ျပီးခဲ့တဲ့ ရက္ပိုင္းက ျပည္တြင္းမွာ ပုဂၢလိက ဘဏ္တစ္ခ်ိဳ႕ ျပိဳလဲေတာ့မယ္ ဆုိျပီး လုပ္ငန္းရွင္ တစ္ခ်ိဳ႕နဲ႔ ျပည္သူတစ္ခ်ိဳ႕က အပ္ေငြေတြ ျပန္ထုတ္၊ ထုတ္ခဲ့တဲ့ ေငြေတြနဲ႔ ေရႊ၀ယ္၊ ေဒၚလာ၀ယ္တာေၾကာင့္ ေရႊေစ်း၊ ေဒၚလာေစ်းေတြ မၾကံဳဖူးေအာင္ ျမင့္တက္သြားတယ္ ဆိုတဲ့ သတင္းေတြ ျဖစ္ေပၚခဲ့ပါတယ္။ လက္ေတြ႕အားျဖင့္လည္း ပုဂၢလိက ဘဏ္တစ္ခ်ိဳ႕မွာ အပ္ေငြျပန္ထုတ္သူေတြ ရွိခဲ့သလို၊ ကိန္းဂဏန္းေတြအရလည္း ေရႊေစ်း၊ ေဒၚလာေစ်း စံခ်ိန္တင္ ျမင့္တက္တာမ်ိဳးလည္း ျဖစ္ခဲ့ပါတယ္။ ေရႊေစ်းဟာ သမိုင္းတေလ်ာက္ အျမင့္ဆံုးအျဖစ္ တစ္က်ပ္သား က်ပ္ ၁၃ သိန္းေက်ာ္ ေစ်းေပါက္ခဲ့တာပါ။ ေကာလာဟလေတြ ထြက္ခဲ့သလို၊ တကယ္ပဲ ပုဂၢလိကဘဏ္ တစ္ခ်ိဳ႕ ျပိဳလဲႏုိင္တယ္၊ ဘဏ္ေတြကေန ေငြထုတ္ျပီး ၀ယ္ယူမွဳမ်ားခဲ့လို႔ ေရႊေစ်း၊ ေဒၚလာေစ်း ျမင့္တက္သြားရတယ္ ဆိုတာကေရာ အျဖစ္မွန္ပဲလား ဆုိတာ စိတ္၀င္စားဖို႔ ေကာင္းပါတယ္။ ခုတစ္ပတ္ အဲဒီ ျပသနာအေၾကာင္း ေလ့လာ တင္ျပသြားပါ့မယ္။
ဘဏ္ကိစၥ ေကာလာဟလ ျဖစ္ေပၚေစတာကေတာ့ ျပီးခဲ့တဲ့ ၾသဂုတ္လ ၂၂ ရက္ေန႔ ျမန္မာႏိုင္ငံ စီးပြားေရး လုပ္ငန္းရွင္မ်ား အသင္း ဖြဲ႕စည္းတဲ့ေန႔က စတာပါ။ အဲဒီေန႔မွာ နာယက အျဖစ္တာ၀န္ယူမယ့္ ေဇကမၻာကုမၸဏီပိုင္ရွင္ ဦးခင္ေရႊက ၂၀၁၉ စက္တင္ဘာ လကုန္တာနဲ႔ စီးပြားေရး လုပ္ငန္းရွင္ေတြ အေနနဲ႔ သူတို႔ေခ်းယူထားတဲ့ ေငြေတြ ျပန္ဆပ္ဖို႔ ဘဏ္ေတြကေန အေၾကာင္းၾကားထားေၾကာင္း၊ သူတို႔အေနနဲ႔ စီးပြားေရး လုပ္ငန္း အဆင္မေျပၾကေၾကာင္း၊ ျပန္မဆပ္ႏုိင္ရင္လည္း ဘဏ္ေတြရဲ႕ တရားစြဲတာ ခံရမွာျဖစ္ေၾကာင္း၊ အဲလို အေျခအေန ၾကံဳရရင္ လုပ္ငန္းေတြ အခက္အခဲ အၾကပ္အတည္းေတြ႕ျပီး ျပိဳလဲသြားႏုိင္ေၾကာင္း၊ သူတုိ႔ စီးပြားေရး လုပ္ငန္းရွင္ၾကီးေတြရဲ႕ လုပ္ငန္းေတြသာ ျပိဳလဲကုန္ရင္ ဆက္စပ္တဲ့ လုပ္ငန္းေတြ အပါအ၀င္ ေအာက္ေျခ အလုပ္သမားေတြ အထိပါ ထိခိုက္သြားမွာျဖစ္ေၾကာင္း ေျပာဆုိခဲ့ပါတယ္။ ေနာက္ ၅ ရက္အၾကာ ၾသဂုတ္လ ၂၇ ရက္ေန႔မွာေတာ့ လႊတ္ေတာ္တြင္း ေမးျမန္းမွဳနဲ႔ ပတ္သက္ျပီး ဗဟိုဘဏ္ ဒုဥကၠဌ ဦးစိုးသိန္းက ျပန္မဆပ္ႏုိင္တဲ့ ဘဏ္ေခ်းေငြ NPL, Non performing Loan ေတြနဲ႔ ပတ္သက္ျပီး ရွင္းလင္းေျပာဆုိခဲ့ပါတယ္။ သူ႔ေျပာဆုိခ်က္အရ စီးပြားေရး လုပ္ငန္းရွင္ တစ္ခ်ိဳ႕ဟာ ဘဏ္ေတြကေန ေငြေတြ ေခ်းယူထားျပီး အဲဒီအခ်ိန္ကစ ဒီကေန႔ အခ်ိန္ထိ အတိုးေရာ၊ အရင္းပါ လံုး၀ မဆပ္တဲ့ ေငြေၾကး အေျမာက္အမ်ား ရွိေနတဲ့အေၾကာင္း၊ အဲဒီေခ်းေငြေတြနဲ႔ ပတ္သက္ျပီး ေငြေခ်းထားတဲ့ လုပ္ငန္းရွင္ေတြနဲ႔ အခ်ိန္အမ်ားၾကီးယူျပီး အေပးအယူလုပ္ ညိွႏွိဳင္းခဲ့ေၾကာင္း၊ အခုေနာက္ဆံုး အဲဒီလို ေငြေခ်းျပီး အတိုးေရာ အရင္းပါ မဆပ္သူေတြကို ဘဏ္ေတြဘက္က အေလ်ာ့ေပး ေဆာင္ရြက္ဖို႔ မရွိေတာ့တဲ့အေၾကာင္း ေျဖၾကားခဲ့ပါတယ္။ ဗဟိုဘဏ္ ဒုဥကၠဌ ဦးစိုးသိန္းရဲ႕ အဲဒီ ေျပာစကားဟာ ေခ်းေငြယူျပီး အတိုးလည္း မေပး၊ ျပန္လည္း မဆပ္တဲ့ စီးပြားေရး လုပ္ငန္းရွင္ေတြၾကား အေတာ္ေလး ဂယက္ရိုက္သြားပါတယ္။
ေနာက္ပိုင္းေတာ့ ဗဟိုဘဏ္ဟာ ဒုဥကၠဌ ဦးစိုးသိန္းရဲ႕ လႊတ္ေတာ္တြင္း ေျပာဆုိခ်က္ဟာ ဗဟိုဘဏ္ရဲ႕ သေဘာထား အျပည့္အ၀ မဟုတ္တဲ့အေၾကာင္း၊ ေခ်းေငြ ျပန္မဆပ္ႏုိင္တဲ့ စီးပြားေရး လုပ္ငန္းရွင္ၾကီးေတြနဲ႔ ဆက္ျပီး ညွိႏွိဳင္းသြားမယ့္အေၾကာင္း ေၾကျငာခဲ့ပါတယ္။
ဗဟိုဘဏ္က အဲလို ေၾကျငာခ်က္ထုတ္လိုက္မွ စီးပြားေရး လုပ္ငန္းရွင္ၾကီးေတြ ဘဏ္ေခ်းေငြ ျပန္မဆပ္ႏုိင္တဲ့ ျပသနာ အတည္ျပဳသလို ျဖစ္သြားျပီး ပုဂၢလိက ဘဏ္တစ္ခ်ိဳ႕ကေန ျပည္သူတစ္ခ်ိဳ႕ ေငြထုတ္ယူမွဳ စ ျဖစ္လာတာပါ။ ဒီ ျပသနာအတြက္ ႏုိင္ငံေတာ္ရဲ႕ အတုိင္ပင္ခံ ပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ေကာလာဟလ ေတြကို မယံုၾကည္ဖုိ႔ ေျပာဆိုခဲ့သလို၊ ဗဟိုဘဏ္ဘက္ကလည္း ဘဏ္မွာ ေငြအပ္ထားသူေတြကို စိတ္မပူဖို႔၊ ထုတ္ယူမယ္ ဆိုရင္ က်ပ္ေငြ ထရီလ်ံနဲ႔ခ်ီျပီး ျပင္ဆင္ထားတဲ့အေၾကာင္း ေျပာဆုိခဲ့ပါတယ္။ အဲဒီေနာက္ပိုင္း ဘဏ္ကေန ေငြထုတ္ယူမွဳ ျပန္ေလ်ာ့သြားျပီး ျပသနာ ျပီးဆံုးသြားပါတယ္။
တိုက္ဆုိင္တယ္လို႔ပဲ ေျပာရမလား၊ ဘဏ္ေတြ အဲလို သတင္းထြက္ျပီး ျပည္သူေတြ ေငြထုတ္ယူေနခ်ိန္၊ တစ္ခ်ိဳ႕ စုေဆာင္းဖို႔ အတြက္ ေရႊကို တန္းစီ ၀ယ္ေနခ်ိန္ ႏုိင္ငံတကာ ေပါက္ေစ်းမွာလည္း ေရႊေစ်းဟာ အျမင့္ဆံုးကို ေရာက္ခဲ့ပါတယ္။ ၾသဂုတ္လ ၇ ရက္ေန႔မွာ ႏုိုင္ငံတကာ ေပါက္ေစ်း ေရႊတစ္ေအာင္စ ေဒၚလာ ၁၅၀၀ ရွိေနရာကေန စက္တင္ဘာ ၄ ရက္ေန႔မွာေတာ့ တစ္ေအာင္စ ၁၅၅၀ ေက်ာ္အထိ တက္သြားပါတယ္။ ျဖစ္ခ်င္ေတာ့ ေဒၚလာေစ်းကလည္း စက္တင္ဘာ ၅ ရက္နဲ႔ ၆ ရက္ေန႔ေတြမွာ တစ္ေဒၚလာ ၁၅၄၅ ကေန ၁၅၆၅ က်ပ္ ေရာက္သည္အထိ မတည္မျငိမ္ ျမင့္တက္တာနဲ႔ သြားၾကံဳပါတယ္။
အက်ိဳးဆက္ကေတာ့ ေရႊေစ်းဟာ မၾကံဳစဖူး တစ္က်ပ္သား က်ပ္ ၁၃ သိန္းအထက္ ေရာက္သြားေစခဲ့ပါတယ္။ ႏိုင္ငံတကာ ေစ်းကြက္မွာ ေရႊေစ်း တစ္ေအာင္စ ေဒၚလာ ၅၀ ေလာက္ ျပန္က်သြားျပီး ျပည္တြင္းမွာလည္း ေဒၚလာေစ်း တစ္ေဒၚလာ က်ပ္ ၁၅၃၀ ၀န္းက်င္ ျပန္ေရာက္သြားတဲ့ ေနာက္တစ္ေန႔မွာေတာ့ ျမန္မာ့ေရႊေစ်းဟာ တစ္က်ပ္သား က်ပ္ ၁၂ သိန္း ၄ ေသာင္းေအာက္ အထိ ထိုးဆင္းသြားခဲ့တာ ေတြ႕ရပါတယ္။
တကယ္ေတာ့ ျမန္မာႏုိင္ငံထဲက ေရႊေစ်း ဆုိတာဟာ ႏုိင္ငံတကာ ေစ်းကြက္က ေရႊေစ်းနဲ႔ ေဒၚလာေစ်း အတက္အက်ကို လိုက္ျပီး ေျပာင္းလဲေနတာမ်ိဳးပါ။ တစ္စံုတစ္ေယာက္က ဖန္တီးေနတာမ်ိဳးေတာ့ မဟုတ္ပါဘူး။ ႏိုင္ငံတကာ ေရႊေပါက္ေစ်း ျမင့္ရင္၊ ေဒၚလာေစ်း တက္ရင္ ျပည္တြင္း ေရႊေစ်း တက္မွာျဖစ္ျပီး ႏုိင္ငံတကာေစ်း က်ရင္၊ ေဒၚလာေစ်းကလည္း နိမ့္ေနရင္ ျပည္တြင္း ေရႊေစ်းက်မယ္ ဆိုတဲ့ အေနအထားမ်ိဳးပါ။ တကယ္လို႔ ျပည္တြင္း ေရႊေစ်းႏွဳန္းဟာ ႏုိင္ငံတကာ ေပါက္ေစ်းနဲ႔ တြက္လို႔ ျမင့္ေနရင္ ျပည္ပကေန ျမန္မာႏုိင္ငံထဲ ေရႊသြင္းတဲ့ ကုန္သည္ေတြ အဆင္သင့္ ရွိေနပါတယ္။ အထူးသျဖင့္ တရုတ္နဲ႔ ထုိင္းကပါ။ အလားတူ ျပည္တြင္းမွာ ေစ်းနိမ့္ေနရင္ ျပည္ပကို ထုတ္သြားမယ့္ ကုန္သည္ေတြကလည္း အျမဲပဲ ရွိေနပါတယ္။ အထူးသျဖင့္ ျမန္မာ့ေရႊေတြဟာ ေရႊတင္သြင္းခြင့္ ပိတ္ထားတဲ့ အိႏိၵယ ဘက္ကို ေမွာင္ခိုလမ္း အမ်ိဳးမ်ိဳးကေန သြင္းၾကပါတယ္။ အဓိပၸါယ္ကေတာ့ ျပည္တြင္းေရႊေစ်းကြက္ဟာ ႏုိင္ငံတကာ ေရႊေစ်းကြက္က ေစ်းႏွဳန္းအတိုင္း မတိမ္းမယိမ္း ရွိေနတာမ်ိဳးပါ။ ျဖစ္ခ်င္ေတာ့ အခု ေရႊေစ်းခုန္တက္တယ္ ဆုိတဲ့ စက္တင္ဘာ လဆန္းဟာ ရွမ္းျပည္နယ္ ေျမာက္ပိုင္း မႏၱေလး- လားရွိဳး- မူဆယ္ ကားလမ္းမွာ တုိက္ပြဲေတြ ျဖစ္ေနျပီး ကုန္သြယ္ေရး လမ္းေၾကာင္း ပိတ္ေနခ်ိန္နဲ႔ တုိက္ဆိုင္ေနျပီး တရုတ္ဘက္က ေရႊေတြ မသြင္းႏုိင္ပါဘူး။ အျခားတစ္ဖက္မွာလည္း မိုးတြင္းျဖစ္တဲ့အတြက္ ျမန္မာ့ေရႊတြင္းေတြကေန ေရႊအထြက္နည္းေနခ်ိန္နဲ႔ပါ တုိက္ဆုိင္သြားေတာ့ ၀ယ္လိုအားထက္ ျပည္တြင္းမွာ ေရႊနည္းျပီး ႏုိင္ငံတကာ ေပါက္ေစ်းထက္ ေစ်း နည္းနည္း ပိုမ်ားသြားတာမ်ိဳးပဲ ျဖစ္ပါတယ္။ ေဒၚလာေစ်းကေတာ့ အစိုးရဘတ္ဂ်က္၊ ကုန္သြယ္မွဳ လိုေငြပိုေငြေတြနဲ႔ ဆက္စပ္တာေၾကာင့္ အခုျပသနာနဲ႔ သိပ္ျပီး မပတ္သက္ပါဘူး။
တကယ္ေတာ့ လက္ရွိ ပုဂၢလိက ဘဏ္ေတြ ၾကံဳေနရတဲ့ ျပသနာ ဆုိတာဟာ အရင္ စစ္အစိုးရေခတ္ကတည္းက သေႏၶတည္လာတာပါ။ စစ္အာဏာရွင္ေတြဟာ သူတုိ႔နဲ႔ နီးစပ္တဲ့ လုပ္ငန္းရွင္ၾကီးေတြကို လက္ညွိဳးထိုးျပီး ဘဏ္လုပ္ငန္း လုပ္ခြင့္ ေပးခဲ့သလို၊ ဘဏ္လုပ္ထံုး လုပ္နည္း၊ စည္းမ်ဥ္းစည္းကမ္းေတြကို ဂရုမစိုက္ပဲ ဘယ္သူ႕ကိုေတာ့ ဘာလုပ္ငန္းအတြက္ ဘယ္ေလာက္ ေငြေခ်းေပးလိုက္ပါ ဆိုသည္အထိ အမိန္႔ေပး စြက္ဖက္ခဲ့တာပါ။ အဲဒီအခ်ိန္ကတည္းက ရွိလာတဲ့ ျပန္မဆပ္ႏုိင္တဲ့ ဘဏ္ေခ်းေငြ ျပသနာ အင္န္အယ္လ္ဒီ အစိုးရလက္ထက္ ၂၀၁၇ ခုႏွစ္ေရာက္မွ စနစ္တက် ျဖစ္ေအာင္ စျပီး ကိုင္တြယ္ လာတာ ျဖစ္ပါတယ္။ ျမန္မာ့ ေငြေၾကးစနစ္ တည္ျငိမ္ဖုိ႔၊ ပုဂၢလိက ဘဏ္ေတြ အေနနဲ႔လည္း ႏုိင္ငံတကာ အဆင့္အတန္းမီျပီး ေစ်းကြက္ စီးပြားေရးနဲ႔ သဟဇာတ ျဖစ္ဖုိ႔ ဆုိရင္ ျပန္မဆပ္ႏုိင္တဲ့ ဘဏ္ေခ်းေငြ Non performing Loan ျပသနာ အပါအ၀င္ အျခား ျပသနာေတြကို ဘဏ္လုပ္ထံုးလုပ္နည္း၊ ဒါမွမဟုတ္ရင္ ဥပေဒေၾကာင္းအရ ေျဖရွင္းဖို႔ လိုအပ္ေနေၾကာင္းပါ။
----------------
Unicode
ပြီးခဲ့တဲ့ ရက်ပိုင်းက ပြည်တွင်းမှာ ပုဂ္ဂလိက ဘဏ်တစ်ချို့ ပြိုလဲတော့မယ် ဆိုပြီး လုပ်ငန်းရှင် တစ်ချို့နဲ့ ပြည်သူတစ်ချို့က အပ်ငွေတွေ ပြန်ထုတ်၊ ထုတ်ခဲ့တဲ့ ငွေတွေနဲ့ ရွှေဝယ်၊ ဒေါ်လာဝယ်တာကြောင့် ရွှေဈေး၊ ဒေါ်လာဈေးတွေ မကြုံဖူးအောင် မြင့်တက်သွားတယ် ဆိုတဲ့ သတင်းတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ လက်တွေ့အားဖြင့်လည်း ပုဂ္ဂလိက ဘဏ်တစ်ချို့မှာ အပ်ငွေပြန်ထုတ်သူတွေ ရှိခဲ့သလို၊ ကိန်းဂဏန်းတွေအရလည်း ရွှေဈေး၊ ဒေါ်လာဈေး စံချိန်တင် မြင့်တက်တာမျိုးလည်း ဖြစ်ခဲ့ပါတယ်။ ရွှေဈေးဟာ သမိုင်းတလျောက် အမြင့်ဆုံးအဖြစ် တစ်ကျပ်သား ကျပ် ၁၃ သိန်းကျော် ဈေးပေါက်ခဲ့တာပါ။ ကောလာဟလတွေ ထွက်ခဲ့သလို၊ တကယ်ပဲ ပုဂ္ဂလိကဘဏ် တစ်ချို့ ပြိုလဲနိုင်တယ်၊ ဘဏ်တွေကနေ ငွေထုတ်ပြီး ဝယ်ယူမှုများခဲ့လို့ ရွှေဈေး၊ ဒေါ်လာဈေး မြင့်တက်သွားရတယ် ဆိုတာကရော အဖြစ်မှန်ပဲလား ဆိုတာ စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ခုတစ်ပတ် အဲဒီ ပြသနာအကြောင်း လေ့လာ တင်ပြသွားပါ့မယ်။
ဘဏ်ကိစ္စ ကောလာဟလ ဖြစ်ပေါ်စေတာကတော့ ပြီးခဲ့တဲ့ သြဂုတ်လ ၂၂ ရက်နေ့ မြန်မာနိုင်ငံ စီးပွားရေး လုပ်ငန်းရှင်များ အသင်း ဖွဲ့စည်းတဲ့နေ့က စတာပါ။ အဲဒီနေ့မှာ နာယက အဖြစ်တာဝန်ယူမယ့် ဇေကမ္ဘာကုမ္ပဏီပိုင်ရှင် ဦးခင်ရွှေက ၂၀၁၉ စက်တင်ဘာ လကုန်တာနဲ့ စီးပွားရေး လုပ်ငန်းရှင်တွေ အနေနဲ့ သူတို့ချေးယူထားတဲ့ ငွေတွေ ပြန်ဆပ်ဖို့ ဘဏ်တွေကနေ အကြောင်းကြားထားကြောင်း၊ သူတို့အနေနဲ့ စီးပွားရေး လုပ်ငန်း အဆင်မပြေကြကြောင်း၊ ပြန်မဆပ်နိုင်ရင်လည်း ဘဏ်တွေရဲ့ တရားစွဲတာ ခံရမှာဖြစ်ကြောင်း၊ အဲလို အခြေအနေ ကြုံရရင် လုပ်ငန်းတွေ အခက်အခဲ အကြပ်အတည်းတွေ့ပြီး ပြိုလဲသွားနိုင်ကြောင်း၊ သူတို့ စီးပွားရေး လုပ်ငန်းရှင်ကြီးတွေရဲ့ လုပ်ငန်းတွေသာ ပြိုလဲကုန်ရင် ဆက်စပ်တဲ့ လုပ်ငန်းတွေ အပါအဝင် အောက်ခြေ အလုပ်သမားတွေ အထိပါ ထိခိုက်သွားမှာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။ နောက် ၅ ရက်အကြာ သြဂုတ်လ ၂၇ ရက်နေ့မှာတော့ လွှတ်တော်တွင်း မေးမြန်းမှုနဲ့ ပတ်သက်ပြီး ဗဟိုဘဏ် ဒုဥက္ကဌ ဦးစိုးသိန်းက ပြန်မဆပ်နိုင်တဲ့ ဘဏ်ချေးငွေ NPL, Non performing Loan တွေနဲ့ ပတ်သက်ပြီး ရှင်းလင်းပြောဆိုခဲ့ပါတယ်။ သူ့ပြောဆိုချက်အရ စီးပွားရေး လုပ်ငန်းရှင် တစ်ချို့ဟာ ဘဏ်တွေကနေ ငွေတွေ ချေးယူထားပြီး အဲဒီအချိန်ကစ ဒီကနေ့ အချိန်ထိ အတိုးရော၊ အရင်းပါ လုံး၀ မဆပ်တဲ့ ငွေကြေး အမြောက်အများ ရှိနေတဲ့အကြောင်း၊ အဲဒီချေးငွေတွေနဲ့ ပတ်သက်ပြီး ငွေချေးထားတဲ့ လုပ်ငန်းရှင်တွေနဲ့ အချိန်အများကြီးယူပြီး အပေးအယူလုပ် ညှိနှိုင်းခဲ့ကြောင်း၊ အခုနောက်ဆုံး အဲဒီလို ငွေချေးပြီး အတိုးရော အရင်းပါ မဆပ်သူတွေကို ဘဏ်တွေဘက်က အလျော့ပေး ဆောင်ရွက်ဖို့ မရှိတော့တဲ့အကြောင်း ဖြေကြားခဲ့ပါတယ်။ ဗဟိုဘဏ် ဒုဥက္ကဌ ဦးစိုးသိန်းရဲ့ အဲဒီ ပြောစကားဟာ ချေးငွေယူပြီး အတိုးလည်း မပေး၊ ပြန်လည်း မဆပ်တဲ့ စီးပွားရေး လုပ်ငန်းရှင်တွေကြား အတော်လေး ဂယက်ရိုက်သွားပါတယ်။
နောက်ပိုင်းတော့ ဗဟိုဘဏ်ဟာ ဒုဥက္ကဌ ဦးစိုးသိန်းရဲ့ လွှတ်တော်တွင်း ပြောဆိုချက်ဟာ ဗဟိုဘဏ်ရဲ့ သဘောထား အပြည့်အ၀ မဟုတ်တဲ့အကြောင်း၊ ချေးငွေ ပြန်မဆပ်နိုင်တဲ့ စီးပွားရေး လုပ်ငန်းရှင်ကြီးတွေနဲ့ ဆက်ပြီး ညှိနှိုင်းသွားမယ့်အကြောင်း ကြေငြာခဲ့ပါတယ်။
ဗဟိုဘဏ်က အဲလို ကြေငြာချက်ထုတ်လိုက်မှ စီးပွားရေး လုပ်ငန်းရှင်ကြီးတွေ ဘဏ်ချေးငွေ ပြန်မဆပ်နိုင်တဲ့ ပြသနာ အတည်ပြုသလို ဖြစ်သွားပြီး ပုဂ္ဂလိက ဘဏ်တစ်ချို့ကနေ ပြည်သူတစ်ချို့ ငွေထုတ်ယူမှု စ ဖြစ်လာတာပါ။ ဒီ ပြသနာအတွက် နိုင်ငံတော်ရဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကောလာဟလ တွေကို မယုံကြည်ဖို့ ပြောဆိုခဲ့သလို၊ ဗဟိုဘဏ်ဘက်ကလည်း ဘဏ်မှာ ငွေအပ်ထားသူတွေကို စိတ်မပူဖို့၊ ထုတ်ယူမယ် ဆိုရင် ကျပ်ငွေ ထရီလျံနဲ့ချီပြီး ပြင်ဆင်ထားတဲ့အကြောင်း ပြောဆိုခဲ့ပါတယ်။ အဲဒီနောက်ပိုင်း ဘဏ်ကနေ ငွေထုတ်ယူမှု ပြန်လျော့သွားပြီး ပြသနာ ပြီးဆုံးသွားပါတယ်။
တိုက်ဆိုင်တယ်လို့ပဲ ပြောရမလား၊ ဘဏ်တွေ အဲလို သတင်းထွက်ပြီး ပြည်သူတွေ ငွေထုတ်ယူနေချိန်၊ တစ်ချို့ စုဆောင်းဖို့ အတွက် ရွှေကို တန်းစီ ဝယ်နေချိန် နိုင်ငံတကာ ပေါက်ဈေးမှာလည်း ရွှေဈေးဟာ အမြင့်ဆုံးကို ရောက်ခဲ့ပါတယ်။ သြဂုတ်လ ၇ ရက်နေ့မှာ နိုင်ငံတကာ ပေါက်ဈေး ရွှေတစ်အောင်စ ဒေါ်လာ ၁၅၀၀ ရှိနေရာကနေ စက်တင်ဘာ ၄ ရက်နေ့မှာတော့ တစ်အောင်စ ၁၅၅၀ ကျော်အထိ တက်သွားပါတယ်။ ဖြစ်ချင်တော့ ဒေါ်လာဈေးကလည်း စက်တင်ဘာ ၅ ရက်နဲ့ ၆ ရက်နေ့တွေမှာ တစ်ဒေါ်လာ ၁၅၄၅ ကနေ ၁၅၆၅ ကျပ် ရောက်သည်အထိ မတည်မငြိမ် မြင့်တက်တာနဲ့ သွားကြုံပါတယ်။
အကျိုးဆက်ကတော့ ရွှေဈေးဟာ မကြုံစဖူး တစ်ကျပ်သား ကျပ် ၁၃ သိန်းအထက် ရောက်သွားစေခဲ့ပါတယ်။ နိုင်ငံတကာ ဈေးကွက်မှာ ရွှေဈေး တစ်အောင်စ ဒေါ်လာ ၅၀ လောက် ပြန်ကျသွားပြီး ပြည်တွင်းမှာလည်း ဒေါ်လာဈေး တစ်ဒေါ်လာ ကျပ် ၁၅၃၀ ဝန်းကျင် ပြန်ရောက်သွားတဲ့ နောက်တစ်နေ့မှာတော့ မြန်မာ့ရွှေဈေးဟာ တစ်ကျပ်သား ကျပ် ၁၂ သိန်း ၄ သောင်းအောက် အထိ ထိုးဆင်းသွားခဲ့တာ တွေ့ရပါတယ်။
တကယ်တော့ မြန်မာနိုင်ငံထဲက ရွှေဈေး ဆိုတာဟာ နိုင်ငံတကာ ဈေးကွက်က ရွှေဈေးနဲ့ ဒေါ်လာဈေး အတက်အကျကို လိုက်ပြီး ပြောင်းလဲနေတာမျိုးပါ။ တစ်စုံတစ်ယောက်က ဖန်တီးနေတာမျိုးတော့ မဟုတ်ပါဘူး။ နိုင်ငံတကာ ရွှေပေါက်ဈေး မြင့်ရင်၊ ဒေါ်လာဈေး တက်ရင် ပြည်တွင်း ရွှေဈေး တက်မှာဖြစ်ပြီး နိုင်ငံတကာဈေး ကျရင်၊ ဒေါ်လာဈေးကလည်း နိမ့်နေရင် ပြည်တွင်း ရွှေဈေးကျမယ် ဆိုတဲ့ အနေအထားမျိုးပါ။ တကယ်လို့ ပြည်တွင်း ရွှေဈေးနှုန်းဟာ နိုင်ငံတကာ ပေါက်ဈေးနဲ့ တွက်လို့ မြင့်နေရင် ပြည်ပကနေ မြန်မာနိုင်ငံထဲ ရွှေသွင်းတဲ့ ကုန်သည်တွေ အဆင်သင့် ရှိနေပါတယ်။ အထူးသဖြင့် တရုတ်နဲ့ ထိုင်းကပါ။ အလားတူ ပြည်တွင်းမှာ ဈေးနိမ့်နေရင် ပြည်ပကို ထုတ်သွားမယ့် ကုန်သည်တွေကလည်း အမြဲပဲ ရှိနေပါတယ်။ အထူးသဖြင့် မြန်မာ့ရွှေတွေဟာ ရွှေတင်သွင်းခွင့် ပိတ်ထားတဲ့ အိန္ဒိယ ဘက်ကို မှောင်ခိုလမ်း အမျိုးမျိုးကနေ သွင်းကြပါတယ်။ အဓိပ္ပါယ်ကတော့ ပြည်တွင်းရွှေဈေးကွက်ဟာ နိုင်ငံတကာ ရွှေဈေးကွက်က ဈေးနှုန်းအတိုင်း မတိမ်းမယိမ်း ရှိနေတာမျိုးပါ။ ဖြစ်ချင်တော့ အခု ရွှေဈေးခုန်တက်တယ် ဆိုတဲ့ စက်တင်ဘာ လဆန်းဟာ ရှမ်းပြည်နယ် မြောက်ပိုင်း မန္တလေး- လားရှိုး- မူဆယ် ကားလမ်းမှာ တိုက်ပွဲတွေ ဖြစ်နေပြီး ကုန်သွယ်ရေး လမ်းကြောင်း ပိတ်နေချိန်နဲ့ တိုက်ဆိုင်နေပြီး တရုတ်ဘက်က ရွှေတွေ မသွင်းနိုင်ပါဘူး။ အခြားတစ်ဖက်မှာလည်း မိုးတွင်းဖြစ်တဲ့အတွက် မြန်မာ့ရွှေတွင်းတွေကနေ ရွှေအထွက်နည်းနေချိန်နဲ့ပါ တိုက်ဆိုင်သွားတော့ ဝယ်လိုအားထက် ပြည်တွင်းမှာ ရွှေနည်းပြီး နိုင်ငံတကာ ပေါက်ဈေးထက် ဈေး နည်းနည်း ပိုများသွားတာမျိုးပဲ ဖြစ်ပါတယ်။ ဒေါ်လာဈေးကတော့ အစိုးရဘတ်ဂျက်၊ ကုန်သွယ်မှု လိုငွေပိုငွေတွေနဲ့ ဆက်စပ်တာကြောင့် အခုပြသနာနဲ့ သိပ်ပြီး မပတ်သက်ပါဘူး။
တကယ်တော့ လက်ရှိ ပုဂ္ဂလိက ဘဏ်တွေ ကြုံနေရတဲ့ ပြသနာ ဆိုတာဟာ အရင် စစ်အစိုးရခေတ်ကတည်းက သန္ဓေတည်လာတာပါ။ စစ်အာဏာရှင်တွေဟာ သူတို့နဲ့ နီးစပ်တဲ့ လုပ်ငန်းရှင်ကြီးတွေကို လက်ညှိုးထိုးပြီး ဘဏ်လုပ်ငန်း လုပ်ခွင့် ပေးခဲ့သလို၊ ဘဏ်လုပ်ထုံး လုပ်နည်း၊ စည်းမျဉ်းစည်းကမ်းတွေကို ဂရုမစိုက်ပဲ ဘယ်သူ့ကိုတော့ ဘာလုပ်ငန်းအတွက် ဘယ်လောက် ငွေချေးပေးလိုက်ပါ ဆိုသည်အထိ အမိန့်ပေး စွက်ဖက်ခဲ့တာပါ။ အဲဒီအချိန်ကတည်းက ရှိလာတဲ့ ပြန်မဆပ်နိုင်တဲ့ ဘဏ်ချေးငွေ ပြသနာ အင်န်အယ်လ်ဒီ အစိုးရလက်ထက် ၂၀၁၇ ခုနှစ်ရောက်မှ စနစ်တကျ ဖြစ်အောင် စပြီး ကိုင်တွယ် လာတာ ဖြစ်ပါတယ်။ မြန်မာ့ ငွေကြေးစနစ် တည်ငြိမ်ဖို့၊ ပုဂ္ဂလိက ဘဏ်တွေ အနေနဲ့လည်း နိုင်ငံတကာ အဆင့်အတန်းမီပြီး ဈေးကွက် စီးပွားရေးနဲ့ သဟဇာတ ဖြစ်ဖို့ ဆိုရင် ပြန်မဆပ်နိုင်တဲ့ ဘဏ်ချေးငွေ Non performing Loan ပြသနာ အပါအဝင် အခြား ပြသနာတွေကို ဘဏ်လုပ်ထုံးလုပ်နည်း၊ ဒါမှမဟုတ်ရင် ဥပဒေကြောင်းအရ ဖြေရှင်းဖို့ လိုအပ်နေကြောင်းပါ။