သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေက်ာင္းသားေတြ ဒီမိုကေရစီ အသိအျမင္ အေလ့အက်င့္ရလာေအာင္ ဘယ္လို အေကာင္အထည္ ေဖာ္ၾကမလဲ


A middle school at the village where located on the road from Yangon to Mandalay (Photo- Hta Naung Daing)
တိုက္႐ိုက္ လင့္ခ္

Zawgyi/ Unicode

ျပီးခဲ့တဲ့ ေဖေဖၚ၀ါရီ ၃ ရက္ေန႔က က်င္းပတဲ့ ျပည္သူ႕လႊတ္ေတာ္ အစည္းအေ၀းမွာ ေရႊျပည္သာ အမတ္ ဦးဥာဏ္လင္းက စာသင္ေက်ာင္းေတြမွာ ေက်ာင္းသားေတြ ပါ၀င္တဲ့ အဖြဲ႕အစည္းေတြကို ဒီမိုကေရစီနည္းက်က် ေရြးခ်ယ္ ဖြဲ႕စည္း၊ တာ၀န္ေပးတဲ့ စနစ္တစ္ရပ္ ေဖာ္ေဆာင္ေပးဖို႔ ဆုိတဲ့ အဆုိတစ္ရပ္ တင္ပါတယ္။ အဆိုကို ေရႊကူ အမတ္ ဦးဇာနည္မင္းက ေထာက္ခံျပီး လႊတ္ေတာ္ကလည္း လက္ခံေဆြးေႏြးဖို႔ သေဘာတူတဲ့အတြက္ လာမယ့္ ရက္ေတြအတြင္း အဲဒီ အဆုိကို ျပည္သူ႔လႊတ္ေတာ္မွာ လက္ခံ ေဆြးေႏြးၾကေတာ့မွာပါ။ လက္ရွိ အစိုးရအေနနဲ႔ ျမန္မာႏိုင္ငံကို ဒီမိုကေရစီ ဖက္ဒရယ္ ျပည္ေထာင္စု အျဖစ္ တည္ေဆာက္မယ္လို႔ ရည္မွန္းထားတာ ျဖစ္ေလေတာ့ အဲဒီအေျခခံေတြကို ငယ္ရြယ္တဲ့ ေက်ာင္းသူေက်ာင္းသားေတြ ဘ၀ ကတည္းက နားလည္၊ ထိေတြ႕၊ က်င့္သံုးေစေရးဟာ တုိင္းျပည္အတြက္ အေတာ့္ကို အေရးၾကီးမွာ ျဖစ္ပါတယ္။ စာသင္ေက်ာင္းေတြမွာ ေက်ာင္းသားေတြ ပါ၀င္တဲ့ အသင္းအဖြဲ႕ေတြ ဘယ္လို ဖြဲ႕ခဲ့ၾကသလဲ၊ ဘယ္လို တာ၀န္ေတြ ေပးခဲ့ၾကသလဲ၊ လက္ရွိ ဒီမိုကေရစီ ဖက္ဒရယ္ စနစ္နဲ႔ ကိုက္ညီေအာင္ ေရွ႕ဆက္ ဘယ္လို အေကာင္အထည္ ေဖာ္သင့္သလဲ ဆိုတာ ေလ့လာ တင္ျပသြားပါ့မယ္။

ဦးဥာဏ္လင္း တင္သြင္းခဲ့တဲ့ အဆုိ အျပည့္အစံုကေတာ့ ခုလို ျဖစ္ပါတယ္။ “ ႏိုင္ငံေတာ္ဇ။္ မ်ိဳးဆက္သစ္ လူငယ္မ်ားအား ဒီမိုကေရစီ အေလ့အက်င့္ေကာင္းမ်ား ခိုင္ျမဲစြာ ရရွိေစရန္ႏွင့္ ကာယ၊ ဥာဏ၊ စာရိတၱ ဘက္စံု ဖြံ႕ျဖိဳးတုိးတက္ေစရန္ ႏိုင္ငံေတာ္ဇ။္ အေျခခံႏွင့္ အဆင့္ျမင့္ ပညာေရးေက်ာင္းမ်ားတြင္ အေျခခံ အသင္းအဖြဲ႕မ်ား သတ္မွတ္ဖြဲ႕စည္း၍ အသင္းအဖြဲ႕အလိုက္ အတန္းကိုယ္စားလွယ္မ်ား၊ ေက်ာင္းကိုယ္စားလွယ္မ်ားမွသည္ ေက်ာင္းေကာင္စီအထိ ဒီမိုကေရစီနည္းက် အဆင့္ဆင့္ ေရြးခ်ယ္ဖြဲ႕စည္း၍ ကိုယ္တုိင္ ပါ၀င္ ေဆာင္ရြက္သည့္ စနစ္တစ္ရပ္ကို ၂၀၂၀- ၂၀၂၁ ပညာသင္ႏွစ္မွစ၍ အေကာင္အထည္ေဖာ္ စီမံေဆာင္ရြက္ေပးရန္ ႏိုင္ငံေတာ္ အစိုးရအား တုိက္တြန္းေၾကာင္း” ဆိုျပီး ျဖစ္ပါတယ္။

အဆိုနဲ႔ ပတ္သက္ျပီး သူဆက္ရွင္းျပတာက ျမန္မာႏိုင္ငံမွာ ဖြံ႕ျဖိဳးတုိးတက္ေနတဲ့ ဒီမိုကေရစီ စနစ္ဟာ ၁၉၆၂ ခုႏွစ္ကစ ပ်က္သုဥ္းခဲ့ရေၾကာင္း၊ ေနာက္ ႏွစ္ေပါင္း ၅၀ ေက်ာ္ၾကာမွ သမိုင္းသင္ခန္းစာယူျပီး ဒီမုိကေရစီစနစ္နဲ႔ ႏိုင္ငံကို တဖန္ ျပန္လည္ တည္ေဆာက္ေနရတဲ့အတြက္ စိန္ေခၚမွဳေတြ၊ အခက္အခဲေတြ ၾကံဳေတြ႕ေနရလို႔ ေနာက္တစ္ၾကိမ္ ထပ္ျပီး ဒီမိုကေရစီ စနစ္ကေန ဆန္႔က်င္ ေသြဖီ ေျပာင္းလဲမသြားေစဖို႔ လိုတဲ့အေၾကာင္း၊ ဒါေၾကာင့္ ဒီမိုကေရစီ အေလ့အက်င့္ေကာင္းေတြ စြဲျမဲ ခုိင္မာ အားေကာင္းလာေအာင္ မ်ိဳးဆက္သစ္ လူငယ္ေတြကို ျပဳစုပ်ိဳးေထာင္ ေလ့က်င့္ေပးဖုိ႔ အထူးလိုအပ္ေနတယ္ လို႔ ဆုိပါတယ္။ ဒါ့အျပင္ ႏိုင္ငံေတာ္ရဲ႕ အေျခခံနဲ႔ အဆင့္ျမင့္ ပညာသင္ေက်ာင္းေတြမွာ ၀ါ၊စိမ္း၊ နီ၊ျပာ ဒါမွမဟုတ္ အေနာ္ရထာ၊ ဘုရင့္ေနာင္၊ အေလာင္းဘုရား၊ ဗိုလ္ေတဇ သို႔မဟုတ္ ေအာင္ဆန္း စသျဖင့္ အသင္းအဖြဲ႕ ၄ ဖြဲ႕ကို စုဖြဲ႕ျပီး၊ အတန္းအလိုက္ အသင္းအဖြဲ႕ တစ္ဖြဲ႕ကို ေခါင္းေဆာင္ တစ္ေယာက္စီ ေရြးခ်ယ္၊ အဲဒီေနာက္ တစ္ေက်ာင္းလံုးရွိ အတန္းအလိုက္ အသင္းအဖြဲ႕ ေခါင္းေဆာင္ေတြဟာ ကိုယ့္အသင္းအဖြဲ႕အလိုက္ စုေ၀းျပီး အသင္းအဖြဲ႕ တစ္ဖြဲ႕က ၃ ေယာက္စီကို ေက်ာင္းေကာင္စီ၀င္ေတြ အျဖစ္ ေရြးခ်ယ္၊ အဲဒီ ေက်ာင္းေကာင္စီ၀င္ေတြကမွ လွ်ိဳ႕၀ွက္မဲနဲ႔ ဥကၠဌ၊ ဒုဥကၠဌ၊ အတြင္းေရးမွဴး၊ ဘ႑ာေရးမွဴး၊ သတင္းနဲ႔ ျပန္ၾကားေရး တာ၀န္ခံ စသျဖင့္ ေရြးခ်ယ္ျပီး ေက်ာင္းရဲ႕ အေရးၾကီး တာ၀န္ေတြကို ေဆာင္ရြက္ေစသင့္တယ္လို႔ ဆုိထားပါတယ္။

တကယ္ေတာ့ ေရႊျပည္သာအမတ္ ဦးဥာဏ္လင္း ေျပာတဲ့ အေျခခံပညာ ေက်ာင္းေတြမွာ “ေက်ာင္းေကာင္စီ” ဆိုတာမ်ိဳး ဖြဲ႕စည္းေရး ဆုိတာဟာ အရင္ အာဏာရွင္ ဦးေန၀င္း လက္ထက္ ျမန္မာ့ဆိုရွယ္လစ္ လမ္းစဥ္ပါတီ “မဆလ” အစိုးရေခတ္ကတည္းက ရွိခဲ့တာပါ။ အဲဒီေခတ္ ေက်ာင္းေကာင္စီ ဖြဲ႕စည္းပံုမွာ ေက်ာင္းအုပ္ၾကီးက ဥကၠဌ လုပ္ျပီး ေက်ာင္းဆရာ၊ ဆရာမ တစ္ခ်ိဳ႕နဲ႔ ေရြးေကာက္ခံ ေက်ာင္းသူ ေက်ာင္းသားတစ္ခ်ိဳ႕ ေပါင္းစပ္ ဖြဲ႕စည္းထားတဲ့ ဖြဲ႕စည္းပံုမ်ိဳး ျဖစ္ပါတယ္။ ေက်ာင္းေကာင္စီထဲ ပါ၀င္မယ့္ အတြင္းေရးမွဴး၊ တြဲဘက္အတြင္းေရးမွဴးနဲ႔ အေရာင္ေခါင္းေဆာင္ေက်ာင္းသား ကိုယ္စားလွယ္ေတြ ေရြးခ်ယ္ရာမွာေတာ့ ေက်ာင္း တစ္ေက်ာင္းနဲ႔ တစ္ေက်ာင္း၊ ေက်ာင္းအုပ္ တစ္ေယာက္နဲ႔ တစ္ေယာက္ မတူညီၾကပါဘူး။ အဲဒီေခတ္ တစ္ခ်ိဳ႕ေက်ာင္းေတြမွာ တကယ့္ကို လ်ွိဳ႕၀ွက္မဲေပးစနစ္နဲ႔ မဲေပးေရြးခ်ယ္ၾကတဲ့ ေက်ာင္းေတြ ရွိခဲ့သလို၊ ေက်ာင္းအုပ္ကိုယ္တုိင္၊ ဒါမွမဟုတ္ ေက်ာင္းဆရာဆရာမေတြက ေရြးခ်ယ္ေပးတဲ့ ကိုယ္စားလွယ္ေတြနဲ႔ ဖြဲ႕စည္းေစတာလည္း ရွိပါတယ္။ ေက်ာင္းေကာင္စီေတြဟာ ေက်ာင္းအလိုက္ျပိဳင္ပြဲ ဆုိင္ရာ ကိစၥေတြ၊ ေန႔ထူးေန႔ျမတ္ က်င္းပ၊ ပါ၀င္ရမယ့္ကိစၥလိုမ်ိဳး အေသးအဖြဲ ကိစၥေလးေတြေလာက္ကိုပဲ ေဆာင္ရြက္ခြင့္ ရွိတာမ်ိဳးပါ။

လက္ရွိ ဒီေန႔ေခတ္ အေျခခံပညာေက်ာင္းေတြမွာလည္း ေက်ာင္းေကာင္စီေတြ ဖြဲ႕စည္းထားရွိၾကပါတယ္။ အၾကမ္းဖ်ဥ္းအားျဖင့္ ေက်ာင္းအုပ္နဲ႔ ဆရာတစ္ေယာက္က ဥကၠဌ၊ ဒုဥကၠဌ၊ အတြင္းေရးမွဴးနဲ႔ တြဲဘက္ အတြင္းေရးမွဴးအျဖစ္ အထက္တန္းေက်ာင္းသား ကိုယ္စားလွယ္ ႏွစ္ေယာက္၊ အဖြဲ႕၀င္ေတြအျဖစ္ ဆရာ၊ ဆရာမ ၅ ေယာက္နဲ႔ ေက်ာင္းသား ကိုယ္စားလွယ္ ၁၁ ေယာက္ စုစုေပါင္း အေယာက္ ၂၀ ေလာက္န႔ဲ ဖြဲ႕စည္းၾကပါတယ္။ ဒီေကာင္စီေတြကလည္း အေသးအဖြဲ ကိစၥေလးေတြေလာက္ပဲ လုပ္ကိုင္ၾကရျပီး မ်ားေသာအားျဖင့္ ေက်ာင္းသားကိုယ္စားလွယ္ေတြဟာ ေက်ာင္းအုပ္ၾကီးေျပာသမွ် လက္ညွိဳးေထာင္ ေခါင္းညွိပ္လုပ္ၾကရတာမ်ိဳးပါ။ ေက်ာင္းသားကိုယ္စားလွယ္ ေရြးခ်ယ္မွဳေတြကလည္း အရင္ေခတ္ေတြတုန္းက တစ္ခ်ိဳ႕ ေက်ာင္းေတြမွာလို လြတ္လြတ္လပ္လပ္ လ်ွိဳ႕၀ွက္မဲေပးေရြးခ်ယ္တာမ်ိဳး မရွိေတာ့ပါဘူး။ ဆရာ၊ ဆရာမေတြကပဲ သူတုိ႔က သင့္ေတာ္တယ္ ထင္တဲ့ ေက်ာင္းသားေတြကို ကိုယ္စားလွယ္ အျဖစ္ ေရြးခ်ယ္ေပးျပီး ေက်ာင္းေကာင္စီထဲ ပါ၀င္ေစတာမ်ိဳးပါ။ ေျပာရရင္ ေက်ာင္းသူေက်ာင္းသားေတြဟာ စာသင္ေက်ာင္းေတြကေန ဒီမိုကေရစီ အသိအျမင္နဲ႔ အေလ့အက်င့္ လံုး၀ မရၾကေတာ့ဘူးလို႔ ေျပာႏုိင္ပါတယ္။

အခု ဦးဥာဏ္လင္း တင္တဲ့ အဆုိမွာေတာ့ ၂ ပိုင္းပါေနတာ ေတြ႕ရပါတယ္။ တစ္ပိုင္းကေတာ့ ေက်ာင္းေကာင္စီ ဆိုတာမ်ိဳးကို ေက်ာင္းသားေတြ သက္သက္နဲ႔ ဖြဲ႕စည္း လုပ္ကိုင္ေစတာ ျဖစ္ျပီး ေနာက္တစ္ပိုင္းကေတာ့ ေရြးခ်ယ္မွဳေတြကို ဒီမိုကေရစီ နည္းက်က် လုပ္ကိုင္ေဆာင္ရြက္ေစဖို႔ပါ။ ဒီေနရာမွာ ေက်ာင္းသား ကိုယ္စားလွယ္ ေရြးခ်ယ္မွဳကို တကယ့္ ဒီမိုကေရစီနည္းက် လြတ္လြတ္လပ္လပ္နဲ႔ လွ်ိဳ႕၀ွက္ မဲေပး ေရြးခ်ယ္ေစမယ့္ ပံုစံမ်ိဳး က်င့္သံုးဖို႔ကေတာ့ အျငင္းပြားစရာ မရွိပါဘူး။ ဒီလို လုပ္ျခင္းအားျဖင့္ ေက်ာင္းသားေတြဟာ ဒီမိုကေရစီ ဆုိတာကို နားလည္လာရံုမက၊ ကိုယ္တုိင္ မဲေပးတာ၊ ေရြးခ်ယ္ခံတာ လုပ္ျခင္းအားျဖင့္ ဒီမိုကေရစီ အေလ့အထ နဲ႔ လုပ္ထံုးလုပ္နည္းေတြကို ယဥ္ပါးလာေစမွာ ျဖစ္ပါတယ္။

ေနာက္တစ္ပိုင္းကေတာ့ ေက်ာင္းေကာင္စီ ဆုိတာမ်ိဳးကို ေက်ာင္းသားေတြ သက္သက္နဲ႔ ဖြဲ႕စည္းမလား၊ ေက်ာင္းအုပ္နဲ႔ ဆရာေတြပါ ပူးေပါင္း ဖြဲ႕စည္းေစမလား၊ ဖြဲ႕စည္းျပီးရင္ ဘယ္လို သင့္ေတာ္တဲ့ တာ၀န္ေတြကို ေဆာင္ရြက္ခြင့္ေပးမလဲ၊ စတာေတြကေတာ့ အမတ္ေတြက ေဆြးေႏြး၊ ပညာေရး၀န္ၾကီးဌာန ဘက္ကလည္း ရွင္းလင္း တင္ျပဖို႔ လိုပါတယ္။ ေက်ာင္းေတြမွာ ေက်ာင္းသား လူငယ္ေတြအၾကား ဒီမိုကေရစီကို တန္ဘိုးထားတတ္လာေအာင္၊ တကယ္ နားလည္ က်င့္သံုးတတ္လာေအာင္ ဆိုရင္ ဦးဥာဏ္လင္းရဲ႕ အဆုိကို ေထာက္ခံ အတည္ျပဳသင့္ပါတယ္။ ဒါတင္မက ဖက္ဒရယ္ ျပည္ေထာင္စု တည္ေဆာက္မယ္ဆိုတာေၾကာင့္ တုိင္းရင္းသား အေရးအရာ ကိစၥေတြကိုလည္း ခုလိုပဲ နားလည္၊ ထိေတြ႕၊ အေလ့အက်င့္ေတြ ျပဳစုပ်ိဳးေထာင္မယ့္ စနစ္မ်ိဳး ထည့္သြင္းဖို႔ကိုလည္း စဥ္းစားသင့္ပါေၾကာင္း တင္ျပလိုက္ရပါတယ္။

----------------------

“ ကျောင်းသားတွေ ဒီမိုကရေစီ အသိအမြင် အလေ့အကျင့်ရလာအောင် ဘယ်လို အကောင်အထည် ဖော်ကြမလဲ”
ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီ ၃ ရက်နေ့က ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ရွှေပြည်သာ အမတ် ဦးဉာဏ်လင်းက စာသင်ကျောင်းတွေမှာ ကျောင်းသားတွေ ပါဝင်တဲ့ အဖွဲ့အစည်းတွေကို ဒီမိုကရေစီနည်းကျကျ ရွေးချယ် ဖွဲ့စည်း၊ တာဝန်ပေးတဲ့ စနစ်တစ်ရပ် ဖော်ဆောင်ပေးဖို့ ဆိုတဲ့ အဆိုတစ်ရပ် တင်ပါတယ်။ အဆိုကို ရွှေကူ အမတ် ဦးဇာနည်မင်းက ထောက်ခံပြီး လွှတ်တော်ကလည်း လက်ခံဆွေးနွေးဖို့ သဘောတူတဲ့အတွက် လာမယ့် ရက်တွေအတွင်း အဲဒီ အဆိုကို ပြည်သူ့လွှတ်တော်မှာ လက်ခံ ဆွေးနွေးကြတော့မှာပါ။ လက်ရှိ အစိုးရအနေနဲ့ မြန်မာနိုင်ငံကို ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု အဖြစ် တည်ဆောက်မယ်လို့ ရည်မှန်းထားတာ ဖြစ်လေတော့ အဲဒီအခြေခံတွေကို ငယ်ရွယ်တဲ့ ကျောင်းသူကျောင်းသားတွေ ဘ၀ ကတည်းက နားလည်၊ ထိတွေ့၊ ကျင့်သုံးစေရေးဟာ တိုင်းပြည်အတွက် အတော့်ကို အရေးကြီးမှာ ဖြစ်ပါတယ်။ စာသင်ကျောင်းတွေမှာ ကျောင်းသားတွေ ပါဝင်တဲ့ အသင်းအဖွဲ့တွေ ဘယ်လို ဖွဲ့ခဲ့ကြသလဲ၊ ဘယ်လို တာဝန်တွေ ပေးခဲ့ကြသလဲ၊ လက်ရှိ ဒီမိုကရေစီ ဖက်ဒရယ် စနစ်နဲ့ ကိုက်ညီအောင် ရှေ့ဆက် ဘယ်လို အကောင်အထည် ဖော်သင့်သလဲ ဆိုတာ လေ့လာ တင်ပြသွားပါ့မယ်။
ဦးဉာဏ်လင်း တင်သွင်းခဲ့တဲ့ အဆို အပြည့်အစုံကတော့ ခုလို ဖြစ်ပါတယ်။ “ နိုင်ငံတော်ဇ။် မျိုးဆက်သစ် လူငယ်များအား ဒီမိုကရေစီ အလေ့အကျင့်ကောင်းများ ခိုင်မြဲစွာ ရရှိစေရန်နှင့် ကာယ၊ ဉာဏ၊ စာရိတ္တ ဘက်စုံ ဖွံ့ဖြိုးတိုးတက်စေရန် နိုင်ငံတော်ဇ။် အခြေခံနှင့် အဆင့်မြင့် ပညာရေးကျောင်းများတွင် အခြေခံ အသင်းအဖွဲ့များ သတ်မှတ်ဖွဲ့စည်း၍ အသင်းအဖွဲ့အလိုက် အတန်းကိုယ်စားလှယ်များ၊ ကျောင်းကိုယ်စားလှယ်များမှသည် ကျောင်းကောင်စီအထိ ဒီမိုကရေစီနည်းကျ အဆင့်ဆင့် ရွေးချယ်ဖွဲ့စည်း၍ ကိုယ်တိုင် ပါဝင် ဆောင်ရွက်သည့် စနစ်တစ်ရပ်ကို ၂၀၂၀- ၂၀၂၁ ပညာသင်နှစ်မှစ၍ အကောင်အထည်ဖော် စီမံဆောင်ရွက်ပေးရန် နိုင်ငံတော် အစိုးရအား တိုက်တွန်းကြောင်း” ဆိုပြီး ဖြစ်ပါတယ်။
အဆိုနဲ့ ပတ်သက်ပြီး သူဆက်ရှင်းပြတာက မြန်မာနိုင်ငံမှာ ဖွံ့ဖြိုးတိုးတက်နေတဲ့ ဒီမိုကရေစီ စနစ်ဟာ ၁၉၆၂ ခုနှစ်ကစ ပျက်သုဉ်းခဲ့ရကြောင်း၊ နောက် နှစ်ပေါင်း ၅၀ ကျော်ကြာမှ သမိုင်းသင်ခန်းစာယူပြီး ဒီမိုကရေစီစနစ်နဲ့ နိုင်ငံကို တဖန် ပြန်လည် တည်ဆောက်နေရတဲ့အတွက် စိန်ခေါ်မှုတွေ၊ အခက်အခဲတွေ ကြုံတွေ့နေရလို့ နောက်တစ်ကြိမ် ထပ်ပြီး ဒီမိုကရေစီ စနစ်ကနေ ဆန့်ကျင် သွေဖီ ပြောင်းလဲမသွားစေဖို့ လိုတဲ့အကြောင်း၊ ဒါကြောင့် ဒီမိုကရေစီ အလေ့အကျင့်ကောင်းတွေ စွဲမြဲ ခိုင်မာ အားကောင်းလာအောင် မျိုးဆက်သစ် လူငယ်တွေကို ပြုစုပျိုးထောင် လေ့ကျင့်ပေးဖို့ အထူးလိုအပ်နေတယ် လို့ ဆိုပါတယ်။ ဒါ့အပြင် နိုင်ငံတော်ရဲ့ အခြေခံနဲ့ အဆင့်မြင့် ပညာသင်ကျောင်းတွေမှာ ဝါ၊စိမ်း၊ နီ၊ပြာ ဒါမှမဟုတ် အနော်ရထာ၊ ဘုရင့်နောင်၊ အလောင်းဘုရား၊ ဗိုလ်တေဇ သို့မဟုတ် အောင်ဆန်း စသဖြင့် အသင်းအဖွဲ့ ၄ ဖွဲ့ကို စုဖွဲ့ပြီး၊ အတန်းအလိုက် အသင်းအဖွဲ့ တစ်ဖွဲ့ကို ခေါင်းဆောင် တစ်ယောက်စီ ရွေးချယ်၊ အဲဒီနောက် တစ်ကျောင်းလုံးရှိ အတန်းအလိုက် အသင်းအဖွဲ့ ခေါင်းဆောင်တွေဟာ ကိုယ့်အသင်းအဖွဲ့အလိုက် စုဝေးပြီး အသင်းအဖွဲ့ တစ်ဖွဲ့က ၃ ယောက်စီကို ကျောင်းကောင်စီဝင်တွေ အဖြစ် ရွေးချယ်၊ အဲဒီ ကျောင်းကောင်စီဝင်တွေကမှ လျှို့ဝှက်မဲနဲ့ ဥက္ကဌ၊ ဒုဥက္ကဌ၊ အတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူး၊ သတင်းနဲ့ ပြန်ကြားရေး တာဝန်ခံ စသဖြင့် ရွေးချယ်ပြီး ကျောင်းရဲ့ အရေးကြီး တာဝန်တွေကို ဆောင်ရွက်စေသင့်တယ်လို့ ဆိုထားပါတယ်။
တကယ်တော့ ရွှေပြည်သာအမတ် ဦးဉာဏ်လင်း ပြောတဲ့ အခြေခံပညာ ကျောင်းတွေမှာ “ကျောင်းကောင်စီ” ဆိုတာမျိုး ဖွဲ့စည်းရေး ဆိုတာဟာ အရင် အာဏာရှင် ဦးနေဝင်း လက်ထက် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ “မဆလ” အစိုးရခေတ်ကတည်းက ရှိခဲ့တာပါ။ အဲဒီခေတ် ကျောင်းကောင်စီ ဖွဲ့စည်းပုံမှာ ကျောင်းအုပ်ကြီးက ဥက္ကဌ လုပ်ပြီး ကျောင်းဆရာ၊ ဆရာမ တစ်ချို့နဲ့ ရွေးကောက်ခံ ကျောင်းသူ ကျောင်းသားတစ်ချို့ ပေါင်းစပ် ဖွဲ့စည်းထားတဲ့ ဖွဲ့စည်းပုံမျိုး ဖြစ်ပါတယ်။ ကျောင်းကောင်စီထဲ ပါဝင်မယ့် အတွင်းရေးမှူး၊ တွဲဘက်အတွင်းရေးမှူးနဲ့ အရောင်ခေါင်းဆောင်
ကျောင်းသား ကိုယ်စားလှယ်တွေ ရွေးချယ်ရာမှာတော့ ကျောင်း တစ်ကျောင်းနဲ့ တစ်ကျောင်း၊ ကျောင်းအုပ် တစ်ယောက်နဲ့ တစ်ယောက် မတူညီကြပါဘူး။
အဲဒီခေတ် တစ်ချို့ကျောင်းတွေမှာ တကယ့်ကို လျှို့ဝှက်မဲပေးစနစ်နဲ့ မဲပေးရွေးချယ်ကြတဲ့ ကျောင်းတွေ ရှိခဲ့သလို၊ ကျောင်းအုပ်ကိုယ်တိုင်၊ ဒါမှမဟုတ် ကျောင်းဆရာဆရာမတွေက ရွေးချယ်ပေးတဲ့ ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းစေတာလည်း ရှိပါတယ်။ ကျောင်းကောင်စီတွေဟာ ကျောင်းအလိုက်ပြိုင်ပွဲ ဆိုင်ရာ ကိစ္စတွေ၊ နေ့ထူးနေ့မြတ် ကျင်းပ၊ ပါဝင်ရမယ့်ကိစ္စလိုမျိုး အသေးအဖွဲ ကိစ္စလေးတွေလောက်ကိုပဲ ဆောင်ရွက်ခွင့် ရှိတာမျိုးပါ။
လက်ရှိ ဒီနေ့ခေတ် အခြေခံပညာကျောင်းတွေမှာလည်း ကျောင်းကောင်စီတွေ ဖွဲ့စည်းထားရှိကြပါတယ်။ အကြမ်းဖျဉ်းအားဖြင့် ကျောင်းအုပ်နဲ့ ဆရာတစ်ယောက်က ဥက္ကဌ၊ ဒုဥက္ကဌ၊ အတွင်းရေးမှူးနဲ့ တွဲဘက် အတွင်းရေးမှူးအဖြစ် အထက်တန်းကျောင်းသား ကိုယ်စားလှယ် နှစ်ယောက်၊ အဖွဲ့ဝင်တွေအဖြစ် ဆရာ၊ ဆရာမ ၅ ယောက်နဲ့ ကျောင်းသား ကိုယ်စားလှယ် ၁၁ ယောက် စုစုပေါင်း အယောက် ၂၀ လောက်နဲ့ ဖွဲ့စည်းကြပါတယ်။ ဒီကောင်စီတွေကလည်း အသေးအဖွဲ ကိစ္စလေးတွေလောက်ပဲ လုပ်ကိုင်ကြရပြီး များသောအားဖြင့် ကျောင်းသားကိုယ်စားလှယ်တွေဟာ ကျောင်းအုပ်ကြီးပြောသမျှ လက်ညှိုးထောင် ခေါင်းညှိပ်လုပ်ကြရတာမျိုးပါ။ ကျောင်းသားကိုယ်စားလှယ် ရွေးချယ်မှုတွေကလည်း အရင်ခေတ်တွေတုန်းက တစ်ချို့ ကျောင်းတွေမှာလို လွတ်လွတ်လပ်လပ် လျှို့ဝှက်မဲပေးရွေးချယ်တာမျိုး မရှိတော့ပါဘူး။ ဆရာ၊ ဆရာမတွေကပဲ သူတို့က သင့်တော်တယ် ထင်တဲ့ ကျောင်းသားတွေကို ကိုယ်စားလှယ် အဖြစ် ရွေးချယ်ပေးပြီး ကျောင်းကောင်စီထဲ ပါဝင်စေတာမျိုးပါ။ ပြောရရင် ကျောင်းသူကျောင်းသားတွေဟာ စာသင်ကျောင်းတွေကနေ ဒီမိုကရေစီ အသိအမြင်နဲ့ အလေ့အကျင့် လုံး၀ မရကြတော့ဘူးလို့ ပြောနိုင်ပါတယ်။
အခု ဦးဉာဏ်လင်း တင်တဲ့ အဆိုမှာတော့ ၂ ပိုင်းပါနေတာ တွေ့ရပါတယ်။ တစ်ပိုင်းကတော့ ကျောင်းကောင်စီ ဆိုတာမျိုးကို ကျောင်းသားတွေ သက်သက်နဲ့ ဖွဲ့စည်း လုပ်ကိုင်စေတာ ဖြစ်ပြီး နောက်တစ်ပိုင်းကတော့ ရွေးချယ်မှုတွေကို ဒီမိုကရေစီ နည်းကျကျ လုပ်ကိုင်ဆောင်ရွက်စေဖို့ပါ။ ဒီနေရာမှာ ကျောင်းသား ကိုယ်စားလှယ် ရွေးချယ်မှုကို တကယ့် ဒီမိုကရေစီနည်းကျ လွတ်လွတ်လပ်လပ်နဲ့ လျှို့ဝှက် မဲပေး ရွေးချယ်စေမယ့် ပုံစံမျိုး ကျင့်သုံးဖို့ကတော့ အငြင်းပွားစရာ မရှိပါဘူး။ ဒီလို လုပ်ခြင်းအားဖြင့် ကျောင်းသားတွေဟာ ဒီမိုကရေစီ ဆိုတာကို နားလည်လာရုံမက၊ ကိုယ်တိုင် မဲပေးတာ၊ ရွေးချယ်ခံတာ လုပ်ခြင်းအားဖြင့် ဒီမိုကရေစီ အလေ့အထ နဲ့ လုပ်ထုံးလုပ်နည်းတွေကို ယဉ်ပါးလာစေမှာ ဖြစ်ပါတယ်။
နောက်တစ်ပိုင်းကတော့ ကျောင်းကောင်စီ ဆိုတာမျိုးကို ကျောင်းသားတွေ သက်သက်နဲ့ ဖွဲ့စည်းမလား၊ ကျောင်းအုပ်နဲ့ ဆရာတွေပါ ပူးပေါင်း ဖွဲ့စည်းစေမလား၊ ဖွဲ့စည်းပြီးရင် ဘယ်လို သင့်တော်တဲ့ တာဝန်တွေကို ဆောင်ရွက်ခွင့်ပေးမလဲ၊ စတာတွေကတော့ အမတ်တွေက ဆွေးနွေး၊ ပညာရေးဝန်ကြီးဌာန ဘက်ကလည်း ရှင်းလင်း တင်ပြဖို့ လိုပါတယ်။ ကျောင်းတွေမှာ ကျောင်းသား လူငယ်တွေအကြား ဒီမိုကရေစီကို တန်ဘိုးထားတတ်လာအောင်၊ တကယ် နားလည် ကျင့်သုံးတတ်လာအောင် ဆိုရင် ဦးဉာဏ်လင်းရဲ့ အဆိုကို ထောက်ခံ အတည်ပြုသင့်ပါတယ်။ ဒါတင်မက ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်မယ်ဆိုတာကြောင့် တိုင်းရင်းသား အရေးအရာ ကိစ္စတွေကိုလည်း ခုလိုပဲ နားလည်၊ ထိတွေ့၊ အလေ့အကျင့်တွေ ပြုစုပျိုးထောင်မယ့် စနစ်မျိုး ထည့်သွင်းဖို့ကိုလည်း စဉ်းစားသင့်ပါကြောင်း တင်ပြလိုက်ရပါတယ်။
စည်သူအောင်မြင့်။

XS
SM
MD
LG