္ရွားတဲ့ နမူနာ တခုရွိပါေသးတယ္။ အဲဒါကေတာ့ ျပီးခဲ့တဲ့ ၂၀၁၈ ေအာက္တိုဘာ အစိုးရ၊ တပ္မေတာ္နဲ႔ NCA အပစ္ရပ္ လက္မွတ္ထိုး တုိင္းရင္းသား လက္နက္ကိုင္ အဖြဲ႕ ေခါင္းေဆာင္ေတြရဲ႕ ထိပ္သီးအစည္းေ၀းမွာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးၾကီး မင္းေအာင္လွိဳင္ ေျပာခဲ့တဲ့ မိန္႔ခြန္းထဲက အစိပ္အပိုင္းတစ္ခုမွာပါ။ သူက “ဖက္ဒရယ္ျပည္ေထာင္စု စနစ္အတြက္ ကိုယ္ပုိင္ျပ႒ာန္းခြင့္၊ ကိုယ္ပုိင္အုပ္ခ်ဳပ္ခြင့္တုိ႔ကို ေတာင္းဆုိၾက ရာမွာ ျပည္ေထာင္စုအတြင္းရွိ မည္သည့္တုိင္းေဒသႀကီး၊ ျပည္နယ္မွာမဆုိ တုိင္းရင္းသား လူမ်ဳိးစုတစ္စုတည္း သီးသန္႔ေနထုိင္တာမဟုတ္ဘဲ လူမ်ဳိးေပါင္းစံု ေပါင္းစည္းေနထုိင္လ်က္ရွိတာကို သတိျပဳရမွာျဖစ္ပါတယ္။ သာဓက အားျဖင့္ ၂၀၁၄ ခုႏွစ္၊ လူဦးေရစာရင္းအရ ကခ်င္ျပည္နယ္မွာ ဆုိရင္ လူဦးေရ ၁၆ သိန္းေက်ာ္ရွိၿပီး၊ လူဦးေရအခ်ဳိးမွာ ဗမာ ၂၉.၂%၊ ရွမ္း ၂၃.၆%၊ ဂ်ိမ္းေဖာ ၁၈.၉၇%၊ လီဆူး ၇%၊ ရ၀မ္ ၅.၅%၊ ေလာ္ေ၀ၚ ၃.၃၃%၊ လာခ်ိတ္ ၂.၈၉%၊ ဇုိက္၀ါး ၁.၅၇% နဲ႔ က်န္ တုိင္းရင္းသားမ်ား ၈%ခန္႔ ေရာေႏွာေနထုိင္ၾကတာကို ေတြ႕ရမွာျဖစ္ပါတယ္။” လို႔ ေျပာဆုိပါတယ္။

ဗိုလ္ခ်ဳပ္မွဴးၾကီးရဲ႕ ေျပာဆုိခ်က္မွာ ဒီေန႔ထိတိုင္ အစိုးရက တရား၀င္ ထုတ္ျပန္ႏုိင္ျခင္း မရွိေသးတဲ့ ၂၀၁၄ သန္းေခါင္စာရင္းပါ တိုင္းရင္းသား လူမ်ိဳးစုစာရင္း တစ္စိပ္တစ္ပိုင္းကို ေတြ႕ႏုိင္ပါတယ္။ စာရင္းအရ ကခ်င္မ်ိဳးႏြယ္စု အားလံုးေပါင္းလိုက္ရင္ေတာင္ ကခ်င္ျပည္နယ္ ေနထုိင္သူ လူဦးေရ စုစုေပါင္းရဲ႕ ၄၀% ေတာင္ မျပည့္ပါဘူး။ အဲဒီအေျခအေနေအာက္မွာ မဲေပးပိုင္ခြင့္ရွိသူ စာရင္း ျပဳစုထားတာမို႔ ကခ်င္ျပည္နယ္က ထြက္ေပၚလာတဲ့ မဲရလာဒ္ေတြဟာ ကခ်င္တုိင္းရင္းသားေတြရဲ႕ အဓိကဆႏၵ ျဖစ္မေနဘူး ဆိုတာ နားလည္ႏုိင္ပါတယ္။ အျခား တိုင္းရင္းသားျပည္နယ္ေတြမွာလဲ အဲဒီနည္းအတုိင္း ျဖစ္ေနတာပါ။ အခုလို အေျခခံ မဲေပးပိုင္ခြင့္ရွိသူ အရည္အတြက္မွာေတာင္ တုိင္းရင္းသားေတြ အတြက္ မွ်တမွဳ မရွိတဲ့ အေျခအေနေအာက္မွာ ရက္ေပါင္း ၉၀ အထက္ ေနထုိင္သူေတြကိုပါ အဲဒီေဒသေတြမွာ မဲေပးခြင့္ျပဳလိုက္ရင္ တိုင္းရင္းသားပါတီေတြရဲ႕ မဲရလာဒ္ ပိုျပီး ေလ်ာ့ပါးသြားဖို႔ပဲ ရွိေနပါတယ္။

ဒီေနရာမွာ ေရြးေကာက္ပြဲ ေကာ္မရွင္က လုပ္သင့္တာကေတာ့ မဲဆႏၵနယ္ေျမ ျပင္ပ မဲေပးခြင့္ကို အနည္းဆံုး ရက္ေပါင္း ၁၈၀ နဂိုအတိုင္းထားျပီး၊ အေ၀းေရာက္ မဲေပးခြင့္စနစ္ကို ပိုျပီး လြယ္ကူေအာင္ လုပ္ေပးဖို႔ လိုပါတယ္။ လက္ရွိ မဲဆႏၵနယ္ ျပင္ပေရာက္ေနသူေတြရဲ႕ အေ၀းကေန မဲေပးတဲ့ စနစ္ဟာ အဆင့္ေတြမ်ားလြန္းျပီး ရွဳပ္လည္း ရွဳပ္ေထြးပါတယ္။ ဒါေၾကာင့္ လူေတြဟာ သူတုိ႔ မူရင္း မဲဆႏၵနယ္ေျမအတြက္ အေ၀းေရာက္မဲအျဖစ္ မဲမေပးခ်င္ ျဖစ္ေနၾကတာပါ။ တကယ္ေတာ့ ေရြးေကာက္ပြဲေကာ္မရွင္က ထုတ္ျပန္လိုက္တဲ့ နည္းဥပေဒ တစ္ခုခုကို ျပန္ျပင္ဖုိ႔ ဆိုတာကလည္း သိပ္မခက္ခဲပါဘူး။ ေကာ္မရွင္ဆိုတာ ႏုိင္ငံေရးပါတီေတြၾကားမွာ ဒိုင္လူၾကီးသဖြယ္ ေဆာင္ရြက္ရတာမို႔ အခု တိုင္းရင္းသားေတြ လက္မခံခ်င္လို႔ ေထာက္ျပေနတဲ့ကိစၥ အင္န္အယ္လ္ဒီ နဲ႔ ျပည္ခုိင္ျဖိဳးပါတီဘက္က သေဘာတူရင္ လြယ္လြယ္ကူကူ ျပင္လို႔ရႏိုင္ပါတယ္။ ဒါေၾကာင့္ ဖက္ဒရယ္ျပည္ေထာင္စု အေရး ေမွ်ာ္ေတြးျပီး တုိင္းရင္းသားေတြ အဲလို နစ္နာမယ့္ကိစၥ အင္န္အယ္လ္ဒီ နဲ႔ ျပည္ခိုင္ျဖိဳးပါတီဘက္က အေသအျခာ ျပန္ သံုးသပ္ျပီး နည္းဥပေဒ ျပန္ျပင္ႏိုင္ေရး တုိင္းရင္းသားပါတီေတြနဲ႔ အတူေဆြးေႏြး ေဆာင္ရြက္သင့္ေၾကာင္းပါ။

“ မဲဆန္ဒနယ်ပြင်ပရောက်နေသူတွေရဲ့ မဲပေးခွင့်ကိစ္စ၊ တိုင်းရင်းသားတွေကို ဘယ်လောက် နစ်နာစေမလဲ။”
စည်သူအောင်မြင့်
ပြီးခဲ့တဲ့ အောက်တိုဘာ ၃ ရက်နေ့က ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဟာ လွှတ်တော် အသီးသီးရဲ့ ရွေးကောက်ပွဲ ဆိုင်ရာ နည်းဥပဒေ တစ်ချို့ကို ပြင်ဆင် ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီလို ပြင်ဆင်ခဲ့တဲ့ နည်းဥပဒေထဲမှာ တပ်ရင်းတပ်ဖွဲ့ ပြင်ပမှာ မဲရုံတွေဆောက်ပြီး တပ်မတော်သား တွေနဲ့ သူတို့ မိသားစုဝင်တွေကို မဲပေးခိုင်းမယ့် ကိစ္စ၊ ကြိုတင်မဲတွေကို ပွင့်လင်းမြင်သာမှု ရှိရှိနဲ့ စနစ်တကျ မဲပေးစေမယ့် ကိစ္စ စသဖြင့် တပ်မတော်သားတွေရဲ့ မဲပေးမှုနဲ့ ဆိုင်တဲ့ ကိစ္စတွေအပြင် မဲဆန္ဒနယ် ပြင်ပရောက်နေသူတွေ သူတို့ရောက်ရာ နေရာမှာပဲ မဲပေးခွင့်ရနိုင်မယ့် ကိစ္စလည်း ပါဝင်ခဲ့ပါတယ်။ မဲဆန္ဒနယ် ပြင်ပရောက်နေသူတွေ သူရောက်ရာနေရာမှာပဲ မဲပေးခွင့်ရမယ့် ကိစ္စနဲ့ပတ်သက်ပြီး ကချင်၊ ရှမ်း နဲ့ တိုင်းရင်းသားပါတီ အတော်များများက သဘောမတူနိုင် ကန့်ကွက်ကြောင်း ထုတ်ဖော်ပြောဆိုထားကြပါတယ်။ ဒီ ပြင်ဆင်ချက်ရဲ့ အဓိပ္ပါယ်က ဘာလဲ၊ တိုင်းရင်းသားပါတီ တွေက ဘာကြောင့် ကန့်ကွက်နေကြသလဲ ဆိုတာ လေ့လာကြည့်ကြရအောင်ပါ။
ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် နဲ့ တိုင်းနဲ့ ပြည်နယ် လွှတ်တော်တွေရဲ့ ရွေးကောက်ပွဲ နည်းဥပဒေ တွေမှာ ခုလို ပြဌာန်းချက် ပါရှိပါတယ်။ “ အနည်းဆုံး ရက်ပေါင်း ၁၈၀ ထက်မနည်း မဲဆန္ဒနယ် ပြင်ပရောက် အခြား မဲဆန္ဒရှင်များသည် မိမိတို့၏ အမြဲတန်း နေရပ်သို့ သွားရောက်ပြီး မဲပေးလိုခြင်း မရှိပါက မိမိတို့ ရောက်ရှိနေသော မဲဆန္ဒနယ်တွင် ရွေးကောက်ခံသော လွှတ်တော်ကိုယ်စားလှယ်လောင်းများကို ဆန္ဒမဲ ပေးနိုင်ခွင့် ရရှိစေရန်အတွက် မဲစာရင်း ထည့်သွင်းခြင်းကို အောက်ပါနည်းလမ်းအတိုင်း ဆောင်ရွက်ရမည်။” လို့ ဆိုထားပါတယ်။ အဓိပ္ပါယ်ကတော့ ကိုယ်ဟာ ကိုယ့်အိမ်ထောင်စု စာရင်းပေါက်ရာ မဲဆန္ဒနယ်ကနေ အခြားနေရာ တစ်ခုခုကို ရက်ရှည်လများ ရောက်နေတယ်၊ နေထိုင်တာကလည်း ရက်ပေါင်း ၁၈၀ ထက်မနည်း ရှိနေပြီ၊ ဒါကြောင့် မဲပေးချိန်ရောက်ရင် ကိုယ့်မဲဆန္ဒနယ်ကို ကိုယ်ပြန်သွားပြီး မဲပေးချင်ပေး၊ ဒါမှမဟုတ် ကိုယ်ရောက်နေတဲ့ မဲဆန္ဒနယ်မှာ ရွေးကောက်ခံတဲ့ အမတ်လောင်းတွေကိုပဲ မဲပေးချင်တယ် ဆိုရင်လည်း လုပ်ထုံးလုပ်နည်းနဲ့အညီ မဲပေးလို့ရတယ် ဆိုတဲ့ သဘောပါ။ အခု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ၅ကြိမ်မြောက် နည်းဥပဒေ ပြင်ဆင်ချက်မှာတော့ ရက်ပေါင်း ၁၈၀ ကို ရက်ပေါင်း ၉၀ ဆိုပြီး အစားထိုးထားပါတယ်။ အဓိပ္ပါယ်ကတော့ လူတစ်ယောက်ဟာ တစ်နေရာရာမှာ ရက်ပေါင်း ၉၀ ထက် မနည်း နေလိုက်ပြီ ဆိုတာနဲ့ အဲဒီနေရာက မဲဆန္ဒနယ်မြေမှာ မဲစာရင်းသွင်းပြီး မဲပေးခွင့်ရသွားစေမယ့် သဘောပါ။
ဒါကို တိုင်းရင်းသားပါတီ ခေါင်းဆောင်တွေက ပြင်းပြင်းထန်ထန် ကန့်ကွက်ကြပါတယ်။ အကြောင်းကတော့ သူတို့ တိုင်းရင်းသားဒေသတွေမှာ မြန်မာနိုင်ငံ ပြည်မကြီးကလာတဲ့ ၊ ဒေသခံ တိုင်းရင်းသားမဟုတ်သူတွေ၊ ရွှေ့ပြောင်းလုပ်သားတွေ အများကြီးရှိနေတယ်၊ ရက် ၉၀ လောက် နေထိုင်ပြီ ဆိုတာနဲ့ အဲဒီလူတွေဟာ တိုင်းရင်းသား မဲဆန္ဒနယ်မြေတွေမှာ မဲပေးခွင့် ရသွားတော့မယ် ဆိုရင် တိုင်းရင်းသားဒေသတွေရဲ့ မဲရလာဒ် အပေါ်ကို ရိုက်ခတ်မှု ရှိနိုင်တယ်၊ အထူးသဖြင့် တိုင်းရင်းသားတွေ နစ်နာနိုင်တယ်လို့ ထောက်ပြပြီး ကန့်ကွက်ကြတာပါ။
တကယ်လည်း တိုင်းရင်းသားပါတီ ခေါင်းဆောင်တွေ ထောက်ပြတာ မှန်ပါတယ်။ ဒီမိုကရေစီ စနစ်အရ မဲပေးရွေးချယ်မှုတွေမှာ မဲပေးပိုင်ခွင့်ရှိသူ စာရင်း ဆိုတာ အရေးအကြီးဆုံး အခြေခံ အချက်ဖြစ်ပါတယ်။ တိုင်းရင်းသား ဒေသတွေမှာဆိုရင် အဲဒီကိစ္စ ပိုလို့ အရေးကြီးပါတယ်။ ဒါပေမယ့်လည်း နောက်ပိုင်း လူတွေ တစ်နေရာက တစ်နေရာ ရွှေ့ပြောင်းနေထိုင်မှု များပြားလာတာ၊ ရေကြည်ရာ မျက်နုရာ ရွှေ့ပြောင်းကြတာ စတဲ့ အကြောင်းအမျိုးမျိုးကြောင့် တိုင်းရင်းသားတွေ နေထိုင်တဲ့ ပြည်နယ်တွေမှာ နေထိုင်သူ လူမျိုးအချိုးအစား တဖြေးဖြေး ပြောင်းလဲသွားပါတယ်။
ဥပမာအားဖြင့် ကချင်ပြည်နယ်က မြို့နယ် အတော်များများမှာ ကချင်တွေဟာ အများစု မဟုတ်တော့ဘူး ဆိုတာမျိုးပါ။ ဒီကနေ တဆင့် ဆက်ပြီးကြည့်ရင် အဲလို တိုင်းရင်းသားဒေသတွေမှာ ကျင်းပတဲ့ ရွေးကောက်ပွဲ ရလာဒ်တွေဟာ သက်ဆိုင်ရာ ဒေသခံ တိုင်းရင်းသားတွေရဲ့ သဘောထားနဲ့ တထပ်တည်း မကျတော့တဲ့ အခြေအနေမျိုး ဖြစ်ပေါ်လာစေပါတယ်။ အခု ပိုဆိုးစေတာက နဂိုကမှ မဲပေးပိုင်ခွင့်ရှိသူတွေမှာ ဒေသခံ လူမျိုး အချိုးအစား ပြောင်းလဲမှု ဖြစ်ပေါ်နေတဲ့အထဲ ရက်ပေါင်း ၉၀ အထက် ခဏလာနေတဲ့ သူတွေ၊ ရွှေ့ပြောင်းတွေကိုပါ အဲဒီ မဲဆန္ဒနယ်မှာ မဲပေးခွင့် ပြုလိုက်မယ်ဆိုရင် မဲပေးပိုင်ခွင့်ရှိသူ အချိုးအစား အပြောင်းအလဲ ဖြစ်ပေါ်သွားစေမှာပါ။ ဒါတွေဟာ တိုင်းရင်းသားပါတီတွေ မဲရရှိရေးမှာ အပေါင်းလက္ခဏာ မဆောင်ဘူး ဆိုတာ အလွန် သိသာပါတယ်။ ဒါကြောင့်လည်း တိုင်းရင်းသားပါတီ ခေါင်းဆောင်တွေ ကန့်ကွက်နေကြတာပါ။
ဒါနဲ့ ပတ်သက်ရင် ထင်ရှားတဲ့ နမူနာ တစ်ခုရှိပါသေးတယ်။ အဲဒါကတော့ ပြီးခဲ့တဲ့ ၂၀၁၈ အောက်တိုဘာ အစိုးရ၊ တပ်မတော်နဲ့ NCA အပစ်ရပ် လက်မှတ်ထိုး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ခေါင်းဆောင်တွေရဲ့ ထိပ်သီးအစည်းဝေးမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောခဲ့တဲ့ မိန့်ခွန်းထဲက အစိပ်အပိုင်းတစ်ခုမှာပါ။ သူက “ဖက်ဒရယ်ပြည်ထောင်စု စနစ်အတွက် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်တို့ကို တောင်းဆိုကြ ရာမှာ ပြည်ထောင်စုအတွင်းရှိ မည်သည့်တိုင်းဒေသကြီး၊ ပြည်နယ်မှာမဆို တိုင်းရင်းသား လူမျိုးစုတစ်စုတည်း သီးသန့်နေထိုင်တာမဟုတ်ဘဲ လူမျိုးပေါင်းစုံ ပေါင်းစည်းနေထိုင်လျက်ရှိတာကို သတိပြုရမှာဖြစ်ပါတယ်။ သာဓက အားဖြင့် ၂၀၁၄ ခုနှစ်၊ လူဦးရေစာရင်းအရ ကချင်ပြည်နယ်မှာ ဆိုရင် လူဦးရေ ၁၆ သိန်းကျော်ရှိပြီး၊ လူဦးရေအချိုးမှာ ဗမာ ၂၉.၂%၊ ရှမ်း ၂၃.၆%၊ ဂျိမ်းဖော ၁၈.၉၇%၊ လီဆူး ၇%၊ ရဝမ် ၅.၅%၊ လော်ဝေါ် ၃.၃၃%၊ လာချိတ် ၂.၈၉%၊ ဇိုက်ဝါး ၁.၅၇% နဲ့ ကျန် တိုင်းရင်းသားများ ၈%ခန့် ရောနှောနေထိုင်ကြတာကို တွေ့ရမှာဖြစ်ပါတယ်။” လို့ ပြောဆိုပါတယ်။
ဗိုလ်ချုပ်မှူးကြီးရဲ့ ပြောဆိုချက်မှာ ဒီနေ့ထိတိုင် အစိုးရက တရားဝင် ထုတ်ပြန်နိုင်ခြင်း မရှိသေးတဲ့ ၂၀၁၄ သန်းခေါင်စာရင်းပါ တိုင်းရင်းသား လူမျိုးစုစာရင်း တစ်စိပ်တစ်ပိုင်းကို တွေ့နိုင်ပါတယ်။ စာရင်းအရ ကချင်မျိုးနွယ်စု အားလုံးပေါင်းလိုက်ရင်တောင် ကချင်ပြည်နယ် နေထိုင်သူ လူဦးရေ စုစုပေါင်းရဲ့ ၄၀% တောင် မပြည့်ပါဘူး။ အဲဒီအခြေအနေအောက်မှာ မဲပေးပိုင်ခွင့်ရှိသူ စာရင်း ပြုစုထားတာမို့ ကချင်ပြည်နယ်က ထွက်ပေါ်လာတဲ့ မဲရလာဒ်တွေဟာ ကချင်တိုင်းရင်းသားတွေရဲ့ အဓိကဆန္ဒ ဖြစ်မနေဘူး ဆိုတာ နားလည်နိုင်ပါတယ်။ အခြား တိုင်းရင်းသားပြည်နယ်တွေမှာလဲ အဲဒီနည်းအတိုင်း ဖြစ်နေတာပါ။ အခုလို အခြေခံ မဲပေးပိုင်ခွင့်ရှိသူ အရည်အတွက်မှာတောင် တိုင်းရင်းသားတွေ အတွက် မျှတမှု မရှိတဲ့ အခြေအနေအောက်မှာ ရက်ပေါင်း ၉၀ အထက် နေထိုင်သူတွေကိုပါ အဲဒီဒေသတွေမှာ မဲပေးခွင့်ပြုလိုက်ရင် တိုင်းရင်းသားပါတီတွေရဲ့ မဲရလာဒ် ပိုပြီး လျော့ပါးသွားဖို့ပဲ ရှိနေပါတယ်။
ဒီနေရာမှာ ရွေးကောက်ပွဲ ကော်မရှင်က လုပ်သင့်တာကတော့ မဲဆန္ဒနယ်မြေ ပြင်ပ မဲပေးခွင့်ကို အနည်းဆုံး ရက်ပေါင်း ၁၈၀ နဂိုအတိုင်းထားပြီး၊ အဝေးရောက် မဲပေးခွင့်စနစ်ကို ပိုပြီး လွယ်ကူအောင် လုပ်ပေးဖို့ လိုပါတယ်။ လက်ရှိ မဲဆန္ဒနယ် ပြင်ပရောက်နေသူတွေရဲ့ အဝေးကနေ မဲပေးတဲ့ စနစ်ဟာ အဆင့်တွေများလွန်းပြီး ရှုပ်လည်း ရှုပ်ထွေးပါတယ်။ ဒါကြောင့် လူတွေဟာ သူတို့ မူရင်း မဲဆန္ဒနယ်မြေအတွက် အဝေးရောက်မဲအဖြစ် မဲမပေးချင် ဖြစ်နေကြတာပါ။ တကယ်တော့ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်လိုက်တဲ့ နည်းဥပဒေ တစ်ခုခုကို ပြန်ပြင်ဖို့ ဆိုတာကလည်း သိပ်မခက်ခဲပါဘူး။ ကော်မရှင်ဆိုတာ နိုင်ငံရေးပါတီတွေကြားမှာ ဒိုင်လူကြီးသဖွယ် ဆောင်ရွက်ရတာမို့ အခု တိုင်းရင်းသားတွေ လက်မခံချင်လို့ ထောက်ပြနေတဲ့ကိစ္စ အင်န်အယ်လ်ဒီ နဲ့ ပြည်ခိုင်ဖြိုးပါတီဘက်က သဘောတူရင် လွယ်လွယ်ကူကူ ပြင်လို့ရနိုင်ပါတယ်။ ဒါကြောင့် ဖက်ဒရယ်ပြည်ထောင်စု အရေး မျှော်တွေးပြီး တိုင်းရင်းသားတွေ အဲလို နစ်နာမယ့်ကိစ္စ အင်န်အယ်လ်ဒီ နဲ့ ပြည်ခိုင်ဖြိုးပါတီဘက်က အသေအခြာ ပြန် သုံးသပ်ပြီး နည်းဥပဒေ ပြန်ပြင်နိုင်ရေး တိုင်းရင်းသားပါတီတွေနဲ့ အတူဆွေးနွေး ဆောင်ရွက်သင့်ကြောင်းပါ။

XS
SM
MD
LG