သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျပည္တြင္းခရီးသြားလုပ္ငန္း ျပန္စတင္ႏိုင္ပါၿပီလား


This photo taken on June 22, 2020 shows a woman clearing weeds in a temple complex in Bagan, Mandalay Region.
တိုက္႐ိုက္ လင့္ခ္


Zawgyi/ Unicode

၂၀၂၀ ျပည့္ႏွစ္ ဇူလိုင္ ၃၁ ရက္ေန႔ကေန ၃ ရက္ေန႔အထိ (၄) ရက္တာဟာ ျမန္မာႏိုင္ငံမွာ အစိုးရက သတ္မွတ္တဲ့ ႐ုံးပိတ္ရက္ရွည္ ျဖစ္ပါတယ္။ အစၥလာမ္ဘာသာဝင္ေတြရဲ႕ ကုရ္ဘာနီအီးဒ္ေန႔၊ စေန၊ တနဂၤေႏြ နဲ႔ ဗုဒၶဘာသာဝင္ေတြရဲ႕ ဝါဆိုလျပည့္ေန႔ ေတြေပါင္းၿပီး ၄ ရက္ျဖစ္သြားတာပါ။ ကိုဗစ္-19 ကို အတိုင္းအတာ တစ္ခုအထိ ထိန္းခ်ဳပ္ထားႏိုင္တယ္လို႔ အစိုးရက ယူဆထားတာေၾကာင့္ ဟိုတယ္ေတြကို စစ္ေဆးၿပီး ျပန္ဖြင့္ခြင့္ေပးထားတဲ့ အခ်ိန္လည္း ျဖစ္ပါတယ္။ နယ္ၿမိဳ႕ေတြရဲ႕ ၿမိဳ႕ဝင္ေတြမွာ ဖြင့္ထားတဲ့ ကိုဗစ္-19 စစ္ေဆးေရး ဂိတ္ေတြကိုလည္း ပိတ္သိမ္းထားၿပီးခ်ိန္ပါ။ အဲလို အေျခအေနေတြေၾကာင့္မို႔လို႔ လက္ရွိ ႐ုံးပိတ္ရက္ ၄ ရက္မွာ ခရီးထြက္ လည္ပတ္သူ မ်ားလွပါတယ္။ ရန္ကုန္နဲ႔ မနီးမေဝး ကရင္ျပည္နယ္ ဘားအံၿမိဳ႕မွာဆို ဟိုတယ္ အေတာ္မ်ားမ်ား တည္းခိုသူ ျပည့္သြားပါတယ္။ ပုဂံလိုေနရာက ဟိုတယ္၊ တည္းခိုခန္းေတြလည္း ႀကိဳတင္မွာယူသူ မ်ားပါတယ္။ အျခားဟိုတယ္ေတြနဲ႔ ႏႈိင္းရင္ ေဈးႀကီးတဲ့ ပုပၸါးေတာင္ဟိုတယ္ဆိုရင္လည္း ဒီ ပိတ္ရက္အတြင္း ႀကိဳတင္မွာယူသူေတြေၾကာင့္ အခန္းလြတ္ မရွိေတာ့ဘူးလို႔ သိရပါတယ္။ ကိုဗစ္-19 ျဖစ္ပြားတဲ့ကာလမို႔ ျမန္မာႏိုင္ငံဟာ အျခားေသာႏိုင္ငံေတြနည္းတူ ဟိုတယ္နဲ႔ ခရီးသြားလုပ္ငန္းကို အႀကီးအက်ယ္ ထိခိုက္ခဲ့ပါတယ္။ ထိခိုက္မႈ ရွိခဲ့လို႔လည္း ကိုဗစ္-19 ေၾကာင့္ ထိခိုက္ေနတဲ့ လုပ္ငန္းေတြကို တစ္ႏွစ္ ၁% တိုးေလာက္ပဲ ရွိတဲ့ ေခ်းေငြေတြ အစိုးရက ထုတ္ေခ်းေပးခဲ့ရာမွာ ဟိုတယ္နဲ႔ ခရီးသြားလုပ္ငန္းေတြက ပထမဦးဆုံး အသုတ္အျဖစ္ ရခဲ့ပါတယ္။ ေနာက္ပိုင္း ဟိုတယ္နဲ႔ ခရီးသြားဝန္ႀကီးဌာနဟာ ခရီးသြားလုပ္ငန္းကို အပိုင္း(၃)ပိုင္းခြဲၿပီး ျပန္ ဖြင့္ႏိုင္ဖို႔ စီစဥ္ခဲ့တာ ေတြ႕ရပါတယ္။ ကိုဗစ္-19 ေၾကာင့္ ထိခိုက္ခဲ့တဲ့ ခရီးသြားလုပ္ငန္း ျပန္ၿပီး နာလံထူလာႏိုင္မလား ဆိုတာ ေလ့လာၾကည့္ၾကရေအာင္ပါ။

ေျပာရရင္ ျမန္မာႏိုင္ငံရဲ႕ ခရီးသြားလုပ္ငန္းဆိုတာ အိမ္နီးခ်င္း ထိုင္း၊ ဗီယက္နမ္၊ ကေမာၻဒီးယား၊ လာအိုႏိုင္ငံေတြနဲ႔ ဘယ္လိုမွ ႏႈိင္းယွဥ္လို႔ မရေအာင္ ေသးငယ္လြန္းပါတယ္။ ၂၀၁၉ စာရင္းေတြအရ တစ္ႏွစ္တာ အတြင္း ထိုင္းႏိုင္ငံကို ကမာၻလွည့္ခရီးသည္ ၃၉ သန္းဝင္ပါတယ္။ ဒါဟာ တစ္ေန႔ကို ကမာၻလွည့္ခရီးသည္ ၁၄၀၀၀၀ (တသိန္းေလးေသာင္း) ေလာက္ ဝင္တဲ့ သေဘာပါပဲ။ အျခားႏိုင္ငံေတြကေတာ့ ထိုင္းေလာက္ ကမာၻလွည့္ခရီးသည္ မမ်ားသည့္တိုင္ တစ္ႏွစ္ ခရီးသည္ ၄-၅ သန္းေလာက္ကေန ၁၀ သန္းေက်ာ္အထိ ဝင္တာ ေတြ႕ရပါတယ္။ ျမန္မာကေတာ့ ၂၀၁၉ ႏွစ္ကုန္ သုံးလတာ ကာလမွာ ကမာၻလွည့္ခရီးသည္ ၃ သိန္း ၄ ေသာင္းနီးပါး ဝင္ခဲ့တာ ေတြ႕ရပါတယ္။ ၂၀၁၈ ႏွစ္ကုန္ ၃ လတာနဲ႔ ႏႈိင္းရင္ ၅၆% ေလာက္ တိုးတက္လာတယ္လို႔ ဆိုေပမယ့္ တစ္ႏွစ္တာအတြက္ တြက္ခ်က္ရင္ေတာ့ တစ္ႏွစ္ ခရီးသည္ တစ္သန္းခြဲေလာက္ပဲ ဝင္တဲ့ သေဘာျဖစ္ေနေသးတာ ေတြ႕ရပါလိမ့္မယ္။ ဒီေနရာမွာ အစိုးရက ေဖာ္ျပသလို၊ နယ္စပ္ေတြကေန ေန႔ခ်င္းျပန္ ဝင္ထြက္တဲ့ ဧည့္သည္ေတြကိုေတာ့ တြက္ခ်က္မထားပါဘူး။ တရားဝင္ တိုးရစ္ဗီဇာနဲ႔ ဝင္ေပါက္ အသီးသီးက ဝင္လာတဲ့ စာရင္းဇယားေတြကို အေျခခံၿပီး တြက္ထားတာပါ။

ကိုဗစ္-19 ျဖစ္လာတဲ့အခါ အျခားႏိုင္ငံေတြနည္းတူ ျမန္မာ့ ခရီးသြားလုပ္ငန္းလည္း ထိခိုက္ပါတယ္။ ျမန္မာႏိုင္ငံမွာ ကိုဗစ္-19 စေတြ႕တဲ့ မတ္လ ၂၃ ရက္ေန႔က စတြက္ရင္ ၄ လ နီးပါးရွိလာခ်ိန္၊ အေျခအေနကို အတိုင္းအတာ တစ္ခုအထိ ထိန္းခ်ဳပ္ထားႏိုင္ၿပီလို႔ ယူဆတဲ့အတြက္ အစိုးရဟာ ခရီးသြားလုပ္ငန္းကို အပိုင္း ၃ ပိုင္းနဲ႔ ျပန္ၿပီး စတင္ဖို႔ ျပင္ဆင္လာတာ ေတြ႕ရပါတယ္။ ပထမ တဆင့္ကေတာ့ ျပည္တြင္း ခရီးသြားလုပ္ငန္းကို အရင္ဆုံး ျပန္စတင္ဖို႔ပါ။ ဒုတိယ အဆင့္မွာေတာ့ ျမန္မာႏိုင္ငံလို ကိုဗစ္-19 ကို အတိုင္းအတာ တစ္ခုအထိ ထိန္းခ်ဳပ္ထားႏိုင္တဲ့ အိမ္နီးခ်င္းႏိုင္ငံေတြ၊ မိတ္ဖက္ ႏိုင္ငံေတြနဲ႔ ႏွစ္ႏိုင္ငံခ်င္း သေဘာတူ စာခ်ဳပ္ေတြ ခ်ဳပ္ဆိုၿပီး စတင္ဖို႔ပါ။ ေနာက္ဆုံးအပိုင္းကေတာ့ ကိုဗစ္-19 ျပသနာ စိတ္ခ်ရတဲ့ အေျခအေနေရာက္မွ ပုံမွန္အတိုင္း လုပ္ငန္းေတြလည္ပတ္ဖို႔ ဆိုတာပဲ ျဖစ္ပါတယ္။

လက္ရွိကေတာ့ ခရီးသြားလုပ္ငန္း ပထမ အဆင့္ကို စတင္ဖို႔ ဟိုတယ္ေတြကို က်န္းမာေရးဝန္ႀကီးဌာနက ထုတ္ျပန္တဲ့ ကိုဗစ္-19 ကာကြယ္ေရး စည္းကမ္းခ်က္ေတြနဲ႔အညီ ဖြင့္ခြင့္ေပးလိုက္ၿပီျဖစ္ပါတယ္။ အေဝးေျပးကားေတြကိုလည္း ျပန္ေျပးဆြဲခြင့္ေပးထားပါတယ္။ နဂိုတုန္းက ေခါက္ေရနည္းနည္းပဲ ေျပးဆြဲတဲ့ ေလေၾကာင္းလိုင္းေတြကလည္း ေခါက္ေရနဲ႔ ခရီးစဥ္ ျပန္တိုးခ်ဲ႕လာသလို ေလေၾကာင္းလိုင္းတစ္ခ်ိဳ႕လည္း ေဈးႏႈန္းေတြ ေလ်ာ့ခ် ေျပးဆြဲလာတာ ေတြ႕ရပါတယ္။ KBZ အဲလိုင္းဆိုရင္ ခရီးစဥ္တစ္ေၾကာင္းကို ၁၈ ေဒၚလာေလာက္နဲ႔ ညီမွ်တဲ့ ျမန္မာေငြ က်ပ္ ၂၅၀၀၀ ႏႈန္းအထိ ေလ်ာ့ခ်ေျပးဆြဲပါတယ္။ အစိုးရပိုင္ Myanmar National Airline ကလည္း ၂၀% ေလ်ာ့ေဈးနဲ႔ ေျပးဆြဲေနတာ ေတြ႕ရပါတယ္။ ဒီလို အစီအစဥ္ေတြေၾကာင့္ ပိတ္ထားရတဲ့ ျပည္တြင္းခရီးသြားလုပ္ငန္း ျပန္ပြင့္လန္းလာတာ ေတြ႕ရပါတယ္။

အရင္က ႏိုင္ငံျခားသားေတြ အသြားမ်ားတဲ့ ရွမ္းျပည္နယ္ ကေလာၿမိဳ႕မွာ ျပည္တြင္းခရီးသြားေတြ အမ်ားႀကီးသြားၾကတာ ေတြ႕ရပါတယ္။ ဒါ့အျပင္ ပင္ေလာင္း၊ ျပင္ဦးလြင္၊ ပုဂံ၊ ဘားအံစတဲ့ ၿမိဳ႕ေတြကိုလည္း သြားၾကပါတယ္။ အဲလို သြားၾကလို႔လည္း ၿမိဳ႕တစ္ခ်ိဳ႕မွာ ဟိုတယ္ေတြျပည့္၊ ဇူလိုင္ ၃၀ ည နဲ႔ ၃၁ မနက္အေစာ ရန္ကုန္အထြက္ အေဝးေျပးကားလမ္းမွာ ကားေတြၾကပ္သည္ အထိ ျဖစ္ခဲ့တာပါ။

ဒါေပမယ့္လည္း လက္ရွိအခ်ိန္ထိ ျပည္တြင္းမွာ ဘုရားပုထိုးေတြ၊ ဘာသာေရးဆိုင္ရာ အေဆာက္အဦေတြကို ဖြင့္လွစ္ မေပးေသးပါဘူး။ ပုဂံမွာဆိုရင္ ကိုဗစ္-19 နဲ႔ ပတ္သက္ၿပီး စစ္ေဆးဖို႔ ျပင္ဆင္ဖို႔ လိုေနေသးတာေၾကာင့္ ထင္ရွားတဲ့ ဘုရား ၁၇ ဆူကို ဖူးေမွ်ာ္ခြင့္ ပိတ္ပင္လိုက္ပါတယ္။ ဇူလိုင္လကုန္ ဝင္ေရာက္ဖူးေမွ်ာ္ခြင့္ရမယ္လို႔ ေၾကျငာထားတဲ့ ရန္ကုန္တိုင္းထဲက ဘုရားေတြ ျပန္ဖြင့္ဖို႔ ရက္ကိုလည္း ေနာက္ဆုတ္လိုက္ပါတယ္။ မြန္ျပည္နယ္ သံျဖဴဇရပ္က စက္စဲကမ္းေျခ၊ ေမာင္းမကန္ ကမ္းေျခေတြကို သြားေရာက္လည္ပတ္ႏိုင္ၿပီ ျဖစ္ေပမယ့္ ဧရာဝတီတိုင္းတာဝန္ရွိသူေတြကေတာ့ နာမည္ႀကီး ေခ်ာင္းသာနဲ႔ ေငြေဆာင္ ကမ္းေျခ သြားေရာက္ခြင့္ကိုေတာ့ ပိတ္ပင္ထားဆဲပါ။ ဒါေတြအားလုံးကလည္း ကိုဗစ္-19 ကူးစက္မႈ ထိန္းခ်ဳပ္ႏိုင္ေျခကို ၾကည့္ၿပီးမွ ျပန္လည္ဖြင့္လွစ္လာႏိုင္သလို၊ ဒုတိယလႈိင္း ဝင္လာၿပီး ကိုင္တြယ္ရ ခက္ခဲမယ္ ဆိုရင္ေတာ့ လက္ရွိ ေျဖေလ်ာ့ေပးထားတဲ့ လုပ္ငန္းေတြပါ ရပ္ဆိုင္းရတာမ်ိဳး ႀကဳံေကာင္း ႀကဳံရႏိုင္ပါတယ္။ ဒီလို အေျခအေနဆိုးမ်ိဳး မႀကဳံရေလေအာင္ ျပည္တြင္းခရီးသြားေတြနဲ႔ လုပ္ငန္းရွင္ေတြဘက္ကလည္း က်န္းမာေရးဝန္ႀကီးဌာနက ထုတ္ျပန္ထားတဲ့ social distancing နဲ႔ Mask တပ္ဆင္ေရး စည္းကမ္းလိုမ်ိဳးကို လိုက္နာၾကဖို႔ လိုအပ္ပါတယ္။


ဟိုတယ္နဲ႔ ခရီးသြားလုပ္ငန္း ဒုတိယ အဆင့္အေနနဲ႔ ကိုဗစ္-19 ထိန္းခ်ဳပ္ႏိုင္တဲ့ ႏိုင္ငံတစ္ခ်ိဳ႕နဲ႔ ႏွစ္ႏိုင္ငံခ်င္း သေဘာတူညီခ်က္ယူၿပီး အျပန္အလွန္ လည္ပတ္ခြင့္ျပဳဖို႔ ကိစၥကေတာ့ မစႏိုင္ေသးပါဘူး။ ဒီအေတာအတြင္း ကိုဗစ္-19 ကို ေကာင္းေကာင္းထိန္းခ်ဳပ္ႏိုင္ၿပီလို႔ သတ္မွတ္ခံရတဲ့ ဗီယက္နမ္ႏိုင္ငံမွာ ဗိုင္းရပ္စ္ ကူးစက္မႈေတြ ျပန္ျဖစ္လာလို႔ အေျခအေနေတြ ေစာင့္ၾကည့္ေနရဆဲပါ။ ခရီးသြားလုပ္ငန္း ႏိုင္ငံတကာကို နဂိုအတိုင္း ျပန္ဖြင့္ဖို႔ ဆိုတာကေတာ့ အေတာ္ေလးကို အလွမ္းေဝးပါတယ္။ အေၾကာင္းကေတာ့ အဲလို ျပန္ဖြင့္လိုက္ၿပီး ဗိုင္းရပ္စ္ ကူးစက္မႈေတြ တစ္ေက်ာ့ျပန္ျဖစ္လာရင္ ျမန္မာႏိုင္ငံ က်န္းမာေရး ေစာင့္ေရွာက္မႈ စနစ္က ခံႏိုင္ရည္ ရွိမယ္၊ မရွိဘူး မေသျခာတဲ့ အေျခအေနေၾကာင့္ပါ။ လက္ရွိမွာကိုပဲ ႏိုင္ငံတကာနဲ႔ ခ်ိတ္ဆက္ေျပးဆြဲတဲ့ ပုံမွန္ ေလေၾကာင္းလိုင္းေတြအားလုံး ၾသဂုတ္လကုန္အထိ ရပ္ဆိုင္းထားပါေသးတယ္။

ဘယ္လိုပဲျဖစ္ျဖစ္ ကိုဗစ္-19 ထိန္းခ်ဳပ္ႏိုင္မႈအေပၚမူတည္ၿပီး ျပည္တြင္းခရီးသြားလုပ္ငန္း ျပန္စတင္ႏိုင္လို႔ အဲဒီလုပ္ငန္းေတြနဲ႔ ဆက္စပ္ပတ္သက္သူေတြ အလုပ္အကိုင္ အခြင့္အလမ္း ရလာတာေကာင္းတဲ့ လကၡဏာပါ။ ႏိုင္ငံတကာ ခရီးသြားလုပ္ငန္း ျပန္မစတင္မီ အေတာအတြင္း ခရီးသြားလုပ္ငန္းအတြက္ လိုအပ္သမွ်ကို ျပင္ဆင္ထားႏိုင္ဖို႔ အခ်ိန္ရေနပါေသးတယ္။ ခရီးသြားေနရာ အသစ္ေတြ ေဖာ္ထုတ္တာ၊ အပန္းေျဖ၊ ရႈခင္းၾကည့္၊ ဓာတ္ပုံ႐ိုက္ ဆြဲေဆာင္စရာ ေနရာေတြ အမ်ားအျပား ေဖာ္ထုတ္ တည္ေဆာက္တာ စတာေတြကို လုပ္ထားဖို႔ လိုပါတယ္။ အေသးစား လုပ္ငန္းေလးေတြ ရွင္သန္လာဖို႔ အတြက္၊ ခရီးသည္ေတြ အေနနဲ႔ Airbnb လိုမ်ိဳးကေန တဆင့္ ေနအိမ္ေတြမွာ တည္းခိုခြင့္ရေအာင္၊ တစ္လုံးတည္းျဖစ္ေစ၊ အခန္းနည္းနည္းပါးပါးနဲ႔ျဖစ္ေစ တည္းခိုႏိုင္တဲ့ လုပ္ငန္းေတြ လုပ္ခြင့္ရေအာင္ ဟိုတယ္နဲ႔ ခရီးသြား ဥပေဒ၊ နည္းဥပေဒ ေတြကိုလည္း ျပင္ဆင္ေပးထားဖို႔ လိုပါတယ္။ ဒီလို ဘက္ေပါင္းစုံ ျပင္ဆင္ထားႏိုင္မွ ကိုဗစ္-19 အလြန္ ျမန္မာ့ခရီးသြားလုပ္ငန္းဟာ အိမ္နီးခ်င္းႏိုင္ငံေတြေနာက္ အမ်ားႀကီး ေနာက္က် က်န္မရစ္ပဲ အမွီလိုက္ႏိုင္မွာ ျဖစ္ေၾကာင္းပါ။

-----------------------------------

ပြည်တွင်းခရီးသွားလုပ်ငန်း ပြန်စတင်နိုင်ပါပြီလား

၂၀၂၀ ဇူလိုင် ၃၁ ရက်နေ့ကနေ ၃ ရက်နေ့အထိ (၄) ရက်တာဟာ မြန်မာနိုင်ငံမှာ အစိုးရက သတ်မှတ်တဲ့ ရုံးပိတ်ရက်ရှည် ဖြစ်ပါတယ်။ အစ္စလာမ်ဘာသာဝင်တွေရဲ့ ကုရ်ဘာနီအီးဒ်နေ့၊ စနေ၊ တနင်္ဂနွေ နဲ့ ဗုဒ္ဓဘာသာဝင်တွေရဲ့ ဝါဆိုလပြည့်နေ့ တွေပေါင်းပြီး ၄ ရက်ဖြစ်သွားတာပါ။ ကိုဗစ်-19 ကို အတိုင်းအတာ တစ်ခုအထိ ထိန်းချုပ်ထားနိုင်တယ်လို့ အစိုးရက ယူဆထားတာကြောင့် ဟိုတယ်တွေကို စစ်ဆေးပြီး ပြန်ဖွင့်ခွင့်ပေးထားတဲ့ အချိန်လည်း ဖြစ်ပါတယ်။ နယ်မြို့တွေရဲ့ မြို့ဝင်တွေမှာ ဖွင့်ထားတဲ့ ကိုဗစ်-19 စစ်ဆေးရေး ဂိတ်တွေကိုလည်း ပိတ်သိမ်းထားပြီးချိန်ပါ။ အဲလို အခြေအနေတွေကြောင့်မို့လို့ လက်ရှိ ရုံးပိတ်ရက် ၄ ရက်မှာ ခရီးထွက် လည်ပတ်သူ များလှပါတယ်။ ရန်ကုန်နဲ့ မနီးမဝေး ကရင်ပြည်နယ် ဘားအံမြို့မှာဆို ဟိုတယ် အတော်များများ တည်းခိုသူ ပြည့်သွားပါတယ်။ ပုဂံလိုနေရာက ဟိုတယ်၊ တည်းခိုခန်းတွေလည်း ကြိုတင်မှာယူသူ များပါတယ်။ အခြားဟိုတယ်တွေနဲ့ နှိုင်းရင် ဈေးကြီးတဲ့ ပုပ္ပါးတောင်ဟိုတယ်ဆိုရင်လည်း ဒီ ပိတ်ရက်အတွင်း ကြိုတင်မှာယူသူတွေကြောင့် အခန်းလွတ် မရှိတော့ဘူးလို့ သိရပါတယ်။ ကိုဗစ်-19 ဖြစ်ပွားတဲ့ကာလမို့ မြန်မာနိုင်ငံဟာ အခြားသောနိုင်ငံတွေနည်းတူ ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းကို အကြီးအကျယ် ထိခိုက်ခဲ့ပါတယ်။ ထိခိုက်မှု ရှိခဲ့လို့လည်း ကိုဗစ်-19 ကြောင့် ထိခိုက်နေတဲ့ လုပ်ငန်းတွေကို တစ်နှစ် ၁% တိုးလောက်ပဲ ရှိတဲ့ ချေးငွေတွေ အစိုးရက ထုတ်ချေးပေးခဲ့ရာမှာ ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းတွေက ပထမဦးဆုံး အသုတ်အဖြစ် ရခဲ့ပါတယ်။ နောက်ပိုင်း ဟိုတယ်နဲ့ ခရီးသွားဝန်ကြီးဌာနဟာ ခရီးသွားလုပ်ငန်းကို အပိုင်း(၃)ပိုင်းခွဲပြီး ပြန် ဖွင့်နိုင်ဖို့ စီစဉ်ခဲ့တာ တွေ့ရပါတယ်။ ကိုဗစ်-19 ကြောင့် ထိခိုက်ခဲ့တဲ့ ခရီးသွားလုပ်ငန်း ပြန်ပြီး နာလံထူလာနိုင်မလား ဆိုတာ လေ့လာကြည့်ကြရအောင်ပါ။

ပြောရရင် မြန်မာနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းဆိုတာ အိမ်နီးချင်း ထိုင်း၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ လာအိုနိုင်ငံတွေနဲ့ ဘယ်လိုမှ နှိုင်းယှဉ်လို့ မရအောင် သေးငယ်လွန်းပါတယ်။ ၂၀၁၉ စာရင်းတွေအရ တစ်နှစ်တာ အတွင်း ထိုင်းနိုင်ငံကို ကမ္ဘာလှည့်ခရီးသည် ၃၉ သန်းဝင်ပါတယ်။ ဒါဟာ တစ်နေ့ကို ကမ္ဘာလှည့်ခရီးသည် ၁၄၀၀၀၀ (တသိန်းလေးသောင်း) လောက် ဝင်တဲ့ သဘောပါပဲ။ အခြားနိုင်ငံတွေကတော့ ထိုင်းလောက် ကမ္ဘာလှည့်ခရီးသည် မများသည့်တိုင် တစ်နှစ် ခရီးသည် ၄-၅ သန်းလောက်ကနေ ၁၀ သန်းကျော်အထိ ဝင်တာ တွေ့ရပါတယ်။ မြန်မာကတော့ ၂၀၁၉ နှစ်ကုန် သုံးလတာ ကာလမှာ ကမ္ဘာလှည့်ခရီးသည် ၃ သိန်း ၄ သောင်းနီးပါး ဝင်ခဲ့တာ တွေ့ရပါတယ်။ ၂၀၁၈ နှစ်ကုန် ၃ လတာနဲ့ နှိုင်းရင် ၅၆% လောက် တိုးတက်လာတယ်လို့ ဆိုပေမယ့် တစ်နှစ်တာအတွက် တွက်ချက်ရင်တော့ တစ်နှစ် ခရီးသည် တစ်သန်းခွဲလောက်ပဲ ဝင်တဲ့ သဘောဖြစ်နေသေးတာ တွေ့ရပါလိမ့်မယ်။ ဒီနေရာမှာ အစိုးရက ဖော်ပြသလို၊ နယ်စပ်တွေကနေ နေ့ချင်းပြန် ဝင်ထွက်တဲ့ ဧည့်သည်တွေကိုတော့ တွက်ချက်မထားပါဘူး။ တရားဝင် တိုးရစ်ဗီဇာနဲ့ ဝင်ပေါက် အသီးသီးက ဝင်လာတဲ့ စာရင်းဇယားတွေကို အခြေခံပြီး တွက်ထားတာပါ။

ကိုဗစ်-19 ဖြစ်လာတဲ့အခါ အခြားနိုင်ငံတွေနည်းတူ မြန်မာ့ ခရီးသွားလုပ်ငန်းလည်း ထိခိုက်ပါတယ်။ မြန်မာနိုင်ငံမှာ ကိုဗစ်-19 စတွေ့တဲ့ မတ်လ ၂၃ ရက်နေ့က စတွက်ရင် ၄ လ နီးပါးရှိလာချိန်၊ အခြေအနေကို အတိုင်းအတာ တစ်ခုအထိ ထိန်းချုပ်ထားနိုင်ပြီလို့ ယူဆတဲ့အတွက် အစိုးရဟာ ခရီးသွားလုပ်ငန်းကို အပိုင်း ၃ ပိုင်းနဲ့ ပြန်ပြီး စတင်ဖို့ ပြင်ဆင်လာတာ တွေ့ရပါတယ်။ ပထမ တဆင့်ကတော့ ပြည်တွင်း ခရီးသွားလုပ်ငန်းကို အရင်ဆုံး ပြန်စတင်ဖို့ပါ။ ဒုတိယ တစ်ဆင့်မှာတော့ မြန်မာနိုင်ငံလို ကိုဗစ်-19 ကို အတိုင်းအတာ တစ်ခုအထိ ထိန်းချုပ်ထားနိုင်တဲ့ အိမ်နီးချင်းနိုင်ငံတွေ၊ မိတ်ဖက် နိုင်ငံတွေနဲ့ နှစ်နိုင်ငံချင်း သဘောတူ စာချုပ်တွေ ချုပ်ဆိုပြီး စတင်ဖို့ပါ။ နောက်ဆုံးအပိုင်းကတော့ ကိုဗစ်-19 ပြသနာ စိတ်ချရတဲ့ အခြေအနေရောက်မှ ပုံမှန်အတိုင်း လုပ်ငန်းတွေလည်ပတ်ဖို့ ဆိုတာပဲ ဖြစ်ပါတယ်။

လက်ရှိကတော့ ခရီးသွားလုပ်ငန်း ပထမ အဆင့်ကို စတင်ဖို့ ဟိုတယ်တွေကို ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ကိုဗစ်-19 ကာကွယ်ရေး စည်းကမ်းချက်တွေနဲ့အညီ ဖွင့်ခွင့်ပေးလိုက်ပြီဖြစ်ပါတယ်။ အဝေးပြေးကားတွေကိုလည်း ပြန်ပြေးဆွဲခွင့်ပေးထားပါတယ်။ နဂိုတုန်းက ခေါက်ရေနည်းနည်းပဲ ပြေးဆွဲတဲ့ လေကြောင်းလိုင်းတွေကလည်း ခေါက်ရေနဲ့ ခရီးစဉ် ပြန်တိုးချဲ့လာသလို လေကြောင်းလိုင်းတစ်ချို့လည်း ဈေးနှုန်းတွေ လျော့ချ ပြေးဆွဲလာတာ တွေ့ရပါတယ်။ KBZ အဲလိုင်းဆိုရင် ခရီးစဉ်တစ်ကြောင်းကို ၁၈ ဒေါ်လာလောက်နဲ့ ညီမျှတဲ့ မြန်မာငွေ ကျပ် ၂၅၀၀၀ နှုန်းအထိ လျော့ချပြေးဆွဲပါတယ်။ အစိုးရပိုင် Myanmar National Airline ကလည်း ၂၀% လျော့ဈေးနဲ့ ပြေးဆွဲနေတာ တွေ့ရပါတယ်။ ဒီလို အစီအစဉ်တွေကြောင့် ပိတ်ထားရတဲ့ ပြည်တွင်းခရီးသွားလုပ်ငန်း ပြန်ပွင့်လန်းလာတာ တွေ့ရပါတယ်။

အရင်က နိုင်ငံခြားသားတွေ အသွားများတဲ့ ရှမ်းပြည်နယ် ကလောမြို့မှာ ပြည်တွင်းခရီးသွားတွေ အများကြီးသွားကြတာ တွေ့ရပါတယ်။ ဒါ့အပြင် ပင်လောင်း၊ ပြင်ဦးလွင်၊ ပုဂံ၊ ဘားအံစတဲ့ မြို့တွေကိုလည်း သွားကြပါတယ်။ အဲလို သွားကြလို့လည်း မြို့တစ်ချို့မှာ ဟိုတယ်တွေပြည့်၊ ဇူလိုင် ၃၀ ည နဲ့ ၃၁ မနက်အစော ရန်ကုန်အထွက် အဝေးပြေးကားလမ်းမှာ ကားတွေကြပ်သည် အထိ ဖြစ်ခဲ့တာပါ။

ဒါပေမယ့်လည်း လက်ရှိအချိန်ထိ ပြည်တွင်းမှာ ဘုရားပုထိုးတွေ၊ ဘာသာရေးဆိုင်ရာ အဆောက်အဦတွေကို ဖွင့်လှစ် မပေးသေးပါဘူး။ ပုဂံမှာဆိုရင် ကိုဗစ်-19 နဲ့ ပတ်သက်ပြီး စစ်ဆေးဖို့ ပြင်ဆင်ဖို့ လိုနေသေးတာကြောင့် ထင်ရှားတဲ့ ဘုရား ၁၇ ဆူကို ဖူးမျှော်ခွင့် ပိတ်ပင်လိုက်ပါတယ်။ ဇူလိုင်လကုန် ဝင်ရောက်ဖူးမျှော်ခွင့်ရမယ်လို့ ကြေငြာထားတဲ့ ရန်ကုန်တိုင်းထဲက ဘုရားတွေ ပြန်ဖွင့်ဖို့ ရက်ကိုလည်း နောက်ဆုတ်လိုက်ပါတယ်။ မွန်ပြည်နယ် သံဖြူဇရပ်က စက်စဲကမ်းခြေ၊ မောင်းမကန် ကမ်းခြေတွေကို သွားရောက်လည်ပတ်နိုင်ပြီ ဖြစ်ပေမယ့် ဧရာဝတီတိုင်းတာဝန်ရှိသူတွေကတော့ နာမည်ကြီး ချောင်းသာနဲ့ ငွေဆောင် ကမ်းခြေ သွားရောက်ခွင့်ကိုတော့ ပိတ်ပင်ထားဆဲပါ။ ဒါတွေအားလုံးကလည်း ကိုဗစ်-19 ကူးစက်မှု ထိန်းချုပ်နိုင်ခြေကို ကြည့်ပြီးမှ ပြန်လည်ဖွင့်လှစ်လာနိုင်သလို၊ ဒုတိယလှိုင်း ဝင်လာပြီး ကိုင်တွယ်ရ ခက်ခဲမယ် ဆိုရင်တော့ လက်ရှိ ဖြေလျော့ပေးထားတဲ့ လုပ်ငန်းတွေပါ ရပ်ဆိုင်းရတာမျိုး ကြုံကောင်း ကြုံရနိုင်ပါတယ်။ ဒီလို အခြေအနေဆိုးမျိုး မကြုံရလေအောင် ပြည်တွင်းခရီးသွားတွေနဲ့ လုပ်ငန်းရှင်တွေဘက်ကလည်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ social distancing နဲ့ Mask တပ်ဆင်ရေး စည်းကမ်းလိုမျိုးကို လိုက်နာကြဖို့ လိုအပ်ပါတယ်။
ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်း ဒုတိယ အဆင့်အနေနဲ့ ကိုဗစ်-19 ထိန်းချုပ်နိုင်တဲ့ နိုင်ငံတစ်ချို့နဲ့ နှစ်နိုင်ငံချင်း သဘောတူညီချက်ယူပြီး အပြန်အလှန် လည်ပတ်ခွင့်ပြုဖို့ ကိစ္စကတော့ မစနိုင်သေးပါဘူး။ ဒီအတောအတွင်း ကိုဗစ်-19 ကို ကောင်းကောင်းထိန်းချုပ်နိုင်ပြီလို့ သတ်မှတ်ခံရတဲ့ ဗီယက်နမ်နိုင်ငံမှာ ဗိုင်းရပ်စ် ကူးစက်မှုတွေ ပြန်ဖြစ်လာလို့ အခြေအနေတွေ စောင့်ကြည့်နေရဆဲပါ။ ခရီးသွားလုပ်ငန်း နိုင်ငံတကာကို နဂိုအတိုင်း ပြန်ဖွင့်ဖို့ ဆိုတာကတော့ အတော်လေးကို အလှမ်းဝေးပါတယ်။ အကြောင်းကတော့ အဲလို ပြန်ဖွင့်လိုက်ပြီး ဗိုင်းရပ်စ် ကူးစက်မှုတွေ တစ်ကျော့ပြန်ဖြစ်လာရင် မြန်မာနိုင်ငံ ကျန်းမာရေး စောင့်ရှောက်မှု စနစ်က ခံနိုင်ရည် ရှိမယ်၊ မရှိဘူး မသေခြာတဲ့ အခြေအနေကြောင့်ပါ။ လက်ရှိမှာကိုပဲ နိုင်ငံတကာနဲ့ ချိတ်ဆက်ပြေးဆွဲတဲ့ ပုံမှန် လေကြောင်းလိုင်းတွေအားလုံး သြဂုတ်လကုန်အထိ ရပ်ဆိုင်းထားပါသေးတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ကိုဗစ်-19 ထိန်းချုပ်နိုင်မှုအပေါ်မူတည်ပြီး ပြည်တွင်းခရီးသွားလုပ်ငန်း ပြန်စတင်နိုင်လို့ အဲဒီလုပ်ငန်းတွေနဲ့ ဆက်စပ်ပတ်သက်သူတွေ အလုပ်အကိုင် အခွင့်အလမ်း ရလာတာကောင်းတဲ့ လက္ခဏာပါ။ နိုင်ငံတကာ ခရီးသွားလုပ်ငန်း ပြန်မစတင်မီ အတောအတွင်း ခရီးသွားလုပ်ငန်းအတွက် လိုအပ်သမျှကို ပြင်ဆင်ထားနိုင်ဖို့ အချိန်ရနေပါသေးတယ်။ ခရီးသွားနေရာ အသစ်တွေ ဖော်ထုတ်တာ၊ အပန်းဖြေ၊ ရှုခင်းကြည့်၊ ဓာတ်ပုံရိုက် ဆွဲဆောင်စရာ နေရာတွေ အများအပြား ဖော်ထုတ် တည်ဆောက်တာ စတာတွေကို လုပ်ထားဖို့ လိုပါတယ်။ အသေးစား လုပ်ငန်းလေးတွေ ရှင်သန်လာဖို့ အတွက်၊ ခရီးသည်တွေ အနေနဲ့ Airbnb လိုမျိုးကနေ တဆင့် နေအိမ်တွေမှာ တည်းခိုခွင့်ရအောင်၊ တစ်လုံးတည်းဖြစ်စေ၊ အခန်းနည်းနည်းပါးပါးနဲ့ဖြစ်စေ တည်းခိုနိုင်တဲ့ လုပ်ငန်းတွေ လုပ်ခွင့်ရအောင် ဟိုတယ်နဲ့ ခရီးသွား ဥပဒေ၊ နည်းဥပဒေ တွေကိုလည်း ပြင်ဆင်ပေးထားဖို့ လိုပါတယ်။ ဒီလို ဘက်ပေါင်းစုံ ပြင်ဆင်ထားနိုင်မှ ကိုဗစ်-19 အလွန် မြန်မာ့ခရီးသွားလုပ်ငန်းဟာ အိမ်နီးချင်းနိုင်ငံတွေနောက် အများကြီး နောက်ကျ ကျန်မရစ်ပဲ အမှီလိုက်နိုင်မှာ ဖြစ်ကြောင်းပါ။

စည်သူအောင်မြင့်။

XS
SM
MD
LG