သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

NLD အစိုးရနဲ႔ တပ္ခ်ဳပ္ ပြတ္တိုက္မွဳ ျပသနာ ဘာဆက္ျဖစ္လာႏိုင္သလဲ


ေနျပည္ေတာ္မွာ က်င္းပတဲ့ NCA အပစ္ရပ္စာခ်ဳပ္ ၃ ႏွစ္ျပည့္အခမ္းအနားကို တက္ေရာက္လာတဲ့ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ ( ေအာက္တိုဘာ ၁၅၊ ၂၀၁၈)
တိုက္႐ိုက္ လင့္ခ္

Zawgyi/ Unicode

၂၀၂၀ အေထြေထြ ေရြးေကာက္ပြဲႀကီး မတိုင္ခင္ ျဖစ္ခဲ့တာကေတာ့ အစိုးရနဲ႔ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္တို႔ရဲ႕ ပြတ္တိုက္မွဳလို႔ ေျပာရင္ ရႏိုင္ပါတယ္။ ေရြးေကာက္ပြဲ မတိုင္ခင္ ႏို၀င္ဘာ ၂ ရက္ေန႔မွာ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ရံုးကေန ေၾကညာခ်က္ တစ္ရပ္ ထုတ္ျပန္ပါတယ္။ အႏွစ္ခ်ဳပ္ကေတာ့ ေရြးေကာက္ပြဲနဲ႔ ပတ္သက္လို႔ လက္ရွိ ျပည္ေထာင္စု ေရြးေကာက္ပြဲ ေကာ္မရွင္ရဲ႕ အားနည္းခ်က္ တစ္ခ်ိဳ႕ကို ေထာက္ျပထားၿပီး၊ လြတ္လပ္ၿပီး တရားမွ်တတဲ့ ေရြးေကာက္ပြဲျဖစ္ဖို႔ သံသယ ျဖစ္ဖြယ္ ရွိေနတဲ့အေၾကာင္း၊ ျပည္ေထာင္စု ေရြးေကာက္ပြဲ ေကာ္မရွင္ကို အစိုးရက ခန္႔အပ္ရတာျဖစ္တဲ့အတြက္ အဲလို ျဖစ္ေပၚလာတဲ့ ျပသနာေတြ အတြက္ ျပည္ေထာင္စု အစိုးရက တာ၀န္ခံရမယ္ လို႔ ေဖာ္ျပထားပါတယ္။ ေနာက္ရက္ပိုင္း ေပၚျပဴလာဂ်ာနယ္နဲ႔ အင္တာဗ်ဴးမွာ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လွိဳင္ ေျဖၾကားထားတာေတြကေတာ့ အဲဒီထက္ ျပင္းထန္ပါတယ္။ စစ္ဗိုလ္ခ်ဳပ္ေဟာင္း ဦးတင္ေအး ဦးေဆာင္တဲ့ အရင္ ေရြးေကာက္ပြဲ ေကာ္မရွင္က က်င္းပေပးခဲ့တဲ့ ၂၀၁၅ ေရြးေကာက္ပြဲ ကာလတုန္းက ေကာ္မရွင္ကေန Result ကို ေၾကညာၿပီ ဆိုတာနဲ႔ သူ႕အေနနဲ႔ လက္ခံမယ္ ဆိုၿပီး ေျပာခဲ့ဖူးေၾကာင္း၊ အခု ေရြးေကာက္ပြဲနဲ႔ ပတ္သက္လို႔ကေတာ့ ေတာ္ေတာ္ သတိထားရမယ့္ အေျခအေန ျဖစ္တယ္ ဆိုၿပီး ေျပာဆိုခဲ့ပါတယ္။ အစိုးရဘက္ကေတာ့ အဲဒီ ထုတ္ျပန္ခ်က္ေတြ၊ ေျပာဆိုခ်က္ေတြဟာ “ ဖြဲ႕စည္းပံုအေျခခံ ဥပေဒ၊ ႏိုင္ငံ့ဥပေဒေတြရဲ႕ အႏွစ္သာရဲ႕ ကိုက္ညီမွဳ မရွိဘူး၊ လြတ္လပ္ၿပီး တရားမွ်တတဲ့ ေရြးေကာက္ပြဲ ျဖစ္ေစေရးကို အေထာက္အကူ မျဖစ္ေစပဲ စိုးရိမ္စိတ္ေတြ၊ မတည္ၿငိမ္မွဳေတြ ျဖစ္ေစေရးကို အားေပးရာ ေရာက္တယ္ ” ဆိုၿပီး တုန္႔ျပန္ခဲ့ပါတယ္။ အစိုးရရဲ႕ အဲလို ေျပာဆိုခ်က္ကို တပ္မေတာ္ဘက္ကလည္း သူတို႔ ထုတ္ျပန္တာဟာ ဖြဲ႕စည္းပံုနဲ႔အညီ ဥပေဒနဲ႔ အညီ ထုတ္ျပန္တာ ျဖစ္ေၾကာင္း ျပန္ၿပီး ရွင္းလင္းျပန္ပါတယ္။ အင္န္အယ္လ္ဒီ အစိုးရအဖြဲ႕နဲ႔ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္တို႔ ဘာေၾကာင့္ ခုလို ပြတ္တိုက္မွဳေတြ ျဖစ္လာသလဲ၊ ေရွ႕ဘာဆက္ျဖစ္ႏိုင္မလဲ ဆိုတာ စိတ္၀င္စားဖို႔ ေကာင္းပါတယ္။ ခုတစ္ပတ္ အဲဒီ ျပသနာအေၾကာင္း ေလ့လာ တင္ျပသြားပါ့မယ္။

တကယ္ေတာ့ အခု ေရြးေကာက္ပြဲၿပီးလို႔ ေနာက္ႏွစ္ ၂၀၂၁ မွာ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လွိဳင္ အသက္ ၆၅ ႏွစ္ျပည့္ပါမယ္။ အဲဒီအခ်ိန္ တပ္မေတာ္ကေန အၿငိမ္းစားယူလိမ့္မယ္လို႔ တပ္မေတာ္နဲ႔ နီးစပ္တဲ့ အသိုင္းအဝိုင္းက ေျပာဆိုထားပါတယ္။ တပ္မေတာ္ထဲမွာ ထိပ္ဆံုးအႀကီးအကဲ ရာထူးကေန အနားယူရေတာ့မယ့္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လွိဳင္အေနနဲ႔ အခု ေရြးေကာက္ပြဲ ရလာဒ္ အေျခအေနေပၚ မူတည္ၿပီး ႏိုင္ငံ့အထြဋ္အထိပ္ သမၼတ ျဖစ္ေအာင္ ႀကိဳးစားႏိုင္တဲ့ အခြင့္အလမ္း တစ္ခု ရွိေနပါတယ္။ ဒါနဲ႔ ပတ္သက္ၿပီး သူကိုယ္တိုင္ ႏိုင္ငံတကာ အင္တာဗ်ဴးေတြမွာလည္း ေျပာဆိုထားပါတယ္။ သူ႔အေနနဲ႔ တပ္မေတာ္က အၿငိမ္းစားယူသြားၿပီးတဲ့တိုင္ အျခား ဘယ္တာ၀န္ေတြကို မဆို ထမ္းေဆာင္ႏိုင္ဖို႔ အရည္အခ်င္း ရွိတယ္ ဆိုတာပါပဲ။

၂၀၀၈ ဖြဲ႕စည္းပံု အေျခခံ ဥပေဒအရ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ဟာ ႏိုင္ငံေတာ္ သမၼတနဲ႔ ဒုသမၼတ ေရြးခ်ယ္တင္ေႁမွာက္ရတဲ့ ျပည္ေထာင္စု လႊတ္ေတာ္အဆင့္ ကိုယ္စားလွယ္ေတြရဲ႕ ၂၅% ကို ခန္႔အပ္ပိုင္ခြင့္ရွိပါတယ္။

သူခန္႔အပ္လိုက္တဲ့ တပ္မေတာ္သား ကိုယ္စားလွယ္ေတြဟာ ဒုသမၼတ တစ္ေယာက္ကို ေရြးခ်ယ္မွာျဖစ္ၿပီး သမၼတ ေရြးခ်ယ္ရာမွာလည္း ဆႏၵမဲေပးၾကရမွာ ျဖစ္ပါတယ္။ ဒါေၾကာင့္ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္အေနနဲ႔ သူသာ လိုခ်င္မယ္ ဆိုရင္ သူ႔ကိုယ္သူ ဒုသမၼတ အျဖစ္ တပ္ကိုယ္စားလွယ္ေတြကေန တဆင့္ နာမည္စာရင္း တင္သြင္းခြင့္ ရွိပါတယ္။ ဒါေပမယ့္ သမၼတ ျဖစ္ဖို႔ ဆိုရင္ေတာ့ အျခားေသာ ဒုသမၼတ ၂ ေယာက္နဲ႔ အတူ ျပည္ေထာင္စု လႊတ္ေတာ္မွာ ယွဥ္ၿပိဳင္ ေရြးခ်ယ္ ခံရမွာ ျဖစ္ပါတယ္။

တကယ္လို႔မ်ား ေရြးေကာက္ပြဲမွာ အင္န္အယ္လ္ဒီ ပါတီ အစိုးရဖြဲ႕ႏိုင္သည္အထိ အျပတ္အသတ္ အႏိုင္ရသြားခဲ့ရင္ ဒုသမၼတ ေသျခာေပါက္ ျဖစ္ႏိုင္တဲ့ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္အေနနဲ႔ သမၼတ ျဖစ္ေရး ႀကိဳးစားခြင့္ ရွိေတာ့မွာ မဟုတ္ပါဘူး။ ႐ိုး႐ိုး ဒုသမၼတ တစ္ေယာက္ အျဖစ္ကိုပဲ လက္ခံလိုက္ရမွာပါ။ ဒီအတြက္ သူ႔အေနနဲ႔ သမၼတ ျဖစ္ေအာင္ ႀကိဳးစားခြင့္ရဖို႔ ဆိုတာ အင္န္အယ္လ္ဒီ အျပတ္အသတ္ ႏိုင္မႏိုင္ အေျခအေန အေပၚမွာ သြားၿပီး မူတည္ေနပါတယ္။

တပ္မေတာ္နဲ႔ ျပည္ေထာင္စု ေရြးေကာက္ပြဲ ေကာ္မရွင္ စၿပီး တြန္းတိုက္မိတာက ေရြးေကာက္ပြဲဆိုင္ရာ နည္းဥပေဒ ၂ ခု ျပင္ဆင္တဲ့ ကိစၥမွာပါ။ တစ္ခုကေတာ့ မဲဆႏၵနယ္ေျမ တစ္ခုခုမွာ ရက္ေပါင္း ၁၈၀ ထက္မနည္း ေရာက္ေနသူ တစ္ေယာက္ အဲဒီ မဲဆႏၵနယ္ေျမမွာပဲ မဲေပးခြင့္ရမယ့္ ကိစၥကို ရက္ေပါင္း ၉၀ ဆိုၿပီး ျပင္တဲ့ ကိစၥပါ။ အဲဒီ ျပင္ဆင္ခ်က္ ျပည္မႀကီးက အင္န္အယ္လ္ဒီ ပါတီ အေရးသာေစႏိုင္တဲ့ ျပင္ဆင္ခ်က္ ဆိုၿပီး တိုင္းရင္းသား အမတ္ေတြနဲ႔ တပ္မေတာ္ဘက္က ကန္႔ကြက္ခဲ့ၾကပါတယ္။ ေနာက္ျပင္ဆင္ခ်က္ တစ္ခုကေတာ့ တပ္မေတာ္မဲရံုေတြကို အရင္က တပ္တြင္းမွာပဲ ထားရာကေန တပ္အျပင္ဘက္ေတြမွာပဲ ထားၿပီး မဲေပးေစမယ့္ ကိစၥပါ။ ဒါကိုလည္း တပ္မေတာ္ဘက္က လက္မခံေပမယ့္ မဲခြဲရာမွာေတာ့ ရွံုးနိမ့္ခဲ့ပါတယ္။ အရင္ ၂၀၁၀ ေရြးေကာက္ပြဲတုန္းက တပ္မေတာ္ ေက်ာေထာက္ေနာက္ခံ ျပည္ခိုင္ၿဖိဳးပါတီ အျပတ္အသတ္ ႏိုင္တဲ့ ကိစၥ၊ ၂၀၁၅ ေရြးေကာက္ပြဲမွာ ၈% ေက်ာ္ေလာက္နဲ႔ ညီမွတဲ့ ျပည္ေထာင္စု အဆင့္ အမတ္ ၄၁ ေနရာ ႏိုင္ခဲ့တဲ့ ကိစၥမွာ တပ္မေတာ္ မဲေတြ အမ်ားႀကီး ပါခဲ့ပါတယ္။ အဲဒီ၂ႀကိမ္လံုး တပ္က လာတဲ့ ႀကိဳတင္မဲေတြကိုေရာ၊ ႐ိုး႐ိုးေပးတဲ့ မဲေတြကိုပါ ဘာမွ စိစစ္၊ စစ္ေဆးတာ မလုပ္ႏိုင္ခဲ့ပါဘူး။ အခု ျပင္ဆင္လိုက္တဲ့ နည္းဥပေဒအရ တပ္မေတာ္သား မဲစာရင္းေတြ၊ ႀကိဳတင္မဲေတြကို စိစစ္ႏိုင္ရံုမက တကယ္မဲေပးတဲ့ေန႔မွာလည္း ပါတီအမတ္ေလာင္း ကိုယ္စားလွယ္ အသီးသီးက ေစာင့္ၾကည့္ႏိုင္ၾကေတာ့မွာ ျဖစ္ပါတယ္။

တကယ္လည္း လက္ေတြ႕ ေရြးေကာက္ပြဲ အႀကိဳ၊ ႀကိဳတင္မဲ ေပးတဲ့ကာလမွာ တပ္ကလာတဲ့ ႀကိဳတင္မဲေတြကို ပါတီ အမတ္ေလာင္း ကိုယ္စားလွယ္ေတြက စိစစ္ခဲ့ၾကပါတယ္။ စိစစ္ရံုမက အျပင္က ေပါက္ေနတဲ့၊ ဖြင့္ထားတဲ့၊ သံသယ ျဖစ္ဖြယ္ ႀကိဳတင္မဲေတြကို ေရတြက္ျခင္းမျပဳပဲ ပယ္မဲအျဖစ္ သတ္မွတ္လိုက္တာမ်ိဳးလည္း ရွိလာပါတယ္။ အျခားတစ္ဖက္မွာလည္း ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လွိဳင္အေနနဲ႔ ေရြးေကာက္ပြဲ ၃ ႀကိမ္အတြင္း ပထမဦးဆံုးအႀကိမ္ တပ္အျပင္ဘက္မွာ လြတ္လြတ္လပ္လပ္ မဲသြားထည့္ၾကမယ့္ တပ္မေတာ္သားေတြနဲ႔ မိသားစု၀င္ေတြကို ဘယ္လိုကိုယ္စားလွယ္မ်ိဳးကို မဲထည့္ပါဆိုၿပီး ထပ္တလဲလဲ မွာၾကားေနရတဲ့ အေျခအေန ေရာက္ေနပါတယ္။

လက္ရွိ ျမန္မာႏိုင္ငံ ေရြးေကာက္ပြဲကို နာမည္ေက်ာ္ ကာတာ စင္တာ၊ ဂ်ပန္ အစိုးရ ကိုယ္စားလွယ္ အဖြဲ႕၊ ျပည္တြင္း PACE အဖြဲ႕၊ ႏိုင္ငံတကာနဲ႔ ျပည္တြင္း အဖြဲ႔ အေတာ္မ်ားမ်ား ေစာင့္ၾကည့္ေနၾကပါတယ္။ ေရြးေကာက္ပြဲ ၿပီးတာနဲ႔ လြတ္လပ္ၿပီး တရားမွ်တတဲ့ ေရြးေကာက္ပြဲ ဟုတ္မဟုတ္ သူတို႔ ဆံုးျဖတ္ ေၾကညာေပးၾကပါလိမ့္မယ္။ ေရြးေကာက္ပြဲ မစခင္ ၆ လ အလိုေလာက္ကတည္းက ေရြးေကာက္ပြဲဟာ တရားမွ်တမွာ မဟုတ္ဘူး၊ ဒါေၾကာင့္ တပ္ခ်ဳပ္က အာဏာသိမ္းၿပီး ေရြးေကာက္ပြဲ လုပ္ေပးပါလို႔ သြားေျပာတဲ့ ပါတီ တစ္ခ်ိဳ႕ကေတာ့ အသိအမွတ္မျပဳေၾကာင္း ထုတ္ျပန္ေၾကညာတာမ်ိဳးေတာ့ ရွိေကာင္း ရွိႏိုင္ပါတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ ေရြးေကာက္ပြဲ ရလဒ္အေပၚမူတည္ၿပီး ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လွိဳင္ အေနနဲ႔ သမၼတ ျဖစ္ေရး ဆက္ႀကိဳးစားခြင့္ ရမလား ဒါမွမဟုတ္ ႐ိုး႐ိုး အၿငိမ္းစား ယူတာမ်ိဳး၊ ႐ိုး႐ိုး ဒုသမၼတ ရာထူးကို လက္ခံလိုက္တာမ်ိဳး လုပ္ရမလား ဆိုတဲ့ အေျဖတစ္ခုခုေတာ့ ေပၚထြက္လာမွာ ျဖစ္ေၾကာင္းပါ။

------------------------

NLD အစိုးရနဲ့ တပ်ချုပ် ပွတ်တိုက်မှု ပြသနာ ဘာဆက်ဖြစ်လာနိုင်သလဲ
စည်သူအောင်မြင့်


၂၀၂၀ အထွေထွေ ရွေးကောက်ပွဲကြီး မတိုင်ခင် ဖြစ်ခဲ့တာကတော့ အစိုးရနဲ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တို့ရဲ့ ပွတ်တိုက်မှုလို့ ပြောရင် ရနိုင်ပါတယ်။ ရွေးကောက်ပွဲ မတိုင်ခင် နိုဝင်ဘာ ၂ ရက်နေ့မှာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးကနေ ကြေညာချက် တစ်ရပ် ထုတ်ပြန်ပါတယ်။ အနှစ်ချုပ်ကတော့ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ လက်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရဲ့ အားနည်းချက် တစ်ချို့ကို ထောက်ပြထားပြီး၊ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ သံသယ ဖြစ်ဖွယ် ရှိနေတဲ့အကြောင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကို အစိုးရက ခန့်အပ်ရတာဖြစ်တဲ့အတွက် အဲလို ဖြစ်ပေါ်လာတဲ့ ပြသနာတွေ အတွက် ပြည်ထောင်စု အစိုးရက တာဝန်ခံရမယ် လို့ ဖော်ပြထားပါတယ်။ နောက်ရက်ပိုင်း ပေါ်ပြူလာဂျာနယ်နဲ့ အင်တာဗျူးမှာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဖြေကြားထားတာတွေကတော့ အဲဒီထက် ပြင်းထန်ပါတယ်။ စစ်ဗိုလ်ချုပ်ဟောင်း ဦးတင်အေး ဦးဆောင်တဲ့ အရင် ရွေးကောက်ပွဲ ကော်မရှင်က ကျင်းပပေးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲ ကာလတုန်းက ကော်မရှင်ကနေ Result ကို ကြေညာပြီ ဆိုတာနဲ့ သူ့အနေနဲ့ လက်ခံမယ် ဆိုပြီး ပြောခဲ့ဖူးကြောင်း၊ အခု ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ကတော့ တော်တော် သတိထားရမယ့် အခြေအနေ ဖြစ်တယ် ဆိုပြီး ပြောဆိုခဲ့ပါတယ်။ အစိုးရဘက်ကတော့ အဲဒီ ထုတ်ပြန်ချက်တွေ၊ ပြောဆိုချက်တွေဟာ “ ဖွဲ့စည်းပုံအခြေခံ ဥပဒေ၊ နိုင်ငံ့ဥပဒေတွေရဲ့ အနှစ်သာရဲ့ ကိုက်ညီမှု မရှိဘူး၊ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်စေရေးကို အထောက်အကူ မဖြစ်စေပဲ စိုးရိမ်စိတ်တွေ၊ မတည်ငြိမ်မှုတွေ ဖြစ်စေရေးကို အားပေးရာ ရောက်တယ် ” ဆိုပြီး တုန့်ပြန်ခဲ့ပါတယ်။ အစိုးရရဲ့ အဲလို ပြောဆိုချက်ကို တပ်မတော်ဘက်ကလည်း သူတို့ ထုတ်ပြန်တာဟာ ဖွဲ့စည်းပုံနဲ့အညီ ဥပဒေနဲ့ အညီ ထုတ်ပြန်တာ ဖြစ်ကြောင်း ပြန်ပြီး ရှင်းလင်းပြန်ပါတယ်။ အင်န်အယ်လ်ဒီ အစိုးရအဖွဲ့နဲ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တို့ ဘာကြောင့် ခုလို ပွတ်တိုက်မှုတွေ ဖြစ်လာသလဲ၊ ရှေ့ဘာဆက်ဖြစ်နိုင်မလဲ ဆိုတာ စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ခုတစ်ပတ် အဲဒီ ပြသနာအကြောင်း လေ့လာ တင်ပြသွားပါ့မယ်။

တကယ်တော့ အခု ရွေးကောက်ပွဲပြီးလို့ နောက်နှစ် ၂၀၂၁ မှာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အသက် ၆၅ နှစ်ပြည့်ပါမယ်။ အဲဒီအချိန် တပ်မတော်ကနေ အငြိမ်းစားယူလိမ့်မယ်လို့ တပ်မတော်နဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက ပြောဆိုထားပါတယ်။ တပ်မတော်ထဲမှာ ထိပ်ဆုံးအကြီးအကဲ ရာထူးကနေ အနားယူရတော့မယ့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေနဲ့ အခု ရွေးကောက်ပွဲ ရလာဒ် အခြေအနေပေါ် မူတည်ပြီး နိုင်ငံ့အထွဋ်အထိပ် သမ္မတ ဖြစ်အောင် ကြိုးစားနိုင်တဲ့ အခွင့်အလမ်း တစ်ခု ရှိနေပါတယ်။ ဒါနဲ့ ပတ်သက်ပြီး သူကိုယ်တိုင် နိုင်ငံတကာ အင်တာဗျူးတွေမှာလည်း ပြောဆိုထားပါတယ်။ သူ့အနေနဲ့ တပ်မတော်က အငြိမ်းစားယူသွားပြီးတဲ့တိုင် အခြား ဘယ်တာဝန်တွေကို မဆို ထမ်းဆောင်နိုင်ဖို့ အရည်အချင်း ရှိတယ် ဆိုတာပါပဲ။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဟာ နိုင်ငံတော် သမ္မတနဲ့ ဒုသမ္မတ ရွေးချယ်တင်မြှောက်ရတဲ့ ပြည်ထောင်စု လွှတ်တော်အဆင့် ကိုယ်စားလှယ်တွေရဲ့ ၂၅% ကို ခန့်အပ်ပိုင်ခွင့်ရှိပါတယ်။

သူခန့်အပ်လိုက်တဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေဟာ ဒုသမ္မတ တစ်ယောက်ကို ရွေးချယ်မှာဖြစ်ပြီး သမ္မတ ရွေးချယ်ရာမှာလည်း ဆန္ဒမဲပေးကြရမှာ ဖြစ်ပါတယ်။ ဒါကြောင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အနေနဲ့ သူသာ လိုချင်မယ် ဆိုရင် သူ့ကိုယ်သူ ဒုသမ္မတ အဖြစ် တပ်ကိုယ်စားလှယ်တွေကနေ တဆင့် နာမည်စာရင်း တင်သွင်းခွင့် ရှိပါတယ်။ ဒါပေမယ့် သမ္မတ ဖြစ်ဖို့ ဆိုရင်တော့ အခြားသော ဒုသမ္မတ ၂ ယောက်နဲ့ အတူ ပြည်ထောင်စု လွှတ်တော်မှာ ယှဉ်ပြိုင် ရွေးချယ် ခံရမှာ ဖြစ်ပါတယ်။

တကယ်လို့များ ရွေးကောက်ပွဲမှာ အင်န်အယ်လ်ဒီ ပါတီ အစိုးရဖွဲ့နိုင်သည်အထိ အပြတ်အသတ် အနိုင်ရသွားခဲ့ရင် ဒုသမ္မတ သေခြာပေါက် ဖြစ်နိုင်တဲ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အနေနဲ့ သမ္မတ ဖြစ်ရေး ကြိုးစားခွင့် ရှိတော့မှာ မဟုတ်ပါဘူး။ ရိုးရိုး ဒုသမ္မတ တစ်ယောက် အဖြစ်ကိုပဲ လက်ခံလိုက်ရမှာပါ။ ဒီအတွက် သူ့အနေနဲ့ သမ္မတ ဖြစ်အောင် ကြိုးစားခွင့်ရဖို့ ဆိုတာ အင်န်အယ်လ်ဒီ အပြတ်အသတ် နိုင်မနိုင် အခြေအနေ အပေါ်မှာ သွားပြီး မူတည်နေပါတယ်။

တပ်မတော်နဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် စပြီး တွန်းတိုက်မိတာက ရွေးကောက်ပွဲဆိုင်ရာ နည်းဥပဒေ ၂ ခု ပြင်ဆင်တဲ့ ကိစ္စမှာပါ။ တစ်ခုကတော့ မဲဆန္ဒနယ်မြေ တစ်ခုခုမှာ ရက်ပေါင်း ၁၈၀ ထက်မနည်း ရောက်နေသူ တစ်ယောက် အဲဒီ မဲဆန္ဒနယ်မြေမှာပဲ မဲပေးခွင့်ရမယ့် ကိစ္စကို ရက်ပေါင်း ၉၀ ဆိုပြီး ပြင်တဲ့ ကိစ္စပါ။ အဲဒီ ပြင်ဆင်ချက် ပြည်မကြီးက အင်န်အယ်လ်ဒီ ပါတီ အရေးသာစေနိုင်တဲ့ ပြင်ဆင်ချက် ဆိုပြီး တိုင်းရင်းသား အမတ်တွေနဲ့ တပ်မတော်ဘက်က ကန့်ကွက်ခဲ့ကြပါတယ်။ နောက်ပြင်ဆင်ချက် တစ်ခုကတော့ တပ်မတော်မဲရုံတွေကို အရင်က တပ်တွင်းမှာပဲ ထားရာကနေ တပ်အပြင်ဘက်တွေမှာပဲ ထားပြီး မဲပေးစေမယ့် ကိစ္စပါ။ ဒါကိုလည်း တပ်မတော်ဘက်က လက်မခံပေမယ့် မဲခွဲရာမှာတော့ ရှုံးနိမ့်ခဲ့ပါတယ်။ အရင် ၂၀၁၀ ရွေးကောက်ပွဲတုန်းက တပ်မတော် ကျောထောက်နောက်ခံ ပြည်ခိုင်ဖြိုးပါတီ အပြတ်အသတ် နိုင်တဲ့ ကိစ္စ၊ ၂၀၁၅ ရွေးကောက်ပွဲမှာ ၈% ကျော်လောက်နဲ့ ညီမှတဲ့ ပြည်ထောင်စု အဆင့် အမတ် ၄၁ နေရာ နိုင်ခဲ့တဲ့ ကိစ္စမှာ တပ်မတော် မဲတွေ အများကြီး ပါခဲ့ပါတယ်။ အဲဒီ၂ကြိမ်လုံး တပ်က လာတဲ့ ကြိုတင်မဲတွေကိုရော၊ ရိုးရိုးပေးတဲ့ မဲတွေကိုပါ ဘာမှ စိစစ်၊ စစ်ဆေးတာ မလုပ်နိုင်ခဲ့ပါဘူး။ အခု ပြင်ဆင်လိုက်တဲ့ နည်းဥပဒေအရ တပ်မတော်သား မဲစာရင်းတွေ၊ ကြိုတင်မဲတွေကို စိစစ်နိုင်ရုံမက တကယ်မဲပေးတဲ့နေ့မှာလည်း ပါတီအမတ်လောင်း ကိုယ်စားလှယ် အသီးသီးက စောင့်ကြည့်နိုင်ကြတော့မှာ ဖြစ်ပါတယ်။

တကယ်လည်း လက်တွေ့ ရွေးကောက်ပွဲ အကြို၊ ကြိုတင်မဲ ပေးတဲ့ကာလမှာ တပ်ကလာတဲ့ ကြိုတင်မဲတွေကို ပါတီ အမတ်လောင်း ကိုယ်စားလှယ်တွေက စိစစ်ခဲ့ကြပါတယ်။ စိစစ်ရုံမက အပြင်က ပေါက်နေတဲ့၊ ဖွင့်ထားတဲ့၊ သံသယ ဖြစ်ဖွယ် ကြိုတင်မဲတွေကို ရေတွက်ခြင်းမပြုပဲ ပယ်မဲအဖြစ် သတ်မှတ်လိုက်တာမျိုးလည်း ရှိလာပါတယ်။ အခြားတစ်ဖက်မှာလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေနဲ့ ရွေးကောက်ပွဲ ၃ ကြိမ်အတွင်း ပထမဦးဆုံးအကြိမ် တပ်အပြင်ဘက်မှာ လွတ်လွတ်လပ်လပ် မဲသွားထည့်ကြမယ့် တပ်မတော်သားတွေနဲ့ မိသားစုဝင်တွေကို ဘယ်လိုကိုယ်စားလှယ်မျိုးကို မဲထည့်ပါဆိုပြီး ထပ်တလဲလဲ မှာကြားနေရတဲ့ အခြေအနေ ရောက်နေပါတယ်။

လက်ရှိ မြန်မာနိုင်ငံ ရွေးကောက်ပွဲကို နာမည်ကျော် ကာတာ စင်တာ၊ ဂျပန် အစိုးရ ကိုယ်စားလှယ် အဖွဲ့၊ ပြည်တွင်း PACE အဖွဲ့၊ နိုင်ငံတကာနဲ့ ပြည်တွင်း အဖွဲ့ အတော်များများ စောင့်ကြည့်နေကြပါတယ်။ ရွေးကောက်ပွဲ ပြီးတာနဲ့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဟုတ်မဟုတ် သူတို့ ဆုံးဖြတ် ကြေညာပေးကြပါလိမ့်မယ်။ ရွေးကောက်ပွဲ မစခင် ၆ လ အလိုလောက်ကတည်းက ရွေးကောက်ပွဲဟာ တရားမျှတမှာ မဟုတ်ဘူး၊ ဒါကြောင့် တပ်ချုပ်က အာဏာသိမ်းပြီး ရွေးကောက်ပွဲ လုပ်ပေးပါလို့ သွားပြောတဲ့ ပါတီ တစ်ချို့ကတော့ အသိအမှတ်မပြုကြောင်း ထုတ်ပြန်ကြေညာတာမျိုးတော့ ရှိကောင်း ရှိနိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ရွေးကောက်ပွဲ ရလဒ်အပေါ်မူတည်ပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အနေနဲ့ သမ္မတ ဖြစ်ရေး ဆက်ကြိုးစားခွင့် ရမလား ဒါမှမဟုတ် ရိုးရိုး အငြိမ်းစား ယူတာမျိုး၊ ရိုးရိုး ဒုသမ္မတ ရာထူးကို လက်ခံလိုက်တာမျိုး လုပ်ရမလား ဆိုတဲ့ အဖြေတစ်ခုခုတော့ ပေါ်ထွက်လာမှာ ဖြစ်ကြောင်းပါ။

XS
SM
MD
LG