သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေရြးေကာက္ခံ အစိုးရကို ျဖဳတ္ခ်ျပီး အာဏာရယူမွဳ ျငိမ္းခ်မ္းေရးအေပၚ ဘယ္လို သက္ေရာက္မွဳ ရွိမလဲ


မႏွစ္က က်င္းပခဲ့တဲ့ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ ဦးေဆာင္အဖြဲ႔ (PPST) နဲ႔ ေတြ႔ဆံုပဲြတက္ေရာက္လာတဲ့ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ (ၾသဂုတ္၊ ၂၀၂၀)(Myanmar State Counsellor Office)
တိုက္႐ိုက္ လင့္ခ္

ခုဆိုရင္ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးၾကီး မင္းေအာင္လွိဳင္ ဦးေဆာင္ျပီး ႏိုင္ငံေတာ္ သမၼတ၊ ႏိုင္ငံေတာ္၏ အတုိင္ပင္ခံ ပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ တုိ႔ကို ဖမ္းဆီး၊ အာဏာရယူ အုပ္ခ်ဳပ္ခဲ့တာ ရက္ ၂၀ ၀န္းက်င္ ရွိေနပါျပီ။ ဒီကာလအတြင္း ႏိုင္ငံအႏွံ႔မွာ ရဟန္းရွင္လူ ျပည္သူလူထုၾကီးရဲ႕ အာဏာသိမ္းမွဳ ဆန္႔က်င္ေရး၊ လူဦးေရ သန္းနဲ႕ခ်ီ ပါ၀င္တဲ့ ဆႏၵျပပြဲၾကီးေတြ ေန႔စဥ္ ရက္ဆက္ ျဖစ္ေပၚေနသလို၊ ႏုိင္ငံတကာ အသိုင္းအ၀ိုင္းကေန အာဏာသိမ္း ေခါင္းေဆာင္ေတြကို ပစ္မွတ္ထားတဲ့ ပိတ္ဆို႔မွဳေတြကိုလည္း ဆက္တုိက္ ဆိုသလို ေၾကညာ ခ်မွတ္ေနတာေတြကိုလည္း ေတြ႕ျမင္ေနၾကပါတယ္။ ႏိုင္ငံတကာ ရင္းႏွီးျမွဳပ္ႏွံသူေတြ ျမန္မာႏုိင္ငံအတြင္း ပေရာဂ်က္ ရွိတဲ့ အဖြဲ႕အစည္းေတြကလည္း သူတုိ႔ရဲ႕ လုပ္ငန္းေတြ ဆက္လုပ္သင့္မသင့္၊ ႏုိင္ငံတြင္းကေန ထြက္ခြာဖို႔ သင့္မသင့္ စဥ္းစားခ်င့္ခ်ိန္ေနၾကခ်ိန္လည္း ျဖစ္ပါတယ္။ တကယ္ေတာ့ ျမန္မာႏုိင္ငံဟာ အာဏာသိမ္းပြဲ မတုိင္ခင္ကတည္းက ကိုဗစ္-19 ေရာဂါဒဏ္ ခံစားခဲ့ရျပီး စီးပြားေရးအပိုင္းမွာ က်ဆင္းမွဳေတြ ၾကံဳေနရတာ ျဖစ္ပါတယ္။ အခု အာဏာသိမ္းမွဳ ဂယက္ေၾကာင့္ လာမယ့္အခ်ိန္ စီးပြားေရးအပိုင္းမွာ ထိခိုက္နစ္နာမွဳေတြ ရွိမွာကေတာ့ ေသျခာသေလာက္ပါ။ စီးပြားေရး က႑နဲ႔အတူ ႏိုင္ငံတကာ ဆက္ဆံေရး၊ ပညာေရး၊ က်န္းမာေရး အစရွိသျဖင့္ က႑ အသီးသီးမွာ ဆုတ္ယုတ္က်ဆင္းမွဳေတြ ဆက္တုိက္ ျဖစ္ေပၚလာမယ္လို႔လည္း ခန္႔မွန္းရပါတယ္။ အခုလို အာဏာသိမ္းမွဳဟာ တုိင္းျပည္ ျငိမ္းခ်မ္းေရး တည္ေဆာက္ေရး အပိုင္းကိုေရာ ဘယ္လို သက္ေရာက္မွဳ ရွိေစမလဲ ဆိုတာ ေလ့လာၾကည့္ၾကရေအာင္ပါ။

သမၼတေဟာင္း ဦးသိန္းစိန္ အစိုးရနဲ႔ ေဒၚေအာင္ဆန္းစုၾကည္ ဦးေဆာင္တဲ့ အင္န္အယ္လ္ဒီ အစိုးရ၊ အစိုးရႏွစ္ဆက္ တုိင္းရင္းသား လက္နက္ကိုင္ အဖြဲ႕ေတြနဲ႔ ျငိမ္းခ်မ္းေရး တည္ေဆာက္ရာမွာ အုပ္စု သံုးစုခြဲျပီး အေကာင္အထည္ ေဖာ္ခဲ့တာ ျဖစ္ပါတယ္။ ေကအဲန္ယူ အပါအ၀င္ အဓိက အားျဖင့္ ျမန္မာႏိုင္ငံ ေတာင္ပိုင္းမွာ အေျခစိုက္တဲ့ တိုင္းရင္းသား လက္နက္ကိုင္ ၁၀ ဖြဲ႕နဲ႔ကေတာ့ တစ္တုိင္းျပည္လံုးဆုိင္ရာ အပစ္ရပ္စာခ်ဳပ္ NCA လက္မွတ္ထိုးျပီး ၂၁ ရာစု ပင္လံု ျငိမ္းခ်မ္းေရး ညီလာခံေတြကေန တဆင့္ ဖက္ဒရယ္ အေျခခံမူေတြ ရရွိေအာင္ ၾကိဳးပမ္းေနၾကပါတယ္။ KIA ကခ်င္ လက္နက္ကိုင္အဖြဲ႕၊ AA ရခုိင္တပ္ဖြဲ႕၊ တအဲန္းပေလာင္ တပ္ဖြဲ႕၊ ကိုးကန္႔ တပ္ဖြဲ႕ စတဲ့ ေျမာက္ပိုင္း မဟာမိတ္ လက္နက္ကိုင္ (၄) ဖြဲ႕နဲ႔ကေတာ့ အပစ္အခတ္ ရပ္စဲေရး အရင္ရေအာင္ ေဆြးေႏြးေနရဆဲပါ။ အပစ္လည္း ရပ္ထား၊ လက္နက္ကိုင္ ပဋိပကၡလည္း ျဖစ္မေနတဲ့ ၀၊ မုိင္းလား၊ SSPP/SSA ရွမ္းတပ္ဖြဲ႕၊ ကရင္နီ လက္နက္ကိုင္ တပ္ဖြဲ႕ေတြကိုေတာ့ NCA စာခ်ဳပ္ထဲ ပါလာေအာင္ ၾကိဳးစား ဆြဲေဆာင္ေနရဆဲ အေျခအေနေအာက္မွာ အရပ္သား အစိုးရကို ျဖဳတ္ခ်ျပီး အာဏာသိမ္းပြဲ ျဖစ္သြားရတာပါ။

NCA လက္မွတ္ထိုးထားတဲ့ တုိင္းရင္းသား လက္နက္ကိုင္ ၁၀ ဖြဲ႕ကေတာ့ အာဏာသိမ္းတာကို လက္မခံႏုိင္ေၾကာင္း ေၾကညာခ်က္ ထုတ္ပါတယ္။ အာဏာသိမ္းတာဟာ ဒီမိုကေရစီ ဖက္ဒရယ္ ျပည္ေထာင္စု တည္ေထာင္ေရး အတြက္ အတားအဆီး အေႏွာင့္အယွက္သေဘာ ရွဳျမင္ၾကပါတယ္။ လက္ရွိမွာလည္း လက္နက္ကိုင္ ၁၀ ဖြဲ႕ စုဖြဲ႕ထားတဲ့ PPST အဖြဲ႕ဟာ စစ္အာဏာသိမ္းမွဳကို လက္မခံႏိုင္ဘူး၊ စစ္အာဏာသိမ္းမွဳကို ဆန္႔က်င္ ဆႏၵျပေနၾကတဲ့ ျပည္သူလူထုကို အျပည့္အ၀ ေထာက္ခံတယ္၊ အာဏာသိ္မ္း စစ္ေကာင္စီနဲ႔ ႏုိင္ငံေရးအရ ေတြ႕ဆံုေဆြးေႏြးမွဳ လုပ္ေနတာေတြကို ရပ္ဆုိင္းထားမယ္ ဆိုျပီး ထုတ္ျပန္ခဲ့ပါတယ္။

တိုင္းရင္းသား လက္နက္ကိုင္ အဖြဲ႕ေတြထဲမွာ ၀ါအရင့္ဆံုး ေတာ္လွန္သက္တမ္း အၾကာဆံုးျဖစ္တဲ့ KNU ကရင္ အမ်ိဳးသား အစည္းအရံုးကေတာ့ ပိုျပီး ျပတ္သားပါတယ္။ အာဏာသိမ္းတာကို လက္မခံဘူး၊ ဖမ္းဆီးထားသူေတြကို လႊတ္ေပးပါ၊ အာဏာသိမ္းတာကို ဆန္႔က်င္ၾကတဲ့ ျပည္သူေတြကို ေထာက္ခံမယ္ ဆုိသည္အထိ ေျပာဆုိထားပါတယ္။ ေကအဲန္ယူ အဖြဲ႕ဟာ တိုင္းရင္းသား တန္းတူေရး၊ ကိုယ္ပိုင္ျပဌာန္းခြင့္ရဖို႔ တုိက္ပြဲ၀င္ေနတာျဖစ္ျပီး သူ႔အဖြဲ႕ထဲမွာလည္း ဒီမိုကေရစီ စနစ္အရ ပံုမွန္ ကြန္ဂရက္ေတြ က်င္းပျပီး ဦးေဆာင္အဖြဲ႕ ေရြးခ်ယ္ တာ၀န္ေပးတဲ့ စနစ္ က်င့္သံုးတဲ့ အဖြဲ႕အစည္းလည္း ျဖစ္ပါတယ္။

NCA စာခ်ဳပ္ထိုး အဖြဲ႕ထဲပါတဲ့ ပအိုး၀္ လက္နက္ကိုင္ အဖြဲ႕ နာယက ဗိုလ္မွဴးၾကီးခြန္ဥကၠာ ကေတာ့ လက္ရွိ အာဏာကို တပ္မေတာ္က ရယူထားတာမို႔ တပ္ေနရာခ်ထားေရးလို စစ္ေရးကိစၥေတြ ေဆြးေႏြးလို႔ရျပီး ႏုိင္ငံေရး ကိစၥေတြကိုေတာ့ ေဆြးေႏြးႏုိင္ဖြယ္ မရွိဘူးလို႔ ေျပာဆုိပါတယ္။ ေျမာက္ပိုင္း လက္နက္ကိုင္ အဖြဲ႕ေတြထဲမွာ တအဲာန္းပေလာင္ အဖြဲ႕ကေတာ့ အာဏာသိမ္းမွဳကို လက္မခံဘူး၊ အာဏာသိမ္းမွဳကို ဆန္႔က်င္တဲ့ လူထုေတြနဲ႔ တစ္သားတည္း ရွိတယ္ ဆုိျပီး ထုတ္ျပန္ပါတယ္။

အလားတူ KIO ကခ်င္လက္နက္ကိုင္ အဖြဲ႕ကေတာ့ တရုတ္ႏုိင္ငံရဲ႕ ေလသံနည္းတူ အာဏာသိမ္းတယ္ ဆိုတဲ့ စကားလံုးကို ေရွာင္ရွားျပီး တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္က အာဏာလဲႊေျပာင္း ရယူထားတာ ျဖစ္တယ္၊ ေနာက္ထပ္ ဖမ္းဆီး ထိမ္းသိမ္းတာေတြ ဆက္မလုပ္ဖို႔၊ အာဏာရွင္စနစ္ ခ်ဳပ္ျငိမ္းေရး အတြက္ ျပည္သူေတြရဲ႕ ၾကိဳးပမ္းခ်က္ အားလံုးကို ၾကိဳဆုိတယ္ ဆုိတာေလာက္ပဲ ေဖာ္ျပထားတာ ေတြ႕ရပါတယ္။ အိမ္နီးခ်င္း အင္အားၾကီး တရုတ္ႏုိင္ငံရဲ႕ ၾသဇာ မကင္းဘူးလို႔ ယူဆ ထားၾကတဲ့၊ လက္နက္ကိုင္ အင္အားေကာင္းတဲ့ ၀ နဲ႔ မုိင္းလား အဖြဲ႕ေတြကေတာ့ ေၾကညာခ်က္ တစ္စံုတစ္ရာ ထုတ္ျပန္တာ မေတြ႕ရပါဘူး။

လက္ရွိ အာဏာရယူထားတဲ့ ႏိုင္ငံေတာ္ စီမံအုပ္ခ်ဳပ္ေရး ေကာင္စီ ဘက္ကေတာ့ ျငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ေတြ ဆက္လုပ္မယ္လို႔ ေဖေဖၚ၀ါရီ ၁၆ ရက္ေန႔မွာက်င္းပတဲ့ သတင္းစာရွင္းလင္းပြဲမွာ သတင္းထုတ္ျပန္ေရး အဖြဲ႕ေခါင္းေဆာင္ ဗိုလ္မွဴးခ်ဳပ္ ေဇာ္မင္းထြန္းက ေျပာပါတယ္။ သူက အစိုးရအေနနဲ႔ အဖြဲ႕(၃) ဖြဲ႕ ဖြဲ႕မယ္ ျဖစ္ေၾကာင္း၊ မူ၀ါဒခ်မွတ္မွဳနဲ႔ ဦးေဆာင္လမ္းညႊန္မွဳေပးမယ့္ အဖြဲ႕ကို ဗိုလ္ခ်ဳပ္မွဴးၾကီး မင္းေအာင္လွဳိင္ ဦးေဆာင္သြားမယ္၊ လုပ္ငန္း ေကာ္မတီ အဖြဲ႕ကိုေတာ့ ဒုတိယဗိုလ္ခ်ဳပ္မွဴးၾကီး စိုး၀င္း ဦးေဆာင္ ဖြဲ႕စည္းသြားမယ္၊ လက္္ေတြ႕ ညွိႏွိဳင္းေရး အဖြဲ႕ကိုေတာ့ ဒုဗိုလ္ခ်ဳပ္ၾကီး ရာျပည့္ ဦးေဆာင္မွာ ျဖစ္ျပီး အၾကံေပးေတြနဲ႔ ဖြဲ႕စည္းသြားမယ္ လို႔ ဆုိပါတယ္။

တရား၀င္ ထုတ္ေဖာ္ေျပာဆုိခ်က္ေတြအရ ဗိုလ္ခ်ဳပ္မွဴးၾကီး မင္းေအာင္လွိဳင္ အာဏာရယူထားတဲ့ လက္ရွိ အေရးေပၚကာလ သတ္မွတ္ခ်က္ဟာ တစ္ႏွစ္သက္တမ္းပဲ ျဖစ္တာမို႔ ယာယီသေဘာပဲ ႏိုင္ငံ့တာ၀န္ယူထားသူ တစ္ေယာက္နဲ႔ ေရရွည္ ျငိမ္းခ်မ္းေရးဆုိင္ရာ၊ ဖက္ဒရယ္ျပည္ေထာင္စု ဖြဲ႕စည္းေရးဆုိင္ရာ ေဆြးေႏြးလို႔ ရႏိုင္ပါ့မလား၊ အဲလို ေဆြးေႏြးဖို႔ တုိင္းရင္းသား လက္နက္ကိုင္ အဖြဲ႕ေတြဘက္က လက္မခံပါ့မလား၊ ေဆြးေႏြးရရွိခ်က္ေတြကလည္း အာမခံခ်က္ ရွိပါ့မလား ဆိုတာက စဥ္းစားစရာပါ။ အရင္ စစ္အာဏာရွင္ အစိုးရ ဗိုလ္ခ်ဳပ္မွဴးၾကီးသန္းေရႊ အာဏာရယူထားတဲ့ အႏွစ္ ၂၀ ေက်ာ္ အခ်ိန္တုန္းကေတာင္ သူတုိ႔အေနနဲ႔ စစ္အစိုးရျဖစ္တာေၾကာင့္ ျငိမ္းခ်မ္းေရးကိစၥ၊ ႏုိင္ငံေရး ကိစၥ မေဆြးေႏြးႏုိင္ပါဘူး၊ ေနာင္ အစိုးရနဲ႔ပဲ ေဆြးေႏြးပါ ဆုိျပီး ေျပာခဲ့ဖူးတဲ့ အေျခအေန ရွိခဲ့လို႔ပါပဲ။ တကယ့္တကယ္မွာလည္း လက္ရွိ ဗိုလ္ခ်ဳပ္မွဴးၾကီး မင္းေအာင္လွိဳင္ရဲ႕ ယာယီ အစိုးရဟာ ျပည္သူလူထု ေရြးေကာက္တင္ေျမွာက္ထားတာ မဟုတ္လို႔ ျပည္သူလူထု ကိုယ္စား တိုင္းျပည္ရဲ႕ အနာဂတ္ ဖက္ဒရယ္ျပည္ေထာင္စု အေရး ေဆြးေႏြးဖို႔ အခြင့္အာဏာ ရွိမေနပါဘူး။ ဘယ္လိုပဲျဖစ္ျဖစ္ ျမန္မာႏုိင္ငံမွာ ေရြးေကာက္ခံ သမၼတ အပါအ၀င္ အုပ္ခ်ဳပ္ေရးနဲ႔ ဥပေဒျပဳေရး တာ၀န္ရွိသူေတြကို ဖမ္းဆီးျပီး ဗိုလ္ခ်ဳပ္မွဴးၾကီး မင္းေအာင္လွိဳင္က အာဏာရယူထားတဲ့ကိစၥဟာ ႏုိင္ငံတကာ ဆက္ဆံေရး၊ စီးပြားေရး နဲ႔ အျခား က႑ အသီးသီးတင္မက ျငိမ္းခ်မ္းေရး အေကာင္အထည္ ေဖာ္မွဳ အေပၚကိုလည္း ဆုိးက်ိဳးေတြ သက္ေရာက္ေစခဲ့ေၾကာင္းပါ။

-----------------------------------------------------

ရွေးကောက်ခံ အစိုးရကို ဖြုတ်ချပြီး အာဏာရယူမှု ငြိမ်းချမ်းရေးအပေါ် ဘယ်လို သက်ရောက်မှု ရှိမလဲ

ခုဆိုရင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်ပြီး နိုင်ငံတော် သမ္မတ၊ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တို့ကို ဖမ်းဆီး၊ အာဏာရယူ အုပ်ချုပ်ခဲ့တာ ရက် ၂၀ ဝန်းကျင် ရှိနေပါပြီ။ ဒီကာလအတွင်း နိုင်ငံအနှံ့မှာ ရဟန်းရှင်လူ ပြည်သူလူထုကြီးရဲ့ အာဏာသိမ်းမှု ဆန့်ကျင်ရေး၊ လူဦးရေ သန်းနဲ့ချီ ပါဝင်တဲ့ ဆန္ဒပြပွဲကြီးတွေ နေ့စဉ် ရက်ဆက် ဖြစ်ပေါ်နေသလို၊ နိုင်ငံတကာ အသိုင်းအဝိုင်းကနေ အာဏာသိမ်း ခေါင်းဆောင်တွေကို ပစ်မှတ်ထားတဲ့ ပိတ်ဆို့မှုတွေကိုလည်း ဆက်တိုက် ဆိုသလို ကြေညာ ချမှတ်နေတာတွေကိုလည်း တွေ့မြင်နေကြပါတယ်။ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူတွေ မြန်မာနိုင်ငံအတွင်း ပရောဂျက် ရှိတဲ့ အဖွဲ့အစည်းတွေကလည်း သူတို့ရဲ့ လုပ်ငန်းတွေ ဆက်လုပ်သင့်မသင့်၊ နိုင်ငံတွင်းကနေ ထွက်ခွာဖို့ သင့်မသင့် စဉ်းစားချင့်ချိန်နေကြချိန်လည်း ဖြစ်ပါတယ်။ တကယ်တော့ မြန်မာနိုင်ငံဟာ အာဏာသိမ်းပွဲ မတိုင်ခင်ကတည်းက ကိုဗစ်-19 ရောဂါဒဏ် ခံစားခဲ့ရပြီး စီးပွားရေးအပိုင်းမှာ ကျဆင်းမှုတွေ ကြုံနေရတာ ဖြစ်ပါတယ်။ အခု အာဏာသိမ်းမှု ဂယက်ကြောင့် လာမယ့်အချိန် စီးပွားရေးအပိုင်းမှာ ထိခိုက်နစ်နာမှုတွေ ရှိမှာကတော့ သေခြာသလောက်ပါ။ စီးပွားရေး ကဏ္ဍနဲ့အတူ နိုင်ငံတကာ ဆက်ဆံရေး၊ ပညာရေး၊ ကျန်းမာရေး အစရှိသဖြင့် ကဏ္ဍ အသီးသီးမှာ ဆုတ်ယုတ်ကျဆင်းမှုတွေ ဆက်တိုက် ဖြစ်ပေါ်လာမယ်လို့လည်း ခန့်မှန်းရပါတယ်။ အခုလို အာဏာသိမ်းမှုဟာ တိုင်းပြည် ငြိမ်းချမ်းရေး တည်ဆောက်ရေး အပိုင်းကိုရော ဘယ်လို သက်ရောက်မှု ရှိစေမလဲ ဆိုတာ လေ့လာကြည့်ကြရအောင်ပါ။
သမ္မတဟောင်း ဦးသိန်းစိန် အစိုးရနဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အင်န်အယ်လ်ဒီ အစိုးရ၊ အစိုးရနှစ်ဆက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေး တည်ဆောက်ရာမှာ အုပ်စု သုံးစုခွဲပြီး အကောင်အထည် ဖော်ခဲ့တာ ဖြစ်ပါတယ်။ ကေအဲန်ယူ အပါအဝင် အဓိက အားဖြင့် မြန်မာနိုင်ငံ တောင်ပိုင်းမှာ အခြေစိုက်တဲ့ တိုင်းရင်းသား လက်နက်ကိုင် ၁၀ ဖွဲ့နဲ့ကတော့ တစ်တိုင်းပြည်လုံးဆိုင်ရာ အပစ်ရပ်စာချုပ် NCA လက်မှတ်ထိုးပြီး ၂၁ ရာစု ပင်လုံ ငြိမ်းချမ်းရေး ညီလာခံတွေကနေ တဆင့် ဖက်ဒရယ် အခြေခံမူတွေ ရရှိအောင် ကြိုးပမ်းနေကြပါတယ်။ KIA ကချင် လက်နက်ကိုင်အဖွဲ့၊ AA ရခိုင်တပ်ဖွဲ့၊ တအဲန်းပလောင် တပ်ဖွဲ့၊ ကိုးကန့် တပ်ဖွဲ့ စတဲ့ မြောက်ပိုင်း မဟာမိတ် လက်နက်ကိုင် (၄) ဖွဲ့နဲ့ကတော့ အပစ်အခတ် ရပ်စဲရေး အရင်ရအောင် ဆွေးနွေးနေရဆဲပါ။ အပစ်လည်း ရပ်ထား၊ လက်နက်ကိုင် ပဋိပက္ခလည်း ဖြစ်မနေတဲ့ ဝ၊ မိုင်းလား၊ SSPP/SSA ရှမ်းတပ်ဖွဲ့၊ ကရင်နီ လက်နက်ကိုင် တပ်ဖွဲ့တွေကိုတော့ NCA စာချုပ်ထဲ ပါလာအောင် ကြိုးစား ဆွဲဆောင်နေရဆဲ အခြေအနေအောက်မှာ အရပ်သား အစိုးရကို ဖြုတ်ချပြီး အာဏာသိမ်းပွဲ ဖြစ်သွားရတာပါ။
NCA လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် ၁၀ ဖွဲ့ကတော့ အာဏာသိမ်းတာကို လက်မခံနိုင်ကြောင်း ကြေညာချက် ထုတ်ပါတယ်။ အာဏာသိမ်းတာဟာ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု တည်ထောင်ရေး အတွက် အတားအဆီး အနှောင့်အယှက်သဘော ရှုမြင်ကြပါတယ်။ လက်ရှိမှာလည်း လက်နက်ကိုင် ၁၀ ဖွဲ့ စုဖွဲ့ထားတဲ့ PPST အဖွဲ့ဟာ စစ်အာဏာသိမ်းမှုကို လက်မခံနိုင်ဘူး၊ စစ်အာဏာသိမ်းမှုကို ဆန့်ကျင် ဆန္ဒပြနေကြတဲ့ ပြည်သူလူထုကို အပြည့်အ၀ ထောက်ခံတယ်၊ အာဏာသိမ်း စစ်ကောင်စီနဲ့ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှု လုပ်နေတာတွေကို ရပ်ဆိုင်းထားမယ် ဆိုပြီး ထုတ်ပြန်ခဲ့ပါတယ်။
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေထဲမှာ ဝါအရင့်ဆုံး တော်လှန်သက်တမ်း အကြာဆုံးဖြစ်တဲ့ KNU ကရင် အမျိုးသား အစည်းအရုံးကတော့ ပိုပြီး ပြတ်သားပါတယ်။ အာဏာသိမ်းတာကို လက်မခံဘူး၊ ဖမ်းဆီးထားသူတွေကို လွှတ်ပေးပါ၊ အာဏာသိမ်းတာကို ဆန့်ကျင်ကြတဲ့ ပြည်သူတွေကို ထောက်ခံမယ် ဆိုသည်အထိ ပြောဆိုထားပါတယ်။ ကေအဲန်ယူ အဖွဲ့ဟာ တိုင်းရင်းသား တန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်ရဖို့ တိုက်ပွဲဝင်နေတာဖြစ်ပြီး သူ့အဖွဲ့ထဲမှာလည်း ဒီမိုကရေစီ စနစ်အရ ပုံမှန် ကွန်ဂရက်တွေ ကျင်းပပြီး ဦးဆောင်အဖွဲ့ ရွေးချယ် တာဝန်ပေးတဲ့ စနစ် ကျင့်သုံးတဲ့ အဖွဲ့အစည်းလည်း ဖြစ်ပါတယ်။
NCA စာချုပ်ထိုး အဖွဲ့ထဲပါတဲ့ ပအိုးဝ် လက်နက်ကိုင် အဖွဲ့ နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာ ကတော့ လက်ရှိ အာဏာကို တပ်မတော်က ရယူထားတာမို့ တပ်နေရာချထားရေးလို စစ်ရေးကိစ္စတွေ ဆွေးနွေးလို့ရပြီး နိုင်ငံရေး ကိစ္စတွေကိုတော့ ဆွေးနွေးနိုင်ဖွယ် မရှိဘူးလို့ ပြောဆိုပါတယ်။ မြောက်ပိုင်း လက်နက်ကိုင် အဖွဲ့တွေထဲမှာ တအဲာန်းပလောင် အဖွဲ့ကတော့ အာဏာသိမ်းမှုကို လက်မခံဘူး၊ အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ လူထုတွေနဲ့ တစ်သားတည်း ရှိတယ် ဆိုပြီး ထုတ်ပြန်ပါတယ်။
အလားတူ KIO ကချင်လက်နက်ကိုင် အဖွဲ့ကတော့ တရုတ်နိုင်ငံရဲ့ လေသံနည်းတူ အာဏာသိမ်းတယ် ဆိုတဲ့ စကားလုံးကို ရှောင်ရှားပြီး တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က အာဏာလွဲှပြောင်း ရယူထားတာ ဖြစ်တယ်၊ နောက်ထပ် ဖမ်းဆီး ထိမ်းသိမ်းတာတွေ ဆက်မလုပ်ဖို့၊ အာဏာရှင်စနစ် ချုပ်ငြိမ်းရေး အတွက် ပြည်သူတွေရဲ့ ကြိုးပမ်းချက် အားလုံးကို ကြိုဆိုတယ် ဆိုတာလောက်ပဲ ဖော်ပြထားတာ တွေ့ရပါတယ်။ အိမ်နီးချင်း အင်အားကြီး တရုတ်နိုင်ငံရဲ့ သြဇာ မကင်းဘူးလို့ ယူဆ ထားကြတဲ့၊ လက်နက်ကိုင် အင်အားကောင်းတဲ့ ၀ နဲ့ မိုင်းလား အဖွဲ့တွေကတော့ ကြေညာချက် တစ်စုံတစ်ရာ ထုတ်ပြန်တာ မတွေ့ရပါဘူး။
လက်ရှိ အာဏာရယူထားတဲ့ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ ဘက်ကတော့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ ဆက်လုပ်မယ်လို့ ဖေဖေါ်ဝါရီ ၁၆ ရက်နေ့မှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။ သူက အစိုးရအနေနဲ့ အဖွဲ့(၃) ဖွဲ့ ဖွဲ့မယ် ဖြစ်ကြောင်း၊ မူဝါဒချမှတ်မှုနဲ့ ဦးဆောင်လမ်းညွှန်မှုပေးမယ့် အဖွဲ့ကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သွားမယ်၊ လုပ်ငန်း ကော်မတီ အဖွဲ့ကိုတော့ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဦးဆောင် ဖွဲ့စည်းသွားမယ်၊ လက်တွေ့ ညှိနှိုင်းရေး အဖွဲ့ကိုတော့ ဒုဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်မှာ ဖြစ်ပြီး အကြံပေးတွေနဲ့ ဖွဲ့စည်းသွားမယ် လို့ ဆိုပါတယ်။
တရားဝင် ထုတ်ဖော်ပြောဆိုချက်တွေအရ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အာဏာရယူထားတဲ့ လက်ရှိ အရေးပေါ်ကာလ သတ်မှတ်ချက်ဟာ တစ်နှစ်သက်တမ်းပဲ ဖြစ်တာမို့ ယာယီသဘောပဲ နိုင်ငံ့တာဝန်ယူထားသူ တစ်ယောက်နဲ့ ရေရှည် ငြိမ်းချမ်းရေးဆိုင်ရာ၊ ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းရေးဆိုင်ရာ ဆွေးနွေးလို့ ရနိုင်ပါ့မလား၊ အဲလို ဆွေးနွေးဖို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေဘက်က လက်မခံပါ့မလား၊ ဆွေးနွေးရရှိချက်တွေကလည်း အာမခံချက် ရှိပါ့မလား ဆိုတာက စဉ်းစားစရာပါ။ အရင် စစ်အာဏာရှင် အစိုးရ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အာဏာရယူထားတဲ့ အနှစ် ၂၀ ကျော် အချိန်တုန်းကတောင် သူတို့အနေနဲ့ စစ်အစိုးရဖြစ်တာကြောင့် ငြိမ်းချမ်းရေးကိစ္စ၊ နိုင်ငံရေး ကိစ္စ မဆွေးနွေးနိုင်ပါဘူး၊ နောင် အစိုးရနဲ့ပဲ ဆွေးနွေးပါ ဆိုပြီး ပြောခဲ့ဖူးတဲ့ အခြေအနေ ရှိခဲ့လို့ပါပဲ။ တကယ့်တကယ်မှာလည်း လက်ရှိ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ယာယီ အစိုးရဟာ ပြည်သူလူထု ရွေးကောက်တင်မြှောက်ထားတာ မဟုတ်လို့ ပြည်သူလူထု ကိုယ်စား တိုင်းပြည်ရဲ့ အနာဂတ် ဖက်ဒရယ်ပြည်ထောင်စု အရေး ဆွေးနွေးဖို့ အခွင့်အာဏာ ရှိမနေပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် မြန်မာနိုင်ငံမှာ ရွေးကောက်ခံ သမ္မတ အပါအဝင် အုပ်ချုပ်ရေးနဲ့ ဥပဒေပြုရေး တာဝန်ရှိသူတွေကို ဖမ်းဆီးပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အာဏာရယူထားတဲ့ကိစ္စဟာ နိုင်ငံတကာ ဆက်ဆံရေး၊ စီးပွားရေး နဲ့ အခြား ကဏ္ဍ အသီးသီးတင်မက ငြိမ်းချမ်းရေး အကောင်အထည် ဖော်မှု အပေါ်ကိုလည်း ဆိုးကျိုးတွေ သက်ရောက်စေခဲ့ကြောင်းပါ။

XS
SM
MD
LG