Zawgyi/ Unicode
အခုဆိုရင္ ျပည္ေထာင္စု ေ႐ြးေကာက္ပြဲ ေကာ္မရွင္ကေန လာမယ့္ ႏိုဝင္ဘာလ အတြင္း အေထြေထြ ေ႐ြးေကာက္ပြဲ က်င္းပေပးမယ္လို႔ ထုတ္ေဖာ္ေျပာဆိုလိုက္ပါၿပီ။ ဒါေပမယ့္ ဘယ္ေန႔ ဘယ္ရက္ က်င္းပမလဲ ဆိုတာကိုေတာ့ တိတိက်က် မေၾကျငာေသးပါဘူး။ ေကာ္မရွင္ တာဝန္ရွိသူေတြ ေျပာဆိုခ်က္အရ ေ႐ြးေကာက္ပြဲ က်င္းပမယ့္ ေန႔ရက္ အတိအက်ကို ၂၀၁၀ တုန္းက ၃ လနီးပါး အလိုမွာ ေၾကျငာခဲ့ၿပီး ၂၀၁၅ ခုႏွစ္မွာေတာ့ ၄ လႀကိဳၿပီး ေၾကျငာခဲ့တဲ့အေၾကာင္း၊ အခုလည္း အဲလို မေျပာင္းလဲပဲ ေၾကျငာမွာ ျဖစ္ေၾကာင္း ေျပာဆိုထားပါတယ္။ ခုဆိုရင္ ႏိုဝင္ဘာလ ေရာက္ဖို႔ ၅ လ ေလာက္ လိုေနေသးတာမို႔ ေကာ္မရွင္ကေန ေ႐ြးေကာက္ပြဲ က်င္းပမယ့္ရက္ အတိအက် ေၾကျငာတာဟာ ၂၀၂၀ ဇူလိုင္လ အတြင္း ျဖစ္ႏိုင္လိမ့္မယ္လို႔ ခန႔္မွန္းရပါတယ္။ အရင္ စစ္အာဏာရွင္ေတြ က်င္းပေပးခဲ့တဲ့ ၂၀၁၀ ေ႐ြးေကာက္ပြဲကေန စ တြက္ရင္ လာမယ့္ ေ႐ြးေကာက္ပြဲဟာ တတိယ အႀကိမ္ က်င္းပတဲ့ ေ႐ြးေကာက္ပြဲ ျဖစ္မွာပါ။ ႏိုင္ငံေရးပါတီေတြေရာ၊ ျပည္သူေတြကပါ စိတ္ဝင္စားေနၾကတဲ့ လာမယ့္ ေ႐ြးေကာက္ပြဲဟာ ေရွ႕မွာ ၂ ႀကိမ္ က်င္းပၿပီးခဲ့တဲ့ ေ႐ြးေကာက္ပြဲေတြနဲ႔ ဘာေတြ ကြာျခားခ်က္၊ ထူးျခားခ်က္ေတြ ရွိမလဲ၊ လြတ္လပ္ၿပီး တရားမွ်တတဲ့ ေ႐ြးေကာက္ပြဲေရာ ျဖစ္ႏိုင္မလား ဆိုတာ ခုတစ္ပတ္ ေလ့လာ တင္ျပသြားပါ့မယ္။
ျမန္မာႏိုင္ငံ အတြက္ လြတ္လပ္ၿပီး တရားမွ်တတဲ့ ေ႐ြးေကာက္ပြဲ ျဖစ္ဖို႔ ဆိုရင္ ဖြဲ႕စည္းပုံ အေျခခံ ဥပေဒ ဆိုင္ရာ ျပဌာန္းခ်က္၊ ေ႐ြးေကာက္ပြဲ ဥပေဒ၊ ေ႐ြးေကာက္ပြဲ ေကာ္မရွင္ ဆိုတာေတြဟာ အေရးႀကီးပါတယ္။ ၂၀၀၈ ဖြဲ႕စည္းပုံ အေျခခံ ဥပေဒအရ လႊတ္ေတာ္ထဲ ေရာက္မယ့္ ကိုယ္စားလွယ္ ၄ ပုံတစ္ပုံကို တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္က ခန႔္အပ္၊ က်န္ ၄ ပုံ ၃ ပုံကိုပဲ ေ႐ြးေကာက္ပြဲ က်င္းပၿပီး ေ႐ြးခ်ယ္ရမယ္လို႔ ျပဌာန္းထားတဲ့ အတြက္ တရားမွ်တမႈ မရွိႏိုင္ဘူး ဆိုတာ ေပၚလြင္ၿပီးသားပါ။ ေ႐ြးေကာက္ပြဲ ဥပေဒမွာလည္း အားနည္းခ်က္ေတြ အမ်ားႀကီး ရွိေနဆဲပါ။ ေကာ္မရွင္ဟာ ႏိုင္ငံေရးပါတီေတြအၾကား ေ႐ြးေကာက္ပြဲမွာ တရားမွ်မွ်တတ နဲ႔ ယွဥ္ၿပိဳင္ႏိုင္ေအာင္ ဒိုင္သဖြယ္ ေဆာင္႐ြက္ေပးရမွာေလာက္ ျဖစ္သင့္ေပမယ့္ ဥပေဒထဲမွာေတာ့ ႏိုင္ငံေရးပါတီေတြ အားလုံးရဲ႕ အထက္မွာ ရွိေနတဲ့၊ ဘယ္ ႏိုင္ငံေရးပါတီကို မဆို ဖ်က္သိမ္းခြင့္အာဏာ ရရွိထားတဲ့ အထက္ အာဏာပိုင္ အဖြဲ႕အစည္း တစ္ခု သဖြယ္ ျပဌာန္းထားလို႔ပါပဲ။
ျပည္ေထာင္စု ေ႐ြးေကာက္ပြဲ ေကာ္မရွင္နဲ႔ ပတ္သက္ရင္လည္း သမၼတ အေနနဲ႔ သူက “ ထင္ေပၚေက်ာ္ၾကားသည့္ ဂုဏ္သတင္းရွိေသာ ပုဂၢိဳလ္အျဖစ္” ယူဆတယ္ ဆို႐ုံနဲ႔ ဥကၠဌကိုေရာ အဖြဲ႕ဝင္ေတြကိုပါ ခန႔္အပ္ႏိုင္တယ္လို႔ ဖြဲ႕စည္းပုံမွာကို အတိအလင္း ျပဌာန္းထားတာေၾကာင့္ တရားမွ်တတဲ့၊ ဘက္မလိုက္တဲ့ ပုဂၢိဳလ္ေတြ အျဖစ္ ႏိုင္ငံေရးပါတီ အမ်ားစုက ယုံၾကည္ဖို႔ ခက္ခဲေစပါတယ္။ ဒါေပမယ့္ အခု ေ႐ြးေကာက္ပြဲ ေကာ္မရွင္ ဥကၠဌ ကေတာ့ အရင္ ေ႐ြးေကာက္ပြဲ ေကာ္မရွင္ ဥကၠဌ ႏွစ္ေယာက္နဲ႔ေတာ့ ျခားနားပါတယ္။ အရင္ ေကာ္မရွင္ ဥကၠဌ ၂ ေယာက္စလုံးဟာ စစ္ဗိုလ္ခ်ဳပ္ေဟာင္းေတြ ျဖစ္ခဲ့ၿပီး လက္ရွိ ေကာ္မရွင္ ဥကၠဌ ကေတာ့ အရပ္သားပညာရွင္ ျဖစ္ေနလို႔ပါပဲ။
ေ႐ြးေကာက္ပြဲနဲ႔ ပတ္သက္ရင္ လက္ရွိ ေကာ္မရွင္လက္ထက္က်မွ လုပ္ခဲ့တဲ့ ျပဳျပင္ေျပာင္းလဲမႈ တစ္ခ်ိဳ႕ေတာ့ ရွိပါတယ္။ အဲဒါေတြကေတာ့ တပ္မေတာ္သားနဲ႔ မိသားစုဝင္ေတြ မဲေပးရမယ့္ မဲ႐ုံေတြကို နဂို တပ္တြင္းမွာ ထားရာကေန လာမယ့္ ေ႐ြးေကာက္ပြဲမွာ တပ္ျပင္ပ ထုတ္ၿပီး မဲေပးေစမယ့္ ကိစၥပါ။ ေရွ႕ ေ႐ြးေကာက္ပြဲ ၂ ခုမွာ တပ္မေတာ္သားေတြနဲ႔ မိသားစုဝင္ေတြကို တပ္တြင္းမဲ႐ုံေတြမွာပဲ မဲေပးေစတဲ့ ကိစၥ ျပသနာ အမ်ားႀကီး ေပၚခဲ့ပါတယ္။ အခုလာမယ့္ ေ႐ြးေကာက္ပြဲမွာေတာ့ တပ္မေတာ္သားေတြ၊ မိသားစုဝင္ေတြရဲ႕ မဲေပးပိုင္ခြင့္ရွိသူ စာရင္း တိတိက်က် ျပဳစုႏိုင္တာ၊ ႀကိဳတင္မဲ ေပးမယ္ဆိုရင္လည္း တိတိက်က် မွန္မွန္ကန္ကန္ မဲေပးႏိုင္ေအာင္ ေဆာင္႐ြက္တာ၊ ဘယ္လို ဖိအားမ်ိဳးမွ မရွိပဲ တပ္ျပင္ပ မဲ႐ုံေတြမွာ လြတ္လြတ္လပ္လပ္ မဲေပးႏိုင္မွာ၊ မဲ႐ုံနဲ႔ မဲေပးပုံကို ႏိုင္ငံေရးပါတီေတြရဲ႕ ကိုယ္စားလွယ္ေတြ၊ ေ႐ြးေကာက္ပြဲ ေစာင့္ၾကည့္သူေတြ ေလ့လာေစာင့္ၾကည့္ႏိုင္မွာ စတဲ့ အက်ိဳးေက်းဇူးေတြ ရလာႏိုင္လို႔ ပိုၿပီး မွ်တတဲ့ ေ႐ြးေကာက္ပြဲ ျဖစ္လာေအာင္ အေထာက္အကူ ျပဳႏိုင္ပါတယ္။
လႊတ္ေတာ္တြင္း ေထာက္ခံမႈနဲ႔ ေနာက္ထပ္ ျပင္လိုက္တဲ့ နည္းဥပေဒ တစ္ခုကေတာ့ လူတစ္ေယာက္ဟာ နယ္ေျမ ေဒသ တစ္ခုခုမွာ ရက္ေပါင္း ၉၀ ဆက္တိုက္ေနရင္ အဲဒီ မဲဆႏၵနယ္ေျမေတြမွာ မဲေပးႏိုင္မယ့္ ကိစၥပါ။ နဂိုတုန္းကေတာ့ ရက္ေပါင္း ၁၈၀ ဆက္တိုက္ေနမွ မဲေပးခြင့္ ရွိပါတယ္။ ဒီကိစၥနဲ႔ ပတ္သက္ၿပီး တိုင္းရင္းသားႏိုင္ငံေရးပါတီေတြက သေဘာမက်ၾကပါဘူး။ ေဒသခံ မဟုတ္သူေတြ အေနနဲ႔ ရက္ေပါင္း ၉၀ ေန႐ုံနဲ႔ မဲေပးပိုင္ခြင့္ ရသြားတာဟာ သူတို႔ တိုင္းရင္းသား မဲဆႏၵနယ္ေျမေတြက မဲရလာဒ္ အခ်ိဳးအစား ေျပာင္းလဲသြားေစႏိုင္တယ္ ဆိုၿပီး ယူဆလို႔ ျဖစ္ပါတယ္။
တကယ္ေတာ့ ေ႐ြးေကာက္ပြဲ ဥပေဒအရ ကိုယ့္မဲဆႏၵနယ္ေျမမွာ ကိုယ္ မေနပဲ အေဝးတစ္ေနရာ ေရာက္ေနသူေတြ အေနနဲ႔ အေဝးေရာက္ မဲေပးခြင့္ စနစ္ဟာ ရႈပ္ေထြးၿပီး အဆင့္လည္း အလြန္မ်ားပါတယ္။ ဒါေၾကာင့္ ေရွ႕ေ႐ြးေကာက္ပြဲ ၂ ႀကိမ္မွာ အေဝးေရာက္ ျပည္သူ မ်ားေပမယ့္ အေဝးေရာက္ မဲေပးသူ ရာခိုင္ႏႈန္းကေတာ့ အလြန္နည္းခဲ့ပါတယ္။ အဲဒီ ရႈေဒါင့္က ၾကည့္ရင္ေတာ့ ေနရာတစ္ခုမွာ ရက္(၉၀) ေနခဲ့သူေတြကို မဲေပးခြင့္ျပဳလိုက္ျခင္းအားျဖင့္ မဲေပးမယ့္သူ အရည္အတြက္ တိုးပြားလာႏိုင္ၿပီး မဲေပးခြင့္ ဆုံးရႈံးသူ နည္းသြားႏိုင္စရာ အေၾကာင္းရွိပါတယ္။
လက္ရွိ ေကာ္မရွင္ရဲ႕ ေနာက္ထပ္ ႀကိဳးပမ္းမႈ တစ္ခုကေတာ့ ျပည္ပေရာက္ေနသူေတြ မဲေပးခြင့္ မဆုံးရႈံးေအာင္ စီစဥ္ေဆာင္႐ြက္ေနမႈပါ။ အားလုံးသိၾကတဲ့အတိုင္း သန္းနဲ႔ခ်ီတဲ့ ျမန္မာႏိုင္ငံသားေတြ ႏိုင္ငံျခားထြက္ အလုပ္လုပ္ၾကပါတယ္။ တရားဝင္သြားသူေတြ ရွိသလို၊ တရားမဝင္ သြားေရာက္ အလုပ္လုပ္ေနသူေတြလည္း ရွိပါတယ္။ နမူနာအားျဖင့္ ထိုင္းႏိုင္ငံမွာ သြားၿပီး အလုပ္လုပ္ေနသူ သန္းနဲ႔ခ်ီ ရွိႏိုင္တယ္လို႔ ခန႔္မွန္းထားပါတယ္။ ဒါေပမယ့္ ၿပီးခဲ့တဲ့ ၂၀၁၅ ေ႐ြးေကာက္ပြဲကို ျပန္ၾကည့္လိုက္ရင္ ထိုင္းႏိုင္ငံကေန ႀကိဳတင္မဲေပးသူ ၆၀၀ ေက်ာ္ေလာက္ပဲ ရွိခဲ့ၿပီး သန္းနဲ႔ခ်ီတဲ့ ျပည္သူေတြ မဲေပးခြင့္ ဆုံးရႈံးခဲ့တာပါ။ အဲဒီအခ်ိန္က ႏိုင္ငံတကာ ေရာက္ေနတဲ့ အေဝးေရာက္ ျမန္မာ စုစုေပါင္း ၂၀၀၀၀ ေက်ာ္ေလာက္ပဲ မဲေပးႏိုင္တာ ေတြ႕ႏိုင္ပါတယ္။ ဒီအတြက္ လက္ရွိ ေကာ္မရွင္ဟာ သန္းနဲ႔ခ်ီတဲ့ ျပည္ပေရာက္ ျမန္မာေတြ မဲေပးခြင့္ရေအာင္ နည္းေပါင္းစုံနဲ႔ ႀကိဳးစားေနၿပီး အဲဒါသာ ေအာင္ျမင္ခဲ့ရင္ေတာ့ ေ႐ြးေကာက္ပြဲရဲ႕ အႏွစ္သာရ ပို ေပၚလြင္လာပါလိမ့္မယ္။
လက္ရွိ တိုက္ပြဲေတြ ျဖစ္ေနတဲ့ ရခိုင္ျပည္နယ္ ေျမာက္ပိုင္းက မဲဆႏၵနယ္ေျမေတြမွာ မဲေပးႏိုင္မလား ဆိုတာကေတာ့ ေကာ္မရွင္နဲ႔ သိပ္ၿပီး မသက္ဆိုင္လွပါဘူး။ ျပည္ထဲေရး နဲ႔ ကာကြယ္ေရးဝန္ႀကီးဌာနလိုမ်ိဳးက သေဘာတူမွသာ အေကာင္အထည္ ေဖာ္လို႔ ရပါလိမ့္မယ္။ လာမယ့္ ေ႐ြးေကာက္ပြဲမွာ ေနာက္တစ္ခု ပိုလာမယ့္ ကိစၥ တစ္ခုကေတာ့ ကမာၻႀကီးတစ္ခုလုံး COVID-19 ျပသနာေအာက္ ေရာက္ေနတာမို႔ အဲဒီ အေျခအေနေအာက္မွာ က်င္းပရမွာမို႔လို႔ပါပဲ။ ႏိုင္ငံေရးပါတီေတြ အတြက္ စည္းကမ္းခ်က္ အသစ္ေတြနဲ႔ လႈပ္ရွားရမွာ ျဖစ္ပါတယ္။
ေ႐ြးေကာက္ပြဲ ေလ့လာေစာင့္ၾကည့္ေရး ကိစၥေတြနဲ႔ ပတ္သက္လို႔ကေတာ့ အရင္ ၂၀၁၅ ခုႏွစ္တုန္းက အတိုင္း ျပည္တြင္း ျပည္ပ ေ႐ြးေကာက္ပြဲ ေလ့လာေစာင့္ၾကည့္သူေတြကို ခြင့္ျပဳမွာျဖစ္လို႔ ပြင့္လင္းျမင္သာမႈ ရွိႏိုင္ပါတယ္။ အားလုံးကို ၿခဳံငုံသုံးသပ္ၾကည့္လိုက္ရင္ လာမယ့္ ႏိုဝင္ဘာ က်င္းပမယ့္ ၂၀၂၀ အေထြေထြ ေ႐ြးေကာက္ပြဲဟာ အရင္ ေ႐ြးေကာက္ပြဲ ႏွစ္ႀကိမ္ထက္ မဲေပးပိုင္ခြင့္ ရွိသူေတြ ပိုၿပီး မဲေပးခြင့္ရလာမယ့္ အေနအထား၊ တပ္မေတာ္သားနဲ႔ မိသားစုဝင္ေတြ ဆီကေန ပိုၿပီး တိက် မွန္ကန္တဲ့ မဲေတြ ရလာႏိုင္မယ့္ အေနအထား စတာေတြ ေတြ႕လာႏိုင္တာမို႔ ပြင့္လင္း လြတ္လပ္တဲ့ ေ႐ြးေကာက္ပြဲတစ္ခု အျဖစ္ ေမွ်ာ္လင့္ႏိုင္ပါတယ္။ အျခားေသာ ဒီမိုကေရစီ ႏိုင္ငံ အမ်ားစု နည္းတူ တရားမွ်တမႈ ရွိဖို႔ ကိစၥကေတာ့ ၂၀၀၈ ဖြဲ႕စည္းပုံ အေျခခံ ဥပေဒပါ အခ်က္တစ္ခ်ိဳ႕ကို ျပင္ဆင္မွ ျဖစ္ႏိုင္မယ္ ျဖစ္ေၾကာင္းပါ။
-------------------------
၂၀၂၀ နိုဝင်ဘာ အထွေထွေ ရွေးကောက်ပွဲ၊ ဘယ်လိုပုံစံမျိုး ဖြစ်လာမလဲ
အခုဆိုရင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကနေ လာမယ့် နိုဝင်ဘာလ အတွင်း အထွေထွေ ရွေးကောက်ပွဲ ကျင်းပပေးမယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါပြီ။ ဒါပေမယ့် ဘယ်နေ့ ဘယ်ရက် ကျင်းပမလဲ ဆိုတာကိုတော့ တိတိကျကျ မကြေငြာသေးပါဘူး။ ကော်မရှင် တာဝန်ရှိသူတွေ ပြောဆိုချက်အရ ရွေးကောက်ပွဲ ကျင်းပမယ့် နေ့ရက် အတိအကျကို ၂၀၁၀ တုန်းက ၃ လနီးပါး အလိုမှာ ကြေငြာခဲ့ပြီး ၂၀၁၅ ခုနှစ်မှာတော့ ၄ လကြိုပြီး ကြေငြာခဲ့တဲ့အကြောင်း၊ အခုလည်း အဲလို မပြောင်းလဲပဲ ကြေငြာမှာ ဖြစ်ကြောင်း ပြောဆိုထားပါတယ်။ ခုဆိုရင် နိုဝင်ဘာလ ရောက်ဖို့ ၅ လ လောက် လိုနေသေးတာမို့ ကော်မရှင်ကနေ ရွေးကောက်ပွဲ ကျင်းပမယ့်ရက် အတိအကျ ကြေငြာတာဟာ ၂၀၂၀ ဇူလိုင်လ အတွင်း ဖြစ်နိုင်လိမ့်မယ်လို့ ခန့်မှန်းရပါတယ်။ အရင် စစ်အာဏာရှင်တွေ ကျင်းပပေးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲကနေ စ တွက်ရင် လာမယ့် ရွေးကောက်ပွဲဟာ တတိယ အကြိမ် ကျင်းပတဲ့ ရွေးကောက်ပွဲ ဖြစ်မှာပါ။ နိုင်ငံရေးပါတီတွေရော၊ ပြည်သူတွေကပါ စိတ်ဝင်စားနေကြတဲ့ လာမယ့် ရွေးကောက်ပွဲဟာ ရှေ့မှာ ၂ ကြိမ် ကျင်းပပြီးခဲ့တဲ့ ရွေးကောက်ပွဲတွေနဲ့ ဘာတွေ ကွာခြားချက်၊ ထူးခြားချက်တွေ ရှိမလဲ၊ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲရော ဖြစ်နိုင်မလား ဆိုတာ ခုတစ်ပတ် လေ့လာ တင်ပြသွားပါ့မယ်။
မြန်မာနိုင်ငံ အတွက် လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ဖို့ ဆိုရင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုင်ရာ ပြဌာန်းချက်၊ ရွေးကောက်ပွဲ ဥပဒေ၊ ရွေးကောက်ပွဲ ကော်မရှင် ဆိုတာတွေဟာ အရေးကြီးပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ လွှတ်တော်ထဲ ရောက်မယ့် ကိုယ်စားလှယ် ၄ ပုံတစ်ပုံကို တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ခန့်အပ်၊ ကျန် ၄ ပုံ ၃ ပုံကိုပဲ ရွေးကောက်ပွဲ ကျင်းပပြီး ရွေးချယ်ရမယ်လို့ ပြဌာန်းထားတဲ့ အတွက် တရားမျှတမှု မရှိနိုင်ဘူး ဆိုတာ ပေါ်လွင်ပြီးသားပါ။ ရွေးကောက်ပွဲ ဥပဒေမှာလည်း အားနည်းချက်တွေ အများကြီး ရှိနေဆဲပါ။ ကော်မရှင်ဟာ နိုင်ငံရေးပါတီတွေအကြား ရွေးကောက်ပွဲမှာ တရားမျှမျှတတ နဲ့ ယှဉ်ပြိုင်နိုင်အောင် ဒိုင်သဖွယ် ဆောင်ရွက်ပေးရမှာလောက် ဖြစ်သင့်ပေမယ့် ဥပဒေထဲမှာတော့ နိုင်ငံရေးပါတီတွေ အားလုံးရဲ့ အထက်မှာ ရှိနေတဲ့၊ ဘယ် နိုင်ငံရေးပါတီကို မဆို ဖျက်သိမ်းခွင့်အာဏာ ရရှိထားတဲ့ အထက် အာဏာပိုင် အဖွဲ့အစည်း တစ်ခု သဖွယ် ပြဌာန်းထားလို့ပါပဲ။
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နဲ့ ပတ်သက်ရင်လည်း သမ္မတ အနေနဲ့ သူက “ ထင်ပေါ်ကျော်ကြားသည့် ဂုဏ်သတင်းရှိသော ပုဂ္ဂိုလ်အဖြစ်” ယူဆတယ် ဆိုရုံနဲ့ ဥက္ကဌကိုရော အဖွဲ့ဝင်တွေကိုပါ ခန့်အပ်နိုင်တယ်လို့ ဖွဲ့စည်းပုံမှာကို အတိအလင်း ပြဌာန်းထားတာကြောင့် တရားမျှတတဲ့၊ ဘက်မလိုက်တဲ့ ပုဂ္ဂိုလ်တွေ အဖြစ် နိုင်ငံရေးပါတီ အများစုက ယုံကြည်ဖို့ ခက်ခဲစေပါတယ်။ ဒါပေမယ့် အခု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ကတော့ အရင် ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ နှစ်ယောက်နဲ့တော့ ခြားနားပါတယ်။ အရင် ကော်မရှင် ဥက္ကဌ ၂ ယောက်စလုံးဟာ စစ်ဗိုလ်ချုပ်ဟောင်းတွေ ဖြစ်ခဲ့ပြီး လက်ရှိ ကော်မရှင် ဥက္ကဌ ကတော့ အရပ်သားပညာရှင် ဖြစ်နေလို့ပါပဲ။
ရွေးကောက်ပွဲနဲ့ ပတ်သက်ရင် လက်ရှိ ကော်မရှင်လက်ထက်ကျမှ လုပ်ခဲ့တဲ့ ပြုပြင်ပြောင်းလဲမှု တစ်ချို့တော့ ရှိပါတယ်။ အဲဒါတွေကတော့ တပ်မတော်သားနဲ့ မိသားစုဝင်တွေ မဲပေးရမယ့် မဲရုံတွေကို နဂို တပ်တွင်းမှာ ထားရာကနေ လာမယ့် ရွေးကောက်ပွဲမှာ တပ်ပြင်ပ ထုတ်ပြီး မဲပေးစေမယ့် ကိစ္စပါ။ ရှေ့ ရွေးကောက်ပွဲ ၂ ခုမှာ တပ်မတော်သားတွေနဲ့ မိသားစုဝင်တွေကို တပ်တွင်းမဲရုံတွေမှာပဲ မဲပေးစေတဲ့ ကိစ္စ ပြသနာ အများကြီး ပေါ်ခဲ့ပါတယ်။ အခုလာမယ့် ရွေးကောက်ပွဲမှာတော့ တပ်မတော်သားတွေ၊ မိသားစုဝင်တွေရဲ့ မဲပေးပိုင်ခွင့်ရှိသူ စာရင်း တိတိကျကျ ပြုစုနိုင်တာ၊ ကြိုတင်မဲ ပေးမယ်ဆိုရင်လည်း တိတိကျကျ မှန်မှန်ကန်ကန် မဲပေးနိုင်အောင် ဆောင်ရွက်တာ၊ ဘယ်လို ဖိအားမျိုးမှ မရှိပဲ တပ်ပြင်ပ မဲရုံတွေမှာ လွတ်လွတ်လပ်လပ် မဲပေးနိုင်မှာ၊ မဲရုံနဲ့ မဲပေးပုံကို နိုင်ငံရေးပါတီတွေရဲ့ ကိုယ်စားလှယ်တွေ၊ ရွေးကောက်ပွဲ စောင့်ကြည့်သူတွေ လေ့လာစောင့်ကြည့်နိုင်မှာ စတဲ့ အကျိုးကျေးဇူးတွေ ရလာနိုင်လို့ ပိုပြီး မျှတတဲ့ ရွေးကောက်ပွဲ ဖြစ်လာအောင် အထောက်အကူ ပြုနိုင်ပါတယ်။
လွှတ်တော်တွင်း ထောက်ခံမှုနဲ့ နောက်ထပ် ပြင်လိုက်တဲ့ နည်းဥပဒေ တစ်ခုကတော့ လူတစ်ယောက်ဟာ နယ်မြေ ဒေသ တစ်ခုခုမှာ ရက်ပေါင်း ၉၀ ဆက်တိုက်နေရင် အဲဒီ မဲဆန္ဒနယ်မြေတွေမှာ မဲပေးနိုင်မယ့် ကိစ္စပါ။ နဂိုတုန်းကတော့ ရက်ပေါင်း ၁၈၀ ဆက်တိုက်နေမှ မဲပေးခွင့် ရှိပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး တိုင်းရင်းသားနိုင်ငံရေးပါတီတွေက သဘောမကျကြပါဘူး။ ဒေသခံ မဟုတ်သူတွေ အနေနဲ့ ရက်ပေါင်း ၉၀ နေရုံနဲ့ မဲပေးပိုင်ခွင့် ရသွားတာဟာ သူတို့ တိုင်းရင်းသား မဲဆန္ဒနယ်မြေတွေက မဲရလာဒ် အချိုးအစား ပြောင်းလဲသွားစေနိုင်တယ် ဆိုပြီး ယူဆလို့ ဖြစ်ပါတယ်။
တကယ်တော့ ရွေးကောက်ပွဲ ဥပဒေအရ ကိုယ့်မဲဆန္ဒနယ်မြေမှာ ကိုယ် မနေပဲ အဝေးတစ်နေရာ ရောက်နေသူတွေ အနေနဲ့ အဝေးရောက် မဲပေးခွင့် စနစ်ဟာ ရှုပ်ထွေးပြီး အဆင့်လည်း အလွန်များပါတယ်။ ဒါကြောင့် ရှေ့ရွေးကောက်ပွဲ ၂ ကြိမ်မှာ အဝေးရောက် ပြည်သူ များပေမယ့် အဝေးရောက် မဲပေးသူ ရာခိုင်နှုန်းကတော့ အလွန်နည်းခဲ့ပါတယ်။ အဲဒီ ရှုဒေါင့်က ကြည့်ရင်တော့ နေရာတစ်ခုမှာ ရက်(၉၀) နေခဲ့သူတွေကို မဲပေးခွင့်ပြုလိုက်ခြင်းအားဖြင့် မဲပေးမယ့်သူ အရည်အတွက် တိုးပွားလာနိုင်ပြီး မဲပေးခွင့် ဆုံးရှုံးသူ နည်းသွားနိုင်စရာ အကြောင်းရှိပါတယ်။
လက်ရှိ ကော်မရှင်ရဲ့ နောက်ထပ် ကြိုးပမ်းမှု တစ်ခုကတော့ ပြည်ပရောက်နေသူတွေ မဲပေးခွင့် မဆုံးရှုံးအောင် စီစဉ်ဆောင်ရွက်နေမှုပါ။ အားလုံးသိကြတဲ့အတိုင်း သန်းနဲ့ချီတဲ့ မြန်မာနိုင်ငံသားတွေ နိုင်ငံခြားထွက် အလုပ်လုပ်ကြပါတယ်။ တရားဝင်သွားသူတွေ ရှိသလို၊ တရားမဝင် သွားရောက် အလုပ်လုပ်နေသူတွေလည်း ရှိပါတယ်။ နမူနာအားဖြင့် ထိုင်းနိုင်ငံမှာ သွားပြီး အလုပ်လုပ်နေသူ သန်းနဲ့ချီ ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲကို ပြန်ကြည့်လိုက်ရင် ထိုင်းနိုင်ငံကနေ ကြိုတင်မဲပေးသူ ၆၀၀ ကျော်လောက်ပဲ ရှိခဲ့ပြီး သန်းနဲ့ချီတဲ့ ပြည်သူတွေ မဲပေးခွင့် ဆုံးရှုံးခဲ့တာပါ။ အဲဒီအချိန်က နိုင်ငံတကာ ရောက်နေတဲ့ အဝေးရောက် မြန်မာ စုစုပေါင်း ၂၀၀၀၀ ကျော်လောက်ပဲ မဲပေးနိုင်တာ တွေ့နိုင်ပါတယ်။ ဒီအတွက် လက်ရှိ ကော်မရှင်ဟာ သန်းနဲ့ချီတဲ့ ပြည်ပရောက် မြန်မာတွေ မဲပေးခွင့်ရအောင် နည်းပေါင်းစုံနဲ့ ကြိုးစားနေပြီး အဲဒါသာ အောင်မြင်ခဲ့ရင်တော့ ရွေးကောက်ပွဲရဲ့ အနှစ်သာရ ပို ပေါ်လွင်လာပါလိမ့်မယ်။
လက်ရှိ တိုက်ပွဲတွေ ဖြစ်နေတဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းက မဲဆန္ဒနယ်မြေတွေမှာ မဲပေးနိုင်မလား ဆိုတာကတော့ ကော်မရှင်နဲ့ သိပ်ပြီး မသက်ဆိုင်လှပါဘူး။ ပြည်ထဲရေး နဲ့ ကာကွယ်ရေးဝန်ကြီးဌာနလိုမျိုးက သဘောတူမှသာ အကောင်အထည် ဖော်လို့ ရပါလိမ့်မယ်။ လာမယ့် ရွေးကောက်ပွဲမှာ နောက်တစ်ခု ပိုလာမယ့် ကိစ္စ တစ်ခုကတော့ ကမ္ဘာကြီးတစ်ခုလုံး COVID-19 ပြသနာအောက် ရောက်နေတာမို့ အဲဒီ အခြေအနေအောက်မှာ ကျင်းပရမှာမို့လို့ပါပဲ။ နိုင်ငံရေးပါတီတွေ အတွက် စည်းကမ်းချက် အသစ်တွေနဲ့ လှုပ်ရှားရမှာ ဖြစ်ပါတယ်။
ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေး ကိစ္စတွေနဲ့ ပတ်သက်လို့ကတော့ အရင် ၂၀၁၅ ခုနှစ်တုန်းက အတိုင်း ပြည်တွင်း ပြည်ပ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူတွေကို ခွင့်ပြုမှာဖြစ်လို့ ပွင့်လင်းမြင်သာမှု ရှိနိုင်ပါတယ်။ အားလုံးကို ခြုံငုံသုံးသပ်ကြည့်လိုက်ရင် လာမယ့် နိုဝင်ဘာ ကျင်းပမယ့် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲဟာ အရင် ရွေးကောက်ပွဲ နှစ်ကြိမ်ထက် မဲပေးပိုင်ခွင့် ရှိသူတွေ ပိုပြီး မဲပေးခွင့်ရလာမယ့် အနေအထား၊ တပ်မတော်သားနဲ့ မိသားစုဝင်တွေ ဆီကနေ ပိုပြီး တိကျ မှန်ကန်တဲ့ မဲတွေ ရလာနိုင်မယ့် အနေအထား စတာတွေ တွေ့လာနိုင်တာမို့ ပွင့်လင်း လွတ်လပ်တဲ့ ရွေးကောက်ပွဲတစ်ခု အဖြစ် မျှော်လင့်နိုင်ပါတယ်။ အခြားသော ဒီမိုကရေစီ နိုင်ငံ အများစု နည်းတူ တရားမျှတမှု ရှိဖို့ ကိစ္စကတော့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ အချက်တစ်ချို့ကို ပြင်ဆင်မှ ဖြစ်နိုင်မယ် ဖြစ်ကြောင်းပါ။
စည်သူအောင်မြင့်။