သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အစိုးရ ေခါင္းေဆာင္ေတြ ကိုယ့္ဖာသာကိုယ္ ဆံုးျဖတ္ျပီး ကိုယ့္အတြက္ကိုယ္ ေျမကြက္ယူတာ သင့္ေတာ္ပါရဲ႕လား


ေနျပည္ေတာ္
တိုက္႐ိုက္ လင့္ခ္


အခုရက္ပိုင္း ႏိုင္ငံေရး အသိုင္းအ၀ိုင္းထဲမွာေရာ ျပည္သူေတြ ထဲမွာပါ စိတ္၀င္စားမွဳနဲ႔ ေ၀ဖန္မွဳ ျမင့္တက္ေစခဲ့တဲ့ ျပသနာ တစ္ခုကေတာ့ သမၼတ၊ ႏိုင္ငံေတာ္ အတုိင္ပင္ခံ အပါအ၀င္ ျပည္ေထာင္စု အဆင့္ အစိုးရ အဖြဲ႕၀င္ေတြ ေနျပည္ေတာ္မွာ ေျမကြက္ရယူၾကတဲ့ ကိစၥပါ။ နဂိုက ေကာလဟလ လိုလို သတင္း ထြက္ေပၚခဲ့တဲ့အတြက္ သတင္းေထာက္ေတြက ေမးျမန္း စူးစမ္းမွဳ လုပ္ခဲ့ၾကပါတယ္။ ေနျပည္ေတာ္မွာ တစ္ရက္ျခား တစ္ခါ ဆိုသလို ၀န္ၾကီးဌာန အသီးသီးရဲ႕ ၄ ႏွစ္တာ စြမ္းေဆာင္ရည္ သတင္းစာရွင္းလင္းပြဲေတြ ရွိေနတာေၾကာင့္ သတင္းေထာက္ေတြကေန သက္ဆုိင္မယ္ ထင္တဲ့ ၀န္ၾကီးဌာနေတြကို ေမးျမန္းခဲ့ၾကပါတယ္။ ဒါေပမယ့္ ဘယ္ ၀န္ၾကီးဌာန တာ၀န္ရွိသူေတြကမွ အတည္ျပဳမေပးသလို၊ တစ္ခ်ိဳ႕က အဲလို ေျမကြက္ခ်ထားေပးမွဳမ်ိဳး ရွိတယ္ဆိုတာကိုေတာင္ မၾကားဖူးဘူး ဆုိျပီး ေျဖၾကပါတယ္။ ဇြန္လ ၁၉ ရက္ေန႔ေရာက္မွ ႏုိင္ငံေတာ္ဇ။္ အတုိင္ပင္ခံရံုး ၀န္ၾကီးဌာန ညႊန္ၾကားေရးမွဴးခ်ဳပ္ ဦးေဇာ္ေဌးက ပံုမွန္သတင္းစာရွင္းလင္းပြဲမွာ သမၼတ အပါအ၀င္ အစိုးရအဖြဲ႕၀င္ ၀န္ၾကီးေတြနဲ႔ ဒု၀န္ၾကီးေတြ အတြက္ ေျမကြက္ေဖာ္ထုတ္ေနတာ၊ ေျမကြက္ေတြ ခ်ထားေပးမယ္ ဆုိတာ မွန္ကန္ေၾကာင္း အတည္ျပဳေျပာဆုိခဲ့ပါတယ္။ ဒါေတာင္ ရိုးရိုး ေျပာဆုိတာမ်ိဳး မဟုတ္ပါဘူး။ နဂိုက သတင္းထြက္ေပၚခဲ့တာေတြနဲ႔ ပတ္သက္ျပီး ေျမကြက္ အက်ယ္အ၀န္းကို ခ်ဲ႕ကား ေျပာဆုိတယ္၊ ေရြးေကာက္ပြဲ နီးလာခ်ိန္ ရည္ရြယ္ခ်က္ ရွိရွိနဲ႔ Dis-information Campaign လုပ္တယ္ ဆုိျပီးေတာ့ေတာင္ စြပ္စြဲလိုက္ပါေသးတယ္။ ေျပာင္းလဲခ်ိန္တန္ျပီလို႔ ေၾကြးေၾကာ္ျပီး ေရြးေကာက္ပြဲႏုိင္ အာဏာရယူခဲ့တဲ့ အစိုးရအဖြဲ႕၊ ျပည္သူ႔ အစိုးရ ဆုိျပီး ဂုဏ္တင္ ေျပာဆိုေလ့ရွိတဲ့ အစိုးရ အဖြဲ႕အေနနဲ႔ ခုလို ကိုယ့္အတြက္ကိုယ္ ေျမကြက္ ခ်ေပး၊ ရယူတာမ်ိဳး လုပ္သင့္ပါရဲ႕လား ဆုိတာ အေျခအတင္ ျငင္းခံုေနၾကတဲ့ ကိစၥပါ။ ခုတစ္ပတ္ အဲဒီ ျပသနာ အေၾကာင္း ေလ့လာ တင္ျပသြားပါ့မယ္။

အင္န္အယ္လ္ဒီ မတိုင္ခင္ သမၼတ ဦးသိန္းစိန္ အစိုးရ နဲ႔ အရင္ စစ္အာဏာရွင္ အစိုးရ အဆက္ဆက္ ေျမကြက္ေတြ ေဖာ္ထုတ္တာ၊ ခ်ေပးတာ၊ ကိုယ့္ဖာသာကိုယ္ ရယူတာမ်ိဳးဟာ ထူးဆန္းတဲ့ ကိစၥေတာ့ မဟုတ္ပါဘူး။ အဲဒီလို လုပ္ကိုင္ေဆာင္ရြက္မွဳဟာ ၁၉၈၈ အာဏာသိမ္းျပီး တက္လာတဲ့ စစ္အာဏာရွင္ေတြ ေခတ္မွာ ပိုျပီး ေခတ္စားလာတာ ေတြ႕ရပါတယ္။ ပထမ ဦးဆံုးနဲ႔ အရိုးရွင္းဆံုးနည္း ကေတာ့ ေျမကြက္ေတြ ေဖာ္ထုတ္ျပီး ၀န္ထမ္း ျမိဳ႕သစ္ တည္တာပါ။ ေျမကြက္ ေတြကိုလည္း ၄၀x ၆၀၊ ၆၀x ၈၀၊ ၈၀ ပတ္လည္၊ ၁၀၀ ပတ္လည္ အစရွိသျဖင့္ သတ္မွတ္ေဖာ္ထုတ္ပါတယ္။ သာမန္ ၀န္ထမ္းေတြကို ငယ္တဲ့ အကြက္ေတြ ခ်ေပးျပီး ရာထူး အဆင့္အတန္း အလိုက္ ရာထူးၾကီးသူက ၾကီးတဲ့ ေျမကြက္ေတြ ခြဲယူၾကတာပါ။ သက္ဆုိင္ရာ တိုင္းနဲ႔ျပည္နယ္ နဲ႔ ေျမကြက္ ေဖာ္ထုတ္ရာ ျမိဳ႕နယ္မွာ ရွိတဲ့ ၀န္ထမ္း၊ အရာထမ္းနဲ႔ စစ္အရာရွိ ေတြကို ခြဲေ၀ခ်ထားေပးရံုမက ေျမကြက္ခ်ထားေရးမွာ လုပ္ပိုင္ခြင့္ရွိတဲ့ တုိင္းမွဴးလို ပုဂၢိဳလ္မ်ိဳးေတြက သူတို႔နဲ႔ နီးစပ္တဲ့၊ ရင္းႏွီးတဲ့ အျခား စစ္တုိင္းမွဴးေတြ၊ စစ္ဗိုလ္ခ်ဳပ္ေတြ၊ ႏိုင္ငံျခားေရာက္ေနတဲ့ စစ္သံမွဴးေတြကိုပါ ခြဲေ၀ေပးေလ့ ရွိပါတယ္။

တစ္ဖက္က အဲလို ေျမကြက္ေပးတဲ့ အတြက္ အျခား တုိင္းနဲ႔ ျပည္နယ္က တုိင္းမွဴးေတြ၊ အာဏာရွိသူေတြကလည္း သူတုိ႔ ေဒသေတြမွာ ျမိဳ႕ကြက္ေဖာ္၊ ေျမကြက္ခ်ေပးတဲ့အခါ အဲဒီ အေ၀းက တုိင္းမွဴးေတြ စစ္အရာရွိၾကီးေတြကို ျပန္ျပီး ခ်ေပးေလ့ ရွိပါတယ္။ ေမာင္လွယ္ ႏွစ္မလွယ္ စနစ္နဲ႔ ေျမကြက္ေတြ ရယူၾကတာမ်ိဳးပါ။ အဲဒီ ေျမကြက္ေတြေပၚမွာ အာဏာပိုင္ေတြ အတြက္ သက္ဆိုင္ရာ စီးပြားေရး လုပ္ငန္းရွင္ေတြက သူတုိ႔စားရိတ္နဲ႔သူတုိ႔ အကုန္အက် ခံျပီး ေနအိမ္ေတြ ေဆာက္ေပးေလ့ရွိသလို၊ တစ္ခ်ိဳ႕ ျပန္ေရာင္းစားၾကတာေတြလည္း ရွိပါတယ္။ ေျပာရရင္ အရင္ စစ္အာဏာရွင္ေတြ ေခတ္က စစ္ဗိုလ္ခ်ဳပ္ေတြဟာ အဲဒီနည္း တစ္ခုတည္းနဲ႔ေတာင္ ႏုိင္ငံ အႏွံ႕မွာ ေျမကြက္ေတြ အမ်ားၾကီး ပိုင္ဆုိင္ ရယူခဲ့ၾကပါတယ္။

ဒုတိယ နည္းကေတာ့ ျမိဳ႕ၾကီးျပၾကီးေတြက တန္ဘုိးရွိတဲ့ ေျမေတြကို သိမ္းယူျပီး အကြက္ေဖာ္ ရယူၾကတဲ့နည္းပါ။ ေျမသိမ္းခံရသူေတြကိုေတာ့ ေလ်ာ္္ေၾကးအျဖစ္ မထင္မရွားေနရာေတြမွာ အကြက္ငယ္ေလးေတြ ေဖာ္ျပီး ေနရာျပန္ခ်ေပးတာမ်ိဳး လုပ္ပါတယ္။ ေျမကြက္ခ်ထားေပးရာမွာလည္း စနစ္တက် သတ္မွတ္ေပးတာမ်ိဳး မလုပ္ပဲ လက္သင့္ရာ စားေတာ္ေခၚ ဆိုသလို၊ အာဏာရွိသူက သူေပးခ်င္တဲ့သူကို ေပးတဲ့ ပံုစံ က်င့္သံုးပါတယ္။ ျမိဳ႕ၾကီးျပၾကီးက ေျမကြက္ေတြ ျဖစ္တာေၾကာင့္ တန္ဘုိးၾကီးတဲ့ ေျမကြက္ေတြ ျဖစ္လာပါတယ္။

တတိယ နည္းကေတာ့ အစိုးရ စီမံပိုင္ခြင့္ရွိတဲ့ ေျမေတြ အေပၚမွာ လံုးခ်င္းအိမ္ယာေတြ၊ ကြန္ဒိုေတြ တုိက္ခန္းတြဲေတြ တည္ေဆာက္တာမ်ိဳးပါ။ မ်ားေသာအားျဖင့္ အစိုးရက ေျမစိုက္၊ အေဆာက္အဦကို ပုဂၢလိလုပ္ငန္းရွင္က ပိုင္းက တည္ေဆာက္၊ ထြက္လာတဲ့ လံုးခ်င္းအိမ္ေတြ၊ အခန္းေတြကို အစိုးရနဲ႔ ပုဂၢလိက အခ်ိဳးက် ခြဲေ၀ယူတဲ့နည္းပါ။ အဲဒီကေန အစိုးရဘက္ အတြက္ ထြက္လာတဲ့ လံုးခ်င္းအိမ္ေတြ၊ ကြန္ဒိုတိုက္ခန္းေတြ၊ ရိုးရိုး တုိက္ခန္းေတြကို အာဏာရွိသူေတြက သူတုိ႔ စိတ္ၾကိဳက္ ေစ်းေပါေပါနဲ႔ သတ္မွတ္ ခ်ယ္လွယ္ ရယူပါတယ္။ စတုတၱနည္းကေတာ့ အစိုးရပိုင္ တိုက္ခန္း၊ အေဆာက္အဦ၊ ေျမေနရာ ေတြကို ပုဂၢလိကပိုင္ျပဳတယ္ ဆိုတဲ့ ေခါင္းစဥ္ေအာက္မွာ လုပ္ပိုင္ခြင့္ အာဏာသံုးျပီး ကိုယ့္မိသားစု ေဆြမ်ိဳးသားခ်င္းကို ေစ်းေပါေပါနဲ႔ ၀ယ္ခြင့္ေပးတဲ့နည္းပါ။ ဒီလိုနည္းနဲ႔ အရင္ ေခတ္အဆက္ဆက္က စစ္ဗိုလ္ခ်ဳပ္ေတြ၊ အာဏာရွိသူေတြဟာ ေျမကြက္ေတြ၊ လံုးခ်င္းအိမ္ေတြ၊ ကြန္ဒိုနဲ႔ တုိက္ခန္းေတြ လက္ညွိဳးထိုးမလြဲ ပိုင္ဆုိင္ျပီး အၾကီးအက်ယ္ ခ်မ္းသာသူေတြ ဘ၀ ေရာက္ခဲ့ၾကပါတယ္။ ဒါေတာင္ တိုင္းျပည္ ဘ႑ာ ကိုယ္က်ိဳးရွာ အလြဲသံုးတာနဲ႔ အဂတိလိုက္စားတာေတြ မပါေသးပါဘူး။

ႏိုင္ငံေတာ္ အတုိင္ပင္ခံရံုး ညႊန္ၾကားေရးမွဴးခ်ဳပ္ ဦးေဇာ္ေဌးကေတာ့ လက္ရိွ ေနျပည္ေတာ္မွာ သမၼတ အပါအ၀င္ ႏိုင္ငံေရး ရာထူးရွိ ပုဂၢိဳလ္ေတြ ျဖစ္ၾကတဲ့ အစိုးရအဖြဲ႕ ၀န္ၾကီး၊ ဒု၀န္ၾကီးေတြ ေျမကြက္ရယူတဲ့ကိစၥကို “ ႏုိင္ငံေရးရာထူး ထမ္းေဆာင္ခဲ့ၾကသူမ်ား အျငိမ္းစားသြားသည့္အခါ ႏိုင္ငံေတာ္က ခ်ီးျမွင့္တဲ့ အေနျဖင့္ ခ်ထားေပးသည့္ အစဥ္အလာအတုိင္း ေဆာင္ရြက္ေပးျခင္း ျဖစ္ပါေၾကာင္း” ဆုိျပီး ရွင္းခဲ့ပါတယ္။ အဓိပၸါယ္ကေတာ့ ေရွ႕က အစိုးရအဖြဲ႕ေတြ လုပ္သြားခဲ့တဲ့ အစဥ္အလာ ရွိတယ္၊ အခု အဲဒီအတုိင္း ဆက္ျပီး လုပ္တာ လို႔ ဆုိလိုတာပါ။ ဒါေၾကာင့္လဲ အခုလို အစိုးရထိပ္ပိုင္းေခါင္းေဆာင္ေတြ ေျမကြက္ယူတဲ့ ကိစၥ၊ အတုိက္အခံေတြ ဘက္ကတင္မက အင္န္အယ္လ္ဒီ ပါတီထဲက ပါတီ၀င္ေတြကိုယ္တုိင္ကပါ ေ၀ဖန္ျပစ္တင္ေနၾကတာ ျဖစ္ပါတယ္။

တကယ္ေတာ့ ျပည္သူက ေရြးေကာက္တင္ေျမွာက္လိုက္တဲ့ အစိုးရ တစ္ရပ္အေနနဲ႔ သန္႔ရွင္းတဲ့ အစိုးရ ေကာင္းမြန္တဲ့ အစိုးရ ျဖစ္ဖုိ႔ ဆုိရင္ အရင္ အစိုးရနဲ႔ စစ္အာဏာရွင္ အဆက္ဆက္ကပံုစံ အတုိင္း ဆက္ျပီး က်င့္သံုးဖို႔ မသင့္ေတာ္ပါဘူး။ ႏိုင္ငံေရးရာထူး ရယူခဲ့သူေတြ အျငိမ္းစားယူသြားရင္ ပင္စင္သေဘာ တစ္စံုတစ္ရာ ခ်ီးျမွင့္သင့္တယ္ ဆုိတာကို ျပည္သူအမ်ား နားလည္ လက္ခံႏုိင္ပါတယ္။ ဒါေပမယ့္ အရင္ေခတ္က လုပ္ခဲ့သလို၊ ကိုယ့္အတြက္ ကိုယ့္ဖာသာကိုယ္ သတ္မွတ္၊ ကိုယ့္ဖာသာကိုယ္ ဆံုးျဖတ္ျပီး အခြင့္အေရး ရယူတယ္၊ ဒါကိုလည္း ပြင့္လင္းျမင္သာမွဳမရွိ လုပ္တာမ်ိဳးကေတာ့ မသင့္ေတာ္ပါဘူး။ အနည္းဆံုးအားျဖင့္ ဥပေဒတစ္ခု ျပဌာန္းျပီးမွ ဥပေဒပါ အတိုင္း ရယူခံစားသင့္ပါတယ္။

အခု ေျမကြက္ယူတဲ့ ကိစၥဟာ ျပည္ေထာင္စု အဆင့္ျဖစ္ျပီး တုိင္းနဲ႔ ျပည္နယ္ အဆင့္မွာလည္း ၀န္ၾကီးခ်ဳပ္ေတြ အပါအ၀င္ ႏိုင္ငံေရး ရာထူး ထမ္းေဆာင္ေနၾကသူေတြ ရွိေနပါတယ္။ သူတုိ႔ကလည္း သူတုိ႔ တုိင္းနဲ႔ ျပည္နယ္ေတြမွာ သူတုိ႔ အျငိမ္းစားယူတဲ့အခါ ေနဖို႔ ဆိုျပီး ေျမကြက္ေဖာ္ထုတ္ ရယူတာမ်ိဳး လုပ္လာၾကမွာ ေသျခာပါတယ္။ ဥပေဒ တစ္စံုတစ္ရာ ျပဌာန္းထားတာမ်ိဳး မရွိရင္ အဲဒီ ပံုစံအတုိင္း ကိုယ့္စိတ္ၾကိဳက္၊ ကိုယ့္အတြက္ကိုယ္ လုပ္လာၾကပါလိမ့္မယ္။ လက္ရွိ ႏုိင္ငံေရးရာထူးရွိသူမ်ား ရဲ႕ လစာနဲ႔ ခံစားခြင့္ ဆိုတာဟာ အရင္ အစိုးရေတြေခတ္က ဥပေဒ ျပဌာန္း ေပးအပ္ခဲ့တာေတြ ျဖစ္ပါတယ္။ အဲဒီ အထဲမွာ အျငိမ္းစားဆုိင္ရာ ကိစၥေတြ မပါေသးဘူး ဆုိရင္ သင့္ေတာ္သလို ဥပေဒ တစ္ခု ျပဌာန္းျပီးမွ ခံစားသင့္ပါေၾကာင္း တင္ျပလိုက္ရပါတယ္။

---------------------

အစိုးရ ခေါင်းဆောင်တွေ ကိုယ့်ဖာသာကိုယ် ဆုံးဖြတ်ပြီး ကိုယ့်အတွက်ကိုယ် မြေကွက်ယူတာ သင့်တော်ပါရဲ့လား


အခုရက်ပိုင်း နိုင်ငံရေး အသိုင်းအဝိုင်းထဲမှာရော ပြည်သူတွေ ထဲမှာပါ စိတ်ဝင်စားမှုနဲ့ ဝေဖန်မှု မြင့်တက်စေခဲ့တဲ့ ပြသနာ တစ်ခုကတော့ သမ္မတ၊ နိုင်ငံတော် အတိုင်ပင်ခံ အပါအဝင် ပြည်ထောင်စု အဆင့် အစိုးရ အဖွဲ့ဝင်တွေ နေပြည်တော်မှာ မြေကွက်ရယူကြတဲ့ ကိစ္စပါ။ နဂိုက ကောလဟလ လိုလို သတင်း ထွက်ပေါ်ခဲ့တဲ့အတွက် သတင်းထောက်တွေက မေးမြန်း စူးစမ်းမှု လုပ်ခဲ့ကြပါတယ်။ နေပြည်တော်မှာ တစ်ရက်ခြား တစ်ခါ ဆိုသလို ဝန်ကြီးဌာန အသီးသီးရဲ့ ၄ နှစ်တာ စွမ်းဆောင်ရည် သတင်းစာရှင်းလင်းပွဲတွေ ရှိနေတာကြောင့် သတင်းထောက်တွေကနေ သက်ဆိုင်မယ် ထင်တဲ့ ဝန်ကြီးဌာနတွေကို မေးမြန်းခဲ့ကြပါတယ်။ ဒါပေမယ့် ဘယ် ဝန်ကြီးဌာန တာဝန်ရှိသူတွေကမှ အတည်ပြုမပေးသလို၊ တစ်ချို့က အဲလို မြေကွက်ချထားပေးမှုမျိုး ရှိတယ်ဆိုတာကိုတောင် မကြားဖူးဘူး ဆိုပြီး ဖြေကြပါတယ်။ ဇွန်လ ၁၉ ရက်နေ့ရောက်မှ နိုင်ငံတော်ဇ။် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ သမ္မတ အပါအဝင် အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေနဲ့ ဒုဝန်ကြီးတွေ အတွက် မြေကွက်ဖော်ထုတ်နေတာ၊ မြေကွက်တွေ ချထားပေးမယ် ဆိုတာ မှန်ကန်ကြောင်း အတည်ပြုပြောဆိုခဲ့ပါတယ်။ ဒါတောင် ရိုးရိုး ပြောဆိုတာမျိုး မဟုတ်ပါဘူး။ နဂိုက သတင်းထွက်ပေါ်ခဲ့တာတွေနဲ့ ပတ်သက်ပြီး မြေကွက် အကျယ်အဝန်းကို ချဲ့ကား ပြောဆိုတယ်၊ ရွေးကောက်ပွဲ နီးလာချိန် ရည်ရွယ်ချက် ရှိရှိနဲ့ Dis-information Campaign လုပ်တယ် ဆိုပြီးတော့တောင် စွပ်စွဲလိုက်ပါသေးတယ်။ ပြောင်းလဲချိန်တန်ပြီလို့ ကြွေးကြော်ပြီး ရွေးကောက်ပွဲနိုင် အာဏာရယူခဲ့တဲ့ အစိုးရအဖွဲ့၊ ပြည်သူ့ အစိုးရ ဆိုပြီး ဂုဏ်တင် ပြောဆိုလေ့ရှိတဲ့ အစိုးရ အဖွဲ့အနေနဲ့ ခုလို ကိုယ့်အတွက်ကိုယ် မြေကွက် ချပေး၊ ရယူတာမျိုး လုပ်သင့်ပါရဲ့လား ဆိုတာ အခြေအတင် ငြင်းခုံနေကြတဲ့ ကိစ္စပါ။ ခုတစ်ပတ် အဲဒီ ပြသနာ အကြောင်း လေ့လာ တင်ပြသွားပါ့မယ်။
အင်န်အယ်လ်ဒီ မတိုင်ခင် သမ္မတ ဦးသိန်းစိန် အစိုးရ နဲ့ အရင် စစ်အာဏာရှင် အစိုးရ အဆက်ဆက် မြေကွက်တွေ ဖော်ထုတ်တာ၊ ချပေးတာ၊ ကိုယ့်ဖာသာကိုယ် ရယူတာမျိုးဟာ ထူးဆန်းတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ အဲဒီလို လုပ်ကိုင်ဆောင်ရွက်မှုဟာ ၁၉၈၈ အာဏာသိမ်းပြီး တက်လာတဲ့ စစ်အာဏာရှင်တွေ ခေတ်မှာ ပိုပြီး ခေတ်စားလာတာ တွေ့ရပါတယ်။ ပထမ ဦးဆုံးနဲ့ အရိုးရှင်းဆုံးနည်း ကတော့ မြေကွက်တွေ ဖော်ထုတ်ပြီး ဝန်ထမ်း မြို့သစ် တည်တာပါ။ မြေကွက် တွေကိုလည်း ၄၀x ၆၀၊ ၆၀x ၈၀၊ ၈၀ ပတ်လည်၊ ၁၀၀ ပတ်လည် အစရှိသဖြင့် သတ်မှတ်ဖော်ထုတ်ပါတယ်။ သာမန် ဝန်ထမ်းတွေကို ငယ်တဲ့ အကွက်တွေ ချပေးပြီး ရာထူး အဆင့်အတန်း အလိုက် ရာထူးကြီးသူက ကြီးတဲ့ မြေကွက်တွေ ခွဲယူကြတာပါ။ သက်ဆိုင်ရာ တိုင်းနဲ့ပြည်နယ် နဲ့ မြေကွက် ဖော်ထုတ်ရာ မြို့နယ်မှာ ရှိတဲ့ ဝန်ထမ်း၊ အရာထမ်းနဲ့ စစ်အရာရှိ တွေကို ခွဲဝေချထားပေးရုံမက မြေကွက်ချထားရေးမှာ လုပ်ပိုင်ခွင့်ရှိတဲ့ တိုင်းမှူးလို ပုဂ္ဂိုလ်မျိုးတွေက သူတို့နဲ့ နီးစပ်တဲ့၊ ရင်းနှီးတဲ့ အခြား စစ်တိုင်းမှူးတွေ၊ စစ်ဗိုလ်ချုပ်တွေ၊ နိုင်ငံခြားရောက်နေတဲ့ စစ်သံမှူးတွေကိုပါ ခွဲဝေပေးလေ့ ရှိပါတယ်။
တစ်ဖက်က အဲလို မြေကွက်ပေးတဲ့ အတွက် အခြား တိုင်းနဲ့ ပြည်နယ်က တိုင်းမှူးတွေ၊ အာဏာရှိသူတွေကလည်း သူတို့ ဒေသတွေမှာ မြို့ကွက်ဖော်၊ မြေကွက်ချပေးတဲ့အခါ အဲဒီ အဝေးက တိုင်းမှူးတွေ စစ်အရာရှိကြီးတွေကို ပြန်ပြီး ချပေးလေ့ ရှိပါတယ်။ မောင်လှယ် နှစ်မလှယ် စနစ်နဲ့ မြေကွက်တွေ ရယူကြတာမျိုးပါ။ အဲဒီ မြေကွက်တွေပေါ်မှာ အာဏာပိုင်တွေ အတွက် သက်ဆိုင်ရာ စီးပွားရေး လုပ်ငန်းရှင်တွေက သူတို့စားရိတ်နဲ့သူတို့ အကုန်အကျ ခံပြီး နေအိမ်တွေ ဆောက်ပေးလေ့ရှိသလို၊ တစ်ချို့ ပြန်ရောင်းစားကြတာတွေလည်း ရှိပါတယ်။ ပြောရရင် အရင် စစ်အာဏာရှင်တွေ ခေတ်က စစ်ဗိုလ်ချုပ်တွေဟာ အဲဒီနည်း တစ်ခုတည်းနဲ့တောင် နိုင်ငံ အနှံ့မှာ မြေကွက်တွေ အများကြီး ပိုင်ဆိုင် ရယူခဲ့ကြပါတယ်။
ဒုတိယ နည်းကတော့ မြို့ကြီးပြကြီးတွေက တန်ဘိုးရှိတဲ့ မြေတွေကို သိမ်းယူပြီး အကွက်ဖော် ရယူကြတဲ့နည်းပါ။ မြေသိမ်းခံရသူတွေကိုတော့ လျော်ကြေးအဖြစ် မထင်မရှားနေရာတွေမှာ အကွက်ငယ်လေးတွေ ဖော်ပြီး နေရာပြန်ချပေးတာမျိုး လုပ်ပါတယ်။ မြေကွက်ချထားပေးရာမှာလည်း စနစ်တကျ သတ်မှတ်ပေးတာမျိုး မလုပ်ပဲ လက်သင့်ရာ စားတော်ခေါ် ဆိုသလို၊ အာဏာရှိသူက သူပေးချင်တဲ့သူကို ပေးတဲ့ ပုံစံ ကျင့်သုံးပါတယ်။ မြို့ကြီးပြကြီးက မြေကွက်တွေ ဖြစ်တာကြောင့် တန်ဘိုးကြီးတဲ့ မြေကွက်တွေ ဖြစ်လာပါတယ်။
တတိယ နည်းကတော့ အစိုးရ စီမံပိုင်ခွင့်ရှိတဲ့ မြေတွေ အပေါ်မှာ လုံးချင်းအိမ်ယာတွေ၊ ကွန်ဒိုတွေ တိုက်ခန်းတွဲတွေ တည်ဆောက်တာမျိုးပါ။ များသောအားဖြင့် အစိုးရက မြေစိုက်၊ အဆောက်အဦကို ပုဂ္ဂလိလုပ်ငန်းရှင်က ပိုင်းက တည်ဆောက်၊ ထွက်လာတဲ့ လုံးချင်းအိမ်တွေ၊ အခန်းတွေကို အစိုးရနဲ့ ပုဂ္ဂလိက အချိုးကျ ခွဲဝေယူတဲ့နည်းပါ။ အဲဒီကနေ အစိုးရဘက် အတွက် ထွက်လာတဲ့ လုံးချင်းအိမ်တွေ၊ ကွန်ဒိုတိုက်ခန်းတွေ၊ ရိုးရိုး တိုက်ခန်းတွေကို အာဏာရှိသူတွေက သူတို့ စိတ်ကြိုက် ဈေးပေါပေါနဲ့ သတ်မှတ် ချယ်လှယ် ရယူပါတယ်။ စတုတ္တနည်းကတော့ အစိုးရပိုင် တိုက်ခန်း၊ အဆောက်အဦ၊ မြေနေရာ တွေကို ပုဂ္ဂလိကပိုင်ပြုတယ် ဆိုတဲ့ ခေါင်းစဉ်အောက်မှာ လုပ်ပိုင်ခွင့် အာဏာသုံးပြီး ကိုယ့်မိသားစု ဆွေမျိုးသားချင်းကို ဈေးပေါပေါနဲ့ ဝယ်ခွင့်ပေးတဲ့နည်းပါ။ ဒီလိုနည်းနဲ့ အရင် ခေတ်အဆက်ဆက်က စစ်ဗိုလ်ချုပ်တွေ၊ အာဏာရှိသူတွေဟာ မြေကွက်တွေ၊ လုံးချင်းအိမ်တွေ၊ ကွန်ဒိုနဲ့ တိုက်ခန်းတွေ လက်ညှိုးထိုးမလွဲ ပိုင်ဆိုင်ပြီး အကြီးအကျယ် ချမ်းသာသူတွေ ဘ၀ ရောက်ခဲ့ကြပါတယ်။ ဒါတောင် တိုင်းပြည် ဘဏ္ဍာ ကိုယ်ကျိုးရှာ အလွဲသုံးတာနဲ့ အဂတိလိုက်စားတာတွေ မပါသေးပါဘူး။
နိုင်ငံတော် အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးကတော့ လက်ရှိ နေပြည်တော်မှာ သမ္မတ အပါအဝင် နိုင်ငံရေး ရာထူးရှိ ပုဂ္ဂိုလ်တွေ ဖြစ်ကြတဲ့ အစိုးရအဖွဲ့ ဝန်ကြီး၊ ဒုဝန်ကြီးတွေ မြေကွက်ရယူတဲ့ကိစ္စကို “ နိုင်ငံရေးရာထူး ထမ်းဆောင်ခဲ့ကြသူများ အငြိမ်းစားသွားသည့်အခါ နိုင်ငံတော်က ချီးမြှင့်တဲ့ အနေဖြင့် ချထားပေးသည့် အစဉ်အလာအတိုင်း ဆောင်ရွက်ပေးခြင်း ဖြစ်ပါကြောင်း” ဆိုပြီး ရှင်းခဲ့ပါတယ်။ အဓိပ္ပါယ်ကတော့ ရှေ့က အစိုးရအဖွဲ့တွေ လုပ်သွားခဲ့တဲ့ အစဉ်အလာ ရှိတယ်၊ အခု အဲဒီအတိုင်း ဆက်ပြီး လုပ်တာ လို့ ဆိုလိုတာပါ။ ဒါကြောင့်လဲ အခုလို အစိုးရထိပ်ပိုင်းခေါင်းဆောင်တွေ မြေကွက်ယူတဲ့ ကိစ္စ၊ အတိုက်အခံတွေ ဘက်ကတင်မက အင်န်အယ်လ်ဒီ ပါတီထဲက ပါတီဝင်တွေကိုယ်တိုင်ကပါ ဝေဖန်ပြစ်တင်နေကြတာ ဖြစ်ပါတယ်။
တကယ်တော့ ပြည်သူက ရွေးကောက်တင်မြှောက်လိုက်တဲ့ အစိုးရ တစ်ရပ်အနေနဲ့ သန့်ရှင်းတဲ့ အစိုးရ ကောင်းမွန်တဲ့ အစိုးရ ဖြစ်ဖို့ ဆိုရင် အရင် အစိုးရနဲ့ စစ်အာဏာရှင် အဆက်ဆက်ကပုံစံ အတိုင်း ဆက်ပြီး ကျင့်သုံးဖို့ မသင့်တော်ပါဘူး။ နိုင်ငံရေးရာထူး ရယူခဲ့သူတွေ အငြိမ်းစားယူသွားရင် ပင်စင်သဘော တစ်စုံတစ်ရာ ချီးမြှင့်သင့်တယ် ဆိုတာကို ပြည်သူအများ နားလည် လက်ခံနိုင်ပါတယ်။ ဒါပေမယ့် အရင်ခေတ်က လုပ်ခဲ့သလို၊ ကိုယ့်အတွက် ကိုယ့်ဖာသာကိုယ် သတ်မှတ်၊ ကိုယ့်ဖာသာကိုယ် ဆုံးဖြတ်ပြီး အခွင့်အရေး ရယူတယ်၊ ဒါကိုလည်း ပွင့်လင်းမြင်သာမှုမရှိ လုပ်တာမျိုးကတော့ မသင့်တော်ပါဘူး။ အနည်းဆုံးအားဖြင့် ဥပဒေတစ်ခု ပြဌာန်းပြီးမှ ဥပဒေပါ အတိုင်း ရယူခံစားသင့်ပါတယ်။
အခု မြေကွက်ယူတဲ့ ကိစ္စဟာ ပြည်ထောင်စု အဆင့်ဖြစ်ပြီး တိုင်းနဲ့ ပြည်နယ် အဆင့်မှာလည်း ဝန်ကြီးချုပ်တွေ အပါအဝင် နိုင်ငံရေး ရာထူး ထမ်းဆောင်နေကြသူတွေ ရှိနေပါတယ်။ သူတို့ကလည်း သူတို့ တိုင်းနဲ့ ပြည်နယ်တွေမှာ သူတို့ အငြိမ်းစားယူတဲ့အခါ နေဖို့ ဆိုပြီး မြေကွက်ဖော်ထုတ် ရယူတာမျိုး လုပ်လာကြမှာ သေခြာပါတယ်။ ဥပဒေ တစ်စုံတစ်ရာ ပြဌာန်းထားတာမျိုး မရှိရင် အဲဒီ ပုံစံအတိုင်း ကိုယ့်စိတ်ကြိုက်၊ ကိုယ့်အတွက်ကိုယ် လုပ်လာကြပါလိမ့်မယ်။ လက်ရှိ နိုင်ငံရေးရာထူးရှိသူများ ရဲ့ လစာနဲ့ ခံစားခွင့် ဆိုတာဟာ အရင် အစိုးရတွေခေတ်က ဥပဒေ ပြဌာန်း ပေးအပ်ခဲ့တာတွေ ဖြစ်ပါတယ်။ အဲဒီ အထဲမှာ အငြိမ်းစားဆိုင်ရာ ကိစ္စတွေ မပါသေးဘူး ဆိုရင် သင့်တော်သလို ဥပဒေ တစ်ခု ပြဌာန်းပြီးမှ ခံစားသင့်ပါကြောင်း တင်ပြလိုက်ရပါတယ်။
စည်သူအောင်မြင့်။

XS
SM
MD
LG