သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တရုတ္ ျမန္မာ နယ္စပ္ ကုန္သြယ္မွဳျပသနာ ဘယ္သူ႔မွာ တာ၀န္ရွိသလဲ


myanmar china border trade
တိုက္႐ိုက္ လင့္ခ္


Zawgyi/ Unicode

ျမန္မာႏိုင္ငံမွာ ကိုရိုနာဗိုင္းရပ္စ္ ေရာဂါ ကပ္ေဘးေၾကာင့္ စီးပြားေရးအရ ထိခိုက္နစ္နာေနရခ်ိန္ ေျမြပူရာကင္းေမွာင့္ ဆုိသလို ေနာက္ထပ္ ေပၚလာတဲ့ ျပသနာ တစ္ခုကေတာ့ တရုတ္နယ္စပ္ ကုန္သြယ္ေရးမွာ ျမန္မာ သစ္သီး ကုန္သည္ေတြ အၾကီးအက်ယ္ နစ္နာဆံုးရွံုးေနရတဲ့ ကိစၥပါပဲ။ ေျပာရရင္ေတာ့ တရုတ္နဲ႔ နယ္စပ္ကုန္သြယ္ေရးမွာ ျမန္မာဘက္က ထိခိုက္နစ္နာမွဳ ၾကံဳေနရတာကေတာ့ အခုတစ္ၾကိမ္ ပထမဦးဆံုး မဟုတ္သလို၊ ေနာက္ဆံုးလည္း ျဖစ္မယ့္ ပံု မေပၚပါဘူး။ မၾကာခဏ ျဖစ္ေနတဲ့ ျဖစ္စဥ္လို႔ေတာင္ ေျပာႏုိင္ပါတယ္။ ဒီတစ္ၾကိမ္ ျမန္မာကုန္သည္ေတြ၊ တစ္နည္းအားျဖင့္ ျမန္မာဘက္က ထိခုိက္နစ္နာေနရတာ အမ်ား ထင္ျမင္ယူဆသလို ကိုရိုနာဗုိင္းရပ္စ္ ကပ္ေဘး ျပသနာရဲ႕ ဂယက္ေၾကာင့္လား၊ ဒါမွမဟုတ္ တျခား ျပသနာေၾကာင့္လား ဆိုတာ ဆန္းစစ္ အေျဖရွာၾကည့္ဖို႔ လိုပါတယ္။ ႏွစ္ေပါင္းမ်ားစြာ ၾကာျမင့္ေနျပီျဖစ္တဲ့ ျမန္မာတရုတ္ နယ္စပ္ ကုန္သြယ္ေရးမွာ ျမန္မာဘက္က နစ္နာမွဳကိစၥေတြ ဘာေၾကာင့္ ျဖစ္ေပၚေနသလဲ ဆိုတာ ေလ့လာ တင္ျပသြားပါ့မယ္။

လတ္တေလာ ျဖစ္စဥ္ကို ျပန္ၾကည့္ရင္ ကိုရိုနာဗိုင္းရပ္စ္ ကပ္ေဘးေၾကာင့္ တရုတ္ဘက္ကေန နယ္စပ္ေတြကို ပိတ္လိုက္တာက အစျပဳပါတယ္။ တရုတ္ႏုိင္ငံသားေတြ ျမန္မာႏုိင္ငံဘက္ ေပးမသြားေတာ့သလို၊ ျမန္မာႏုိင္ငံသားေတြကိုလည္း တရုတ္ႏုိင္ငံထဲ လံုး၀ ေပးမ၀င္ေတာ့ပါဘူး။ တရုတ္ႏုိင္ငံထဲ ရွိေနတဲ့ အက်ဥ္းက်ေနတဲ့ ျမန္မာႏုိင္ငံသားေတြနဲ႔ ပိတ္မိေနသူေတြကိုေတာ့ နယ္စပ္ကေန ျမန္မာႏုိင္ငံထဲ ၀င္ႏုိင္ေအာင္ ျပန္ပို႔ေပးတာမ်ိဳးေတာ့ လုပ္ပါတယ္။ တရုတ္၊ ယူနန္ျပည္နယ္ အစိုးရဟာ ျမန္မာႏုိင္ငံထဲက ကိုရိုနာဗိုင္းရပ္စ္ ကူးစက္မွဳ သူ႔ႏုိင္ငံထဲ ၀င္ေရာက္မလာေအာင္ ကာကြယ္ခ်င္ပံုရပါတယ္။ ဒါေပမယ့္ အျခားတစ္ဖက္မွာေတာ့ နယ္စပ္ကုန္သြယ္ေရးကိုေတာ့ ဆက္ျပီး ဖြင့္ေပးထားပါတယ္။

နယ္စပ္ကုန္သြယ္ေရး ဆက္ဖြင့္ထားတယ္ ဆိုေပမယ့္ COVID-19 ေၾကာင့္ ကုန္သြယ္ေရးကိစၥကို တရုတ္ဘက္က တင္းတင္းၾကပ္ၾကပ္ လုပ္ပါတယ္။ အထူးသျဖင့္ မူဆယ္ နယ္စပ္ဘက္မွာပါ။ အရင္က ျမန္မာဘက္က လာတဲ့ သစ္သီးကားေတြ နယ္စပ္ျဖတ္ျပီး တရုတ္ႏုိင္ငံဘက္ ေပး၀င္ေပမယ့္ အခုေနာက္ဆံုး အေျခအေနမွာေတာ့ ျမန္မာ ကုန္ကားေတြ တရုတ္ဘက္ တိုက္ရိုက္ ေပးမ၀င္ေတာ့ပါဘူး။ ျမန္မာသစ္သီးကားေတြဟာ သတ္မွတ္ေနရာ တစ္ခုေရာက္တာနဲ႔ ရပ္တန္႔ျပီး ဒရိုင္ဘာ ကားေပၚက ဆင္းေပးရပါတယ္။ တရုတ္ဘက္ကေန အဲဒီ ကား ဒရိုင္ဘာခန္းကို ပိုးသတ္ေဆးျဖန္း၊ တရုတ္ ဒရိုင္ဘာကတက္ ေမာင္းယူသြားျပီး သူတို႔ ကားကြင္းထဲေရာက္မွ သစ္သီးေတြကို တရုတ္ကားဘက္ ေျပာင္းတင္တာမ်ိဳး လုပ္ပါတယ္။ တရုတ္ဘက္က အဲလို ၾကပ္မတ္လိုက္ေတာ့ ေန႔စဥ္ သစ္သီးကား တင္ပို႔ႏိုင္တဲ့ အရည္အတြက္ အမ်ားၾကီး က်ဆင္းသြားပါတယ္။ နဂိုက တစ္ေန႔ သစ္သီးကား ၅၀၀ ေလာက္ တရုတ္ထဲ တင္ပို႔ႏုိင္ရင္ အခု စစ္ေဆးမွဳေတြေၾကာင့္ တစ္ရက္ ၃၀၀ ၀န္းက်င္ေလာက္ပဲ ပို႔ႏုိင္တဲ့ အေနအထားမ်ိး ျဖစ္သြားျပီး ျမန္မာသစ္သီးကားေတြ နယ္စပ္မွာ စုပံုတဲ့ အေနအထား ေရာက္သြားေစပါတယ္။ အက်ိဳးဆက္ကေတာ့ သစ္သီးေတြ မခ်ႏိုင္ပဲ ေန႔ရက္ဆက္ျပီး ကုန္ကားေတြကို ဆက္ငွားထားရေတာ့ ကားခေတြကုန္ျပီး ရွံုးတာ၊ တစ္ခ်ိဳ႕ သစ္သီးေတြ မလပ္ဆတ္၊ ပုပ္ကုန္လို႔ စြန္႔ပစ္ရတာ၊ နယ္စပ္က အေျခအေန မသိပဲ မူဆယ္ဘက္ ဆက္တက္လာတဲ့ သစ္သီးကုန္သည္ေတြ ဒုကၡေရာက္ကုန္တာ အစရွိသျဖင့္ ၾကံဳရပါေတာ့တယ္။

အဲလို ဒုကၡေရာက္ရတဲ့အထဲ တရုတ္ထဲ ေျပာင္းဖူးတင္ပို႔တဲ့ ကုန္သည္ေတြလည္း ပါပါတယ္။တရုတ္ႏိုင္ငံဟာ ျမန္မာႏုိိင္ငံဘက္က သစ္သီး၀လံေတြထဲက (၈) မ်ိဳးကိုပဲ တရား၀င္ တင္သြင္းခြင့္ေပးထားပါတယ္။ အဲဒီထဲမွာ ေျပာင္းဖူး နဲ႔ အျခား သီးႏွံ အေတာ္မ်ားမ်ား မပါပါဘူး။ ဒါေပမယ့္လည္း အဲဒီလို ခြင့္ျပဳထားတာ မရွိတဲ့ သီးႏွံေတြ တရုတ္ဘက္ကို နားလည္မွဳနဲ႔ တင္ပို႔ေနတာ ၾကာပါျပီ။ အခုႏွစ္မွာေတာ့ တရုတ္ဘက္က ျမန္မာေျပာင္းဖူး တင္ပို႔တာကို ပိတ္ပင္လုိက္ပါတယ္။ ဒီအခါ တရုတ္ဘက္ ပို႔ဖို႔ ရည္ရြယ္ျပီး စိုက္ထားတဲ့ ေျပာင္းဖူးေတြ အားလံုး အရွံုးေပၚကုန္ျပီး ေနာက္ဆံုး နယ္စပ္က ေခ်ာင္းထဲ သြန္ပစ္ရတဲ့ အေျခအေနမ်ိဳး အထိ ဆိုက္ေရာက္သြားေစပါတယ္။ ဒါေတြက မူဆယ္နယ္စပ္ဘက္မွာ ျဖစ္ေနတာပါ။

ျမန္မာႏုိင္ငံ ေျမာက္ပိုင္း ျမစ္ၾကီးနား အထက္ဘက္က ကမ္ပိုင္တီ- ဟိုေခ်ာင္ နယ္စပ္ဂိတ္ဘက္မွာေတာ့ အဲလို မဟုတ္ပါဘူး။ တရုတ္ရင္းႏွီးျမွဳပ္ႏွံသူေတြဟာ ကခ်င္ျပည္နယ္ထဲ ၀င္ျပီး ငွက္ေပ်ာစိုက္ပ်ိဳးေရး လုပ္ငန္း ၀င္ျပီး လုပ္ထားၾကပါတယ္။ ထြက္လာတဲ့ ငွက္ေပ်ာေတြကို ကမ္ပိုင္တီ နယ္စပ္ဂိတ္ကေန တဆင့္ တရုတ္ႏိုင္ငံထဲ ျပန္သြင္းပါတယ္။ အရင္ကေတာ့ တရုတ္ကုန္ကားေတြ ျမန္မာႏိုင္ငံ အတြင္းပိုင္း ၀ိုင္းေမာ္အထိ ၀င္ျပီး ငွက္ေပ်ာသယ္ပါတယ္။ အခုကိုဗစ္19 ကပ္ေဘးေၾကာင့္ တရုတ္ကားေတြ ျမန္မာႏိုင္ငံထဲ မ၀င္ႏုိင္တဲ့အခါ ျမန္မာႏုိင္ငံထဲက ကုန္ကားေတြက တရုတ္ငွက္ေပ်ာ သယ္တဲ့ လုပ္ငန္း ၀င္လုပ္ၾကပါတယ္။ နယ္စပ္ ေရာက္တဲ့အခါမွာလည္း တရုတ္ႏုိင္ငံဘက္ အျခမ္း ဟိုေခ်ာင္အထိ အ၀င္ခံပါတယ္။ အဲဒီေရာက္မွ ကားခ်င္းဆံုျပီး တရုတ္ကားေတြထဲကို ငွက္ေပ်ာေတြ ေျပာင္းတင္တာမ်ိဳး လုပ္ပါတယ္။

မူဆယ္မွာ ျဖစ္ပ်က္ေနတာနဲ႔ ကခ်င္ျပည္နယ္ ကမ္ပိုင္တီနယ္စပ္က လုပ္ကိုင္ပံု မတူပါဘူး။ တရုတ္ဟာ နယ္စပ္ဂိတ္ေတြျခင္း အတူတူ မူဆယ္ဘက္မွာ တစ္မ်ိဳး၊ ကမ္ပိုင္တီ ဘက္မွာ တစ္မ်ိဳး က်င့္သံုးပါတယ္။ မူဆယ္ဘက္မွာ ျမန္မာ့ထြက္ကုန္ေတြကို ဂရုမစိုက္သေလာက္ ကမ္ပိုင္တီ ဘက္မွာေတာ့ တရုတ္ရင္းႏွီးျမွဳပ္ႏွံမွဳကေန ထြက္လာတဲ့ ငွက္ေပ်ာေတြမို႔ စည္းကမ္းေတြ ေျဖေလ်ာ့ေပးတာလို႔ ကုန္သည္ေတြက ေ၀ဖန္ၾကပါတယ္။ အဓိက ျပသနာကေတာ့ ျမန္မာဘက္မွာ ကုန္သည္ေတြကိုယ္စား တရုတ္ဘက္ကို ထိထိေရာက္ေရာက္ ညွိႏွိဳင္းေပးမယ့္၊ အေပးအယူ အေလ်ာ့အတင္း လုပ္မယ့္ အစိုးရတာ၀န္ရွိသူေတြ ရွိမေနျခင္းပါ။

တကယ္ေတာ့ လက္ရွိ မူဆယ္နယ္စပ္ဂိတ္မွာ ေျပာင္း၊ ဖရဲသီးနဲ႔ သစ္သီးကုန္သည္ေတြ၊ ေရထြက္ပစၥည္းကုန္သည္ေတြ ဒုကၡေရာက္ေနၾကတာ ႏွစ္ေပါင္း ဆယ္ခ်ီ ၾကာေနပါျပီ။ ျပီးခဲ့တဲ့ ၂၀၁၈ ဒီဇင္ဘာ နဲ႔ ၂၀၁၉ ဇန္န၀ါရီတုန္းကလည္း မူဆယ္ဘက္က က်င္စန္းေက်ာ့ဂိတ္ကို တရုတ္ဘက္က ပိတ္လိုက္တာနဲ႔ ဆက္စပ္ျပီး ျမန္မာ သစ္သီးကုန္သည္ေတြ အၾကီးအက်ယ္ အရွံုးေပၚတဲ့ အေျခ ဆုိက္ခဲ့ဖူးပါတယ္။ ေနာက္ထပ္ သိပ္မၾကာခင္ မတ္လထဲ အေရာက္မွာ ျမန္မာဘက္က တင္တဲ့ ဆန္ေတြကို တရုတ္ဘက္မွာ ဖမ္းလို႔ အ၀ယ္ရပ္သြားျပီး ျမန္မာဆန္ကုန္သည္ေတြ အၾကီးအက်ယ္ ဒုကၡေရာက္ရပါေသးတယ္။ တရုတ္နဲ႔ နယ္စပ္ကုန္သြယ္ေရးမွာ ျမန္မာေတြ ဒုကၡေရာက္ရတာ ေျပာမယ္ဆုိရင္ေတာ့ ဇတ္လမ္းေပါင္း ေျမာက္မ်ားစြာ မရိုးႏိုင္ေအာင္ ရွိေနပါတယ္။

ခုလို ျဖစ္ရတဲ့ အဓိက အေၾကာင္းရင္းကေတာ့ နယ္စပ္ကုန္သြယ္ေရးမွာ တရုတ္ဘက္က သူတုိ႔ အက်ိဳးအတြက္ ခ်မွတ္တဲ့ စည္းမ်ဥ္းစည္းကမ္းေတြ အတုိင္း ျမန္မာဘက္က လိုက္ပါလုပ္ကိုင္ေနရတာမ်ိဳးျဖစ္ျပီး ျမန္မာကုန္သည္ေတြဘက္ကေန ထိထိေရာက္ေရာက္ ကာကြယ္၊ ေျပာဆုိ၊ ညွိႏွိဳင္းေပးမယ့္ အစိုးရ ယႏၱယား တစ္ရပ္၊ ဒါမွမဟုတ္ အဆင့္ျမင့္တဲ့ တာ၀န္ရွိသူ တစ္ေယာက္ေယာက္ ရွိမေနတာပါပဲ။ အဲဒီအတြက္ တာ၀န္အရွိဆံုးဟာ စီးပြားကူးသန္း ၀န္ၾကီးဌာနလို႔ ဆုိရင္ မမွားပါဘူး။ အင္န္အယ္လ္ဒီ အစိုးရသက္တမ္း ၄ ႏွစ္ေက်ာ္လာတဲ့ အထိ စီးပြား-ကူးသန္း ၀န္ၾကီးဌာနဟာ ျမန္မာ- တရုတ္ နယ္စပ္ကုန္သြယ္ေရးမွာ ကုန္သြယ္ေရး မ်ွမွ်တတ ျဖစ္ေအာင္ ဘာမွ မယ္မယ္ရရ စြမ္းေဆာင္မေပးႏုိင္ေသးသလို၊ တရုတ္ကုန္သည္ေတြကေန ျမန္မာကုန္သည္ေတြအေပၚ တစ္ဖက္ေစာင္းနင္း ဆက္ဆံမွဳေတြကိုလည္း ဘယ္လို အကာအကြယ္မ်ိဳးမွ ေပးႏုိင္တာ မေတြ႕ရေသးပါဘူး။ ဒါေၾကာင့္ အခု မူဆယ္နယ္စပ္ဘက္မွာ ျမန္မာ သစ္သီးကုန္သည္ေတြ ထိခိုက္နစ္နာေနရတဲ့ ျပသနာဟာ Covid-19 ေၾကာင့္မဟုတ္ပဲ ျမန္မာ အစိုးရ စီးပြား-ကူးသန္း ၀န္ၾကီးဌာနရဲ႕ စြမ္းေဆာင္ရည္ အားနည္းမွဳေၾကာင့္သာ ျဖစ္ပါေၾကာင္း တင္ျပလိုက္ရပါတယ္။

------------------------------------------------

တရုတ်-မြန်မာ နယ်စပ် ကုန်သွယ်မှုပြသနာ ဘယ်သူ့မှာ တာဝန်ရှိသလဲ

မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါ ကပ်ဘေးကြောင့် စီးပွားရေးအရ ထိခိုက်နစ်နာနေရချိန် မြွေပူရာကင်းမှောင့် ဆိုသလို နောက်ထပ် ပေါ်လာတဲ့ ပြသနာ တစ်ခုကတော့ တရုတ်နယ်စပ် ကုန်သွယ်ရေးမှာ မြန်မာ သစ်သီး ကုန်သည်တွေ အကြီးအကျယ် နစ်နာဆုံးရှုံးနေရတဲ့ ကိစ္စပါပဲ။ ပြောရရင်တော့ တရုတ်နဲ့ နယ်စပ်ကုန်သွယ်ရေးမှာ မြန်မာဘက်က ထိခိုက်နစ်နာမှု ကြုံနေရတာကတော့ အခုတစ်ကြိမ် ပထမဦးဆုံး မဟုတ်သလို၊ နောက်ဆုံးလည်း ဖြစ်မယ့် ပုံ မပေါ်ပါဘူး။ မကြာခဏ ဖြစ်နေတဲ့ ဖြစ်စဉ်လို့တောင် ပြောနိုင်ပါတယ်။ ဒီတစ်ကြိမ် မြန်မာကုန်သည်တွေ၊ တစ်နည်းအားဖြင့် မြန်မာဘက်က ထိခိုက်နစ်နာနေရတာ အများ ထင်မြင်ယူဆသလို ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေး ပြသနာရဲ့ ဂယက်ကြောင့်လား၊ ဒါမှမဟုတ် တခြား ပြသနာကြောင့်လား ဆိုတာ ဆန်းစစ် အဖြေရှာကြည့်ဖို့ လိုပါတယ်။ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်တဲ့ မြန်မာတရုတ် နယ်စပ် ကုန်သွယ်ရေးမှာ မြန်မာဘက်က နစ်နာမှုကိစ္စတွေ ဘာကြောင့် ဖြစ်ပေါ်နေသလဲ ဆိုတာ လေ့လာ တင်ပြသွားပါ့မယ်။
လတ်တလော ဖြစ်စဉ်ကို ပြန်ကြည့်ရင် ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးကြောင့် တရုတ်ဘက်ကနေ နယ်စပ်တွေကို ပိတ်လိုက်တာက အစပြုပါတယ်။ တရုတ်နိုင်ငံသားတွေ မြန်မာနိုင်ငံဘက် ပေးမသွားတော့သလို၊ မြန်မာနိုင်ငံသားတွေကိုလည်း တရုတ်နိုင်ငံထဲ လုံး၀ ပေးမဝင်တော့ပါဘူး။ တရုတ်နိုင်ငံထဲ ရှိနေတဲ့ အကျဉ်းကျနေတဲ့ မြန်မာနိုင်ငံသားတွေနဲ့ ပိတ်မိနေသူတွေကိုတော့ နယ်စပ်ကနေ မြန်မာနိုင်ငံထဲ ဝင်နိုင်အောင် ပြန်ပို့ပေးတာမျိုးတော့ လုပ်ပါတယ်။ တရုတ်၊ ယူနန်ပြည်နယ် အစိုးရဟာ မြန်မာနိုင်ငံထဲက ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု သူ့နိုင်ငံထဲ ဝင်ရောက်မလာအောင် ကာကွယ်ချင်ပုံရပါတယ်။ ဒါပေမယ့် အခြားတစ်ဖက်မှာတော့ နယ်စပ်ကုန်သွယ်ရေးကိုတော့ ဆက်ပြီး ဖွင့်ပေးထားပါတယ်။
နယ်စပ်ကုန်သွယ်ရေး ဆက်ဖွင့်ထားတယ် ဆိုပေမယ့် COVID-19 ကြောင့် ကုန်သွယ်ရေးကိစ္စကို တရုတ်ဘက်က တင်းတင်းကြပ်ကြပ် လုပ်ပါတယ်။ အထူးသဖြင့် မူဆယ် နယ်စပ်ဘက်မှာပါ။ အရင်က မြန်မာဘက်က လာတဲ့ သစ်သီးကားတွေ နယ်စပ်ဖြတ်ပြီး တရုတ်နိုင်ငံဘက် ပေးဝင်ပေမယ့် အခုနောက်ဆုံး အခြေအနေမှာတော့ မြန်မာ ကုန်ကားတွေ တရုတ်ဘက် တိုက်ရိုက် ပေးမဝင်တော့ပါဘူး။ မြန်မာသစ်သီးကားတွေဟာ သတ်မှတ်နေရာ တစ်ခုရောက်တာနဲ့ ရပ်တန့်ပြီး ဒရိုင်ဘာ ကားပေါ်က ဆင်းပေးရပါတယ်။ တရုတ်ဘက်ကနေ အဲဒီ ကား ဒရိုင်ဘာခန်းကို ပိုးသတ်ဆေးဖြန်း၊ တရုတ် ဒရိုင်ဘာကတက် မောင်းယူသွားပြီး သူတို့ ကားကွင်းထဲရောက်မှ သစ်သီးတွေကို တရုတ်ကားဘက် ပြောင်းတင်တာမျိုး လုပ်ပါတယ်။ တရုတ်ဘက်က အဲလို ကြပ်မတ်လိုက်တော့ နေ့စဉ် သစ်သီးကား တင်ပို့နိုင်တဲ့ အရည်အတွက် အများကြီး ကျဆင်းသွားပါတယ်။ နဂိုက တစ်နေ့ သစ်သီးကား ၅၀၀ လောက် တရုတ်ထဲ တင်ပို့နိုင်ရင် အခု စစ်ဆေးမှုတွေကြောင့် တစ်ရက် ၃၀၀ ဝန်းကျင်လောက်ပဲ ပို့နိုင်တဲ့ အနေအထားမျိး ဖြစ်သွားပြီး မြန်မာသစ်သီးကားတွေ နယ်စပ်မှာ စုပုံတဲ့ အနေအထား ရောက်သွားစေပါတယ်။ အကျိုးဆက်ကတော့ သစ်သီးတွေ မချနိုင်ပဲ နေ့ရက်ဆက်ပြီး ကုန်ကားတွေကို ဆက်ငှားထားရတော့ ကားခတွေကုန်ပြီး ရှုံးတာ၊ တစ်ချို့ သစ်သီးတွေ မလပ်ဆတ်၊ ပုပ်ကုန်လို့ စွန့်ပစ်ရတာ၊ နယ်စပ်က အခြေအနေ မသိပဲ မူဆယ်ဘက် ဆက်တက်လာတဲ့ သစ်သီးကုန်သည်တွေ ဒုက္ခရောက်ကုန်တာ အစရှိသဖြင့် ကြုံရပါတော့တယ်။
အဲလို ဒုက္ခရောက်ရတဲ့အထဲ တရုတ်ထဲ ပြောင်းဖူးတင်ပို့တဲ့ ကုန်သည်တွေလည်း ပါပါတယ်။တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံဘက်က သစ်သီးဝလံတွေထဲက (၈) မျိုးကိုပဲ တရားဝင် တင်သွင်းခွင့်ပေးထားပါတယ်။ အဲဒီထဲမှာ ပြောင်းဖူး နဲ့ အခြား သီးနှံ အတော်များများ မပါပါဘူး။ ဒါပေမယ့်လည်း အဲဒီလို ခွင့်ပြုထားတာ မရှိတဲ့ သီးနှံတွေ တရုတ်ဘက်ကို နားလည်မှုနဲ့ တင်ပို့နေတာ ကြာပါပြီ။ အခုနှစ်မှာတော့ တရုတ်ဘက်က မြန်မာပြောင်းဖူး တင်ပို့တာကို ပိတ်ပင်လိုက်ပါတယ်။ ဒီအခါ တရုတ်ဘက် ပို့ဖို့ ရည်ရွယ်ပြီး စိုက်ထားတဲ့ ပြောင်းဖူးတွေ အားလုံး အရှုံးပေါ်ကုန်ပြီး နောက်ဆုံး နယ်စပ်က ချောင်းထဲ သွန်ပစ်ရတဲ့ အခြေအနေမျိုး အထိ ဆိုက်ရောက်သွားစေပါတယ်။ ဒါတွေက မူဆယ်နယ်စပ်ဘက်မှာ ဖြစ်နေတာပါ။
မြန်မာနိုင်ငံ မြောက်ပိုင်း မြစ်ကြီးနား အထက်ဘက်က ကမ်ပိုင်တီ- ဟိုချောင် နယ်စပ်ဂိတ်ဘက်မှာတော့ အဲလို မဟုတ်ပါဘူး။ တရုတ်ရင်းနှီးမြှုပ်နှံသူတွေဟာ ကချင်ပြည်နယ်ထဲ ဝင်ပြီး ငှက်ပျောစိုက်ပျိုးရေး လုပ်ငန်း ဝင်ပြီး လုပ်ထားကြပါတယ်။ ထွက်လာတဲ့ ငှက်ပျောတွေကို ကမ်ပိုင်တီ နယ်စပ်ဂိတ်ကနေ တဆင့် တရုတ်နိုင်ငံထဲ ပြန်သွင်းပါတယ်။ အရင်ကတော့ တရုတ်ကုန်ကားတွေ မြန်မာနိုင်ငံ အတွင်းပိုင်း ဝိုင်းမော်အထိ ဝင်ပြီး ငှက်ပျောသယ်ပါတယ်။ အခုကိုဗစ်19 ကပ်ဘေးကြောင့် တရုတ်ကားတွေ မြန်မာနိုင်ငံထဲ မဝင်နိုင်တဲ့အခါ မြန်မာနိုင်ငံထဲက ကုန်ကားတွေက တရုတ်ငှက်ပျော သယ်တဲ့ လုပ်ငန်း ဝင်လုပ်ကြပါတယ်။ နယ်စပ် ရောက်တဲ့အခါမှာလည်း တရုတ်နိုင်ငံဘက် အခြမ်း ဟိုချောင်အထိ အဝင်ခံပါတယ်။ အဲဒီရောက်မှ ကားချင်းဆုံပြီး တရုတ်ကားတွေထဲကို ငှက်ပျောတွေ ပြောင်းတင်တာမျိုး လုပ်ပါတယ်။
မူဆယ်မှာ ဖြစ်ပျက်နေတာနဲ့ ကချင်ပြည်နယ် ကမ်ပိုင်တီနယ်စပ်က လုပ်ကိုင်ပုံ မတူပါဘူး။ တရုတ်ဟာ နယ်စပ်ဂိတ်တွေခြင်း အတူတူ မူဆယ်ဘက်မှာ တစ်မျိုး၊ ကမ်ပိုင်တီ ဘက်မှာ တစ်မျိုး ကျင့်သုံးပါတယ်။ မူဆယ်ဘက်မှာ မြန်မာ့ထွက်ကုန်တွေကို ဂရုမစိုက်သလောက် ကမ်ပိုင်တီ ဘက်မှာတော့ တရုတ်ရင်းနှီးမြှုပ်နှံမှုကနေ ထွက်လာတဲ့ ငှက်ပျောတွေမို့ စည်းကမ်းတွေ ဖြေလျော့ပေးတာလို့ ကုန်သည်တွေက ဝေဖန်ကြပါတယ်။ အဓိက ပြသနာကတော့ မြန်မာဘက်မှာ ကုန်သည်တွေကိုယ်စား တရုတ်ဘက်ကို ထိထိရောက်ရောက် ညှိနှိုင်းပေးမယ့်၊ အပေးအယူ အလျော့အတင်း လုပ်မယ့် အစိုးရတာဝန်ရှိသူတွေ ရှိမနေခြင်းပါ။
တကယ်တော့ လက်ရှိ မူဆယ်နယ်စပ်ဂိတ်မှာ ပြောင်း၊ ဖရဲသီးနဲ့ သစ်သီးကုန်သည်တွေ၊ ရေထွက်ပစ္စည်းကုန်သည်တွေ ဒုက္ခရောက်နေကြတာ နှစ်ပေါင်း ဆယ်ချီ ကြာနေပါပြီ။ ပြီးခဲ့တဲ့ ၂၀၁၈ ဒီဇင်ဘာ နဲ့ ၂၀၁၉ ဇန်နဝါရီတုန်းကလည်း မူဆယ်ဘက်က ကျင်စန်းကျော့ဂိတ်ကို တရုတ်ဘက်က ပိတ်လိုက်တာနဲ့ ဆက်စပ်ပြီး မြန်မာ သစ်သီးကုန်သည်တွေ အကြီးအကျယ် အရှုံးပေါ်တဲ့ အခြေ ဆိုက်ခဲ့ဖူးပါတယ်။ နောက်ထပ် သိပ်မကြာခင် မတ်လထဲ အရောက်မှာ မြန်မာဘက်က တင်တဲ့ ဆန်တွေကို တရုတ်ဘက်မှာ ဖမ်းလို့ အဝယ်ရပ်သွားပြီး မြန်မာဆန်ကုန်သည်တွေ အကြီးအကျယ် ဒုက္ခရောက်ရပါသေးတယ်။ တရုတ်နဲ့ နယ်စပ်ကုန်သွယ်ရေးမှာ မြန်မာတွေ ဒုက္ခရောက်ရတာ ပြောမယ်ဆိုရင်တော့ ဇတ်လမ်းပေါင်း မြောက်များစွာ မရိုးနိုင်အောင် ရှိနေပါတယ်။
ခုလို ဖြစ်ရတဲ့ အဓိက အကြောင်းရင်းကတော့ နယ်စပ်ကုန်သွယ်ရေးမှာ တရုတ်ဘက်က သူတို့ အကျိုးအတွက် ချမှတ်တဲ့ စည်းမျဉ်းစည်းကမ်းတွေ အတိုင်း မြန်မာဘက်က လိုက်ပါလုပ်ကိုင်နေရတာမျိုးဖြစ်ပြီး မြန်မာကုန်သည်တွေဘက်ကနေ ထိထိရောက်ရောက် ကာကွယ်၊ ပြောဆို၊ ညှိနှိုင်းပေးမယ့် အစိုးရ ယန္တယား တစ်ရပ်၊ ဒါမှမဟုတ် အဆင့်မြင့်တဲ့ တာဝန်ရှိသူ တစ်ယောက်ယောက် ရှိမနေတာပါပဲ။ အဲဒီအတွက် တာဝန်အရှိဆုံးဟာ စီးပွားကူးသန်း ဝန်ကြီးဌာနလို့ ဆိုရင် မမှားပါဘူး။ အင်န်အယ်လ်ဒီ အစိုးရသက်တမ်း ၄ နှစ်ကျော်လာတဲ့ အထိ စီးပွား-ကူးသန်း ဝန်ကြီးဌာနဟာ မြန်မာ- တရုတ် နယ်စပ်ကုန်သွယ်ရေးမှာ ကုန်သွယ်ရေး မျှမျှတတ ဖြစ်အောင် ဘာမှ မယ်မယ်ရရ စွမ်းဆောင်မပေးနိုင်သေးသလို၊ တရုတ်ကုန်သည်တွေကနေ မြန်မာကုန်သည်တွေအပေါ် တစ်ဖက်စောင်းနင်း ဆက်ဆံမှုတွေကိုလည်း ဘယ်လို အကာအကွယ်မျိုးမှ ပေးနိုင်တာ မတွေ့ရသေးပါဘူး။ ဒါကြောင့် အခု မူဆယ်နယ်စပ်ဘက်မှာ မြန်မာ သစ်သီးကုန်သည်တွေ ထိခိုက်နစ်နာနေရတဲ့ ပြသနာဟာ Covid-19 ကြောင့်မဟုတ်ပဲ မြန်မာ အစိုးရ စီးပွား-ကူးသန်း ဝန်ကြီးဌာနရဲ့ စွမ်းဆောင်ရည် အားနည်းမှုကြောင့်သာ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။
စည်သူအောင်မြင့်။

XS
SM
MD
LG